ပထမအကြိမ် အဖွဲ့လိုက်တိုက်ခိုက်ခြင်း.....
Vol. 12 Ch. 161
လေ့ကျင့်ရေးခန်းမကျယ်ထဲတွင်.....
လီလော့တို့အဖွဲ့နှင့် ပိုင်တုတုတို့အဖွဲ့ မျက်နှာချင်းဆိုင် ရပ်နေကြသည်။
နည်းပြနှစ်ယောက်ကတော့ ခပ်လှမ်းလှမ်းကနေ ရပ်ကြည့်နေသည်။
" နည်းပြချီချန်း.....လီလော့ရဲ့ပဲ့တင်ထပ်သံနှစ်ခုရဲ့ အခြေနေဘယ်လိုလဲ...."
" အခုထိ မပေါင်းစည်းနိုင်သေးဘူး...."
" ပုံမှန်ပါပဲ...တကယ်ဆို ပဲ့တင်ထပ်သံနှစ်ခု ပေါင်စည်းတယ်ဆိုတာ မြို့စားအဆင့်တွေမှ လုပ်နိုင်တာ....သူက အခုမှ ဆရာသခင်အဆင့်ပဲရှိသေးတာဆိုတော့ ခက်ခဲမှာပေါ့....ဒါဆိုာကျုပ်တို့အဖွဲ့က နိုင်ချေပိုများနေပြီပေါ့ ပိုင်တုတုကို ဘယ်သူမှမယှဉ်နိူင်လောက်ဘူး...."
ဟုတ်ပေသည်။ ပိုင်တုတုသည် ပုံသဏ္ဍာန်ဖွဲ့စည်းခြင်းအဆင့်၏ ပထမပုံသဏ္ဍာန်အဆင့်တွင်ရှိနေသောကြောင့် လီလော့နှင့်ရှင်းဖူတို့ထက် များစွာသန်မာနေလေပြီ။သူမသည် လီလော့တို့ကို သစ်ရွက်ခြောက်များသဖွယ် ခြေံချသွားနိုင်သည်။
ထို့အပြင် ချိုးလော့သည် ပွင့်လန်းခြင်းနှောင်းပိုင်းအဆင့်တွင်ရှိနေပြီး ယုလန်ကလည်း မျိုးစေချခြင်း အစောပိုင်းအဆင့်ရောက်နေပြီဖြစ်သည်။
လီလော့တို့အဖွဲ့တွင်မူ အသန်မာဆုံးမှာ ရှင်းဖူဖြစ်ပြီး ချိုးလော့နှင့်တန်းတူ ပွင့်လန်းခြင်းနှောင်းပိုင်းအဆင့်တွင်ရှိနေသည်။လီလော့သည် ပွင့်လန်းခြင်းအစောပိုင်းအဆင့်တွင်ရှိနေပြီး ပိုင်မျန်မျန်သည် မျိုးစေ့ချခြင်းနှောင်းပိုင်းအဆင့်ဖြစ်သည်။
မည်သိုပင်ဆိုစေ ပိုင်တုတုတို့အဖွဲ့ကသာ ပိုသန်မာသည်။
ချီချန်းက လက်ဖက်ရည် တစ်ငုံသောက်လိုက်ပြီး.....
" ကျွန်မကတော့ ရှင့်ရဲ့ ဝါယောသုံးဖော် ဘယ်လိုလာမလဲ စိတ်ဝင်စားနေပြီ...."
နည်းပြမီအာ၏ တပည့်သုံးယောက်စလုံးသည် လေပဲ့တင်ထပ်သံပိုင်ဆိုင်ထားသူများဖြစ်ကြသောကြောင့် ထိုသုံးယောက်ကို ဝါယောသုံးဖော် ဟုနာမည်ပြောင်ပေးထားကြသည်။
လေ့ကျင့်ကွင်းထဲတွင် လီလော့တို့ကလည်း စကားစမြည်ပြောနေကြသည်။
" လီလော့ နင် ငါ့ညီမကို ဂရုစိုက်နော်...မဟုတ်လို့ကတော့...တွေ့လား...."
ပိုင်တုတုသည် လီလော့ဆီ လက်စွဲတော်လှံနှင့်ချိန်ရွယ်ပြီး ညီမဖြစ်သူကို ဂရုစိုက်ခိုင်းနေသည်။
"အေး..ဒါဆို သူ့ကို တစ်ယောက်တည်း ပစ်ထားလိုက်ရမလား...."
" ဒါ တိုက်ပွဲ....ညီအစ်မတွေဘာတွေ မရှိဘူး...တိုက်ပွဲကတိုက်ပွဲပဲ...."
ပိုင်မျန်မျန်က ပိုင်တုတုကို လျှာထုတ်ပြီးပြောင်ပြနေသည်။
" ချစ်စရာကောင်းလိုက်တာကွာ....."
ယုလန် စကားဆုံးသည်နှင့် ပိုင်တုတု၏ လူသတ်အကြည့်တွေကြောင့် ချက်ချင်းနောက်ဆုတ်လိုက်ရလေသည်။
တခဏကြာသော် နည်းပြနှစ်ယောက် ရောက်လာပြီး တိုက်ပွဲစတင်ကြောင်း အချက်ပေးလိုက်သည်။
ဘန်းးးးးးး
ခြောက်ယောက်စလုံး ကိုယ်စီကိုယ်စီ ပဲ့တင်ထပ်သံစွမ်းအားများ ထုတ်ဖော်လိုက်လေသည်။
လီလော့သည် ဓားနှစ်လက်ကိုင်ဆွဲထားပြီး ရှေ့တန်းတွင် ရပ်နေသည်။ ပိုင်မျန်မျန်ကတော့ ကြယ်ရောင်လို တောက်ပနေသော စွမ်းအားများနှင့် လီလော့ အနောက်တွင်ရပ်နေသည်။ ရှင်းဖူကတော့ ထုံးစံအတိုင်း အရိပ်ပင်ရှာမရတော့ပေ။
လီလော့တို့သည် နည်းပြချီချန်း ပြောခဲ့သည့်အတိုင်းနေရာယူထားခြင်းဖြစ်သည်။လီလော့သည် ခံစစ်အနေအထားနှင့် မားမားမတ်မတ် ရပ်တည်နေပြီး ရှင်းဖူသည် အလစ်ချောင်းတိုင်ခိုက်ရမည်ဖြစ်သည်။ ပိုင်မျန်မျန်သည် လီလော့နှင့်ရှင်းဖူတို့ကို လိုအပ်သလို ကူညီပေးရမည်။
ပိုင်တုတုတို့ကတော့ အချက်ပေးလိုက်ကတည်းက လေးညှိုမှ ပစ်လွှတ်လိုက်သော မျှားများသဖွယ် အရှိန်ပြင်းစွာ ဉီးတည်ရွေ့လျားလာကြသည်။
" လီလော့ကို အရင်တိုက်...ဒါဆို ပွဲသိမ်းပြီ...."
ပိုင်တုတုတို့သည် ရှည်ရှည်ဝေးဝေး စဉ်းစားနေသူများမဟုတ်ကြပေ။ တစ်ဖက်အသင်း၏ခေါင်းဆောင် ဖြစ်နေသော လီလော့ကို အရင်ဆုံးဖယ်ထုတ်ပစ်ရန် အာရုံစိုက်ထားကြသည်။
ထို့အပြင် သုံးယောက်စလုံး၏ လျှပ်စီးတမျှမြန်ဆန်သော အရှိန်နှင့် အလုံးအရင်းလိုက်တိုက်ခိုက်မှုသည် လေမုန်တိုင်းကြီးဝင်မွှေနေသလိုပင်.....
လီလော့ထံသို့ လေတိုးသံများနှင့်အတူ တိုက်ကွက်သုံးခု ကျဆင်းလာခဲ့သည်။
လီလော့၏ နောက်ဘက်တွင် မီးစုန်ရောင်တောက်ပနေသော စွမ်းအားများ တရိပ်ရိပ်ပေါ်ထွက်လာနေသည်။
" သတိထား...အဲ့တာ ပိုင်မျန်မျန်ရဲ့ပုံရိပ်ယောင်ပညာရပ်...."
ပိုင်တုတု သတိလှမ်းပေးလိုက်သော်လည်း ယုလန်နှင့် ချိုးလော့တို့ဘေးတွင် လီလော့၏ပုံရိပ်ယောင်များ ထွက်ပေါ်လာခဲ့သည်။
ယခုချိန်တွင် ပိုင်တုတုတို့သည် လီလော့သုံးယောက်နှင့်တိုက်ခိုက်နေရသည်။
ပိုင်တုတု မျက်မှောင်ကြုံ့လိုက်ပြီး စွမ်းအားများကို လှံဖျားဆီပို့လွှတ်လိုက်သောအခါ အစိမ်းရောင်အလင်းတန်းသုံးခုသည် လီလော့သုံးယောက်စလုံးဆီတည့်တည့်ထိမှန်သွားကြသည်။
" ဟာ...အကုန်လုံး ပုံရိပ်ယောင်တွေချည်းပဲ...."
ပိုင်တုတု တစ်ခုခုကို သတိထားမိလိုက်တာကြောင့် လှံဖျားကို ဉီးတည်ချက်ပြောင်းကာ ယုလန်ရဲ့နောက်ဘက်ဆီပစ်လွှတ်လိုက်သည်။
ဒင်.....
ဓားနှစ်လက်က ပိုင်တုတု၏ လှံချက်ကိုတားဆီးလိုက်လေသည်။
ရေအလင်း ဝတ်ရုံဆင်မြန်းထားသောလီလော့သည် မြင်ကွင်းထဲသို့ပေါ်ထွက်လာခဲ့သည်။
ပိုင်တုတု၏ အချိန်မှီတားဆီးလိုက်မှုကြောင့် ယုလန် သီသီလေး လွတ်သွားခဲ့ခြင်းဖြစ်သည်။
" ဟေ့ကောင် လီလော့...မင်းကအားနည်းသူကို အနိုင်ကျင့်ချင်တယ်ပေါ့...တွေ့ကြသေးတာပေါ့ကွာ..... "
ယုလန်က ဒေါသတကြီးအော်ဟစ်ပြီး ဝေးရာသို့ပြေးလေတော့သည်။
ပိုင်တုတုနှင့်ချိုးလော့တို့က ညှပ်ပူးညှပ်ပိတ်တိုက်ခိုက်နေသောကြောင့် လီလော့ ယုလန်ကို လိုက်မဖမ်းနိုင်သေးပေ။
// ဟွန့် ယုလန်ကို ငါးစားချပြီသ ငါပေါ်လာမယ့်အချိန်ကိုစောင့်နေကြတာပေါ့....ဒါ..ငါလုပ်လာတဲ့အကွက်တွေပါကွာ....//
အတူတူပူပေါင်းပြီး ငါးဖမ်းခဲ့ဖူးသော်လည်း ယခုလို ငါးဖမ်းပွဲမျိုးကို လီလော့မကြုံဖူးသေးပေ။
ထိုစဉ် ပိုင်တုတုနှင့် ချိုးလော့တို့ကလည်း လီလော့ဆီ လျင်မြန်စွာချဉ်းကပ်လာနေပြီဖြစ်သည်။
" ကျားအဆင့်ပညာရပ်.. ..တသားတည်းပေါင်းစည်းခြင်း....."
လီလော့ ထိုသို့ကြွေးကြော်လိုက်သည့်အခါ လက်ဖဝါးပြင်ပေါ်တွင် အစိမ်းရောင်အလင်းတန်းများတောက်ပလာလေသည်။
ထိုအလင်းတန်းများသည် သစ်နွယ်ပင်များအဖြစ် ပုံသဏ္ဍာန်ပြောင်းသွားပြီး မျက်စိတမှိတ်အတွင်း ပန်းပွင့်များနှင့်အရွက်အခက်ဝေဆာလာကြသည်။
နေရောင်ချည်နှင့် ထိတွေ့သည့်အခါ ထိုနွယ်ပင်များသည် ကြီးမားလှသော သစ်ပင်ကြီးများအဖြစ် ကွင်းတစ်ခုလုံး ပြည့်နှက်သွားလေသည်။
ပိုင်တုတုတို့ကလည်း ထိုသစ်ပင်များကို တတ်နိူင်သမျှ ခုတ်ဖြတ်နေကြသည်။
သို့သော် စစချင်းမှာတင် တစ်ခုခုမှားနေမှန်း သဘောပေါက်လိုက်ကြသည်။