လပတ်စစ်ဆေးမှုစတင်ပြီ.....
Vol. 12 Ch. 166
လပတ်စစ်ဆေးမှုအတွက် ကြိုတင်ပြင်ဆင်မှုများလုပ်ဆောင်နေကြပြီး အဆင့်သတ်မှတ်ချက်ကောင်းကောင်းရရှိရန် ကြိုးစားကြနေသူများကြားတွင် စစ်ဆေးမှုမစတင်တကည်းက တင်းမာမှုများ ဖြစ်ပွားနေကြပြီဖြစ်သည်။
တစ်ခုသောနံနက်ခင်းတွင် ကျယ်လောင်သော အချက်ပေးသံသည် ကောလိပ်တစ်ခွင် ပျံ့လွှင့်နေ၏။
ကျောင်းသားသစ်များအတွက် သတ်မှတ်ပေးထားသော တိုက်ပွဲနယ်မြေသည် တောင်တန်းများနှင့် မြေမျက်နှာသွင်ပြင်ရှုပ်ထွေးနေသော ကောလိပ်အနောက်ဘက်ရှိ နယ်မြေဖြစ်သည်။
ထောင်ပေါင်းများစွာသော ကျောင်းသားသစ်များသည် တိုက်ပွဲနယ်မြေသို့ ဝင်ပေါက်အသီးသီးမှ ဝင်ရောက်ကြရမည်ဖြစ်သည်။
လီလော့သည်လည်း ဝင်ပေါက်ရှေ့တွင် လူအုပ်ကြီးကြား၌ တန်းစီနေရသည်။ းရွှေသို့မဟုတ် ငွေတံဆိပ်ရင်ထိုးများ အသီးသီးဝတ်ဆင်ထားသော အဖွဲ့ခေါင်းဆောင်အချို့ကိုမြင်နေရသည်။
ခေါင်းဆောင် တံဆိပ်အဖြုတ်ခံရသည်နှင့် တဖွဲ့လုံး ဖြုတ်ချခံရပြီ.....
ခရမ်းတံဆိပ်သည် အမှတ် ၅၀၀၊ရွှေတံဆိပ်သည်အမှတ် ၁၀၀ ငွေတံဆိပ်သည် အမှတ် ၂၀ တန်သည်။
ထို့အပြင် အနိူင်ရရှိသော အဖွဲ့သည် ရှုံးထွက်အသင်းများရထားသည့် အမှတ် သုံးပုံတစ်ပုံကိုလည်း အပိုထပ်ဆောင်းရရှိပေဉီးမည်။
ဉပမာအားဖြင့် သင်အနိုင်ရခဲ့သောအဖွဲ့တွင် တံဆိပ်သုံးခုရှိနေပါက သင်တို့အတွက် တံဆိပ်တစ်ခုအပိုရရှိမည်။
ဤသည်မှာ သင့်ဘေးတွေရှိနေသောကျောင်းသားများသည် လမ်းလျှောက်နေသော တံဆိပ်များကဲ့သို့ပင်.....
အားလုံးကိုပေါင်းလိုက်ပါက ရမှတ်တစ်သောင်းကျော်လိမ့်မည်။
ထိုအမှတ်များသာ ရမည်ဆိုပါကတော်ဝင်သစ်စေး နှစ်ဖုံစာ ဝယ်ယူနိုင်တော့မည်ဖြစ်သည်။
" ခေါင်းဆောင်...ဘာတွေတွေးနေတာလဲ....သရေရည်တွေလဲကျနေတယ်...."
ပိုင်မျန်မျန် သတိပေးတော့မှသာ လီလော့ ကိုယ့်ကိုကိုယ် သတိထားမိတော့သည်။
ရှင်းဖူအတွက်တော့ လီလော့သည် အစာငတ်နေသော သရဲတစ်ကောင်လို့သာ မြင်နေမိသည်။
အနီးအနားတွင်ရှိနေသူများကလည်း ဒါကိုသတိပြုမိတာကြောင့် မသိမသာ နောက်ဆုတ်သွားကြသည်။
" ဟွန့်....မင်းတို့အိမ်က အစားအစာတွေက လူနဲ့တူနေလို့လား...."
လီလော့တစ်ယောက် ရှက်ရမ်းရမ်းပြီး တွေ့ရာလူကို လှည့်မဲနေပြီ......
"ဟေ့...ငါမင်းကို မြင်ဖူးတယ်...နေစမ်းပါဉီး နည်းပြရွေးပွဲတုန်းက ငါနဲ့တွေ့ခဲ့တဲ့ ကျောက်တုံးပဲ့တင်ထပ်သံနဲတစ်ယောက်မဟုတ်လား.....မင်းနာမည် ဘယ်လိုခေါ်လဲ...."
လီလော့ မသိခဲ့သည်က ထိုနှစ်ယောက်သည် ဒူဇီပိုင်ရွှမ်းကို အမြင်ကပ်သောကြောင့် လမ်းမှားကို ညွှန်ပြခဲ့ကြသူများဖြစ်သည်။
" ငါ့နာမည် ရဲဟွာ...သေချာမှတ်ထားနော်...သေချာပေါက် ခရမ်းအဆင့်တပည့်ဖြစ်လာစေရမယ်...."
လီလော့က သဘောတူဟန်နဲ့ခေါင်းညိတ်လိုက်ပြီး.......
" မင်း ကြည့်ရတာ ကတိတည်မဲ့သူမျိုးပဲ....ကြိုးစားထား...မင်းလုပ်နိုင်ပါတယ်.... "
လီလော့ ထိုသို့ပြောပြီးသည်နှင့် ထိုနေရာမှ ထွက်လာခဲ့လိုက်သည်။
လီလော့တို့ အနီးအနားတွင် စင်မြင််ကြီးတစ်ခုရှိနေပြီး ထိပ်ဆုံးတွင် ခရမ်းအဆင့်နည်းပြ ငါးယောက် ထိုင်နေကာ အောက်အဆင့်တွင် ရွှေအဆင့်နှင့် ငွေအဆင့်နည်းပြများ ထိုက်းင်နေကြသည်။
၎င်းတို့သည် ကျောင်းသားသစ်များအတွက် လပတ်စစ်ဆေးမှုကို ကြီးကြပ်ပေးမည့်သူများဖြစ်ကြသည်။
" တခြားခန်းမကသူတွေလဲ စစ်ဆေးမှု စနေလောက်ပြီ....ချင်းအာ အဆင်ပါ့မလား..."
အခြားသော ကြယ်ပွင့်ခန်းမများသည်လည်း လပတ်စစ်ဆေးမှုများ ကျင်းပကြသောကြောင့် ကောလိပ်တစ်ခုလုံးအတွက် စာမေးပွဲကာလဟုပင်ဆိုရပေမည်။
တကယ်တမ်းတွင်မူ ကျန်းချင်းအာသည် ကြယ်သုံးပွင့်ခန်းမ၏ ထိပ်တန်းကျောင်းသူဖြစ်သောကြောင့် သိပ်တော့ စိတ်ပူနေစရာမလိုပေ။
// ဟူးး ငါလဲ ကျန်းချင်းအာလို ဘယ်သူ့မှ ဂရုမစိုက်ဘဲ သာသာယာယာနေချင်လိုက်တာ...//
ထိုအချိန်တွင် ခရမ်းအဆင့်နည်းပြတစ်ဉီး၏ကြေငြာသံကြောင့် လီလော့၏ အတွေးများ ပြတ်တောက်ကုန်လေသည်။
"အားလုံး အသင့်ပြင်ထားကြပါ....တိုက်ပွဲကနေဝင်ချိန်မှာ ပြီးဆုံးလိမ့်မယ်....မင်းတို့အားလုံး တက်စွမ်းသရွေ့ကြိုးသားကြပါ....အဖွဲ့တံဆိပ်ရှိနေသေးသ၍ ဆက်လက်ယှဉ်ပြိုင်နိုင်သေးတာကို မမေ့ကြနဲ့.....ငွေအဆင့်အဖွဲ့တွေ အရင်ဆုံး ဝင်ရမယ်....ရွှေအဆင့်တွေက သူတို့နဲ့ ဆယ်မိနစ်ခွာပြီး ဝင်မယ်... ခရမ်းအဆင့်တွေကတော့ နောက်ဆုံးပဲ....."
ဤသည်မှာ အားနည်းသော အဖွဲ့များကို ကာကွယ်ပေးခြင်းပင်...အကယ်၍ အားကောင်းသောအဖွဲ့များကိုသာ အရင်ပေးဝင်လိုက်ပါက အကုန်လုံး ကိစ္စတုံးကုန်လိမ့်မည်။
လပတ်စစ်ဆေးမှုဟူသည် ငါးလေးကို ငါးကြီးစားသည်ဟူသော ဉပမာအတိုင်းပင်.....
အားနည်းသောအဖွဲ့များအတွက်မူ ခရမ်းအဆင့်အဖွဲ့များသည် အားကောင်းသော မုဆိုးများသဖွယ်ပင်....
ပထမအချက်ပေးသံကြားလိုက်သည်နှင့် လီလော့ ပြုံးလိုက်လေသည်။
ငွေအဆင့်အဖွဲ့များသည် ကျယ်လောင်စွာ ညာသံပေး၍ ဝင်ပေါက်တွင် တိုးဝှေ့နေကြသည်။
ထိုမြင်ကွင်းသည် လီလော့အတွက်တော့ဘကျောင်းတွင်းရမှတ်များ ခြေထောက်ပေါက်၍ ပြေးနေကြသလိုပင်.....
ဒေါင်.....
ဆယ်မိနစ်အကြာတွင် ရွှေအဆင့်အဖွဲ့များ တိုက်ပွဲနယ်မြေထဲသို့ ဝင်သွားကြလေပြီ။
ပထမတသုတ်နှင့်ယှဉ်လိုပ်ပါက ရွှေအဆင့်အဖွဲ့သည် ပို၍ စည်းစနစ်ကျသည်။ ၎င်းတို့သည် ထူးချွန်သော တိုက်ခိုက်ရေးသမားများဖြစ်ကြပြီး ကျောင်းသားသစ်များကြားတွင် မြင့်မားစွာနေရာယူထားကြသည်။တချို့ဆိုလျှင် ခရမ်းအဆင့်တပည့်များထက်ပင် သန်မာကြသည်။
အကြောင်းအမျိုးမျိုးကြောင့်သာ အရွေးမခံခဲ့ရခြင်းဖြစ်သည်။
ယခုချိန်တွင် လီလော့တို့ တစ်ဖွဲ့တည်းသည ကျန်တော့သဖြင့် အတော်လေး နားအေးနေပြီ။
" ဟူးးး အခုမှပဲ နောက်ကျောလုံတော့တယ်.."
" ခေါင်းဆောင်....စစ်ဆေးမှုအတွက်ပဲအာရုံစိုက်ပါ...."
အာကျယ်နေသော လီလော့ကို ပိုင်မျန်မျန်က ဖျောင်းဖြနေသည်။
"သိိုသိုသိပ်သိပ်နေစမ်းပါ..."
ရှင်းဖူကလည်း ဝင်ဟန့်နေသည်။
လီလော့သည် သူ့ကိုယ်သူ သိုသိုသိပ်သိပ်နော၌ ဆရာတစ်ဆူအဖြစ်သတ်မှတ်ထားခဲ့သော်လည်း ရှင်းဖူနှင့်ပိုင်မျန်မျန်တို့နှင့်တွေ့သောအခါ သူ့ကိုယ်သူ တဆင့်နိမ့်နေသေးမှန်း နားလည်တော့သည်။
ဒေါင်.....
တတိယမြောက်အချက်ပေးသံ ထွက်ပေါ်လာသောအခါ လီလော့တို့ တိုက်ပွဲနယ်မြေထဲဝင်ရန် အချိန်ကျလာခဲ့ပြီ။
" ကဲသွားကြစို့....ဒီခေါင်းဆောင်ကြီးက မင်းတို့ကို သတ်ကွင်းထဲမှာ အစွမ်းကုန်ကာကွယ်ပေးမှာပါ..."
ပိုင်မျန်မျန်နှင့် ရှင်းဖူတို့သည် လီလော့ ဉီးဆောင်ရာနောက်နေ ဉမင်ထဲသို့ ဝင်ခဲ့ကြသည်။
တိုက်ပွဲနယ်မြေထဲသို့ ရောက်လာခဲ့ပြီဖြစ်သော်လည်း အခြားအဖွဲ့များကို မမြင်ရသေးပေ။
" ဝိုးးး ခက်ခက်ခဲခဲ ခြေရာဖျောက်ထားကြတာပဲ......"
လီလော့ စိတ်ပျက်စွာ ငြီးတွားလိုက်မိသည်။
" ကဲ..သွေးပူလေ့ကျင့်ခန်းလေး စလိုက်ရအောင်......"
လီလော့သည် အရပ်မျက်နှာတစ်ခုကို ရွေးချယ်လိုက်ပြီး တဟုန်ထိုးပြေးသွားခဲ့သည်။ မိနစ်နှစ်ဆယ်ခန့်အကြာတွင် သူတို့ကိုစောင့်ကြိုနေသော ရွှေအဆင့်အဖွဲ့တစ်ဖွဲ့ကို လှမ်းမြင်လိုက်ရသည်။
" ဘယ်သူများလဲလို့....ကျောက်တုံးလေးကိုးးး...."
ထိုအဖွဲ့ခေါင်းဆောင်သည် လီလော့နှင့်စကားပြောခဲ့သော ရဲဟွာပင်ဖြစ်သည်။
" ဘယ်သူ့ကို ကျောက်တုံးလေးလို့ခေါ်နေတာလဲ....ကျူပ်နာမည် ရဲဟွာ...."
" မင်းတို့တွေ ကိုယ့်ကိုကိုယ် ထိုးကျွေးဖို့စောင့်နေကြတာလား....."
" လီလော့....မင်းက ခရမ်းအဆင့်တပည့်ဖြစ်ဖို့မထိုက်တန်ဘူး....ငါမင်းကို နိုင်အောင် တိုက်ပြမယ်....."
လီလော့ ရှေ့တက်ဖို့ပြင်လိုက်သည်ကို ရှင်းဖူက လှမ်းတားနေသည်။
" ခေါင်းဆောင်... တစ်ခုခုတော့လွဲနေပြီ... တောအုပ်ထဲမှာ အခြားသူတွေရှိနေသေးတယ်...."
လီလော့ မျက်မှောင်ကျုံ့လိုက်မိသည်။
" ဟေး..ကျောက်တုံးလေး.....မင်းအတော် သိက္ခာမဲ့တာပဲ....မြိုနိုင်တာထက် ပိုဝါးမိရင် မင်းပဲ ဒုက္ခရောက်မှာနော်....ငါမင်းကို လျှော့တွက်လိုက်မိပြီ...."
ရဲဟွာသည်လည်း ရှင်းဖူကြောင့် အစီအစဉ်ပျက်သွားသဖြင့် ဒေါသထွက်နေလေပြီ။
" ကဲ...ချုံခိုတိုက်ခိုက်လို့မရမှတော့ ပေါ်တင်တိုက်ခိုက်ကြတာပေါ့ကွာ....."
ရဲဟွာ၏ ကြွေးကြော်သံကြောင့် အနီးအနားတွင် ပုန်းအောင်းနေသူများ ထွက်လာကြလေ၏။
အရေအတွက်သည် အယောက်လေးဆယ်ထက် မနည်းလောက်ပေ။
" လီလော့...မင်းတို့အဖွဲ့က အားကောင်းတယ်ဆိုပေမယ့် ငါတို့တွေ ပူးပေါင်းလိုက်ရင် မင်းတို့ပြေးမလွတ်ပါဘူးကွာ......"
ချုံပုတ်ထဲတွင် ပုန်းအောင်းနေကြသူများရှိနေသေးသည်။ ရဲဟွာသည် ရည်ရွယ်ချက်ကြီးမားသူတစ်ယောက်မှန်း နားလည်လိုက်ရပြီ။အခြားသော ရွှေအဆင့်အဖွဲ့သာဆို ခရမ်းအဆင့်အဖွဲ့ကို မြင်သည်နှင့် ရှောင်ကွင်းသွားမည်ဖြစ်သော်လည်း ရဲဟွာသည် ထိပ်တိုက်ရင်ဆိုင်ဖို့ ရွေးချယ်ခဲ့သည်။
ထို့အပြင် ရဲဟွာသည် ဆင်ခြင်တုံတရားရှိအေသည်။ ခရမ်းအဆင့်အဖွဲ့ကို တစ်ကိုယ်တော်ရင်ဆိုင်မည့်အစား မဟာမိတ်ဖွဲ့၍ ရင်ဆိုင်ရန်ပြင်ဆင်ထားသည်။
" ညီနောင်တို့ရေ.....ခရမ်းအဆင့်အဖွဲ့တွေကို ငါတို့ခွန်အားအကြောင်း သိအောင် ပြလိုက်ကြစို့...."
" ခေါင်းဆောင်...ဘယ်လိုလုပ်ကြမလဲ.... "
ပိုင်မျန်မျန်နှင့် ရှင်းဖူတို့က လီလော့၏ ညွှန်ကြားချက်ကို စောင့်ဆိုင်းနေကြသည်။
" ဘာလုပ်ရမှာလဲ. ....ပြေးရမှာပေါ့....."