← Chapters

အကြွင်းအကျန်များ.....

Vol. 12 Ch. 156

အကြွင်းအကျန်များ.....

Vol. 12 Ch. 156

ကြက်သီးထစရာကောင်းတယ်တဲ့လား...ဒါမျိုး အသုံးနှုန်းကို ရှန်ကျင်းရှောင်လိုလူမျိုးအတွက်သာ သုံးသင့်တာမဟုတ်ဘူးလား...ငါ့လို မြို့သားလူချောလေးကို ဒီလိုကြီးတော့မပြောပါနဲ့.....

" မျန်မျန် ငါ့မှာတော့ နင် ပင်ပင်ပန်းပန်းလေ့ကျင့်နေတာ မြင်ရလို့ စိတ်မကောင်းဖြစ်နေလိုက်ရတာ....နင် ငါ့ကို ပြောရက်တယ်နော်...ခေါင်းဆောင်တစ်ယောက်အနေနဲ့ အဖွဲ့သားတစ်ယောက်အပေါ် စိတ်ပူပေးရုံပါဟာ...."

လီလော့၏ ငိုချတော့မလို ကြေကွဲသံကြီးကြောင့် ပိုင်မျန်မျန် လန့်ဖြန့်သွားလေသည်။

"တောင်း..တောင်းပန်ပါတယ်...ထိခိုက်လိုစိတ်နဲ့ပြောလိုက်တာမဟုတ်ပါဘူး.... စိတ်ထဲရှိတဲ့အတိုင်း ပြောလိုက်မိတာပါ..."

"......."

​ဖြေရှင်းချက်ပေးကာမှ ပိုဆိုးသွားလေခြင်း။ စိတ်ထဲရှိတဲ့အတိုင်း ဟူသောစကားကြောင့် လီလော့ မိုးကြိုးပစ်ခံလိုက်ရသလို ခံစားလိုက်ရရှာသည်။

လီလော့ သူမဆီ ရေခွက်လှမ်းပေးလိုက်ပြီး....

" ​သောက်လိုက်..."

ပိုင်မျန်မျန်က ရေခွက်ကို မရဲတရဲ လှမ်းယူလိုက်ပြီး သောက်နေရင်းနဲ့လည်း လီလော့ကို ခိုး ခိုးကြည့်နေသေးသည်။

// ဟူးး ချဉ်းကပ်နည်းမှားသွားတယ်...ဒီ လိပ်ပြာလိုနုနယ်တဲ့သူလေးကို ပြူးတူးပြဲတဲတွေသွားလုပ်လို့မဖြစ်သေးဘူး...နည်းလမ်းပြောင်းရမယ်...//

" နည်းပြက ပြောတယ်...နင် ကြယ်လေးပွင့်အဆင့်ဖော်မြူလာတွေ အများကြီးရှာတွေ့ထားတယ်ဆို..."

" အာ...အဲ့လောက်ထိလဲမဟုတ်ပါဘူး...အဆင့်လေး အောက်တွေပိုများတာပါ..."

" နင်က ဒီအရွယ်လေးနဲ့တောင် ဒီလောက်အဆင့်မြင့်တာတွေ ရှာနိုင်ပြီဆိုတော့ နောက်ဆို ဒီ့ထက်သာလွန်တာတွေ ရှာနိုင်မှာပါ...​တော်လိုက်တာနော်..."

" ဟုတ်...ကျေးဇူးတင်ပါတယ် ခေါင်းဆောင်..."

" ဒါနဲ့...နင် ရှာတွေ့ထားတဲ့ ဖော်မြူလာတွေကို ဘာလုပ်မှာလဲ..."

"အိမ်က လာယူသွားကြလိမ့်မယ်...အများစုကိုတော့ စံအိမ်တွေဆီရောင်းပစ်လိုက်တယ်....ပိုင်အိမ်တော်က ဝိဉာဉ်ရည်လုပ်ငန်းမှ မလုပ်တာ..."

အခွင့်ကောင်းကို လက်လွှတ်လိုက်ရသဖြင့် လီလော့ အစာမကြေသလိုခံစားနေရလေသည်။

// ဒါဆို ဒီကောင်မလေးက ဖော်မြူလာတွေရဲ့တန်ဖိုးကို မသိဘူးပေါ့...ပိုင်အိမ်တော်ကပဲ နောက်ကွယ်ကနေ စီမံနေတာပေါ့....//

" ခေါင်းဆောင်... ခေါင်းဆောင်လည်း ဝိဉာဉ်ရည်သန့်စင်တာကို စိတ်ဝင်စားလား...."

" အင်း...ဒီအတိုင်းမေးကြည့်ရုံပါ..."

အစကတည်းက ပိုင်မျန်မျန်ထံမှ ကြယ်လေးပွင့်အဆင့်ဖော်မြူလာအချို့ကို ဖျံကျပြီး တောင်းယူရန် စဉ်းစားထားပြီးဖြစ်သည်။

ရှီးယန်စံအိမ်သည် လတ်တလောတွင် ကြယ်လေးပွင့်ဖော်မြူလာ ဝယ်ယူရန်မတတ်နိုင်သေးသည့်အတွက် ထိုသို့တွေးလိုက်ရခြင်းဖြစ်သည်။

သို့သော်လည်း ဖြူစင်ရိုးသားသော ပိုင်မျန်မျန်အပေါ် မလုပ်ရက်ပေ။

ထို့နောက် စိတ်အေးအေးထားလိုက်ပြီး သန့်စင်ရေးအလုပ်ခန်းလေးဆီ လျှောက်သွားခဲ့ပြီး ဝိဉာဉ်ရည်သန့်စင်ရန် ပါဝင်ပစ္စည်းများကို စတင်စုဆောင်းလိုက်သည်။

လီလော့သည် အဆင့်နှစ်ဝိဉာဉ်ရည်ကို ကောင်းစွာ သန့်စင်နိုင်သော်လည်း အဆင့်သုံးအတွက်မူ အနည်းငယ် အလှမ်းကွာနေသေးသည်။

ထို့ကြောင့် များများလေ့ကျင့်ရပေဉီးမည်။

သို့သော်လည်း လှိုင်းဆယ့်နှစ့်ဆင့်ကျင့်စဉ်နှင့် ရှီးယန်စံအိမ်အတွက် ကြယ်လေးပွင့်အဆင့်ဖော်မြူလာများအတွက် ခေါင်းခဲနေရသဖြင့် လေ့ကျင့်မှု၌ ကောင်းကောင်းအာရုံမစိုက်နိုင်ခဲ့ပေ။

ဘန်းးးးးးးးး

စွမ်းအားပမာဏ မထိန်းချုပ်နိုင်လိုက်သည့်အတွက် ပေါင်းစည်းခြင်းလုပ်ငန်းစဉ်မအောင်မြင်ဘဲ ဖန်ပုလင်းကွဲထွက်သွားလေသည်။

အဆင်မပြေဖြစ်သွားသောကြောင့် လီလော့ဒေါသထွက်လာသည်။ ထို့​ကြောင့် ပိုင်မျန်မျန်ကို နှုတ်ဆက်ပြီး ပြန်ဖို့ ပြင်လိုက်သည်။

" ခေါင်းဆောင်...ကျွန်မ ကူရှင်းပေးပါ့မယ်..."

" ကျေးဇူးပါ... "

// အခုလို အလိုက်သိတတ်ပြီး သူတစ်ပါးကို ကူညီချင်စိတ်ရှိတာလေးကိုသာ မြင်ရင်ဘယုလန်ဘာပြောဉီးမလဲမသိဘူး....ဒီကောင် ပိုင်မျန်မျန်ဆီက ဘာဂရုစိုက်မှုမှမရရှာဘဲ ပိုင်တုတုရဲ့သံလက်သီးအောက်မှာ နေနေရတာကတော့ စိတ်မကောင်းစရာပဲ....//

လီလော့ တွေးချင်ရာတွေးနေသည့်အချိန်တွင် ပိုင်မျန်မျန် သန့်ရှင်းရေး လုပ်ပြီးနေလေပြီ။ မအောင်မြင်ခဲ့သော ဝိဉာဉ်ရည်များကို စွန့်ပစ်တော့မည့်အချိန်တွင် သူမ နှာခေါင်းထဲသို့ ညှော်နံ့တစ်ချို့ တိုးဝင်လာသည်။

သူမနေရာတွင် တခြားသူဆိုပါက ထိုအနံ့ကို ရှောင်ကွင်းသွားမည်ဖြစ်သော်လည်း သူမသည် ထိုဖန်ပုလင်းအဝကို သူမနှုတ်ခမ်းနှင့်ဖိကပ်လိုက်လေသည်။

ခွမ်းးးး

ဖန်ပုလင်း သူမလက်ထဲမှ လွတ်ကျသွားသည်။

အခန်းဝကို ရောက်နေသော့ လီလော့သည် ဖန်ပုလင်းကျကွဲသံကြောင့် နောက်လှည့်ကြည့်လိုက်သောအခါ ပိုင်မျန်မျန်၏ငိုတော့မလို ပြိုတော့မလို မျက်နှာလေးကြောင့် လန့်ဖြန့်သွားလေသည်။

ထို့အပြင် သူမ နှုတ်ခမ်းပေါ်တွင် အစိမ်းပုပ်ရောင်အရည်အချို့ ပေကျံနေသေးသည်။

ထိုအရည်များသည် လီလော့၏ မအောင်မြင်လိုက်သော ဝိဉာဉ်ရည်များဖြစ်နေသောကြောင့် လီလော့ မူးမေ့လဲမတတ် ပြာဝေသွားလေ၏။

// ဒီကောင်မလေး ရူးနေပြီလား...မအောင်မြင်တဲ့ ဝိဉာဉ်ရည်ကို ဘယ်သူသောက်တာ မြင်ဖူးလို့လဲ....သူ့ကိုယ်သူ ဘာထင်နေလဲမသိဘူး...ပိုင်တုတုသာ ဒီအကြောင်းသိသွားရင် မတွေးဝံ့စရာတွေဖြစ်ကုန်တော့မှာပဲ...//

လီလော့ အမြန် နောက်လှည့်ပြေးလိုက်ပြီး လက်ကိုင်ပုဝါတစ်ထည်ကမ်းပေးလိုက်ပြီး....

" အဆင်ပြေရဲ့လား..."

ပိုင်မျန်မျန်က ထိုအခါမှသာ သတိဝင်လာပြီး လီလော့ကို တွန်းဖယ်ကာ စားပွဲပေါ်တွင် ကျန်နေသေးသည့် အစိမ်းပုပ်ရောင်အရည်များကို လက်နှင့်သပ်ယူနေသည်။ ဖန်ကွဲစအချို့ကြောင့် သူမလက်ချောင်းများ သွေးချင်းချင်းနီနေလေပြီ။

ပိုင်မျန်မျန့်ပုံစံသည်  ပုံမှန် မဟုတ်သည့်အတွက် လီလော့သူမကို လှမ်းဆွဲလိုက်ပြီး....

" ပိုင်မျန်မျန်...နင်ရူးနေပြီလား...!!!!."

ပိုင်မျန်မျန်ကလည်း ရုန်းကန်နေရင်းနဲ့.....

" ခါး...ခါးတယ်....ခါးတယ်...."

" ဟမ်??"

လီလော့လည်း အစိမ်းပုပ်ရောင်အရည်တစ်ချို့ကို အရသာခံကြည့်လိုက်သည့်အခါ သားရဲအသည်းလို ခါးသက်လှသည့်အရသာကြောင့် ရှုံ့မဲ့သွားလေသည်။

လီလော့ အခုမှသာ အရှက်ပြေ ချောင်းဟန့်လိုက်ပြီး.....

" စိတ်ပျက်စရာကောင်းလိုက်တာ...နင်ဘာတွေလျှောက်ပြောနေတာလဲ"

ပိုင်မျန်မျန်ကလည်း ထိုအရည်တစ်ချို့ကို ပါးစပ်ထဲ ထပ်ထည့်လိုက်ပြီး.....

" ခါးတယ်...ဒီအရသာကို နှစ်ပေါင်းများစွာ ကြာနေပြီဆိုပေမယ့် မှတ်မိနေသေးတယ်...."

// ဟုတ်တယ်...ခါးတယ်လေ...နေစမ်းပါဉီး၊ ပိုင်မျန်မျန်က အရသာခံနိုင်စွမ်း ပျောက်ဆုံးနေတယ်ဆိုပြီး ဘာလို့ ခါးမှန်းသိနေတာလဲ....မဟုတ်မှလွဲရော....... //

// ဒါ...ဒါဆို ငါရဲ့ မအောင်မြင်တဲ့ ဝိဉာဉ်ရည်ကြောင့် အရသာပြန်ခံနိုင်သွားတာလား....//

All Chapters