← Chapters

လေပြင်းသူရဲကောင်း.....

Vol. 12 Ch. 162

လေပြင်းသူရဲကောင်း.....

Vol. 12 Ch. 162

ပိုင်တုတုနှင့် ချိုးလော့တို့သည် လီလော့ ဖန်တီးထားသော သစ်နွယ်ပင်များ၏ မာကြောခိုင်ခံ့မှုနှင့်အသက်ဓာတ်ပြည့်ဝနေမှုတို့ကို အကြီးအကျယ် ထိတ်လန့်နေပြီဖြစ်သည်။

ဤသည်မှာ သာမန် တသားတည်းပေါင်းစည်းခြင်းပညာရပ်မဟုတ်နိုင်ပေ။

ထန်...ထန်....

များမကြာမှီတွင် သစ်နွယ်ပင်များသည် လျင်မြန်လှသော အရှိန်ဖြင့် ပိုင်တုတုတို့နှစ်ယောက်ကို အကြိမ်ပေါင်းများစွာ ရိုက်ခတ်နေပြီ။

ပိုင်တုတုသည် လှံကို လေရဟတ်သဖွယ် မွတ်နေအောင်လှည့်ပတ်ပြီး ခုခံနေပြီး ချိုးလော့ကတော့ အသာနောက်ပြန်ဆုတ်ခဲ့သည်။

ပိုင်တုတုသည် လှံတံကို   လီလော့ဆီ ရုတ်တရက် ပစ်လွှတ်လိုက်လေသည်။

အဓိက ပြသာနာအရင်းအမြစ်ကို အရင်ဖြေရှင်းရမည်.....

လီလော့ကလည်း လက်နှစ်ဖက်ကို ပူးကပ်လိုက်ပြီး သစ်နွယ်ပင်များကို အမြန်ဆုံးအရှိန်နှုန်းဖြင့် ပိုင်တုတုဆီပို့လွှတ်နေ၏။

တဆက်တည်းမှာပင် သစ်နွယ်ပင်ပေါ်ရှိ ပန်းပွင့်များသည် ချက်ချင်းညှိုးရော်လာကြပြီး ၎င်းတို့၏အသက်ဓာတ်စွမ်းအင်များကို သစ်ကိုင်းများဆီ ဖြည့်သွင်းပေးနေသည်။

ဤသည်မှာ အလင်းစွမ်းအားပေါင်းထည့်ထားသည့် ပညာရပ်ဖြစ်ပေသည်။

ကျားအဆင့်ပညာရပ်များကို ထိုသို့ပေါင်းစပ့အသုံးပြုနိုင်ရန် လီလော့ အတော် အချိန်ပေးစဉ်းစားခဲ့ရပါသည်။

သစ်နွယ်ပင်များသည် မြွေများသဖွယ် လျင်မြန်စွာ ရွေ့လျားနေကြသည်။

လျင်မြန်စွာ ရွေ့လျား ကြီးထွားလာနေသော နွယ်ပင်များကြောင့် ပိုင်တုတု လှံကို လက်နှစ်ဖက်နှင့် ဆုပ််ကိုင်လိုက်ပြီး......

" ကျားအဆင့်ပညာရပ်..... သိမ်းငှက်ငိုကြွေးခြင်း.....

ပိုင်တုတုထိုသို့ ကြွေးကြော်လိုက်သောအခါ

လှံ​ဖျားထိပ်မှ အစိမ်းရောင်အလင်းတန်းများဆီကနေ သိမ်းငှက်သဏ္ဍန် ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး နွယ်ပင်များကို တို့ဖူးများသဖွယ် လွယ်ကူစွာ ပိုင်းဖြတ်သွားလေသည်။

ပိုင်တုတုသည် ထင်ထားသည်ထက်ပင်သန်မာနေသော​ကြောင့် လီလော့ ထိတ်ထိတ်ပြာပြာဖြစ်နေလေပြီ။

နောက်ပြန်ဆုတ်ရမယ်......

မည်သို့ပင်ဆိုစေ အဆင့်နိမ့် အဆင့်ရှစ် လေပဲ့တင်ထပ်သံကို လီလော့ မယှဉ်နိုင်ခဲ့ပေ။ ပိုင်တုတု၏ လှံဖျားသည် လီလော့ဆီ ဉီးတည် ချည်းကပ်လာပြီဖြစ်သည်။

ထိုစဉ်တွင် သူမပေါ်သို့ အရိပ်တစ်ခု လွှမ်းခြုံလာပြီး အမှောင်စွမ်းအင်များ ပြည့်လွှမ်းနေသော ဓားမြှောင်တစ်လက်သည် အနီးအနားရှိ အလင်းရောင်များကို စုပ်ယူကာ ပုံသဏ္ဍာန်တိကျစွာ ဖွဲ့စည်းလာခဲ့သည်။

ရှင်းဖူ.....

ပိုင်တုတုသည် လီလော့ကို တိုက်ခိုက်မည့်အစီစဉ်ကို လက်လျှော့လိုက်ရပြီး ရှင်းဖူ၏တိုက်ခိုက်မှုကို ခုခံနေရသည်။

ဒင်......

ဓားမြှောင်နှင့် လှံတံတို့ ထိခတ်သွားသည့်အခါ အစိမ်းရောင်နှင့် အနက်ရောင်အလင်းတန်းများ ဖြာထွက်လာပြီး ရှင်းဖူ နောက်ပြန် ပစ်လဲသွားလေ၏။ သို့သော်လည်း အနက်ရောင် အခိုးငွေ့များနှင့် အတူ ရှင်းဖူ ထိုနေရာမှ ပျောက်ကွယ်သွားလေသည်။

ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူပြီး လီလော့ ဓားတိုနှစ်လက်ကို ဆွဲထုတ်နိုင်ခဲ့ပြီး ရေအစွန်အဖျားပညာရပ်ကိုပါ ထုတ်သုံးနိုင်ခဲ့သည်။

လီလော့သည် ပုံသဏ္ဍာန်ဖွဲ့စည်းခြင်းအဆင့်၏ သန်မာမှုကို စူးစမ်းလိုသောကြောင့် လီလော့သည် ပိုင်တုတုရှိရှာဆီ အလောတကြီး ခုန်ဝင်သွားပြန်သည်။

ပိုင်တုတုသည်လည်း လီလော့၏ပဲ့တင်ထပ်သံနှစ်ခု၏ စွမ်းအားကို သိချင်နေမိသည်။

ဤသို့ဖြင့် နှစ်ဉီးသား ခွန်အားအပြည့်ဖြင့် တိုက်ခိုက်သည့်အခါ စွမ်းအင်လှိုင်းများ ပေါက်ကွဲဖြာထွက်လာခဲ့သည်။

ဒင်.....

သတ္တုချင်းထိခတ်သံများ ဆူညံနေလေ၏။

ပိုင်တုတုဘက်က ခြေတစ်လှမ်းသာ နောက်ဆုတ်ခဲ့ရသော်လည်း လီလော့ကတော့ ခြေလှမ်းများစွာနောက်ဆုတ်လိုက်ရသည်။

ထို့ကြောင့် အဆင့်နိမ့် အဆင့်ရှစ်ပဲ့တင်ထပ်သံရှိသည့်အပြင် ပုံသဏ္ဍာန်ဖွဲ့စည်းခြင်းအဆင့်တွင်ရှိနေသည့် ပိုင်တုတုကသာ အသာစီးရနေမှန်း သိသာနေပြီဖြစ်သည်။

တိုက်ပွဲသည် ဤမျှနှင့် မပြီးဆုံးသေးဘဲ နှစ်ယောက်သား ထပ်ခါတလဲလဲ တိုက်ခိုက်နေခဲ့ကြသည်။

အကြိမ်တိုင်း လီလော့ဘက်က နောက်ဆုတ်ပေးနေရသော်လည်း နက်ရှိုင်းလှသော ရေပဲ့တင်ထပ်သံစွမ်းအားများကြောင့် ပိုင်တုတုတစ်ယောက် လုံးလုံးလျားလျား အနိုင်မပိုင်းနိုင်သေးပေ။

ထိုသို့သော မတိုးသာမဆုတ်သာ အခြေနေကြောင့် ပိုင်တုတု စိတ်မရှည်တော့ပေ။

"ခရုခွေလေပြင်း"

ပိုင်တုတုသည် ပစ်မှတ်ကို သေချာချိန်ရွယ်ပြီး လှံတံကို အရှိန်းပြင်းသော ကျည်ဆန်တစ်ခုသဖွယ် ပစ်လွှတ်လိုက်ပြီး လီလော့၏ ခုခံမှုကို ဖြိုခွင်းလိုက်လေသည်။

ဒင်......

လီလော့ဘက်ကလည်း ထိုတိုက်ကွက်ကို ရေအစွန်အဖျားပညာရပ်သုံး၍ ခုခံလိုက်သောကြောင့် အရှိန်ပြင်းစွာ လွှင့်ထွက်သွားလေသည်။

လက်မောင်းတစ်ခုလုံး ထုံကျင်နေသောကြောင့် ပိုင်တုတု၏ ကြောက်စရာကောင်းမှုကို သေချာသဘောပေါက်သွားခဲ့သည်။

ချိုးလော့ကို တစ်ချက်လှမ်းကြည့်လိုက်သည့်အခါ လီလော့နှင့် ပိုင်တုတုတို့ တိုက်ခိုက်နေစဉ် အားပြန်ဖြည့်ထားသည့်အတွက် တိုက်ခိုက်ရန် အသင့်အနေအထားတွင် ရောက်ရှိနေပြီဖြစ်သည်။

ယုလန်ကို  ကြည့်လိုက်ပြန်တော့လည်းအသက်ဘေးကလွတ်အောင်ပြေးနေရသလို မရပ်မနား အားသွန်ခွန်စိုက်ပြေးလွှားနေလေ၏။

" ဒီကောင် ဘာဖြစ်နေတာလဲ...."

တစ်ခုခု ထူးဆန်းနေသည်ဟု ခံစားနေရသော်လည်း ပိုင်တုတုနှင့် ချိုးလော့တို့ကြောင့် ယုလန်က်ို လိုက်မဖမ်းနိုင်သေးပေ။

ပိုင်တုတုနှင့်ချိုးလော့တို့သည် အရှိန်အဟုန်ပြင်းစွာဖြင့် အားပြည့်မာန်ပြည့် ချီတက်လာကြခြင်းဖြစ်သည်။ ထို့အပြင် ၎င်းတို့၏ အရှိန်အဝါများသည် ယခင်ကထက် ပိုပြင်းထန်လာသလိုပင်.....

ထို့ကြောင့် လီလော့ ချက်ချင်းနောက်ဆုတ်လိုက်လေသည်။

လီလော့သည် တစ်ယောက်တည်းသမား မဟုတ်ပေ။ သူနောက်ဆုတ်လိုက်သည်နှင့် မြေပြင်ပေါ်တွင် ရွှံအိုင်တစ်ခုဖြစ်ပေါ်လာပြီး ထိုရွှံ့အိုင်ထဲမှ ထွက်လာသော သစ်နွယ်ပင်များသည် ပိုင်တုတုတို့ထံ ဉီးတည်ရွေ့လျားသွားနေသည်။

" ဂရုစိုက်မနေနဲ့... အဲ့တာ မျန်မျန်ရဲ့ ပုံရိပ်ယောင်တွေ...."

ပိုင်တုတုသည် ချိုးလော့ကို ထိုသို့သတိပေးလိုက်ပြီး လီလော့ကို မျက်ချေမပြတ်စေရန် အာရုံစိုက်နေသည်။

မည်သို့ပင်ဆိုစေ ပုံရိပ်ယောင်မှန်းသိနေသော်လည်း မသိစိတ်ထဲတွင် ထိုရွှံအိုင်ထဲ ခြေချမိလ်ိုက်ပါက နစ်မြှုပ်သွားမည်ဟု ခံစားရသောကြောင့် ချိုးလော့ အရှိန်လျှော့လိုက်မိလေသည်။

တစ်ဉီးနှင့်တစ်ဉီး အနည်းငယ် ကွာဝေးသွားသော်လည်း ပိုင်တုတုတို့သည် တဖြည်းဖြည်းအားကောင်းလာပြီး ဖွဲ့စည်းမှုပုံစံတစ်ခုကို ဆက်လက်ထိန်းသိမ်းထားဆဲပင်....

လီလော့တစ်ခုခုကို နားလည်လိုက်တာကြောင့်......

" ရှင်းဖူ!!!ယုလန်ကို ရအောင်တား.....!!!"

ထိုအော်သံကြောင့် ပိုင်တုတု ပြာယာခတ်သွားပြီး.....

" အချိန်ကြပြီ..."

" လေပြင်းသူရဲကောင်း...."

လေပဲ့တင်ထပ်သံစွမ်းအားများသည် ပိုင်တတုနှင့် ချိုးလော့တို့ကို သံချပ်ကာများသဖွယ် ကာဆီးပေးထားပြီး လမ်းတစ်လျှောက်တွင်ရှိသမျှ အတားအဆီးများကို ဖြတ်ကျော်သွားမည့် မြင်းစီးသူရဲကောင်းများသဖွယ် အရှိန့အဝါများကို ဖြည့်စည်းပေးနေသည်။

ထိုအရှိန်အဝါကြောင့် လီလော့တစ်ယောက် ဆံပင်မွှေးများပင်ထောင်တက်လာလေသည်။

" ခေါင်းဆောင်...သတိထား...!!"

ပိုင်မျန်မျန် ထိုသို့အော်လိုက်ပြီး အလင်းတန်းများ ပစ်လွှတ်နေသည့်အတွက် လီလော့ မှင်သက်နေရာကနေ သတိပြန်ဝင်လာခဲ့ရသည်။

လီလော့ ဓားနှစ်လက်ကို ခပ်တင်းတင်းဆုပ်ကိုင်ထားပြီး ဘယ်အရာကိုမဆို ကင်ဆိုင်ရင် အသင့်ပြင်ထားလိုက်လေပြီ။

ထိုအချိန်တွင် တရစပ်ပြေးလွှားနေသော ယုလန်ကိုယ်ပေါ်တွက် အခိုးငွေ့များထွက်ပေါ်လာပြီး အမြန်နှုန်းကလည်း လူသားတစ်ယောက် လုပ်နိူင်စွမ်းထက်​ ကျော်လွန်နေသော အခြေနေသို့ရောက်ရှိနေပြီဖြစ်သည်။

ယုလန်ကို ကြည့်ရသည်မှာ ခြေထောက်နှင့်မြေကြီး မထိတော့သလိုပင်....

ပိုင်တုတုတို့နှင့် ယုလန် ပေါင်းစည်းလိုက်မာ်ဆိုပါက လီလော့တို့အဖွဲ့ကို နင်းချေရန် လေသံချပ်ကာ မြင်းစီးသူရဲကောင်းသုံးဉီးဖွဲ့စည်းမှု ပြည့်စုံသွားလိမ့်မည်။

သို့သော် ခြေလှမ်းအနည်းအငယ်အကွာတွင် ယုလန်ကို အနက်ရောင်အရိပ်တစ်ခုက ကြာူဖြတ်တိုက်ခိုက်လိုက်လေသည်။

ကျင့်ကြံမှုအဆင့်ကွာခြားမှုကြောင့် ယုလန်သည် ရှင်းဖူကို မယှဉ်နိုင်ခဲ့ပေ။

ထို့ကြောင့် ယုလန်တို့အဖွဲ့၏ ခင်းကျင်းမှုသည် လူမစုံနိုင်တော့ပေ။

ပိုင်တုတုသည် ခြေနေအအလုံးစုံကို သိနေသော်လည်း တစ်ချက်လေးမျှ တွေဝေမနေဘဲ ရှေ့သို့သာ ဆက်လက်ချီတက်နေသည်။ဖွဲ့စည်းမှု မအောင်မြင်သော်လည်း သူမနှင့်ချိုးလော့ နှစ်ယောက်တည်းနှင့်ပင် လုံလောက်သည်ဟု ယူဆထားပုံရသည်။

အစိမ်းရောင် အလင်းတန်းနှစ်ခုသည် ဒေါသကြီးသော နဂါးကြီးနှစ်ကောင်သဖွယ် လီလော့တို့ဆီ ပျံသန်းလာနေသည်။

သို့သော်လည်း လီလော့က​တော့

တည်ငြိမ်စွာ မတ်တပ်ရပ်နေပြီး ဓားနှစ်လက်ကို လက်ဆစ်များဖြူဖွေးနေသည်အထိ တင်းကြပ်စွာ ဆုပ်ကိုင်ထားဆဲပင်။

ထိုအချိန်တွင် နည်းပြချီချန်း ပြောခဲ့ဖူးသော ပဲ့တင်ထပ့်သံပေါင်းစည်းခြင်းအကြောင်းများကို ဖြတ်ကနဲသတိရလိုက်မိသည်။

ဤသည်မှာ အရှေ့ရပ်ဝန်းမှ နေမင်းကြီးပေါ်ထွက်လာသည့်နှယ်.....

လီလော့သည် ပင်ကိုယ်အသိစိတ်အရ လှုပ်ရှားနေသော်လည်း ​ခြေတစ်လှမ်းမျှ မရွေ့ဘဲ တိုက်ခိုက်မှုများကို ဓားနှစ်လက်နှင့် ခုခံလိုက်သည်။

ပိုင်မျန်မျန်ကတော့ အံ့သြလွန်းလို့ ပါးစပ်ကို လက်နှင့်အုပ်ကာ အော်ဟစ်နေလေ၏။

နည်းပြချီချန်း၏ကာကွယ်ပေးမှုကြောင့် လီလော့ ဒဏ်ရာအကြီးအကျယ်မရခဲ့ပေ။

အစိမ်းရောင်နှင့်အပြာရောင်ရောယှင်နေသော ဓားနှစ်လက်သည် ပိုင်တုတု၏ လှံနှင့် ထိခတ်မိသွားခြင်းဖြစ်သည်။

လီလော့၏ ဓားတစ်လက်ချင်းစီပေါ်တွင် အရှိန်အဝါကြီးမြတ်သော အပြာရောင်နှင့် အစိမ်းရောင်းအလင်းတန်းများ ရောယှက်ရစ်ပတ်နေသည်။

ယခုချိန်တွင် လီလော့၏ စွမ်းအားများသည် ရေကာတာဖောက်ချခံလိုက်ရသလို အတားအဆီးမဲ့စွာ အရှိန်အဟုန်ဖြင့် တိုးပွားစီးဆင်းနေလေ၏။

လီလော့သည် ထိုအခိုက်အတန့်ကို အပြည့်အဝအာရုံစိုက်ထားခဲ့သည်။

ဒင်.......

မိုးချိန်းသံတမျှ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ များပြားလှသော စွမ်းအားများသည် လေ့ကျင့်ရေးခန်းမတစ်ခွင် ပျံ့လွှင့်နေလေတော့သည်။

All Chapters