← Chapters

အုပ်ချုပ်သူများအဖွဲ့......

Vol. 12 Ch. 164

အုပ်ချုပ်သူများအဖွဲ့......

Vol. 12 Ch. 164

ဤသို့ဖြင့် ကောလိပ်ကိုရောက်ရှိခဲ့သည်မှာ တလတာကြာမြင့်ခဲ့ပြီဖြစ်သည်။

ဤတလတာအတွင်း ကျောင်းလုပ်ငန်းစဉ်များနှင့် ပိုမိုကျွမ်းဝင်လာသလို နယ်ပယ်အသီးသီးမှ ကျောင်းသားများနှင့်လည်း ရင်းနှီးလာခဲ့ပြီဖြစ်သည်။

လကုန်ရက်နီးလာသည်နှင့်အမျှ လပတ်စစ်ဆေးမှုအတွက် စိတ်လှုပ်ရှားမှုများလည်း မြင့်တက်လာကြသည်။

လပတ်စစ်ဆေးမှုများသည် ကျောင်းသားများကြားတွင် ​ပြိုင်ဆိုင်လိုစိတ်ကို အထူးလှုံ့ဆော်ပေးနေလေ၏။ အဆင့်သတ်မှတ်ချက်ကောင်းသော ကျောင်းသားများသည် ကျောင်းတွင်းရမှတ်များ ပိိုရနိုင်မည်ဖြစ်ပြီး အရင်းမြစ်များလည်း ရရှိပေဉီးမည်။

ကောလိပ်တွင် ကျောင်းတွင်းရမှတ်များသည် ငွေကြေးထက်ပင် ပိုအရေးပါသောကြောင့် လပတ်စစ်ဆေးမှုကို အကောင်းဆုံး​ဖြေဆိုနိုင်ရန် ပြင်ဆင်နေကြသည်သာ.....

......................................................

ကျောင်းကန်တင်းရှိ ပြတင်းပေါက်ဘေးမှ စားပွဲဝိုင်းတွင်.....

လီလော့နှင့်အတူ ယုလန်နှင့်ကျောက်ခွော်တို့က တစ်ဝိုင်းတည်းထိုင်နေပြီး ကျုံးဖူတို့သုံးယောက်လည်း အနီးအနားတွင် ရှိနေကြသည်။

" လပတ်စစ်ဆေးမှု စဖို့ သုံးရက်ပဲလိုတော့တယ်...."

ယုလန်က ဂရုမစိုက်ဟန်နဲ့ လက်သည်းထဲက ချေးတွေကိုကလော်နေပြီး.....

"မင်းတို့တွေ ငါနဲ့တွေ့လို့ကတော့ ကံဆိုးပြီသာမှတ်....ဘယ်သူ့ကိုမှ မညှာဘူးနော်..."

" ဟေ့ကောင် ပိုင်တုတု အားကိုးနဲ့ မိုက်မနေနဲ့...."

ကျော်ခွော်ရဲ့အပြောကို ကျုံးဖူတို့သုံးယောက်ကလည်း တညီတညွတ်တည်း ထောက်ခံနေကြသည်။

ထိုစဉ်...လုချင်းအာရောက်လာသည်ကို လှမ်းမြင်လိုက်တာကြောင့် လီလော့ လက်လှမ်းပြလိုက်သည်။

သူမ တခဏလောက်တုံ့ဆိုင်းနေခဲ့သော်လည်း လီလော့တို့ဆီသာ ရောက်လာခဲ့ပါသည်။

" ချင်းအာ နင်အခုတလော ဘာဖြစ်နေတာလဲ...ငါ့မြင်တာနဲ့ သရဲမြင်သလို ကြောက်နေတော့တာပဲ....."

" ဘာ..ဘာမှမဖြစ်ပါဘူး..နင် ထင်နေလို့ပါ...."

လုချင်းအာ အရှက်ပြေချောင်းဟန့်လိုက်ပြီး ရေတစ်ခွက်လောက်ပဲမော့သောက်နေပေမယ့် စိတ်ထဲမှာတော့ ကျန်းချင်းအာ ပြောခဲ့သည့်အကြောင်းကိုပဲတွေးမိနေ၏။

ကျန်းချင်းအာဘက်က ရဲရဲဝံ့ဝံ ကြေငြာခဲ့သော ကြေငြာချက်သည် သူမကို ညပေါင်းများစွာ အိပ်ရေးပျက်စေခဲ့ပါသည်။

သူမ တကယ်ရဲတင်းလွန်းတယ်.....

" ချင်းအာ...နင် နေရောကောင်းကြရဲ့လား... "

" ကောင်းတယ်...ဘာမှမဖြစ်ဘူး..."

လီလော့ ဆက်မေးမည်ကြံတုန်း ကျောက်ခွော်က စကားဖြတ်ပြောလာသည်။

" လီလော့..မင်း ရှီဟွမ်ကို မှတ်မိတယ်မဟုတ်လား.... "

လီလော့ ခေါင်းညိတ်ပြလိုက်သည်။ ထျန်ရှုတွင်ရှိနေစဉ်က မဟာပြိုင်ဘက်ကြီးကို မည်သို့မေ့နိူင်မည်နည်း။ကောလိပ်ကို စရောက်ကတည်းက ရှီဟွမ့်အကြောင်းမကြားမိခဲ့သည်မှာ ကြာလှနေပြီ....

" သူ တခုခုကြံစည်နေပြန်ပြီလား...."

အကြောင်းအရင်းမရှိဘဲ ကျောက်ခွော် သူ့နာမည်​ကို ထုတ်ပြောလိမ့်မည်မဟုတ်ပေ....

" အစ်ကိုလော့....မင်းက ခရမ်းအဆင့် တပည့်ဖြစ်နေတော့ တခြားခရမ်းအဆင့်တပည့်တွေအကြောင်းပဲ သိလောက်မှာပေါ့....ရွှေအဆင့်တပည့်တွေကြားမှာ ဘာတွေဖြစ်နေလဲ မင်းသိလား.....တလအတွင်းမှာ ရွှေအဆင့်တပည့်တွေကြားမှာ ထိပ်တိုက်တွေ့ဆုံမှုတွေ မရေမတွက်နိုင်အောင် ဖြစ်ခဲ့တယ်....အဲ့နောက်ပိုင်းမှာ အုပ်ချုပ်သူများအဖွဲ့က တဟုန်ထိုးနာမည်ကြီးလာခဲ့တယ်...."

" အုပ်ချုပ်သူများအဖွဲ့....နာမည်ကြီးကလဲကွာ...."

"အဖွဲ့ ဝင်လေးယောက်စလုံးရဲ့ အဖေတွေက ရှပြည်ထောင်စုရဲ့ ခရိုင်ဝန်တွေကြီးပဲ....ဒါကြောင့်မို့ အဲ့နာမည်ပေးထားတာ...."

ကောလိပ်တွင် ခရမ်းအဆင့်နည်းပြတွက် တပည့်သုံးဉီး၊ ရွှေအဆင့်အတွက် တပည့်လေးဉီးနှင့် ငွေအဆင့်အတွက် တပည့် ငါးဉီးအဖြစ် ခွဲတမ်းသတ်မှတ်ပေးထားသည်။

" ဒါဆို ရှီဟွမ်က အဲ့အဖွဲ့ထဲကပေါ့...."

" ဟုတ်တယ်.....အုပ်ချုပ်သူများအဖွဲ့ရဲ့ ခေါင်းဆောင်က ရှန်းယာ....သူက ယုလန်ရဲ့စာရင်းအတိုင်းဆို ကျောင်းသားသစ်စာရင်းမှာ အဆင့် ၁၀ ချိတ်ခဲ့တယ်....သူ့ကို ခရမ်းအဆင့်တပည့်အဖြစ်အရွေးခံရမယ်ထင်ပေမယ့် ဘယ်လိုဖြစ်ပြီးကျန်ခဲ့လဲမသိဘူး....."

" ကံဆိုးလိုက်တာ...."

လီလော့ ရှန်းယာကို နည်းနည်း သနားသွားမိသည်​။ အဆင့်တစ်ဆယ်ဖြစ်သည့်အတွက် ခရမ်းအဆင့်တပည့် ဆယ့်ငါးဉီးစာရင်းတွင် လွယ်လွယ်ဝင်နိုင်ခဲ့သူတစ်ဉီးဖြစ်သည်မဟုတ်လော.....

" ရှန်းယာအပြင် နောက်ထပ်အဖွဲ့သားနှစ်ယောက်ဖြစ်တဲ့ ဖန်ဇဲနဲ့တိစီရန်တို့ကလည်း အဆင့်နှစ်ဆယ်သမားတွေ....သူတို့အဖွဲ့က သန်မာတယ်...သူတို့တွေရဲ့ ရည်မှန်းချက်က ခရမ်းအဆင့်အဖွဲ့ကို ဖြုတ်ချဖို့ပဲ...."

" ငါတို့အဖွဲ့ကိုလား...."

"ဟုတ်တယ်..."

" ငါတို့အဖွဲ့ကို အားနည်းတယ်ထင်နေတာလား....မသကာ ယုလန်တို့အဖွဲ့ဆိုတော်သေး...."

" ဟေ့ကောင်...မင်းကများ ရာရာစစ ငါတို့ခေါင်းဆောင် ပိုင်တုတုကို မထီလေးစားလုပ်ရဲတယ်ပေါ့....."

" သူတို့က ရှီဟွမ်ကြောင့် အစ်ကိုလော့တို့အဖွဲ့ကို ရွေးလိုက်ကြတာ...ပြီးတော့ သူတို့တစ်ဖွဲ့တည်းလုပ်မှာမဟုတ်ဘူး..ထူးချွန်တဲ့ တခြားရွှေအဆင့် တစ်ဖွဲ့နဲ့ပါ ပူးပေါင်းဖို့ပြင်ဆင်ထားပြီးပြီ....."

အဆင့်မြင့်သည့် ရွှေအဆင့်အဖွဲ့ နှစ်ဖွဲ့ဟူသည် ပေါ့သေးသေးမဟုတ်တော့ပေ။ ကျန်တာတွေအသာထား ကိန်းဂဏန်းအရနှင့်ပင် အသားစီးရနေလေပြီ.....

" အခုလို အရေးကြီးတဲ့ သတင်းလာပေးတဲ့အတွက် မင်းအပေါ် အကြွေးတစ်ခုတင်သွားပြီကွာ....."

" တကယ်တော့လေ....အဓိကပြောချင်တာ အဲ့အကြောင်းမဟုတ်ဘူး...."

" ကျန်သေးလို့လား....ဘယ်သူတွေကများ ငါ့ကို မုန်းနေကြတာလဲကွာ....."

" မဟုတ်ပါဘူး.....ဒီလိုရှိတယ် အစ်ကိုလော့ရဲ့...အုပ်ချုပ်သူများအဖွဲ့နဲ့ပူးပေါင်းထားတဲ့အထဲမှာ အဆီတဝင်းဝင်း အသားပိုင်းကြီးတွေရှိတယ်....သူတို့ဆီက အမှတ်ရဖို့......."

" အဲ့တော့ ကျုပ်တို့ကလည်း အတူပူးပေါင်းပြီးသူတို့ကိုဖြုတ်ချရမှာပေါ့...."

ကျောက်ခွော်၏စကားကို ကျုံးဖူက အဆုံးသတ်ပေးလိုက်လေသည်။

လီလော့အတော် အံ့သြမိနေသည်။ ဤသည်မှာ ပုစဉ်းနောက်ကို လိုက်နေပေမယ့် နောက်က စာဝါငှက်ကို မမြင်သကဲ့သို့ပင်...ဤနည်းလမ်းသည်လတ်တလော ကျောင်းသားများကြားတွင် အတော်ခေါတ်စားနေပုံရသည်။

" ကောင်းပြီ...ငါ သဘောတူတယ်...."

" ဟီးး..ပြသာနာတစ်ခုတော့ရှိတယ်...ကျုပ်တို့က အတူပူးပေါင်းလိုက်ရင်တောင် အဲ့ဒီ့ထိပ်တန်းအဖွဲ့ကို ဖြုတ်ချနိုင်မှာမဟုတ်ဘူး...."

// ဟေ့ကောင်တွေ....မင်းတို့ဟာက စာဝါငှက်မဟုတ်တော့ဘူး....ကျိုင်းကောင်တွေဖြစ်နေပါရော့လား....//

" ဒါဆို လေကုန်ခံပြီး ဘာလို့ပူးပေါင်းမယ်ပြောနေသေးလဲ...."

" အစ်ကို့လော့ဘက်ကသာ ကျုပ်တို့ကို ကူညီဖို့ အဖွဲ့ထဲက တစ်ယောက်လောက် လွှတ်ပေးပါလား....အုပ်ချုပ်သူများအဖွဲ့ကို ခဏလောက်ဖြစ်ဖြစ်နှောင့်နှေးအောင်လုပ်ပေးနိုင်ရင်ရပြီ....."

" အေးပါကွာ..မင်းတို့က ဉာဏ်ကြီးရှင်တွေပါကွာ....."

//နောက်ဆုံးတော့လည်း ဒီကောင်တွေ အမှတ်များများရအောင် ငါ့ဆီအပူလာကပ်ကြတာပဲပေါ့...//

မည်သို့ပင်ဆိုစေ ထိုအစီအစဉ်သည် အလုပ်ဖြစ်နိုင်သည်။ ကျောက်ခွော်တို့ကို ကူညီရန် ရှင်းဖူကိုသာ လွှတ်ရပေမည်။ ပိုင်မျန်မျန်သည် အုပ်ချုပ်သူများအဖွဲ့ကို ဟန့်တားရန် လုံလောက်စွာ မသန်မာသေးပေ။

လီလော့ သေချာစေ့စပ်စွာ စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်လေတော့သည်။

" အေးကွာ...လုပ်ကြတာပေါ့...."

" ဟေးးးး အစ်ကိုလော့ သဘောတူမယ်မှန်း ကြိုသိထားလို့ ဒီအစီအစဉ်အတွက် နာမည်တောင်ကြိုစဉ်းစားထားပြီးပြီ....."

" ဟမ်...ဘာနာမည်လဲကွ...."

" ကျုပ်တို့ကိုကာကွယ်ပေးမယ့်အစ်ကိုကြီးလော့!!!"

လီလော့ ပါးစပ်ထဲက ထမင်းစေ့များ ပြန်အန်ထွက်ကုန်လေပြီ........

All Chapters