← Chapters

တန်ပြန်တိုက်ခိုက်ခြင်း......

Vol. 12 Ch. 168

တန်ပြန်တိုက်ခိုက်ခြင်း......

Vol. 12 Ch. 168

ရွှေအဆင့်အဖွဲ့ နှစ်ဖွဲ့ တောအုပ်ထဲမှ လျင်မြန်စွာ ပြေးထွက်လာကြသည်။

" မြန်မြန်သွားကြစို့....စီစဉ်ထားသမျှ ကမောက်ကမဖြစ်ကုန်ပြီ...လီလော့က နေရာတိုင်းမှာ ပုံရိပ်ယောင်တွေ ဖန်တီးပြီး တောမောင်းနေတယ်......"

" ဝေးနိုင်သမျှအဝေးဆုံးပြေးကြ.....တော်ကြာကလဲ့စားလာချေနေဉီးမယ်....."

ထိုနှစ်ဖွဲ့သည် အသည်းအသန်ပြေးနေကြသော်လည်း သူတို့ရှေ့တွင် လီလော့၊ရှင်းဖူနှင့်ပိုင်မျန်မျန်တို့က မိန့်မိန့်ကြီး ရပ်စောင့်နေလေ၏။

" သေစမ်းကွာ...ဒါမျိုး ပုံရိပ်ယောင်တွေနဲ့တိုးတာ လေး၊ငါးခါရှိနေပြီ......"

" ဟုတ်တယ် ပထမဆုံးအကြိမ်တွေ့တုန်းကဆို ဒူးထောက်တောင်းပန်နေရင်းနဲ့ပျောက်သွားကြတာ...."

"ငါတို့တွေ အရူးလုပ်ခံလိုက်ရတာ....."

" ဒီတစ်ခေါက်လည်း လျစ်လျုရှုထားလိုက်....ရှေ့ဆက်ကြမယ်....."

တဟုန်ထိုး ပြေးလွှားလာနေကြသော အဖွဲ့နှစ်ဖွဲ့ကြောင့် လီလော့ အံ့သြနေမိသည်။

// ဒီကောင်တွေ တည့်တည့်ကို တိုးဝင်လာကြတာပဲ...//

လီလော့သည် အစက ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ရန်ကြံစည်ထားသော်လည်း" သစ်ကိုင်းများဖြာထွက်ခြင်း...."ဟု အော်ဟစ် ကြုံးဝါးလိုက်သည့်အခါ တဖက်မှ အဖွဲ့ခေါင်းဆောင်နှစ်ဉီးသည် သစ်နွယ်ပင်များနှင့် ရစ်ပတ်ခံလိုက်ရလေသည်။

အခြားသောအဖွဲ့ဝင်များကတော့ သစ်ကိုင်းများနှင့် ရိုက်မိသောကြောင့် လွှင့်စင်ကုန်သည်။

ခေါင်းဆောင်နှစ်ယောက်ကို လီလော့ ဖြေရှင်းနေချိန်တွင် ရှင်းဖူသည် အရိပ်စွမ်းအားများကို ထုတ်ဖော်ပြီး ပိုင်မျန်မျန်နှင့်အတူ ကျန်သောအဖွဲ့သားများကို ဖြေရှင်းလိုက်သည်။

နှစ်မိနစ်အတွင်း ရွှေအဆင့်အဖွဲ့နှစ်ဖွဲ့ကို ဖြုတ်ချနိုင်လိုက်ပြီ။

လီလော့လက်ထဲတွင် ရွှေတံဆိပ်နှစ်ခုရှိနေသည်။

" အမှတ် ၂၀၀ စျေးဉီးပေါက်ပြီ...."

တံဆိပ်များ လုယူခံလိုက်ရပြီဖြစ်သောကြောင့် ထိုနှစ်ဖွဲ့စလုံးသည် အခြားသူများကို မနှောက်ယှက်နိုင်ရန် စစ်ဆေးမှုပြီးဆုံးသည်အထိ ချုပ်နှောင်ခံထားရမည်။

"နှုတ်ထွက်လိုက်ရတဲ့အတွက် ဂုဏ်ယူပါတယ်..... "

" လီလော့.... လူယုတ်မာကောင်!!!"

"အဲ့တော့ ဘာဖြစ်လဲ..မင်းတို့ဘာသာ ဇွတ်အတင်း ပြေးဝင်လာကြတာလေ......"

ခေါင်းဆောင်နှစ်ယောက်စလုံး ငိုချင်နေပေမယ့်လည်း မျက်ရည်မကျနိုင်တော့ပေ။ ဤသည်မှာ ဝံပုလွေလာပြီဟု စနောက်၍အချက်ပေးသော ကောင်လေး၏ ပုံပြင်အတိုင်းဖြစ်နေသည်။ ပုံရိပ်ယောင်တွေချည်းသာ ဆက်တိုက်တွေ့ခဲ့ရသဖြင့် ထိုသို့ ပြေးဝင်ခဲ့ကြခြင်းဖြစ်သည်။

လီလော့သည် ရွှေတံဆိပ်နှစ်ခုကို အိတ်ကပ်ထဲထည့်သိမ်းပြီး ရှင်းဖူတို့နှင့်အတူ အခြားတစ်နေရာဆီ ထွက်လာခဲ့ကြသည်။

အနီးအနားတွင် နောက်ထပ်ရွှေအဆင့်အဖွဲ့များရှိနေသေးသည့်အတွက် လွယ်လွယ် လက်လွှတ်မခံနိုင်ပေ။

မဟာမိတ်ပြိုကွဲသွားပြီးနောက် ရွှေအဆင့်အဖွဲ့များသည် ခရမ်းအဆင့်အဖွဲ့၏ ခွန်အားကို မယှဉ်နိုင်ကြတော့ပေ။ မိနစ်နှစ်ဆယ်အတွင် ရွှေအဆင့် ကိုးဖွဲ့ကို ဖြုတ်ချနိုင်ခဲ့ပြီဖြစ်သည်။

..........................

" သူတို့တွေ တန်ပြန်တိုက်ခိုက်နေပြီ....."

တောအုပ်အတွင်းမှ ထွက်ပေါ်လာသည့် စွမ်းအားပေါက်ကွဲသံများကို ရဲဟွာတို့အဖွဲ့ကြားနေရသည်။

တကယ်တမ်းတွင် ရဲဟွာ၏ အစီအစဉ်သည် စည်းစနစ်ကျပေသည်။ သုံးဖွဲ့တစ်စုနဲ့ ပတ်လည်ဝိုင်းပြီး တိုက်ခိုက်မည်ဆိုပါက ရွှေအဆင့်အဖွဲ့ တစ်ဒါဇင်ခန့်ကို လီလော့တို့ မည်သို့မျှ ယှဉ်နိုင်လိမ့်မည်မဟုတ်ပေ။

သို့သော်လည်း လီလော့၏ လှည့်စားမှုများကြောင့် အစီအစဉ်များ ပျက်ယွင်းသွားခဲ့ရသည်။မြောက်များစွာသော ပုံရိပ်ယောင်များကြောင့် အကုန်လုံး ပရမ်းပတာ ဝရုန်းသုန်းကား ဖြစ်ကုန်ကြသည်။

အခြေနေကို အတတ်နိုင်ဆုံး ထိန်းသိမ်းရန်ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

လက်ရှိတွင် ရဲဟွာတို့ တစ်ဖွဲ့သာ ကျန်နေပြီး အခြားအဖွဲ့များအားလုံး ​ဖြုတ်ချခံလိုက်ရလေပြီ။

" ထားလိုက်တော့...ငါတို့တွေ ဒီကနေ အမြန်ဆုံးထွက်သွားမှဖြစ်မယ်...."

ရဲဟွာ စိတ်ပျက်စွာ ခေါင်းခါလိုက်မိသည်။ လက်ရှိတွင် တောအုပ်အစွန်နားရောက်နေပြီဖြစ်ကြောင်း ရှင်းလင်းစွာ မြင်နေရသည်။

ထွက်ပေါက်နားရောက်ခါနီးတွင် သစ်ပင်တစ်ပင်ကို မှီလျှက် အပြုံးနှင့်ကြိုဆိုနေသော လီလော့ကို မြင်လိုက်ရသောကြောင့် ရဲဟွာတို့တတွေ ထိတ်လန့်ကုန်ကြသည်။

" ထွက်သွားချင်တယ်ပေါ့....ဟင်းးဟင်းးး"

ပိုင်မျန်မျန်နှင့် ရှင်းဖူတို့သည် လီလော့၏ အနောက်တွင် ပုန်းအောင်းနေကြသည်။

" ကျောက်တုံးလေး..ငါမင်းကို လျှော့တွက်မိခဲ့တာပဲ....."

" ပေါက်ကရနာမည်ပြောင်တွေ ခေါ်မနေနဲ့...ကျုပ်နာမည် ရဲဟွာ....."

" ထားလိုက်စမ်းပါ...ကဲ...ပြောပါဉီး.. ဘာအစီအစဉ်များရှိသေးလဲ...."

" ဟွန့်...ကျုပ်တို့ရှုံးပြီ...အပိုစာသားတွေပြောမနေနဲ့....ရှုံးပြီဆိုတိုင်းလဲ လွယ်လွယ်နဲ့တော့ တံဆိပ်ကိုအပါမခံနိုင်ဘူး...."

ရဲဟွာသည် ခြေတစ်လှမ်းရှေ့တိုးပြီး စွမ်းအားများထုတ်ဖော်လိုက်သည့်အခါ သူ့ခန္ဓာကိုယ်ပေါ်တွင် ကျောက်သားကဲ့သို့ အဖြူရောင်အလွှာတစ်ထပ် ဖြစ်ပေါ်လာသည်။

ကျန်အဖွဲ့ဝင်များကလည်း လွယ်လွယ်အရှုံးမပေးဘဲ ရေကုန်ရေခမ်းတိုက်ခိုက်ဖို့အသင့်ပြင်နေကြသည်။

"ဟေးးး ငါက ဒီအတိုင်း တံဆိပ်လေးပဲလိုချင်တာပါကွာ...."

"ကဲပါ...ကျောက်တုံးလေး... မင်းတို့တွေ ဒီအတိုင်းတော့ မထွက်လိုက်ချင်ဘူးမဟုတ်လား....."

" မင်း ဘာပြောချင်တာလဲ...."

" ငါ..မင်းတို့ကို လွှတ်ပေးမယ်..ပြီးတော့ ရွှေတံဆိပ်နှစ်ခုလည်းပေးမယ်..ဒါပေမယ့် မင်းတို့တွေငါ့အတွက် တာဝန်တစ်ခုတော့ပြီးအောင်လုပ်ပေးရမယ်....ဘယ်လိုလဲ...."

ရဲဟွာက အဖွဲ့သားတွေနဲ့ အကြည့်ချင်းဖလှယ်ပြီး တိုင်ပင်လိုက်သည်။လီလော့ဘာတွေပြောနေမှန်းနားမလည်သေးသော်လည်း အခုချက်ချင်း ဖြုတ်ချခံရမည်ထက်တော့ ပိုကောင်းသည်မဟုတ်လော.....

" ဘာလုပ်ပေးရမလဲဆိုတာ သိခွင့်ရှိမလား...."

"ဟင့်အင်း...အခုလောလောဆယ် မပြောပြနိုင်သေးဘူး....ဘာပဲဖြစ်ဖြစ် ဒီနေရာမှာ ထွက်လိုက်ရတာထက်စာရင် ပိုကောင်းမှာတော့သေချာတယ်...မပူစမ်းပါနဲ့ မင်းတို့အသက်တွေတော့မတောင်းပါဘူး...."

" တံဆိပ်လေးခုပေးမလား...."

လီလော့သည် ခါးတွင်ချိတ်ဆွဲထားသော ဓားတိုနှစ်လက်ကိုဆွဲထုတ်လိုက်ပြီး......

" ကျောက်တုံးလေး....မင်းခေါင်းက ငါ့ဓားသွားထက် ပိုမာတယ်ဆို မင်းတောင်းတဲ့အတိုင်းလေးခုပေးမယ်....."

All Chapters