← Chapters

အဖွဲ့လိုက်လေ့ကျင့်မှု.....

Vol. 12 Ch. 159

အဖွဲ့လိုက်လေ့ကျင့်မှု.....

Vol. 12 Ch. 159

" အိုးးး လီလော့ဆီ ဘယ်သူ နံနက်စာလာပို့လို့လဲ...."

ရှင်းဖူ၏ စကားကို လုချင်းအာ အာရံစိုက်မိသွားလေပြီ။

" စီနီယာကျန်းချင်းအာ လာပို့တာပါ...."

" စီနီယာကျန်းချင်းအာနဲ့ လီလော့က အထူးတလည်ဆက်ဆံရေးရှိကြသူတွေမို့ နံနက်စာလာပို့ပေးတာမဆန်းပါဘူး...."

လုချင်းအာက ပြောနေရင်းကနေ ရှင်းဖူကို ပြုံးပြလိုက်ပြီး.....

"ရှင်းဖူ .... ရှင်က အရမ်းထူးခြားတယ်။ မိန်းကလေးတော်တော်များများ ရှင့်အတွက် မနက်စာဝယ်ဖို့ တန်းစီနေကြမှာ သေချာတယ်"

ရှင်းဖူ အပျိုဖြန်းလေးလို ရှက်သွေးဖြာနေသည်။ လုချင်းအာသည် ပိုင်မျန်မျန်ကလွဲ၍ သူ့အတွက် ဒုတိယမြောက်စကားပြောဖူးသူ မိန်းကလေးတစ်ဉီးဖြစ်သည်။

ရှင်းဖူဘက်က ပြသာနာဖြစ်အောင် ပြောလိုက်သောလည်း လုချင်းအာ၏ ကြင်နာသောစကားများကြောင့် တစ်နည်းနတစ်ဖုံ ထိရှသွားလေသည်။

// အခုချိန် ခေါင်းဆောင် ဒုက္ခရောက်နေရမှာမဟုတ်ဘူးလား....လုချင်းအာဘက်ကလည်း သဝန်တိုပြီး ပြသာနာထရှာရမှာမဟုတ်ဘူးလား....ဒါပေမယ်...နှစ်ယောက်ပေါင်းပြီး ငါ့ကိုတောင် ပြန်ဖဲ့သွား​သေးတယ်... လုချင်းအာကပဲ သဘောထားကြီးလွန်းနေတာလား....ဒါမှမဟုတ် ခေါင်းဆောင်ကပဲ စကေးကြမ်းလွန်းနေတာလား....//

မည်သို့ပင်ဆိုစေ ရှင်းဖူ လီလော့ကို လေးစားနေမိလေပြီ။

" ခေါင်းဆောင်...ခေါင်းဆောင်ကတော့ ကျွန်တော်တို့ မျိုးဆက်သစ်အတွက် စံပြပါပဲဗျာ....."

" ဟေ့ကောင်....မဟုတ်ကဟုတ်ကတွေပြောမနေစမ်းနဲ့...."

ထိုအချိန်တွင် ယုလန်က စားသောက်နေရင်းကနေ......

" မေ့တော့မလို့... နည်းပြမီအာကပြောတယ်....မနက်ဖြန်ကျရင် မင်းတို့အဖွဲ့နဲ့ ငါတို့အဖွဲ့ပေါင်းပြီး လေ့ကျင့်ကြမယ်တဲ့......"

" ဟမ်??? ငါတို့နှစ်ဖွဲ့ပေါင်းရမယ်...."

" ဟုတ်တယ် မနေ့က နည်းပြချီချန်း ပြောနေသံကြားတယ်....အဖွဲ့လိုက် ပူးပေါင်းလေ့ကျင့်တာက အချင်းချင်းနားလည်မှု ပိုရှိပြီး တိုက်ပွဲအတွက် ပိုအကျိုးရှိတယ်တဲ့....."

ပိုင်မျန်မျန်ကလည်း ဝင်ထောက်ခံနေသည်။

လီလော့ ခေါင်းတစ်ချက်ညိတ်လိုက်ပြီး.....

" ဒါဆို ငါ့ပြိုင်ဘက်က ယုလန်ပဲ...."

" မတရားဘူး....ငါကတော့ ပိုင်မျန်မျန်နဲ့ပဲတိုက်မယ်....သူ့ရဲ့ လ​က်သီးသေးသေးလေးတွေနဲ့ ငါ့ရင်ဘတ်ကို ကြိုက်သလောက်ထိုးပါစေ....."

" ခေါင်းဆောင်...ခေါင်းဆောင်က မမနဲ့တိုက်ရမှာ...."

" ဟုတ်တယ်...ပိုင်တုတုက တစ်ဖက်အဖွဲ့ရဲ့ခေါင်းဆောင်ဆိုတော့ ခေါင်းဆောင်အချင်းချင်းတိုက်ရမှာပေါ့...."

" ယုလန်...ပိုင်တုတု ဘယ်လောက်သန်မာလဲ...."

" အခုဆို ပုံသဏ္ဍာန်ဖွဲ့စည်းခြင်းအဆင့်ရောက်နေပြီ....."

"ဘုရားရေ....."

လီလော့ ချွေးပြန်နေလေပြီ။ ပိုင်တုတုသည် နည်းပြရွေးချယ်ပွဲကမှ ပွင့်လန်းခြင်း

အဆင့်တွင်သာရှိသေးသည်။ တလမပြည့်တပြည့်အချိန်တွင်း ဤမျှလောာက်ထိ တိုးတက်သွားမည်ဟု မထင်ထားမိပေ။

ပွင့်လန်းခြင်းအဆင့်နှင့် ပုံသဏ္ဍာန်ဖွဲ့စည်းခြင်းအဆင့်သည် တစ်ဆင့်သာကွာခြားသည်ဆိုသော်လည်း သန်မာမှုသည် မိုးနှင့်မြေတမျှကွာခြားလှသည်။

ပုံသဏ္ဍာန်ဖွဲ့စည်းခြင်းအဆင့်တွင် အဆင့်ငါးဆင့်ရှိသည်။ တဆင့်ချင်းစီသည် မျိုးစေ့ပေါ်တွင် ပုံသဏ္ဍာန်ဖွဲ့စည်းခြင်းဖြစ်သောကြောင့် ပုံသဏ္ဍာန်ဖွဲ့စည်းခြင်းအဆင့်ငါးဆင့်ဟုလည်း ခေါ်တွင်ကြသည်။

//ကြည့်ရတာ ပိုင်တုတုနဲ့ တိုက်ခိုက်ဖို့အာရုံစိုက်မှဖြစ်မယ်...နို့မို့ဆို ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီးသိက္ခာကျလိမ့်မယ်...//

နံနက်စာစားပြီးသည်နှင့် ယုလန်နှင့် လုချင်းအာတို့ကို အဆောင်တစ်ပတ် လှည့်ပတ် ပြသလိုက်သည်။

ဒုတိယထပ်သို့ရောက်သောအခါ ရှင်းဖူဆွဲလက်စ ပန်းချီကားကို ယုလန်တွေ့သွားပြီး......

" ခွေးကောင်လီလော့....ဒါဘာတွေလဲ...."

လုချင်းအာကလည်း ခပ်မဲ့မဲ့အပြုံးနဲ့.....

"ယောက်ကျားလေးတစ်ယောက်နဲ့ မိန်းကလေးတစ်ယောက် အခန်းထဲမှာ ပူးကပ်နေကြတယ်....နာမည်လေးတောင်ပေးထားသေးတယ်....ဘယ်လောက် ကဗျာဆန်လိုက်သလဲ...."

လီလော့ ဘာ​ပြောရမှန်းပင်မသိတော့ပေ။

// ဒီလို တွန့်ကောက်နေတဲ့ တုတ်ချောင်းနှစ်ချောင်းက ဘယ်နေရာကများ ငါနဲ့ ပိုင်မျန်မျန်နဲ့တူနေလို့လဲ...//

" ဒါ ရှင်းဖူ သူ့ဘာသာသူ ဆွဲထားတာပါ...ပေါက်ကရတွေ လျှောက်ပြောမနေကြနဲ့...."

ယုလန်က မျဉ်း​ကြောင်းတစ်ကြောင်းစီတိုင်းကိုလက်ညှိုးထိုးပြနေပြီ.. ..

" ဒီမှာ...ဒီမှာ..တွေ့လား....ဘယ်သူမဆို တစ်ချက်ကြည့်ရုံနဲ့တင် သိနိုင်တယ်"

ကမ္ဘာလောကကြီးဘာတွေ ဖြစ်ကုန်ပြီလဲ.....

ထိုအချိန်တွင် ရှင်းဖူ လီလော့ဘေးနားသို့ရောက်လာပြီး.....

" ခေါင်းဆောင်...တစ်ယောက်ယောက်က ပြသာနာလာရှာရင် အဲ့တာသူ သက်သက်ညစ်နေတာ...အကုန်လုံးက ပြသာနာလာရှာရင်တော့ တကယ့်ပြသာနာက ခေါင်းဆောင်ကိုယ်တိုင်ဖြစ်နေလို့ပဲ...."

လီလော့ ရှင်းဖူကို ရုတ်တရက် လည်ပင်းထညှစ်ချင်စိတ်များ ပြင်းပြလာသော်လည်း စိတ်ထိန်းနေရရှာသည်။

ထို့နောက် လုချင်းအာနှင့် ယုလန်တို့သည် လေ့ကျင့်ရေးဆင်းရဉီးမည်ဖြစ်သည့်အတွက် ပြန်လာခဲ့ကြသည်။

လုချင်းအာ လေညှင်းခံရင်း ရေကန်လေးနံဘေးတွင် အေးအေးလူလူလမ်းလျှောက်နေသည်။

ထိုစဉ် သူမဆီ လျှောက်လာနေသော မိန်းမလှလေးနှစ်ဉီးကို လှမ်းမြင်လိုက်ရသည်။

ထိုမိန်းမလှလေးနှစ်ဉီးသည် ကျန်းချင်းအညနှင့် ယန်လင်းချီတို့ပင်ဖြစ်သည်။

ကျန်းချင်းအာနှင့် လုချင်းအာတို့ အကြည့်ချင်းဆုံသွားသည့်အခါ မီးပွားလေးများ လွှင့်စင်လာသလိုခံစားလိုက်ကသော်လည်း မျက်နှာပေါ်တွင် တည်ငြိမ်သော အပြုံးကို ဆင်မြန်းထားဆဲပင်....

" စီနီယာကျန်း...."

All Chapters