← Chapters

လေရိတ်သိမ်းသူ.....

Vol. 12 Ch. 163

လေရိတ်သိမ်းသူ.....

Vol. 12 Ch. 163

ထန်......

တိုက်ပွဲ၏ ဗဟိုချက်မှ ပဲ့တင်ထပ်သံ စွမ်းအားလှိုင်းများ ဖြာထွက်လာပြီး ပိုင်တုတု၊ချိုးလော့နှင့်လီလော့တို့ကို စည်းအပြင်ဘက်သို့ ပစ်စလက်ခတ် လွှင့်စင်သွားစေခဲ့သည်။

သုံးယောက်စလုံး အဝတ်အစားများလည်း စုတ်ပြဲကုန်ကြသည်။

ပိုင်မျန်မျန်သည် ပိုင်တုတုနှင့် လီလော့တို့ကို တစ်လှည့်စီ ကြည့်လိုက်ပြီး တိုက်ပွဲမပြီးဆုံးသေးသည့်အတွက် လီလော့ဆီသာပြေးသွားခဲ့သည်။

ပိုင်မျန်မျန် လီလော့ကို ဆွဲထူးလိုက်သည့်အခါ လက်််ဆယ်ချောင်းလုံးတွင် မည်းညစ်နေသောသွေးများစီးကျနေသောကြောင့် စိတ်ပူသွားလေ၏။

" ခေါင်းဆောင်...အဆင်ပြေရဲ့လား..."

ပိုင်မျန်မျန် စိုးရိမ်နေသလောက် လီလော့ကတော့ လက်ချောင်းများကို ငုံ့ကြည့်ပြီး ပီတိဖြစ်နေရှာသည်။ ပဲ့တင်ထပ်သံပေါင်းစည်းခြင်းစွမ်းအားကို ခံစားခဲ့ရသည်မဟုတ်လော.....

နာကျင်ရသော်လည်း ထိုက်တန်သည်ဟုဆိုရပေမည်။ ယခုဆို ပဲ့တင်ထပ်သံပေါင်းစည်းခြင်းအတွက် ခြေတစ်လှမ်း စတင်လှမ်းနိုင်ခဲ့ပြီဖြစ်သည်။

ပိုင်တုတုနှင့် ချိုးလော့တို့သည်လည်း အတော်ထိတ်လန့်နေကြလေသည်။

"ပေါင်းစည်းထားတဲ့ပဲ့တင်ထပ်သံတွေရဲ့စွမ်းအားဆိုတာ ဒါမျိုးလား....."

ပိုင်တုတု အတော်ထိတ်လန့်နေပြီဖြစ်သည်။ လီလော့သည် အစပိုင်းတွင် သိသိသာသာအားနည်းနေခဲ့သော်လည်း ပဲ့တင်ထပ်သံပေါင်းစည်းခြင်းစွမ်းအား ထုတ်သုံးလိုက်သည့်အခါ သူမတို့၏ လေပြင်းသူရဲကောင်းတိုက်ကွက်ကိုပင် ဖျက်ချေသွားနိုင်ခဲ့သည်။

" သူ လုပ်နိုင်ခဲ့ပြီလား..."

ချိုးလော့သည်လည်း မယုံကြည်နိုင်သေးပေ။ပဲ့တင်ထပ်သံပေါင်းစည်းခြင်းသည် မြို့စားအဆင့်များသာ စွမ်းဆောင်နိုင်သောအရာဖြစ်သည်။ လီလော့ဘယ်လိုများ ပေါင်းစည်းလိုက်နိုင်ပါလိမ့်...

" မဟုတ်သေးဘူး...သူသာ အစောကြီးကတည်းက ပေါင်းစည်းနိုင်တယ်ဆို တိုက်ပွဲက အခုလောက်တောင်ကြာမှာမဟုတ်ဘူး....ကျဉ်းတည်းကျပ်တည်းအ​ခြေနေမျိုးမှာ ဉာဏ်အလင်းပွင့်သွားတာပဲဖြစ်ရမယ်... "

ပိုင်တုတုက ချိုးလော့ကို ထိုသို့ရှင်းပြပြီးသည်နှင့် ယုလန်ဘက်ကို လှည့်ကာ....

" အသက်ရော ရှိသေးရဲ့လား...."

ယုလန်၏ အသားရေသည် မီးဖုတ်ထားသလို နီရဲနေပြီး ချွေးများလည်း စိုရွဲနေလေ၏။

" နင် မမြင်ဘူးလား...."

ယုလန်ကလည်း ပက်ကနဲ ပြန်ဖြေလိုက်သည်။

" သူဘာဖြစ်နေတာလဲ..."

လီလော့ တကယ် သိချင်နေမိသည်။ ယုလန်သည် တိုက်ပွဲစတင်ကတည်းက မရပ်မနားပြေးနေခဲ့သည်မဟုတ်လော.....

" အဲ့တာ လေရိတ်သိမ်းသူလို့ ခေါ်တဲ့ နည်းပြမီအာရဲ့ အထူးပညာရပ်တစ်ခုကြောင့်ပဲ.....အဲ့ပညာရပ်က အဆင့်ခြောက်ပဲ့တင်ထပ်သံရှိတဲ့သူတွေပဲသုံးလို့ရတယ်....ယုလန်က ဒီပညာရပ်ကိုသုံးပြီး ငါတို့နဲ့သူ့ကြားက ကွာဟချက်ကို ဖြည့်ချင်နေတာ....ဒီပညာရပ်ကိုသုံးမယ်ဆို စွမ်းအားတွေ အဆက်မပြတ်ထုတ်ဖော်ပြီးနေရမယ်...ဒါဆို အရေပြားကို လေပြင်းတွေပွတ်တိုက်တဲ့အခါ အားကောင်းတဲ့စွမ်းအားတွေကို အချိန်တိုအတွင်းတည်ဆောက်နိုင်လိမ့်မယ်....ဒါပေမယ့် ဒီပညာရပ်က အကောင်းအဆိုးဒွန်တွဲနေတယ်...လေပြင်းတွေ အရေပြားကို ပွတ်တိုက်နေတာက သေလောက်အောင်နာကျင်တယ်...လှုပ်ရှားမှုတခုချင်းစီတိုင်းက ညှင်းပန်းနှိပ်စက်နေသလိုပဲ....ဒါ့ကြောင့် ငါနဲ့ချိုးလော့က မသုံးဖို့ငြင်းလိုက်တယ်....ယုလန်တစ်ယောက်တည်းကသာ ခေါင်းညိတ်ခဲ့တာ..."

လီလော့ ဘာပြောရမှန်းပင်မသိတော့ပေ။ တကယ်လည်း ပိုင်တုတုနှင့် ချိုးလော့တို့သည် ပါရမီရှင်များဖြစ်သည့်အတွက် ထိုပညာရပ်ကို သုံးစရာမလိုခဲ့ပေ။ယုလန်သာလျှင် ရွေးချယ်စရာမရှိသည့်အတွက် သုံးခဲ့ရခြင်းဖြစ်သည်။

ပိုင်တုတုတို့လို ပါရမီရှင်များနှင့် တန်းတူရပ်တည်နိူင်ရန် ရေကုန်ရေခမ်းကြိုးစားခဲ့ရခြင်းဖြစ်သည်။

နည်းပြမီအာ၏ ထိုပညာရပ်သည် ယုလန်နှင့် တကယ့်ကိုသင့်တော်လွန်းလှသည်။

ယုလန်သည် ပြောင်​ချော်ချော်နေတတ်သော်လည်း အတွင်းစိတ်သည် သံမဏိကဲ့သို့ မာကြောခိုင်မာပေသည်။

ဤသည်မှာလည်း ခရမ်းအဆင့်တပည့်ဖြစ်ခွင့်ရခဲ့သည့် တစ်ခုတည်းသောအားသာချက်ဖြစ်ပေလိမ့်မည်။

လီလော့က ပစ်စလက်ခတ် လဲကျနေသော ယုလန်ကို မတ်တပ်ထရန် လက်ကပေး​နေသော်လည်း ယုလန်ကတော့.....

" လေရိတ်သိမ်းသူပညာရပ်ကို မကျွမ်းကျင်သေးလို့ပေါ့ကွာ...ကျွမ်းကျင်လာတဲ့တစ်နေ့ တွေ့ကျသေးတာပေါ့...."

" မင်းဘာလို့ ဒီလိုတွေပြောနေရတာလဲ....မင်းကိုယ်မင်းပြန်ကြည့်လိုက်စမ်းပါဉီး...ခရမ်းအဆင့်အဖွဲ့မှာ နေမယ့်အစား ကိုယ်နဲ့တန်တဲ့ ရွှေအဆင့်အဖွဲ့မှာပဲ သွားနေလိုက်ပါလား...မင်းအခုလိုတွေလုပ်နေတာက မင်းအတွက်ရော ငါတို့အတွက်ပါ အဆင်ပြေမနေဘူးကွ....."

ချိုးလော့က ယုလန်ကို မကျေနပ်သာပီပီ အားမနာစတမ်းပြောချလိုက်လေသည်။

" အိုးး ဒါကြီးကတော့ နည်းနည်းလွန်သွားပြီ...."

လီလော့ ထိုသို့ဝင်ပြောလိုက်သောအခါ ချိုးလော့ကလည်း အော်ဟစ်လိုက်ပြီး.....

" ငါပြောတာ ဘာမှားလို့လဲ....သူသာ ဒီနေ့ ကပျက်ကချော်တွေမလုပ်ရင် ငါတို့အဖွဲ့ အခုလိုတွေ ရုပ်ပျက်ဆင်းပျက် ခံလိုက်ရမှာမဟုတ်ဘူး.....သူ မင်းသူငယ်ချင်းဆိုတော့ ဘယ်အပြစ်မြင်ပါ့မလဲ...သူ့အားနည်းချက်ကြောင့် ရှုံးသွားရတာ မင်းတို့မှ မဟုတ်တာ...."

" ငါအထင်ပြောရင် မင်း ယုလန်ကို အားနည်းတယ်ဆိုပြီး မုန်းမနေသင့်ဘူး....ဘယ်သူမှ အနာဂတ်ကို ကြိုမမြင်နိုင်ဘူး....တစ်နေ့ကျရင် ယုလန် မင်းထက်သာတဲ့အခါ မင်းကို အဖွဲ့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်တယ်ဆိုပြီး ထုတ်ပစ်မယ်ဆို မင်းဘယ်လိုလုပ်မလဲ...."

" ဟွန့်...ဘယ်တော့မှ အဲ့လိုဖြစ်လာမှာမဟုတ်ဘူး...."

" ဟေး...တော်ကြပါတော့ကွာ....သူပြောတာလဲ မှန်ပါတယ်...ငါက ခရမ်းအဆင့်တပည့်မဖြစ်ထိုက်တဲ့သူပါ...ဒါ့​​ကြောင့်မို့ အခုကိစ္စကို သင်ခန်းစားယူပြီး နောက်ဆို ဒီ့ထက်ပိုကြိုးစားပါ့မယ်ကွာ....."

ယုလန် ကိုယ့်ဘဝကိုယ်သိပြီထင်ပြီး ပျော်မလို့ကြံနေစဉ်မှာ ထပ်ပြောလိုက်သည့်စကားကြောင့် ချိုးလော့ ဒေါသထွက်လာပြန်သည်။

လီလော့ ပြုံးရုံသာပြုံးနေလိုက်တော့သည်။ ယုလန်သည် အမှန်ပင် ကပျက်ကချော်နိူင်သူဖြစ်သည်။ သူ့ကိုယ်သူ ချိုးနှိမ်နေသည်ဟုထင်ရသော်လည်း အမှန်ပင် ခေါင်းမာလွန်းသူတစ်ဉီးလည်းဖြစ်သည်။

" တော်လောက်ပြီ...ပါးစပ်ပိတ်ထားလိုက်ကြတော့...."

ကြာကြာနေရင် ရန်ဖြစ်တော့မည်ကို ကြိုမြင်နေသောကြောင့် ပိုင်တုတု ပိတ်ဟောက်လိုက်လေသည်။

" ယုလန်...နင့် လေရိတ်သိမ်းသူ ပညာရပ်ကိုသေချာမကျွမ်းကျင်သေးဘူး...."

ပြီးတာနဲ့ ချိုးလော့ဘက်လှည့်လိုက်ပြီး....

"မကျွမ်းကျင်သေးပေမယ့် လုံးဝသုံးစားမရနေတာမျိုးမှမဟုတ်တာ...ပြီးတော့ နင်ရောငါရော လေရိတ်သိမ်းသူပညာရပ်ကြောင့် ခံစားရမယ့် နာကျင်မှုတွေကို သိပြီးသားပဲလေ...ဒါတောင် ယုလန်က ငါတို့ကို လိုက်မှီဖို့ကြိုးစားနေခဲ့တယ်မဟုတ်လား...ယုလန်နဲ့ပတ်သတ်ရင် နည်းပြမီအာကသာ ဆုံးဖြတ်လိမ့်မယ်...အသုံးမဝင်တာတွေပြောပြီး ပြသာနာရှာမနေနဲ့တော့...."

" ယုလန် နင်က ငါတို့အဖွဲ့ထဲမှာ အားအနည်းဆုံးပဲ...ဒါ့ကြောင့် ဒီနေ့အရှက်ရခဲ့တာတွေကို အားယူပြီး.အကောင်းဆုံးကြိုးစားပါ...ကြားလား..."

ပိုင်တုတု၏ဒေါကို သိနေသည့် ယုလန်ကအသာတကြည်ခေါင်းညိတ်လိုက်လေသည်။

လီလော့ ရယ်ချင်စိတ်ကို မနည်းထိန်းနေရသည်။ယုလန်ကို နိုင်အောင်ထိန်းနိုင်သူဆို၍ ပိုင်တုတုတစ်ယောက်သာရှိမည်ထင်သည်။

လေ့ကျင့်ရေးခန်းမ အပြင်ဘက်တွင်  ....

" ဒါဆို ကျွန်မတို့တွေ ဒီတစ်ပွဲကို သရေပွဲအဖြစ် သတ်မှတ်လိုက်ရတော့မှာပေါ့...."

" အင်း....လီလော့က တစ်ခုခုတော့တစ်ခုခုပဲ....ပဲ့တင်ထပ်သံတွေ ပေါင်းစည်းလိုက်နိုင်တာလား..မပေါင်းစည်းနိုင်ဘူးလား....ဘာပဲဖြစ်ဖြစ် အစကောင်းတယ်လို့ပဲသတ်မှတ်ရတော့မှာပေါ့...."

ဤသည်မှာ နည်းပြချီချန်းနှင့် နည်းပြမီအာတို့ဆွေးနွေးနေကြခြင်းဖြစ်သည်။

" သူသာ ပဲ့တင်ထပ်သံနှစ်ခုပေါင်းစည်းတာကိုကျွမ်းကျင်မယ်ဆို လပတ်စစ်ဆေးမှုမှာ လက်စွမ်းပြနိူင်လိမ့်မယ်...လီတိုင်ရွှမ်နဲ့တိုင်တန်လန်တို့ရဲ့သားက နာမည်ဂုဏ်သတင်းနဲ့အညီရပ်တည်နိူင်တော့မှာပါ....ရှင့်ဘက်ကဘူတွေလဲ မဆိုးဘူးပဲ...လေပြင်းသူရဲကောင်းအကွက်က တကယ်မိုက်တယ်...ကျွန်မအံ့သြဆုံးကတော့ ယုလန်ပဲ...လေရိတ်သိမ်းသူကြောင့်ရတဲ့နာကျင်မှုက ပေါ့သေးသေးမဟုတ်ဘူး...စမ်းသပ်ကြည့်သူဖူးသူတိုင်း အရှုံးပေးသွားကြတာချည်းပဲ....ယုလန်က ပထမဆုံးအောင်မြင်သူဖြစ်လာနိုင်မယ်ထင်တယ်...."

"အတိအကျကြီးတော့ဘယ်ပြောနိုင်ဉီးမလဲ...ယုလန်က ထင်ထားတာထက် ဇွဲပိုပေါင်းတယ်....ဒါ့ကြောင့် လေရိတ်သိမ်းသူက သူနဲ့အသင့်တော်ဆုံးပဲ.....ဒါသူ့အတွက် အဖိုးတန်အခွင့်ရေးဆိုတာ သေချာနားလည်ရင် လွယ်လွယ်နဲ့ အရှုံးပေးမှာ မဟုတ်ဘူး...."

လပတ်စစ်ဆေးမှုသည် ကျောင်းသားသစ်များအတွက် အရည်အချင်းများထုတ်ပြရန် ကောင်းဆုံးသောအခွင့်ရေးတစ်ခုဖြစ်သည်။

ထိုစစ်ဆေးမှုတွင် ဖားလားငါးလား ကွဲပြားစွာသိနိူင်မည်ဖြစ်သည်။

" အိုး..မေ့တော့မလို့...အရိပ်လှိုင်ဂု ပြန်ဖွင့်တော့မယ် ကြားတယ်....ကျုပ်အထင် ဒီတစ်ခါက ပိုစောနေသလားလို့...."

" အင်း...ကျွန်မလည်း ကြားထားပြီးပြီ....ကြည့်ရတာ...ကျောင်းအုပ်ရဲ့စည်းတံဆိပ် ကျိုးပေါက်သွားပြီထင်တယ်...."

ဤသည်မှာ သတင်းကောင်းတစ်ခု မဟုတ်ပေ.......

All Chapters