Chapters

ကိုယ့်သေတွင်းကိုယ်တူးခြင်း....

Vol. 12 Ch. 155

ကိုယ့်သေတွင်းကိုယ်တူးခြင်း....

Vol. 12 Ch. 155

" ဒီလူ ရူးနေတာလား...."

နည်းပြချီချန်းတစ်ယောက်လုံး သူ့ဘက်တွင်ရှိသည့်အတွက် လီလော့ စိတ်ထဲရှိသမျှ ထုတ်ပြောလိုက်လေသည်။

ရှန်ကျင်းရှောင်သည် လီလော့ ဒုက္ခမရောက်ရောက်အောင် ချောက်ချမည့်သူပင်။ ယခုလို ကြင်နာမှုမျိုးသည် လုံးဝထင်မှတ်ထားသောအရာမဟုတ်ခဲ့ပေ။

" ရူးနေတာမဟုတ်ဘူး...ဒါပေမယ့် နင်ထင်နေတာတော့ မှန်တယ်...သူကနင့်ကို ကူညီနေတာမဟုတ်ဘူး...သက်သက်နှောက်ယှက်နေတာ..."

" ဟမ်...."

" ငါကြားတာတော့ ကျန်းချင်းအာက ပစ္စည်းလဲလှယ်ရေးဌာနမှာ လှိုင်းဆယ့်နှစ်ဆင့်ကျင့်စဉ်သွားဝယ်တယ်တဲ့....ဒါပေမယ့် ​ခြေတစ်လှမ်းနောက်ကျသွားတယ်....ရှန်ကျင်းရှောင်က အရင်ယူသွားပြီး လိုချင်တဲ့သူရှိရင် သူ့ကိုလာရှာဖို့ မှတ်ချက်ရေးပေးသွားတယ်...ဒါပေမယ့် ကျန်းချင်းအာက သူ့ကိုသွားမရှာဘဲ ဒုကျောင်းအုပ်စုရှင်းနဲ့သွားတိုင်လိုက်တယ်...."

" အဲ့တာနဲ့ ရှန်ကျင်းရှောင်က ညစ်တွန်း တွန်းပြီး လပတ်စာမေးပွဲမှာ ဆုအဖြစ်ပေးမယ်ပြောလိုက်တယ်...ဒုကျောင်းအုပ်လည်း ဘာမှမတတ်နိုင်တော့ဘူး....ရှန်ကျင်းရှောင်က ကျန်းချင်းအာကို အသေရရ အရှင်ရရ လိုချင်နေတော့ အာရုံစိုက်ခံရအောင် ပြသာနာလိုက်ရှာနေတာ...ကျန်းချင်းအာကလည်း နင်ကလွဲရင် ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူး...."

လီလော့၏ မည်းမှောင်လာသော မျက်နှာထားကြောင့် ဒေါသထွက်နေမှန်း မည်သူမဆို နားလည်နိုင်သည်။

" ဟူးးး ဒါဆို အခုကတည်းက ရှန်ကျင်းရှောင်အတွက် ကမ္မည်းတိုင်နဲ့ အမွှေးတိုင်တွေ ကြိုဝယ်ထားရတော့မယ်...သူသေတဲ့အခါကျရင် ကျွန်တော်ကိုယ်တိုင် အမွှေးတိုင် အတိုင်ကြီးကြီးသွားထွန်းပေးမယ်...."

နည်းပြဖြစ်ပြီး နည်းပြလို မနေတတ်သည့် ရှန်ကျင်းရှောင်ကြောင့် လီလော့၏ အရိုအသေတန်သောကျွေးကြော်မှုကို ချီချန်း မဟန့်တားတော့ပေ။

လီလော့ဘက်ထဲက သွားမဆွသော်လည်း ၎င်းတ်ို့နှစ်ဉီးကြားတွက် ​ဖြေမရသော ရန်ငြိုးများ နက်ရှိုင်းစွာ ဖြစ်တည်နေပြီမဟုတ်လော။

" မိုက်တယ်....လီတိုင်ရွှမ်နဲ့ တိုင်တန်လန်တို့ရဲ့သားလို့မပြောရဘူး မြို့စားအဆင့်နဲ့တောင် ရန်ငြိုးဖွဲ့ရဲတယ်...."

" ကျွန်တော် တခဏတာ စိတ်လွတ်သွားတာပါ....ကျွန်တော် သူ့ကို မယှဉ်နိုင်ပါဘူး...ဒါ့ကြောင့် နည်းပြကပဲကာကွယ်ပေးပါဉီး....

" စိတ်မပူနဲ့...ငါလည်း သူ့အတွက် အမွှေးတိုင်ထွန်းပေးချင်နေတာ...."

လီလော့ အံ့သြသွားသည်။ နည်းပြချီချန်းနှင့် ရှန်ကျင်းရှောင်တို့ အစေးမကပ်ကြမှန်း သိထားသော်လည်း ဤမျှလောက်အထိ ဖြစ်လိမ့်မည်ဟု ထင်မထားမိခဲ့ပေ။

"လုံလောက်အောင် မသန်မာသေးသ၍ ရှန်ကျင်းရှောင်အပေါ် မုန်းတီးနေတာကို အတတ်နိူင်ဆုံး ဖုံးဖိထားပါ....အတိမ်အနက်မှန်းမရအောင် သိုသိုသိပ်သိပ်နေတတ်တဲ့ နင့်ပုံစံကို ငါသဘောကျတယ်....."

" ဟုတ်သားပဲ....ရှန်ကျင်းရှောင်ဘက်က ကျင့်စဉ်ကို လိုလိုလားလား ပေးနေမှတော့ ရအောင်ယူသင့်တာပေါ့...နင်သာ အဲ့ကျင့်စဉ်ရသွားရင် အမှတ်ကုန်သက်သာမယ့်အပြင် ရှန်ကျင်းရှောင်လည်း အတော် အထိနာသွားလိမ့်မယ်....."

ထိုစကားကြောင့် လီလော့ ရုတ်တရက် အလင်းပွင့်သွားလေ၏။

အခွင်အရေးရောက်လာပြီ... အောင်မြင်ဖို့အတွက် အစွမ်းကုန်ကြိုးစားရမယ်....

ချီချန်းက ပိုင်မျန်မျန်ဘက်လှည့်ကြည့်လိုက်ပြီး....

" အိမ်မက်နယ်မြေက ထွက်လာတော့မယ်.... "

လီလော့ လှမ်းကြည့်လိုက်သည့်အခါ ပိုင်မျန်မျန်သည် ယခင်တွေ့နေကြအတိုင်း ပြန်ဖြစ်သွားလေပြီ။

ဤသည်မှာ ဆောင်းရာသီကုန်ဆုံးပြီး နွေဉီးရာသီရောက်လာသည့်နှယ်.....

လူတစ်ယောက်တည်းကနေ အမူအကျင့်နှစ်ခုကွဲပြားသွားချင်းသည် လီလော့အတွက် ထူးဆန်းနေခဲ့သည်။

အိမ်မက်နယ်မြေထဲရောက်နေသည့် ပိုင်မျန်မျန် လုပ်ဆောင်ခဲ့သော အရာများသည် လက်တွေ့ဘဝမှ ပိုင်မျန်မျန် လိုက်လုပ်နိုင်သောအရာများမဟုတ်ခဲ့ပေ။

သူမသည် နောက်တစ်ကြိမ် အိမ်မက်နယ်မြေထဲဝင်လျှင် သုံးဖို့အတွက် ထုတ်ထားသော မှတ်စုများကို စနစ်တကျ သိမ်းဆည်းနေသည်။

" နင်လည်း လေ့လာချင်တယ်ဆို ဝင်​သွား

လိုက်လေ....သူနဲ့ ပညာချင်းဖလှယ်လို့ရတာပေါ့...."

ချီချန်းသည် လီလော့၏ အတွေးများကို ကြိုသိနေသည့်နှယ် တိုက်တွန်းလိုက်သည်။

" နည်းပြက အကောင်းဆုံးပဲ ...."

ဒီအခွင့်ရေးမျိုးကို လက်လွတ်မခံနိုင်သည့်အတွက် လီလော့ ချက်ချင်းအခန်းထဲသို့ ဝင်သွားလိုက်သည်။

ထို့နောက် ရေနွေးတစ်ခွက်ငှဲ့လိုက်ပြီး....

" မျန်မျန်....မင်း အချိန်အ​ကြာကြီး အလုပ်လုပ်ခဲ့ရတော့ ပင်ပန်းနေလောက်ရောပေါ့...ရော့...ရေနွေးလေးသောက်လိုက်ပါဉီး...."

ပိုင်မျန်မျန်သည် ပစ္စည်းများသိမ်းဆည်းနေရာကနေ မော့ကြည့်လိုက်ပြီး အသံတိုးတိုးလေးဖြင့်...

" ခေါင်း..ခေါင်းဆောင်ရဲ့အပြုံးကြီးက ကြက်သီးထစရာကောင်းတယ်...."