← Chapters

အဝိုင်းခံရခြင်း.....

Vol. 12 Ch. 167

အဝိုင်းခံရခြင်း.....

Vol. 12 Ch. 167

လီလော့၏ အော်သံသည် တောအုပ်တစ်ခွင်တွင် ပဲ့တင်ထပ်ပျံ့လွှင့်နေလေ၏။ ပိုင်မျန်မျန်နှင့် ရှင်းဖူတို့သည်လည်း လီလော့နောက်ကနေ ကျားလိုက်သလိုပြေးလွှားနေရသည်။

ခရမ်းအဆင့်အဖွဲ့ဟုဆိုသော်လည်း လီလော့တို့သည် ရဲဟွာတို့ကို အငိုက်ဖမ်းပြီး လျင်မြန်စွာ ထွက်ပြေးလာခဲ့ကြသည်။

" ခရမ်းအဆင့်အဖွဲ့ ဂုဏ်ပုဒ်ကိုမှမထောက်ဘယ်လိုတောင် အရှက်မဲ့လိုက်ကြသလဲ..."

တကယ္ဆို ထိပ်တိုက်ရင်ဆိုင်သင့်တာမဟုတ်ဘူးလား.....

" မင်းဖင်ကြီးသာ သိက္ခာရှိနေလိုက်...သိက္ခာရှိပြနေလို့ အမှတ်တွေအလကားရမှာလား..."

လီလော့ကလည်း ပြန်အော်လိုက်သည်။

" ရအောင် လိုက်ဖမ်း....လွတ်သွားခဲ့ရင် ငါတို့ကို လက်စားပြန်ချေလိမ့်မယ်....."

အခြားသော ရွှေအဆင့်တပည့်များကလည်း တညီတညွှတ်တည်း ခေါင်းညိတ်လိုက်ကြသည်။ ပေါက်သည့်နဖူး ထူးမနေတော့ပေ။ ခရမ်းအဆင့်အဖွဲ့ကို ဖြုတ်ချနိုင်မည်ဆိုပါက ကြွားလုံးထုတ်နိုင်မည့်အပြင် ခရမ်းအဆင့်နည်းပြများကလည်း မျက်စိကျသွားနိုင်သည်မဟုတ်ပေလော။

လီလော့တို့နောက်သို့ ကျောင်းသား တစ်ဒါဇင်ခန့် လိုက်လာကြသည်။

နောက်ဘက်နားဆီက ဖုန်လုံးကြီးကိုမြင်လိုက်သောအခါ လီလော့ကျိန်ဆဲလိုက်မိလေသည်။

" သေစမ်း....ခရမ်းအဆင့်နည်းပြရဲ့တပည့်တွေကို လေးစားရမယ်ဆိုတာ ဒီကောင်တွေနားမလည်ဘူးလား...."

" ခေါင်းဆောင် ခုနကပြောတဲ့ သတ်ကွင်းဆိုတာ ဒါမျိုးကို ပြောတာလား    "

ဤသည်မှာ ရှင်းဖူမေးလိုက်ခြင်းပင်....

ထိုစကားကြောင့် လီလော့ ဆိုနင့်သွားပြီး....

// အေး ပွဲပြီးမှ မင်းအတွက် မျန်မျန့်ကို စားပွဲဝိုင်းအပြည့် ဟင်းချက်ခိုင်းပစ်မယ်....//

ပိုင်မျန်မျန်ကတော့ ထုံးစံအတိုင်း ပြေရာပြေကြောင်း ဝင်ပြောပေးရှာသည်။

"နင် ခေါင်းဆောင်ကိုအပြစ်တင်မနေနဲ့....ဟိုဘက္က လူအင်အားများတယ်လေ....နိုင်အောင်တိုက်နိုင်ပေမယ့်လည်း စစ်ကူတွေ ထပ်ရောက်လာနိုင်သေးတယ်...အခုလို ပြေးတာက ဉာဏ်ရှိတဲ့ရွေးချယ်မှုပဲ...ဟုတ္တယ္မဟုတ္လား ခေါင်းဆောင်...."

" အာ...."

လီလော့ ဘာပြောရမှန်းပင် မသိတော့ပေ။

// အဲ့သလိုလား...ငါကေတာ့ ဟိုဘက္က လူအုပ်ကိုကြည့်ပြီး မစဉ်းစားဘဲပြေးလာတာ....//

" ဟုတ်တာပေါ့...မျန်မျန်ပြောတာမှန်တယ်...ခေါင်းဆောင်တစ်ယောက်အနေနဲ့ ရှေ့ရေးကို ကြိုတွေးတတ်ရတယ်....ငါတို့ရဲ့ပန်းတိုင်က ရွှေတံဆိပ်လေးတစ်ခု နှစ်ခုရဖို့အတွက်မှမဟုတ်တာ...."

" ခေါင်းဆောင်က တော်လိုက်တာ...."

ရှင်းဖူ နည်းနည်းတော့ စိတ်ပြေသွားပြီး  .

" ဒီအတိုင်းဆက်ပြေးနေရမှာလား...."

လီလော့ နောက်လှည့်ကြည့်လိုက်ပြီး.....

"ဘယ်ဟုတ်မလဲ....ထောင်ချီတဲ့ရမှတ်တွေ ဖြစ်အောင် အပင်ပန်းခံပူးပေါင်းပေးထားတာကို လက်လွှတ်လိုက်စရာလား...."

လီလော့၏ အပြောကြောင့် ရှင်းဖူတစ်ယောက် သစ်ပင်နှင့်ဝင်တိုက်မိမလိုဖြစ်သွားလေ၏။

// ခေါင်းဆောင်က ရွှေအဆင့်အဖွဲ့ တစ်ဒါဇင်လောက်ကို တိုက်ခိုက်တော့မယ်ပေါ့.....//

နောက်ကလိုက်လာသူများသည် အရေအတွက်များရုံသာမက ကျွမ်းကျင်သောတိုက်ခိုက်ရေးသမားများလည်း ပါဝင်နေသော အစုအဖွဲ့ကြီးဖြစ်သည်။ ထိုလူအုပ္ကို ဖြိုရန် မလြယ္ကူလွေပ။

" ရှင်းဖူ...မင်းရဲ့ ကိုယ်ပျောက်စွမ်းရည်သုံးပြီး ကင်းထောက်ကြည့်လိုက်....ရှေ့ဘက်မှာ တောအုပ်ရော၊မြစ်ချောင်းပါရှိတဲ့နေရာတွေ့ရင် လာပြော...."

ရှင်းဖူတစ်ခဏလောက်စဉ်းစားပြီးနောက် ခန္ဓာကိုယ်ကို တစ်ပတ်လှည့်လိုက်သည့်အခါ အရိပ်တစ်ခုသဖွယ်ပျောက်ကွယ်သွားပြီး ရှေ့သို့ တဟုန်ထိုးပြေးသွားလေတော့သည်။

ရှင်းဖူ၏ အမြန်နှုန်းကြောင့် လီလော့ အံ့အားသင့်နေမိသည်။

ရှင်းဖူသည် မွေးရာပါ ကင်းထောက်စွမ်းရည်နှင့် လုပ်ကြံသတ်ဖြတ်ခြင်းစွမ်းရည်များ ပြည့်ဝနေသူဖြစ်သည်။ အမှောင်ထဲကနေ အခွင့်ကောင်းကို စောင့်ပြီး လုပ်ကြံသတ်ဖြတ်ခြင်းသည် လုံးဝကိုပြီးပြည့်စုံသော စွမ်းရည်ဖြစ်သည်။ အင်အားပြည့်မတိုက်ခိုက်နိုင်ခြင်းကသာ တစ်ခုတည်းသောအားနည်းချက်ဖြစ်နေသည်။

" မျန်မျန်...နောက်ကလူတွေ သတိမထားမိအောင် ရှင်းဖူရဲ့ ကိုယ်ပွားတစ်ခုလောက် ဖန်းတီးထားလိုက်...ပြီးရင် ဖားလေးငါးလေးတွေပျော်သွားအောင် အရှိန်နည်းနည်း လျှော့လိုက်ကြရအောင်....."

ပိုင်မျန်မျန် လျင်မြန်စွာဖြင့် ရှင်းဖူအတွက်ကိုယ်ပွားတစ်ခု ဖန်တီးလိုက်ပြီး ပြေးနေသည့်အရှိန်ကိုလည်း နည်းနည်းလျှော့ချလိုက်သည်။

ထိုမြင်ကွင်းကို ခရမ်းအဆင့်နည်းပြငါးဉီးစလုံး မြင်နေရသည်။

" လီလော့ကတော့ ထုံးစံအတိုင်း ပြိုက်ဘက်တွေကို တပတ်ရိုက်နေပြန်ပြီ.... "

ချောင်ရှန်းက ပြုံးတုံ့တုံ့နှင့်မှတ်ချက်ပေးနေသည်။

" ဒါ သူ့အမှားမှမဟုတ်တာ....ရဲဟွာကလည်း အချိန်တိုလေးအတွင်း မဟာမိတ်တွေအများကြီးဖွဲ့နိုင်ခဲ့တာကိုး....."

နည်းပြချူဇီက ရဲဟြာ၏ လုပ်နိုင်စွမ်းရှိပုံကို ထောက်ပြလိုက်သည်။

ချီချန်းကတော့ တပည့်ဖြစ်သူတွေ ကံမကောင်းသည်ကို မြင်နေရတာကြောင့် ခေါင်းယမ်းလိုက်သည်။ လီလော့တို့သည် ခရမ်းအဆင့်အဖွဲ့လေးဖွဲ့နှင့်လည်း ရင်ဆိုင်ရဉီးမည်။

ကျေနပ်နေသော အမူအရာနှင့် သက်တောင့်သက်သာရေနွေးကြမ်း ထိုင်သောက်နေသော ရှန်းကျင်းရှောင်ကို တစ်ချက်ကြည့်မိလိုက်သည်။

ချီချန်း သူ့ကို ကြည့်နေမှန်း သိသော်လည်း ဘာတစ်ခွန်းမှ မပြောသေးဘဲ ရဲဟွာတို့ လီလော့ကို ဖြုတ်ချမည့်အချိန်ကိုသာ စောင့်နေလိုက်တော့သည်။

ချီချန်း တိုက္ပြဲဆီကိုသာ အာရုံပြန်စိုက်လိုက်ပြီး အတွေးထဲတွင်မူ.....

" အကောင်းဆုံးကြိုးစားပြပြီး ရှန်ကျင်းရှောင်ရဲ့မျက်နှာကို လှိုင်းဆယ့်နှစ်ဆင့်ကျင့်စဉ်နဲ့ ဖြတ်ရိုက် ပစ်လိုက်စမ်းပါ လီလော့ရယ်......"

.........................

လီလော်တို့ပြေးနေသည်မှာ နာရီဝက်ခန့်ကြာနေ့ပြီဖြစ်သော်လည်း ရဲဟွာတို့က စိတ်ရှည်ရှည်နဲ့ ပြေးလိုက်နေကြဆဲပင်.....

ယခုချိန်မှ နောက်ကြောင်းပြန်လှည့်မည်ဆိုပါက မဟာမိတ်အဖွဲ့ ပြိုကွဲသွားပေလိမ့်မည်။ထို့ကြောင့် လီလော့တို့အဖွဲ့ကို အရင်ဉီးဆုံး ဖြုတ်ချရမည်။

လိုက်ဖမ်းနေသူများသည် ရှုပ်ထွေးသောတောအုပ်အတွင်း လီလော့တို့ပျောက်ကွယ်သွားသောကြောင့်် မျက်နှာပျက်သွားကြသည်။

အခြားခေါင်းဆောင်တစ်ဉီးက ရဲဟြာကို လှမ်းမေးလိုက်သည်။

" ရဲဟြာ......ငါတို့ဘာဆက်လုပ်ကြမလဲ....."

"ဆက်လိုက်ကြမယ်...တောအုပ်ကသိပ်မကြီးဘူးဆိုတော့ အပြင်ကနေ ဝိုင်းလိုက်ရင် ပြေးမလွတ်နိုင်ပါဘူးကွာ...... "

" ဒါဆို သုံးဖွဲ့ခွဲပြီစ ဝိုင်းကြမယ်....တစ်ယောက်နဲ့တစ်ယောက် ချက်ချင်းကူညီလို့ရတဲ့အကွာအဝေးမှာပဲနေကြ....သူတို့ဘက်က စတိုက်တာနဲ့ ချက်ချင်း အချက်ပေးလိုက်မယ်....."

" ကောင်းပြီ...."

ဤမျှအကွာအဝေးထိလိုက်လာနိုင်ကြသည်ကိုကြည့်ချင်းအားဖြင့် ထိုသူတို့မည်မျှထိသန်မာသည်ကို မှန်းဆကြည့်နိုင်သည်။

ပို၍အရေးကြီးသည်မှာ အခုနေ လက်လျှော့လိုက်ပါက လီလော့သည် သူတို့ကို တဖွဲ့ချင်းစီ အမှည့်ခြွေ ခြွေတော့မည်သာ.....

ထို့ကြောင့် သုံးဖွဲ့တစ်စုဆီခွဲ၍ တောအုပ်ကို ပတ်လည်ဝိုင်းရပေတော့မည်။

ရဲဟွာတို့သည် လီလော့တို့ကို လျင်မြန်စွာ ​ခြေရာခံမိသွားကြပြီဖြစ်သည်။ကျန်သောအဖွဲ့များကို ချက်ချင်း အချက်ပြလိုက်ပြီး ပဲ့တင်ထပ်သံစွမ်းအားများ အသီးသီးထုတ်ဖော်ကာ လီလော့တို့ရှိရာဆီ တဟုန်ထိုး ချီတက်သွားခဲ့ကြသည်။

ဘုန်းးးးးးး

ဉီးခေါင်းအရွယ်အစားခန့်ရှိသော မီးတောက်သည် သစ်ပင်များကိုသာ ထိမှန်သွားသည်။

" ဒါ...ဒါ ပုံရိပ်ယောင်တွေလား....."

" ဒါဆို သူတို့က ဘယ်မှာလဲ.... ."

အကုန်လုံး အထိတ်တလန့်ဖြစ်ကုန်ကြ၏။

" ဒီဘက်မှာ...မြန်မြန်လိုက်ကြ.... "

တခဏအကြာတွင် တောအုပ်တစ်ခုလုံးကို ပတ်ပတ်လည် ဝိုင်းရံထားပြီးနေပြီ....သို့သော်လည်း သူကတို့ရှေ့တွင် စီးဆင်းနေသော စမ်းချောင်းတစ်ခုကိုသာ မြင်နေရသည်။

အကုန်လုံး သတိအနေအထားဖြင့် တလှမ်းချင်းရှေ့တိုးနေရသည်။

သို့သော်လည်း ထိုအရာများသည် ပုံရိပ်ယောင်များသာဖြစ်နေသည်။

" သေစမ်း...ငါတို့တွေ လှည့်စားခံလိုက်ရပြီ....."

ဟိုဟို သည်သည်မှာ အချက်ပေးသံများကြောင့် သူတို့၏ အစီအစဉ်များသည်လည်း ဖရိုဖရဲဖြစ်ကုန်လေပြီ။

" ကောက်ကျစ်လိုက်တဲ့ လီလော့....."

ရုတ်တရက်ဆိုသလို အချက်ပေးသံများ ဆက်တိုက်ထွက်ပေါ်လာပြီး စစ်ကူလှမ်းတောင်းနေသည်ကို ကြည့်ချင်းအားဖြင့် အကုန်လုံး ပုံရိပ်ယောင်များနှင့်သာ တွေ့နေကြပုံရသည်။

"ငါတို့တွေ ရှုံးပြီထင်တယ်...."

အစီအစဉ်များ ယိုင်နဲ့လာပြီဖြစ်သောကြောင့် မဟာမိတ်အဖွဲ့ဝင်များကလည်း ရဲဟွာပြောသမျှကို မနာခံချင်ကြတော့ပေ။

" ဆုတ်ခွာကြမယ်....ဒီနားမှာ ဆက်မနေကြနဲ့တော့....မုဆိုးကနေ သားကောင်ဖြစ်သွားနိုင်တယ်....."

ရဲဟွာသည် အခြားအဖွဲ့များကို ဂရုစိုက်မနေတော့ဘဲ ကိုယ့်အဖွဲ့ကိုသာ အမိအရပြန်ခေါ်သွားလေတော့သည်။

လီလော့သည် ပုန်းအောင်းနေရာကနေ ဆက်တိုက်ကြားနေရသော အချက်ပေးသံများကြောင့် ပြုံးလိုက်မိသည်။

" ကဲ....ဒီတစ်ခါ ငါတို့အလှည့်ပဲ....."

All Chapters