ခက်ခဲလိုက်တဲ့ဘဝ....
Vol. 12 Ch. 158
နောက်တစ်နေ့နံနက်တွင်......
လီလော့ ဒုတိယထပ်သို့ဆင်းလာသောအခါ ခါတိုင်းလို ပန်းချီဆွဲနေသော ရှင်းဖူကို တွေ့
လိုက်သည်။ မနေ့ညက သော့ခတ်သွားသည့်အကြောင်း သတိရမိလိုက်သည့်အခါ ရှင်းဖူဆီ ခြေလှမ်းများ ဉီးတည်လိုက်မိသည်။
ဒီကောင့်ကြည့်ရတာ ပျင်းစရာကောင်းမလိိုလိုနဲ့ တကယ်တော့ ကောင်ဆိုးလေးပဲ.....
ပန်းချီပိတ်ကားပေါ်တွင် ရှင်းဖူ အပီအပြင်ရေးဆွဲနေသည်က အရင်လို ကြက်ပုံမဟုတ်တော့ဘဲ သန့်စင်ရေးအလုပ်ခန်းထဲမှ ပိုင်မျန်မျန်နှင့်လီလော့တို့ပုံဖြစ်နေသည်။
" ခေါင်းဆောင်...ကျွန်တော့်လက်ရာတွေတိုးတက်လာတယ်မဟုတ်လား....ဒါမနေ့ညက မြင်ကွင်းကို ပြန်ဆွဲထားတား...နာမည်တောင်ပေးထားပြီးပြီ....အမြစ်တွယ်ခြင်းတဲ့...."
လီလော့ မျက်ဝန်းများ ပြူးကျယ်ကုန်လေသည်။
// ဘုရားသခင်.....တံခါးပိတ်ပေးသွားတာနဲ့တင်မကျေနအပ်လို့ ပန်းချီပါထပ်ဆွဲပေးလိုက်သေးတယ်....//
" အမြစ််တွယ်တာတွေဘာတွေတော့မသိဘူး...ငါကတော့ မင်းကို သွားတွေ အမြစ်ကနေကျွတ်တဲ့အထိ ဆွဲထိုးပစ်ချင်နေပြီ.....ပြီးတော့ ဒီကောက်ရိုးလို ပိန်ရှည်ရှည် စုတ်ချက်နှစ်ခုက ငါနဲ့ပိုင်မျန်မျန်တဲ့လား....."
မည်သို့ပင်ဖြစ်စေကာ ဒီပြသာနာကို ပြီးအောင်ဖြေရှင်းမှဖြစ်တော့မည်။
" ရှင်းဖူ....မနေ့ညက ကိစ္စနဲ့ပတ်သတ်ပြီး မင်းနဲ့ငါ သေချာစကားပြောဖို့လိုနေပြီထင်တယ်...."
" ကောင်းပါပြီ....ခေါင်းဆောင်က ဖိတ်နေမှာတော့ မငြင်းရဲပါဘူး...."
" ဒါပေမယ့်....ကျွန်တော်အ အသားနာလာရင် အကုန်အမှန်တိုင်းပြောတတ်တယ်....ပိုင်တုတုဆီပြေးပြီး ခေါင်းဆောင်နဲ့ ပိုင်မျန်မျန်တို့ သန့်စင်ရေးအလုပ်ခန်းထဲမှာ တစ်ညလုံးအတူရှိနေတဲ့အကြောင်းပြောလိုက်မိရင် ဘယ်လိုလုပ်မလဲ...."
လီလော့ လက်ညှိုးတထိုးထိုးနှင့် ဘာပြောရမှန်းမသိအောင် ပြောစရာစကားများ ပျောက်ရှကုန်လေပြီ။ အနေအေးသူဟု ထင်ထားသော ရှင်းဖူသည် မယုံနိုင်လောက်အောင် လျှို့ဝှက်နက်နဲသူတစ်ဉီးဖြစ်နေသည်။
ထိုအကြောင်းသာ ပိုင်တုတုသိသွားပါက ဖြေရှင်းချက်မပေးနိုင်ခင် အရင်အသက်ထွက်ရပေလိမ့်မည်။
လီလော့ ရှင်းဖူးကို စိုက်ကြည့်နေမိသည်။
// လုပ်ကြံသတ်ဖြတ်သူဗီဇဆိုတာ ဒါမျိုးလား.....//
လီလော့ဘက်ကလည်း အနိူင်မခံ အရှုံးမပေးချင်သည့်အတွက်.....
" ကောင်းပြီလေ....ဒါဆိုလည်း မင်းကို တစ်နေ့ သုံးနပ် ထမင်းချက်ကျွေးဖို့ ပိုင်မျန်မျန့်ကိုသွားပြောလိုက်မယ်...."
ရှင်းဖူ ကိုင်ထားသော စုတ်တံသည် လေထဲတွင် ရပ်တန့်နေပြီး သူသည် လီလော့ကို ဂန္တဝင်လူယုတ်မာကြီးသဖွယ်စိုက်ကြည့်နေလေ၏။
" ကောင်းပါပြီ....ခေါင်းဆောင်နိုင်ပါတယ်....ကျွန်တော် ဒီပန်းချီကို ဖျက်လိုက်ပါ့မယ်....."
ထိုအခါမှသာ လီလော့က အောင်နိုင်သူအပြုံးမျိုးဖြင့် ရှင်းဖူရဲ့ ပုခုံးကို ပုတ်လိုက်ပြီး........
" ကဲ...ဒါဆိုလည်း နံနက်စာသွားစားကြစို့...."
နှစ်ယောက်သားအောက်ဆင်းလာသည့်အခါ ပိုင်မျန်မျန်သည် လှပသည့်လိပ်ပြာလေးတစ်ကောင်ပျံဝဲနေသလို တစ်ယောက်တည်း အလုပ်ရှုပ်နေသည်။
နှစ်ယောက်သား သက်ပြင်းကိုယ်စီချကာ စားပွဲဝိုင်းတွင် ဝင်ထိုင်လိုက်ကြသည်။
ပိုင်မျန်မျန် ယူလာပေးသော အစားအသောက်များကို မြင်သည့်အခါ နှစ်ယောက်စလုံး အံ့သြသွားခဲ့ကြသည်။
" ဒါတွေက ကန်တင်းက သွားဝယ်လာတာ....ကျွန်မ ချက်တာတွေ ဘယ်လိုအရသာရှိမှန်းမသိပေမယ့် ရှင်တို့မကြိုက်လောက်ဘူး ထင်လို့ပါ...."
မဝံမရဲပြောနေရှာသည့် ပိုင်မျန်မျန်ကြောင့် လီလော့တို့နှစ်ယောက်စလုံး စိတ်မကောင်းဖြစ်နေမိသည်။
"ကောင်းပါတယ်....နင် ချက်တာတွေ ငါတို့ကြိုက်ပါတယ်...."
" တကယ်လား..."
လီလော့တို့ ခေါင်းညိတ်ပြလိုက်သည့်အခါ ပိုင်မျန်မျန် မီးဖိုခန်းထဲ ပြေးဝင်သွားပြီး ပန်းကန်နှစ်ချပ်ကိုင်ကာ ပြန်ထွက်လာသည်။
"ဒါဆို ဒီမှာရော့.....အသင့်ချက်ပေးပြီးသား...."
// ဟူးးး ငရဲဆန်တဲ့နံနက်ခင်းတွေ ကုန်ဆုံးပြီထင်နေတာ....ဒီပါးစပ်ပေါက်ကြောင့် ငရဲခံရတော့မယ်...//
" ဇာတာမကောင်းဘူး...ဗေဒင်လေးဘာလေးမေးမှပဲ...."
ရှင်းဖူ သက်ပြင်းချလိုက်ပြီး ရေရွတ်နေမိသည်။
ကျွံမိသည့်စကားတစ်ခွန်းအတွက် မည်သူ့ကိုမှ အပြစ်မဖို့နိုင်ရှာပေ။
လီလော့လည်း သက်ပြင်းချလိုက်မိသည်။
// ဘဝကခက်ခဲတယ်ဆိုပေမယ့် ဒီလောက်ထိ့ ခက်ခဲမယ် မထင်ခဲ့မိဘူး.... //
လီလော့တို့ မစားချင် စားချင်နှင့် နံနက်စာ စားနေချိန်တွင် တံခါးခေါက်သံကြားလိုက်ရသည်။
ပိုင်မျန်မျန် တံခါးလာဖွင့်ပေးသည်ကို မြင်လိုက်သည့်အခါ ယုလန်က ဖုံးဖိမရနိုင်အောင်ပျော်ရွှင်နေသော်လည်း လုချင်းအာကတော့ အနည်းငယ် မျက်နှာပျက်သွားသည်။
" မဂ်လာနံနက်ခင်းပါ....ကျွန်တော်က လီလော့နဲ့ ညီအစ်ကိုလို ခင်မင်ကြတဲ့
ယုလန်ပါ...."
ယုလန်က လက်ဆွဲနှုတ်ဆက်ရန် လက်ကမ်းပေးနေသည်။
" ငါက လုချင်းအာပါ...ယုလန်လိုပဲ လီလော့ရဲ့ သူငယ်ချင်းပါပဲ....သူနဲ့တွေ့ဖို့လာခဲ့တာ...."
ပိုင်မျန်မျန်က လုချင်းအာရဲ့ လက်လေးကို လှမ်းဆွဲလိုက်ပြီး....
" မမချင်းအာရဲ့လက်လေးတွေက လှလိုက်တာ....."
ပိုင်မျန်မျန်၏ ချစ်စဖွယ်အပြုအမူကြောင့် လုချင်းအာ အတော်လေး စိတ်ကြည်လာခဲ့သည်။
"မျန်မျန်...ကျွန်တော်လည်း ရှိနေသေးတယ်နော်...."