ပိုင်မျန်မျန်၏ တောင်းဆိုမှု.....
Vol. 12 Ch. 157
သန့်စင်ရေးအလုပ်ခန်းထဲတွင်.....
လီလော့နှင့် ပိုင်မျန်မျန်တို့သည် အတွေးကိုယ်စီဖြင့် အချင်းချင်း လက်ကိုင်ထားသည်ကို မေ့လျော့နေကြသည်။
" ဒါ..ဒါတွေကို နင် အရသာခံနိုင်တယ်...."
ပိုင်မျန်မျန်သည် လီလော့၏ အမေးကို ခေါင်းပြုတ်ထွက်မတတ် ညိတ်ပြပြီးဖြေဆိုပေးနေသည်။
ထိုအရသာသည် အခြားသူများအတွက် ပျို့အန်ချင်စရာကောင်းနေသော်လည်း နှစ်ပေါင်းများစွာ အရသာခံအာရုံပျောက်ဆုံးနေသူ ပိုင်မျန်မျန်အတွက်ကတော့ အရသာတစ်ခုသာပင်.....
အကယ်၍ လီလော့သာ ဖမ်းမချုပ်ထားပါက စားပွဲတစ်ခုလုံး ပြောင်ရှင်းသွားသည်အထိ ထိုအစိမ်းပုပ်အရည်များကို လျှာနှင့် လျှက်မိပေလိမ့်မည်။
သူမ၏ မျက်ဝန်းများထဲတွင် ရူးသွပ်မှုများကို တွေ့မြင်လိုက်ရသဖြင့်.....
" ဟေးးး စိတ်အေးအေးထားစမ်း.....ကိုယ်ကိုကိုယ်လည်း ပြန်ကြည့်လိုက်ဉီး...."
လီလော့ ဘေးနားက စားပွဲပေါ်မှာ တင်ထားတဲ့ သစ်သီတစ်လုံးကို ယူပေးလိုက်ပြီး.....
" ရော့...မြည်းကြည့်လိုက်.. "
ပိုင်မျန်မျန် လောဘတကြီး တစ်ကိုက်ကိုက်လိုက်ပြီးနောက် စိတ်ပျက်စွာ ခေါင်းခါပြလိုက်သည်။
ကြည့်ရသည်မှာ လီလော့၏ မအောင်မြင်သော ဝိဉာဉ်ရည်များသည် သူမကို တခဏတာမျှသာ အရသာခံနိုင်စွမ်း ပြန်ရစေပြီး လုံးလုံးကုသပေးရန် တတ်နိုင်ပုံမရပေ။
" ဟူးးး ကြည့်ရတာ သိပ် အသုံးမဝင်ဘူးနဲ့တူတယ်....."
" အသုံးဝင်တယ်....တကယ် အသုံးဝင်တယ်.... "
ပိုင်မျန်မျန်၏ အသံသည် ခါတိုင်းလို တိုးလျမနေဘဲ စူးရှကျယ်လောင်နေသည်။
" အသုံးဝင်ပါတယ်...ခါးတဲ့အရသာကို တခဏလောက် ခံစားလိုက်ရတယ်လေ.....ခေါင်းဆောင်ရဲ့ မအောင်မြင်တဲ့ ဝိဉာည်ရည် အရောအနှောတွေက ကျွန်မရဲ့ အရသာခံအာရုံကို လှုံ့ဆော်ပေးနိုင်မယ်ထင်တယ်.....ဒါကိုသာ သေချာလေ့လာကြည့်မယ်ဆို သေချာပေါက် ကုသနိုင်မှာပါ...."
" ခေါင်းဆောင်...တောင်းပန်ပါတယ်...ကူညီပေးပါနော်....ကျွန်မကို ကျေးဇူးပြုပြီး ကူညီးပေးပါ...."
လီလော့၏ ဝတ်ရုံစကိုဆွဲပြီး အရူးတစ်ယောက်သဖွယ် အကူအညီတောင်းခံနေပုံသည် ရှက်ကြောက်တတ်သော ပိုင်မျန်မျန်ဟု ထင်ရက်စရာမရှိပေ။
လီလော့ တစ်ခုခုပြောရန် ပြင်လိုက်တုန်းရှိသေး ရုတ်တရက် အခန်းတံခါးပွင့်လာပြီး ရှင်းဖူ၏ မျက်နှာကြီးကို ဘွားကနဲမြင်လိုက်သည်။
လီလော့နှင့် ပိုင်မျန်မျန်တို့သည် အထင်လွဲစရာကောင်းလိုက်အောင် လုံးထွေး ပူးကပ်နေကြသည်မဟုတ်လော....
ရှင်းဖူ တခဏလောက် မှင်သက်နေရာကနေ သတိပြန်ဝင်လာပြီး......
"တောင်းပန်ပါတယ်...အသံကြားလို့ လာကြည့်လိုက်တာပါ....စိတ်မရှိပါနဲ့... လုပ်စရာရှိတာ ဆက်လုပ်ကြပါ...."
ရှင်းဖူ ထိုသို့ ပြောပြီးသည်နှင့် တံခါးသေချာ ပြန်ပိတ်ပေးသွားခဲ့သည်။
တံခါးပိတ်ပြီးနောက် ရှင်းဖူး တံခါးကို မှီပြီး အသက်ဝဝရှုလိုက်ပြီး.....
" သူတို့ရဲ့ လျှို့ဝှက်ချက်ကို သိသွားလို့ ငါ့ကို လာသတ်ကြတော့မှာလား...."
" ခေါင်းဆောင်ကတော့ စံပဲ...ဘယ်တုန်းကတည်းက ပိုင်မျန်မျန်ကို အပီချုပ်ထားလိုက်လဲမသိဘူး...."
"စီနီယာချင်းအာ သိသွားရင် ဘယ်လိုလုပ်မလဲ...ဒါမှမဟုတ် စီနီယာချင်းအာက ခွင့်ပြုပေးထားတာလား...ဝိုးးး ခေါင်းဆောင်က စီနီယာချင်းအာကိုတောင် ခါးပိုက်ထောင်ထဲတည့်ထားနိုင်တာပဲ...."
...........................................................................
" ရှင်းဖူ အထင်လွဲသွားပြီလားမသိဘူး...."
ရှင်းဖူ သူ့ကို သားရဲကောင်လို ကြည့်နေကတည်းက အဆင်မပြေနိုင်တော့မှန်း လီလော့ ကြ်ိုသိနေပြီဖြစ်သည်။ပိုင်မျန်မျန်ကတော့ ဒါတွေကို ဂရုမစိုက်နိုင်သေးဘဲ....
"ခေါင်းဆောင်....ကျေးဇူးပြုပြီး ကူညီပေးပါ...."
" ငါ နင့်ကို မကူညီချင်လို့မဟုတ်ဘူး...ဘယ်လို ကူညီရမ်ှန်းမသိလို့ပါဟာ...."
" ခုနက အရည်ကို ပုံတူကူးလို့ရတယ်လေ....ကံကောင်းရင် နည်းလမ်းရှာတွေ့နိုင်မှာပါ.....ခေါင်းဆောင်သာ ကျွန်မရဲ့ အရသာခံအာရုံပျက်စီးနေတာကို ကုပေးနိုင်မယ်ဆို ကျွန်မ ခန္ဓာကိုယ်ကို ခေါင်းဆောင်ဆီ လေးနှစ်တိတိပေးပါ့မယ်...."
ထိုကမ်းလှမ်းမှုကြောင့် လီလော့ ထိတ်လန့်နေသည်ကို မြင်တော့မှသာ ပိုင်မျန်မျန် သူ့ကိုယ်သူ စကားမှားသွားမှန်း သိရှာတော့သည်။
" ကျွန်...ကျွန်မပြောချင်တာက လေးနှစ်လုံးလုံး ကျွန်မရှာထားသမျှ ဖော်မြူလာတွေ အကုန်ပေးမယ်လို့ပြောတာပါ....ခေါင်းဆောင် ဒါတွေကို စိတ်ဝင်စားနေမှန်း ကျွန်မသိတယ်...."
လီလော့ နှလုံးခုန်သံများ မြန်ဆန်လာသည်။ ဤသည်မှာ တွေးထားသည်ထက် အဆပေါင်းများစွာ ကောင်းမွန်သော ကမ်းလှမ်းချက်ဖြစ်သည်။
// ဒီကလေးမ ဉီးနှောက်ကောင်းသားပဲ....//
" အရူးမလေး....အဲ့တာတွေ ဘယ်လောက်တန်မှန်းရော သိရဲ့လား...."
" သိပါတယ်....ဒါ..ဒါပေမယ့် နောက်တစ်ကြိမ် အရသာရှိတာတွေ ခံစားကြည့်ချင်တယ်....ဖယောင်းလို အစားအသောက်မျိုးတွေ ထပ်မစားချင်တော့ဘူး.....ခေါင်းဆောင်က တစ်ခါမှ အရသာခံအာရုံမပျက်စီးဖူးတော့ ဘယ်လောက်ဆိုးရွားမှန်း ဘယ်နားလည်ပါ့မလဲ....ခုနက ခါးသက်လွန်းတဲ့အရသာကတောင် ကျွန်မအတွက် ချိုမြိန်နေတယ်...."
ဟုတ်ပေသည်။ ပြောမယုံ ကြုံဖူးမှသိ ဆိုသလို ကိုယ်တိုင်မခံစားရသ၍ တဖက်လူကို ကိုယ်ချင်းစာပေးရန် ခက်ခဲလှသည်။
"မှန်ပါတယ်....နင်ပြောသလို ငါလည်း ဖော်မြုလာတွေလိုအပ်နေတယ်...ဒါပေမယ့် နင့်ကမ်းလှမ်းချက်ကို လက်မခံပေးနိူင်ဘူး...."
သူသည် လောဘရှိသော်လည်းအကန့်အသတ်မရှိစည်းလွတ်ဘောင်လွတ် ပြုမူတတ်သူမဟုတ်ပေ။
" နင့်ရဲ့ အရသာခံ အာရုံပျက်စီးတာကို ကုသပေးဖို့ နည်းလမ်းရှာကြည့်လိုက်မယ်...အောင်မြင်တဲ့အခါကျရင် နင်ရဲ့ အဆင့်မြင့်ဖော်မြူလာတွေ ငါ့ကို ဉီးစားပေးအနေနဲ့အရင်ရောင်းပေး...စျေးကတော့ ကာလပေါက်စျေးအတိုင်း ညှိပေးမယ်...လက်ရှိ လော့လန်အိမ်တော် အခြေနေအရဆို တစ်ထိုင်တည်း ပေးနိုင်မှာမဟုတ်ဘူး...အဲ့တော့ အရစ်ကျနဲ့ ရောင်းပေးပေါ့ဟာ...."
" တကယ်....တကယ် ကူညီပေးမယ်ပေါ့နော်....."
"ကြည့်ရတာ ငါပြောသမျှကို အကုန်လုံးစေ့ပတ်စေ့နားမထောင်လိုက်ဘူးထင်တယ်....."
" ဟုတ်..ဟုတ်...ကျွန်မ သဘောတူပါတယ်....ခေါင်းဆောင် ပြောသမျှ အကုန်လုပ်ပေးပါ့မယ်....."
" ကဲ...ဒါဆိုလည်း ပါဝင်ပစ္စည်းတွေနဲ့ ဘာတွေပြောင်းလဲကုန်လဲသိရအောင် ကျန်နေသေးတဲ့ အရည်တွေကို ခွဲခြမ်းစိတ်ဖြာကြည့်ရအောင်...."
ဤသို့ဖြင့် နှစ်ယောက်သား အစိမ်းပုပ်ရောင်အရည်များကို စုဆောင်းပြီး စတင် လေ့လာခဲ့ကြသည်။
နာရီပေါင်းများစွာ ကုန်ဆုံးသွားသော်လည်း ထူးခြားမှု တစ်စုံတစ်ရာမျှ ရှာမတွေ့ခဲ့ပေ။
" ကဲ...ထားလိုက်တော့...နောက်တော့မှ ထပ်လေ့လာကြတာပေါ့...."
ပိုင်မျန်မျန်ကတော့ အမျှင်မပြတ်သေးသည့်အနေဖြင့် ထိုအရည်များကိုသာ စိုက်ကြည့်နေဆဲပင်။
ချလပ်.....
ဤတစ်ကြိမ်တွင် ရောက်လာသူမှာ နည်းပြချီချန်းဖြစ်ပြီး လီလော့တို့နှစ်ယောက်ကို စူးစမ်းလိုသောအကြည့်များနှင့်ကြည့်လိုက်ကာ.....
"နင်တို့ ဒီမှာ တညလုံးအတူနေကြမလို့လား....."
ချီချန်းက တံခါးပေါ်ရှိ သံကြိုးတပ်ထားသော သော့ခလောက်ကို တစ်ချက်ကြည့်လိုက်ပြီး .....
" အိုးးး သော့တောင်သေချာခတ်ထားပဲ...နင်တို့အထဲမှာ ဘာလုပ်နေကြတာလဲ....."
ပိုင်မျန်မျန်ကတော့ ရှက်ပြီး ပြေးလေပြီ။
" ရှင်းဖူးခတ်သွားတာ....ကျွန်တော်တို့ ဘာမှ မလုပ်ပါဘူး.... "
ချီချန်းက တံခါးဘောင်ကို မှီပြီး လီလော့ကို ခပ်မြူးမြူး ကျီစယ်လိုက်သည်က.....
"ကောင်မလေးကို မျက်စိကျနေပြီလား....အိုးးး ငါနင့်ကို လျှော့တွက်လိုက်မိပြီး......"
" ကျွန်တော် ဘာမှ မလုပ်ဘူး!!!!!!!"
လီလော့၏ ဒေါသတကြီးအော်သံသည် အခန်းတစ်ခုလုံး ပြည့်နှက်သွားလေတော့သည်။
ပလစ်ခံထားရသော ယုလန်သည် အာရုံစိုက်ခံရအောင် အသံပေးလိုက်သော်လည်း.....
"ကျွန်မ ရှင့်ကို သိတယ်....ရှင်နဲ့ အပေါင်းအသင်းမလုပ်ရဘူးလို့ မမကမှာထားတယ်...နို့မို့ဆို ရှင့်ဆီက မကောင်းတဲ့အကျင့်တွေ ကူးကုန်မယ်တဲ့...."
" ပိုင်တုတု...နင်ငါ့ကို ဘယ်လိုတွေတောင် ပြောထားတာလဲ...."
" လာကြလေ...."
လီလော့က ထမင်းစားစားပွဲကနေ လှမ်းခေါ်လိုက်သည့်အခါ ယုလန်တစ်ယောက် လီလော့ဆီအပြေးအလွှားသွားကာ စားပွဲပေါ်က အစားအသောက်များကို မျက်ရည်အဝဲသားနဲ့ ကြည့်နေရှာသည်။
" ဒါ..ဒါတွေကို မျန်မျန် ချက်ပေးထားတာလား...."
လီလော့နှင့် ရှင်းဖူတို့ တစ်ယောက်ကို တစ်ယောက်မျက်စပစ်လိုက်ပြီး ယုလန်ကိုခေါင်းညိတ်ပြလိုက်သည်။
ယုလန်တစ်ယောက် မနာလိုသဝန်တိုမှုကြီးစွာဖြင့် လီလော့ ဘေးတွင် ဝင်ထိုင်လိုက်ကာ....
" မျန်မျန် ချက်ထားတာ မြည်းကြည့်လိုက်ဉီးမယ်...."
ပထမတစ်လုတ်စားပြီးချိန်တွင် ယုလန် မျက်လုံးအပြူးသားနဲ့ ငြိမ်ကျသွားလေသည်။
အတော်လေးကြာတော့မှသာ ခက်ခက်ခဲခဲမျိုချလိုက်ပြီး .....
" ဟီးးး ဒီကိုမလာခင် နံနက်စာစားခဲ့တာ မေ့သွားတယ်...."
" ဘာမှ မဖြစ်ဘူး...နှစ်ပန်းကန်လောက်လေးပဲဟာ...မင်းစားနိုင်ပါတယ်...."
လီလော့ကလည်း မီးလောင်ရာလေပင့်ပေးလိုက်လေသည်။
// ပိုင်မျန်မျန်ကို ပိုးပန်းမယ်....ပိုင်မျန်မျန် ချက်တာဆို မစင်သုံးပန်းကန်ဖြစ်နေပါစေ အကုန်စားပစ်မှာဆို....//
ယုလန်ခင်မျာ ထွေးရအခက် အန်ကအခက်ပင် အန်ထုတ်မိလိုက်ပါက ပိုင်တုတု ရောက်လာပြီး မစင်သုံးပန်းကန် တကယ်ကျွေးလိမ့်မည်။
ယုလန် ထိုမျှနှင့် အရှုံးမပေးသေးဘဲ.....
" မင်း နံနက်စာစားပြီးပြီဆိုတော့ ချင်းအာ ဝယ်လာတာတွေ အလကားဖြစ်ကုန်ပြီပေါ့...."
လုချင်းအာက ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး.....
" ရပါတယ်...ရေကန်ထဲပစ်ချပြီး ငါးစာကျွေးလိုက်မယ်...."
အန္တရာယ် အငွေ့အသက်ကို ခံစားလိုက်မိသောကြောင့်.....
" ပေး..ပေး..ငါက အစားကြီးတယ်....ထပ်စားနိုင်သေးတယ်...."
" တကယ်လား...."
ထိုအခါမှသာ လုချင်းအာက လီလော့ဆီ နံနက်စာအိတ်လေး ကမ်းပေးလိုက်သည်။
ထိုအချိန်တွင် တချိန်လုံးတိတ်ဆိတ်နေသည့်ရှင်းဖူက......
" ခေါင်းဆောင်က တကယ်ကံကောင်းတယ်နော်....နံနက်တိုင်း နံနက်စာလာပို့မယ့်သူရှိတယ်....."
လီလော့ ရှုံ့မဲ့နေလေပြီ။
ညီလေးရယ် ပါးစပ်လေးခဏလောက်ပိတ်ပေးထားပါလားကွာ....မင်း ပုန်ကန်နေတာလား.