← Chapters

မူလစိတ်ဝိညာဉ်လက်နက်

Vol. 8 Ch. 119

မူလစိတ်ဝိညာဉ်လက်နက်

Vol. 8 Ch. 119

အခန်း ၁၁၉ - မူလစိတ်ဝိညာဉ်လက်နက်

Translator – Than Toe Aung

နတ်ပန်းပဲတောင်ထွတ်၏ ပြိုင်ပွဲက ပြီးဆုံးသွားပြီဖြစ်တာကြောင့် များစွာသော တပည့်များသည် တစ်ဖြည်းဖြည်းနှင့် ထွက်ခွာကျဲပါးကုန်ကြပြီဖြစ်၏။

ဖိုသီဖတ်သီအဖိုးအိုက ဆူဇီမိုကို တားထားလိုက်ပြီး လက်နက်တိုက်ရှိရာသို့ ခေါ်ဆောင်သွား၏။ သူက ရယ်မော၍ ပြောလိုက်၏။

“နတ်ပန်းပဲ‌တောင်ရဲ့ နံပါတစ်အတွက် ဆုလာဒ်ကတော့ လက်နက်တိုက်ထဲက ကြိုက်နှစ်သက်ရာ လက်နက်တစ်ခုကို ယူဆောင်ခွင့် ရမှာပဲ.. ကောင်လေး အထဲကို ဝင်သွားချေ.. မင်းစိတ်ကြိုက်တစ်ခု ရွေးယူလာခဲ့”

ဆူဇီမိုတစ်ယောက် နတ်ပန်းပဲ‌တောင်ထွတ်၏ နံပါတ်တစ်ဖြစ်လာခြင်းက ဖိုသီဖတ်သီအဖိုးအိုအတွက်လည်း ဂုဏ်ယူဝင့်ကြွားစရာတစ်ခု ဖြစ်၏။ ထို့ကြောင့် သူသည် ဆူဇီမိုကို ကျေနပ်ပီတိဖြာ၍ ‌တောက်လျှောက်ကြည့်နေမိ၏။

နတ်ပန်းပဲ‌တောင်ထွတ်၏ လက်နက်တိုက်က စိတ်ဝိညာဉ်လက်နက်တု၊ အဆင့်နိမ့်စိတ်ဝိညာဉ်လက်နက်တို့ဖြင့် ပြည့်နေ၏။ ဆန်းကြယ်တောင်ထွတ်၏ အဆင့်အတန်းအရ အလယ်အလတ်အဆင့်လက်နက်များကိုတော့ အ‌ခြေတည်အဆင့်သို့ရောက်ပြီး အတွင်းစည်းတပည့်ဖြစ်လာမှသာ ကိုင်ဆောင်ခွင့် ရပေလိမ့်မည်။

သို့သော်လည်း လက်ရှိ ဆူဇီမို၏ လက်နက်ဖန်တီးနိုင်စွမ်းအရ အဆင့်နိမ့်စိတ်ဝိညာဉ်လက်နက် အတော်တော်များများကို သူ့ကို ဆွဲဆောင်နိုင်ခြင်း မရှိတော့ပေ။

သို့သော်လည်းပဲ ထိုအရာသည် ဂိုဏ်း၏ လက်နက်တိုက်တစ်ခု ဖြစ်သောကြောင့် စူးစမ်းလိုစိတ်ဖြင့် သူတစ်ချက်တော့ ဝင်ကြည့်ရပေမည်။

“နတ်ပန်းပဲ‌တောင်ထွတ်ရဲ့ လက်နက်တိုက်ထဲမှာ စိတ်ဝိညာဉ်လက်နက် အမျိုးအစား အတော်များများ ရှိတယ်.. မင်းစိတ်ထဲမှာ လိုချင်မိတဲ့ ပုံစံ‌ရော ရှိလား”  ဖိုသီဖတ်သီအဖိုးအိုက မေးလိုက်၏။

ဆူဇီမိုသည် ခေါင်းခါလိုက်ပြီး အကြံဉာဏ်တောင်းလိုက်၏။

“ဆရာ အကြံပေးချင်တာရော ရှိလား”

“ပြောရမယ်ဆိုရင် တစ်ခုတော့ရှိတယ်”

ဖိုသီဖတ်သီအဖိုးအိုက ခဏမျှ ချင့်ချိန်နေပြီးနောက် ပြောလိုက်၏။

“တောင်ထွတ်ငါးခုရဲ့ ပြိုင်ပွဲပြီးရင် မင်းက ဖုန်ဟောက်ယွီနဲ့ တိုက်ခိုက်ရမယ် မဟုတ်လား.. ပွင့်ပွင့်လင်းလင်းပြောရရင် မင်းမှာ နိုင်ဖို့အခွင့်အ‌ရေးက နည်းနေတယ်”

အမှန်တော့ ဤသည်မှာ စကားလှအောင် ပြောခြင်းသာဖြစ်၏။

တောင်ထွတ်သခင်ငါးယောက် တွေးထင်ထားသည်မှာ ဆူဇီမို အနိုင်ရနိုင်ဖို့ အခွင့်အ‌ရေးသည် သုညသာဖြစ်၏။

ဖိုသီဖတ်သီအဖိုးအိုက ဆက်ပြောလိုက်၏။

“အဲ့ဒါမို့ ငါကတော့ မင်းကို ခုခံရေး အဆင့်နိမ့်စိတ်ဝိညာဉ်လက်နက်တစ်ခုကို ရွေးစေချင်တယ်.. အဲ့ဒါဆို မင်းရှုံးခဲ့ရင်တောင် ဒဏ်ရာအပြင်းအထန် မရနိုင်တော့ဘူးပေ့ါ”

ယေဘုယျအားဖြင့် စိတ်ဝိညာဉ်လက်နက်များကို သုံးမျိုးသုံးစား ခွဲခြားထား၏။ တိုက်ခိုက်‌ရေးစိတ်ဝိညာဉ်လက်နက်များထဲတွင် အသုံးအများဆုံးကတော့ ဓါးပျံများဖြစ်၏။ ဒိုင်းကာ၊ ချပ်ဝတ်၊ နုလုံးကာစသည်တို့ကိုတော့ ခုခံရေးစိတ်ဝိညာဉ်လက်နက်များဟု ခေါ်သည်။ နောက်ဆုံးမှာတော့ အရွယ်အစား၊ ပုံသဏ္ဌာန်၊ အသုံးပြုပုံ အမျိုးမျိုးရှိသော အထောက်အကူပြုစိတ်ဝိညာဉ်လက်နက်များလည်း ရှိ၏။

တိုက်ခိုက်ရေးလက်နက်များအတွက်တော့.. ၎င်းတို့အပေါ်ရှိ စိတ်ဝိညာဉ်အင်းကွက်က ပိုများ၍ လက်နက်အဆင့်ပိုမြင့်လေလေ.. သတ်ဖြတ်ခြင်းစွမ်းအားကလည်း ပိုကြီးလေဖြစ်၏။

ထို့အတူပင်.. ခုခံရေးလက်နက်များတွင်လည်း လက်နက်အဆင့်ပိုမြင့်လေလေ.. ပိုကြီးသည့်အဖျက်စွမ်းအားးကို ကာကွယ်နိုင်လေလေဖြစ်၏။

ဆူဇီမိုသည် ခေါင်းညိတ်ပြလိုက်ပြီး လက်နက်တိုက်ထဲသို့ ဝင်ရောက်သွား၏။

လက်နက်တိုက်ထဲတွင် လက်နက်များကို အတန်းလိုက် စီရီခင်းကျင်းထားပြီး အများစုမှာ ဓါးပျံများ ဖြစ်ကုန်၏။ ခုခံရေးလက်နက်နှင့် အထောက်အကူပြုလက်နက်များကတော့ အနည်းငယ်သာ ရှိလေသည်။

ဆူဇီမိုသည် နေရာတစ်ခုလုံးကို လှည့်ပတ်ကြည့်ရှုလိုက်သော်လည်း သူ့ကို အကြိုက်တွေ့စေမည့် တစ်စုံတစ်ရာကို ရှာမတွေ့နိုင်ချေ။

ခုခံရေးလက်နက်များမှာ သူ့အနေနှင့် အချိန်မရွေး ဖန်တီးနိုင်မည့် ဤနေရာ၌ အထူးတလည် ရွေးစရာဟူ၍ မရှိပေ။

အခြားသော လက်နက်များမှာလည်း သူ၏ လက်ရှိအခြေအနေအရ အနည်းငယ်သာ အသုံးဝင်မှု ရှိလေသည်။

ဆူဇီမိုသည် ကြုံရာလက်နက်တစ်ခုကို ယူ၍ ထွက်သွားတော့မည်ဟု ဟန်ပြင်လိုက်စဉ်မှာပင် သူ့မျက်လုံးထောင့်မှ တစ်ဖျတ်ဖျတ်လက်သွားသော ရွှေရောင်အလင်းကို တစ်ခဏတာ မြင်လိုက်ရ၏။

“အမ်”

သူ့ခြေလှမ်းကို ရပ်တန့်လိုက်ပြီး လှည့်ကြည့်လိုက်၏။

သေချာစွာ လိုက်ကြည့်သော်လည်း သူသည် စောစောက ရွှေရောင်အလင်း ထွက်ပေါ်လာရာရင်းမြစ်ကို ရှာမတွေ့နိုင် ဖြစ်ရ၏။ သူအမြင်မှားသွားတာလား။

ခဏကြာ နေရာမှာ မလှုပ်မယှက် ရပ်နေပြီးနောက် နောက်တစ်ဖန် တောက်ပလာသော ‌ရွှေရောင်အလင်းကို မြင်လိုက်ရ၏။

ဤတစ်ကြိမ်တွင်တော့ ဆူဇီမိုသည် ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရ၏။

ရွှေရောင်အလင်းသည် ခုခံရေးလက်နက်များအပုံ၏ ထောင့်တစ်နေရာ ကြမ်းခင်းပြင်မှ ထွက်ပေါ်လာခြင်း ဖြစ်၏။

“အဲ့ကြမ်းပြင်က ဘာလို့ ရွှေရောင်ထွက်နေရတာလဲ”

တစ်ခုခု‌တော့ လွဲနေသည်ဆိုတာ သူခံစားလိုက်မိပြီး သေချာစွာ သိရဖို့ အနားကပ်ကြည့်လိုက်၏။

ထိုကြမ်းပြင်ကို ဖုန်မှုန့်များ အလိမ်းလိမ်းတက်နေသော ရွှေပိုးထည်စတစ်ခုနှင့် ခင်းထားပုံရ၏။ ၎င်းသည် ထိုနေရာတွင် အချိန်အတော်ကြာကြာကတည်းက ရှိနေခဲ့ပုံရပြီး မည်သူကမျှလည်း အရေးလုပ်ပုံ မရပေ။

ဖုန်ထူထူအောက်မှ ရွှေရောင်အလင်းက တစ်ချက်ချက် အလင်းပြန်ထွက်လာခြင်းးဖြစ်၏။

လက်နက်တိုက်ထဲတွင် မည်သည့်လက်နက်မဆို ၎င်းတို့ကို တင်ထားရမည့် သက်ဆိုင်ရာစင်များ ရှိ၏။

ဤရွှေရောင်ပိုးထည်စကို ဘာကြောင့်များ ကြမ်းခင်းပြင်ပေါ်မှာ ပစ်ချထားရတာပါလိမ့်။

ဆူဇီမိုသည် သူ့အင်္ကျီလက်စဖြင့် ဖုန်မှုန့်များကို ပွတ်တိုက်လိုက်ပြီး သေချာစွာ စူးစိုက်ကြည့်လိုက်၏။

ရွှေပိုးထည်စက ခုခံရေး ကိုယ်ကျပ်ချပ်ဝတ်တစ်ခုနှင့် တူ၏။ ၎င်းကို ‌ရွှေကြိုးများဖြင့် ယက်လုပ်ထားပြီး အလွန်တရာ ပါးလွှာ၏။ ၎င်းအပေါ်မှာ ဖုန်မှုန့်များက အုပ်နေသောအခါ အနားဖြတ်လျှောက်သွားရုံနှင့် သတိထားမိဖို့ ခက်၏။

ကြည့်ရသလောက်တော့ ၎င်းက စိတ်ဝိညာဉ်လက်နက်တုတစ်ခုနှင့် တူ၏။

ဘာ့ကြောင့်ဆိုသော်.. ၎င်းပေါ်တွင် စိတ်ဝိညာဉ်အင်းကွက်တစ်ခုသာ ပါရှိ၏။ သို့သော်လည်း ထိုအင်းကွက်က အစိတ်အပိုင်းများစွာအဖြစ် ကျိုးပဲ့ပျက်စီးနေပြီး ထိုအထဲသို့ စိတ်ဝိညာဉ်ချီကို ပို့လွှတ်လိုက်လျှင်တောင် စိတ်ဝိညာဉ်လက်နက်များ၏ အစွမ်းကို ဖော်ထုတ်နိုင်လိမ့်မည် မထင်ပေ။

သို့သော်လည်း ၎င်းက ထူးတော့ထူး၏။ စိတ်ဝိညာဉ်လက်နက်များသည် ကြီးမားသော အဖျက်အားနှင့် ကြုံတွေ့ရလျှင် ၎င်းအပေါ်ရှိ စိတ်ဝိညာဉ်အင်းကွက်က ကျိုးပဲ့ပျက်စီးသွားရမည်မဟုတ်ဘဲ မှိန်ဖျော့ပျောက်ကွယ်သွားရမည်ဖြစ်၏။ တစ်ကယ်တမ်း တိတိကျကျပြောရလျှင် စိတ်ဝိညာဉ်လက်နက်အများစုက ထိုအဆင့်သို့ မရောက်ခင်မှာပင် လက်နက်တစ်ခုလုံးက ကျိုးကြေပျက်စီးသွားမည်ဖြစ်၏။

သို့သော်လည်း ယခုသူရှေ့မှ ချပ်ဝတ်ကတော့ ပကတိအကောင်းတိုင်းရှိနေပြီး ကျိုးပဲ့နေ‌သော အင်းကွက်ကလည်း အရောင်မှိန်မနေပေ။

ထိုအရာက သဘာဝနှင့် နည်းနည်းတော့ ကွဲလွဲဆန့်ကျင်နေလေသည်။

ဆူဇီမိုသည် တစ်ခဏကြာ ချင့်ချိန်စဉ်းစားပြီးနောက် သူ၏ ဆုလာဒ်အဖြစ် ဤစိတ်ဝိညာဉ်လက်နက်ကိုသာ ယူဖို့ ဆုံးဖြတ်လိုက်၏။

သူသည် ကြမ်းခင်းပြင်ပေါ်က ကိုယ်ကျပ်ချပ်ဝတ်ကို ဒီအတိုင်း လှမ်းဆွဲလိုက်ပြီး လှည့်ထွက်ဖို့ ပြင်လိုက်စဉ်မှာပင် သူ့အမူအယာက ပြောင်းလဲသွားရ၏။

“ဟမ့်”

“ငါ အဲ့ဒါကို မ,မနိုင်ဘူးလား”

ရွှေပိုးထည်စက ကြမ်းခင်းပြင်မှာ မလှုပ်မယှက် ဒီအတိုင်းသာ ရှိနေ၏။

ဆူဇီမိုသည် သူ့၏ သွေးစွမ်းအားကို အသက်မသွင်းရသေးသော်လည်း သူ၏ လက်တစ်ဖက်ဆွဲအားကပင် ‌နှစ်တန်လောက်ရှိ၏။

“ဒါက ဘာလို့ အဲ့လောက် လေးနေရတာလဲ”

ဆူဇီမို အံအားသင့်သွား၏။ သူ့လက်နှစ်ဖက်ကို သုံးပြီး ထပ်ဆွဲယူကြည့်၏။

သို့သော်လည်း ရွှေ‌ရောင်ကိုယ်ကျပ်ချပ်ဝတ်က ကြမ်းပြင်မှ အနည်းငယ် ကြွတက်ရုံသာ ရှိ၏။

နောက်ဆုံးမှာတော့ ဤရွှေရောင်ကိုယ်ကျပ်ချပ်ဝတ်ကို ဘာကြောင့် ကြမ်းခင်းပြင်ပေါ် ပစ်ချထားရသလဲဆိုတာ ဆူဇီမို နားလည်သွား၏။

၎င်းကိုသာ ကျောက်သားစင်ပေါ် တင်ထားလိုက်လျှင် ထိုစင်က ချက်ခြင်း ကျိုးပဲ့ကျသွားပေလိမ့်မည်။

ဆူဇီမို၏ ရင်သည် လှုပ်ခတ်သွား၏။ သူသည် သိုလှောင်အိတ်ကို ဖွင့်ဟလိုက်ပြီး သူ့သွေးများကို လှည့်ပတ်စေလိုက်၏။ ချက်ချင်းဆိုသလို သူ့မျက်လုံးများက အနီရောင်သန်းလာပြီး သွေးကြောများက ဖောင်းးကြွလာ၏။ သူ့ခန္ဓာကိုယ်ထဲမှ ကြောက်လန့်စရာ ခွန်အားက ထွက်ပေါ်လာပြီး ရွှေရောင်ကိုယ်ကျပ်ချပ်ဝတ်ကို ကောက်မလိုက်ကာ သိုလှောင်အိတ်ထဲသို့ ပစ်ထည့်လိုက်၏။

မည်မျှ လေးလံသည့်ပစ္စည်းဖြစ်စေ သိုလှောင်အိတ်ထဲတွင်တော့ အလေးချိန်ကို ဆုံးရှုံးသွားမည်ဖြစ်၏။

ဆူဇီမိုသည် ဖြည်းဖြည်းချင်း စိတ်ကိုလျှော့ချ၍ သူသွေးများကို ပြန်လည်ထိန်းညှိလိုက်သောအခါ သူ၏ သားရဲသွင်ပြင်က ပြန်လည် ပျောက်ကွယ်သွား၏။ ထို့နောက် သူသည် လက်နက်တိုက်ထဲမှ လှမ်းထွက်လာခဲ့၏။

“မင်း ရွေးလာခဲ့ပြီ‌ပေါ့” အပြင်ဘက်တွင် စောင့်ဆိုင်းနေသော ဖိုသီဖတ်သီအဖိုးအိုက ဆူဇီမို ထွက်လာသည်ကို မြင်တွေ့သောအခါ လှမ်းမေးလိုက်၏။

ခေါင်းညိတ်ပြလိုက်၍ ဆူဇီမိုသည် တစ်ခဏကြာ တုံ့ဆိုင်းနေပြီးနောက် ပြောလိုက်လေ၏။

“အထဲမှာတုန်းက ကျတော် ထူးဆန်းတဲ့ ရွှေ‌ရောင်ကိုယ်ကျပ်ချပ်ဝတ်တစ်ခုကို တွေ့ခဲ့တယ်.. ဘာလဲတော့ မသိပေမယ့် ကျတော် အဲ့ဒါကိုပဲ ယူလာခဲ့လိုက်တယ်”

“ရွှေရောင်ကိုယ်ကျပ်ချပ်ဝတ်လား”

ဖိုသီဖတ်သီအဖိုးအိုက မျက်မှောင်ကြုတ်ပြီး တစ်ခဏကြာ စဉ်းစားနေ၏။ ရုတ်တရတ်ဆိုသလို သူ့အမူအယာက ပြောင်းလဲသွားပြီး အံအားတသင့် ရေရွတ်လိုက်၏။

“ဆန်းကြယ်ရွှေပိုးချပ်ဝတ်များလား”

“ဆန်းကြယ်ရွှေပိုးချပ်ဝတ်တဲ့လား.. အဲ့ဒါဆို အဲ့ဒီစိတ်ဝိညာဉ်တုလက်နက်တု နာမည်ရှိတာပေ့ါ” ဆူဇီမိုက တီးတိုးရေရွတ်လိုက်၏။

“စိတ်ဝိညာဉ်တုလက်နက်တဲ့လား”

အဖိုးအို၏ အကြည့်က တစ်မူထူးခြားနေ၏။

“အမ်.. အဲ့ဒါက စိတ်ဝိညာဉ်တုလက်နက်မဟုတ်ဘူးလား.. အဲ့ဒါပေါ်မှာ စိတ်ဝိညာဉ်အင်းကွက်တစ်ခုကိုတော့ ကျ‌တော့်တွေ့ပါရဲ့.. ဒါပေမယ့် အဲ့ဒါက အပိုင်းပိုင်းကျိုးပဲ့နေပြီး သုံးလို့မှ မရ‌တော့တာ.. အဲ့ဒါကို စိတ်ဝိညာဉ်တုလက်နက်လို့ပဲ ခေါ်ရမှာ မဟုတ်ဘူးလား” ဆူဇီမိုက မေးလိုက်၏။

အဖိုးအို၏ မျက်နှာပေါ်တွင် ခံစားချက်များက ဖြတ်သန်းသွားပြီး မေးလိုက်၏။

“ဆူဇီမို.. စိတ်ဝိညာဉ်လက်နက်တွေကို ဘယ်နှစ်မျိုး ခွဲထားလဲ မင်းသိလား”

“လေးမျိုး.. အဆင့်နိမ့်.. အလယ်အလတ်.. သာလွန်.. ထိပ်တန်း” ဆူဇီမိုက ပြန်ဖြေလိုက်၏။

ခဏကြာ ရပ်နားပြီးနောက် ဆူဇီမိုသည် ယခင်က သူထင်မြင်ယူဆခဲ့သော တစ်စုံတစ်ရာကို ပြန်လည် အမှတ်ရလိုက်ပြီး ဆက်ပြောလိုက်၏။

“စိတ်ဝိညာဉ်အင်းကွက် လေးကွက်ပါတာကို ထိပ်တန်းအဆင့်လို့ ခေါ်တယ်ဆိုတော့ အဲ့ဒီမှာ စိတ်ဝိညာဉ်အင်းကွက် ငါးခုပါတဲ့ ပကတိအဆင့်လက်နက်လဲ ရှိမယ်မလား”

အဖိုးအိုက ကျေနပ်သွားသည့်ပုံစံဖြင့် ခေါင်းညိတ်လိုက်၏။

“မဆိုးဘူးပဲ.. တစ်ကယ်ပဲ ထိပ်တန်းအဆင့်ရဲ့ အထက်မှာ ပကတိအဆင့်ဆိုတာ ရှိတယ်”

ထို့နောက် အဖိုးအိုက တစ်ဖန်ဆက်မေးလိုက်၏။

“ဒါပေမယ့် ပကတိအဆင့်ရဲ့ အထက်ကရော ဘာလဲ မင်းသိလား”

“ပကတိအဆင့်ရဲ့ အထက်မှာ ထပ်ရှိသေးတယ်ပေ့ါ” ဆူဇီမိုက အံ့အားသင့်သွား၏။

လေးနက်သော အသံနေအသံထားဖြင့် အဖိုးအိုက ပြောပြလိုက်၏။

“ပကတိပြီးရင် မူလ လာတယ်ကွဲ့.. မူလစိတ်ဝိညာဉ်လက်နက်ပေါ့”

“မူလစိတ်ဝိညာဉ်လက်နက်ဆိုတာက ဘာလိုကြီးလဲ”

“အဆုံးမရှိတဲ့ စိတ်ဝိညာဉ်ချီတွေကို သဘာဝအလျောက် စုပ်ယူပြီးတော့ သူတို့ကို စကြာဝဠာက ဖန်တီးပေးလိုက်တာပဲ.. ပကတိလက်နတွေမှာ အင်းကွက်ငါးခုရှိတယ်မလား.. အေး မူလလက်နက်တွေမှာတော့ ခြောက်ခုရှိတယ်.. အဲ့ဒီခြောက်ခုမြောက်အင်းကွက်ကို မူလအင်းကွက်လို့ ခေါ်ကြတယ်”

All Chapters