← Chapters

ဖမ်းရခက်သော နဂါး

Vol. 22 Ch. 330

ဖမ်းရခက်သော နဂါး

Vol. 22 Ch. 330

ထိုသို့သောအချိန်၌ သေမင်းတမန် ငါးဖော်သည် Anti-Mage အား ဝိုင်းတိုက်ခြင်း မအောင်မြင်သဖြင့် အသာစီး ရရှိမှု ဆုံးရှုံးသွားသောကြောင့် သူတို့၏ ဗျူဟာကို တာဝါ ချိုးခြင်းသို့ ပြောင်းလဲလိုက်သည်။

ငါးယောက်သာ စုပေါင်း၍ သူတို့လမ်းပေါ်မှ အရာအားလုံးကို ဖျက်စီးလေသည်။ အလယ်လမ်းမှစ၍ အဆင့်တစ် တာဝါကို ဖျက်ဆီးကာ အဆင့်နှစ် တာဝါသို့ တက်လာကြသည်။

ကိုးလ်နှင့် ကျန်သုံးယောက်သည် အဝေးမှသာ တိုက်ခိုက်နိုင်ပြီး ပုန်းနေကာ ရှေ့တက်မလာရဲချေ။

သို့သော် တစ်ချက်ကတလေး နေရာမှားသွားခြင်းက ပြိုင်ဘက်အား အခွင့်အရေးရအောင် လုပ်ပေးသလို ဖြစ်သွားသည်။ Earthshaker က တည်နေရာ ပြောင်းလာပြီး Blink Dagger ဖြင့် နှစ်ယောက်ကို တိုက်ခိုက်ကာ Fissure ကိုပါ ထပ်သုံးလေသည်။

ထိုစဉ် Ice Soul ကလည်း သူ၏ စွမ်းရည်ကိုပါ အသုံးပြုလာပြီး Slayer က Blink Dagger ဖြင့် တည်နေရာပြောင်း၍ သတ်လေသည်။

အသင်းဖော်များ အဖမ်းခံနေရသဖြင့် ၀၉သည် အတင်း ရှေ့တက်လာရသည်။ သို့သော် သူသည် Drow Ranger ၏ တိုက်ခိုက်မှုကို ခံလိုက်ရသည်။ အဖွဲ့လိုက် တိုက်ခိုက်မှုက ပျက်သွားပြီး မထင်မှတ်ဘဲ မြန်မြန် အဆုံးသတ် သွားသည်။ ရဲ့လင်းချန်ဘက်၌ လေးယောက်လုံး ချက်ချင်း သေသွားလေသည်။

[သွားပြီ သွားပြီ၊ သူတို့ သေတာ မြန်လွန်းတယ်]

[သေမင်းတမန် ငါးဖော်လို့ မပြောရဘူး၊ သူတို့ အသင်းလိုက် လှုပ်ရှားမှုက ထိရောက်ပြီး ရက်စက်တယ်၊ သူတို့ အခွင့်အရေးကို ရှာတွေ့တာနဲ့ အသေ ချတော့တာပဲ]

လူတိုင်း စိတ်လေးသွားကြသည်။ ဤသို့ အဖွဲ့လိုက် အသတ်ခံရခြင်းက ဝိုင်နတ်ဘုရားကို အကြီးအကျယ် ထိရောက်သည်။ ထို့အပြင် သူတို့ကို ပြန်ဦးမော့မလာအောင် လုပ်လာလေသည်။

[တောင်းပန်ပါတယ် ဝိုင်နတ်ဘုရား၊ ငါတို့ သူတို့ကို မထိန်းထားနိုင်ခဲ့ဘူး]

ကိုးလ် စိတ်ဓာတ်ကျသွားသည်။ သူမအသံတောင်မှ စတင်၍ ပြာအက်လာသည်။

[ငါတို့ ဘာလုပ်ကြမလဲ၊ ဝူအာ မရှုံးချင်ဘူး]

ဝူအာ နှုတ်ခမ်းစူနေသည်။ ၀၉နှင့် ရည်းစားစာက ဘာမှမပြောဘဲ နှစ်ယောက်လုံး သုန်မှုန်နေ၏။

[မင်းတို့ သူတို့ကို အကောင်းဆုံး ထိန်းထားခဲ့ပါတယ်၊ ဟီးရိုးတွေကို ပစ်မှတ်မထားနဲ့၊ ခရိတွေကိုပဲ လိုက်ရှင်း]

ရဲ့လင်းချန်၏အသံက ယခင်အတိုင်း တည်ငြိမ်နေဆဲပင်။ သူက အသာအယာ ပြုံးလိုက်သေးသည်။

[စိတ်မပူနဲ့၊ ငါတို့ ဒီပွဲကို မရှုံးဘူး]

ကိုးလ်က ခပ်ဖွဖွ ညည်းလိုက်ပြီးနောက် ပြန်အသက်ရှင်သည်နှင့် ကာကွယ်လေသည်။

သို့သော် သူတို့သည် သေမင်းတမန် ငါးဖော်၏ အစွမ်းကို အထင်သေးခဲ့မိသည်။ သူတို့က အဆင့်သုံး တာဝါကို ကျော်လာပြီး စခန်းအနီးသို့ ရောက်လာကာ ကိုးလ်နှင့် ကျန်သုံးယောက်ကို တိုက်ခိုက်လာ၏။

လက်ရှိတွင် လေးယောက်လုံး ပါးစပ်ပိတ်နေပြီး စိတ်က အောက်ဆုံးအထိ ထိုးကျနေသည်။ သူတို့ ပြန်တုံ့ပြန်နိုင်ခွင့် မရှိဘဲ ထပ်၍ အဖိခံနေရသည်။

[ဟားဟားဟား အားနည်းလိုက်တာ၊ အားနည်းလွန်းတယ်၊ တရုတ်ပြည်ရဲ့ တင်ဆက်သူတွေက ဒီအဆင့်ပဲ ရှိတာလား]

ဂျပန်နိုင်ငံမှ ငါးယောက်က ရူးသွပ်စွာ ရယ်မောနေပြီး ထီမထင်ဟန်ဖြင့် ပြုံးနေကြသည်။ ထို့နောက် သူတို့က ဖန်သားပြင်ပေါ်မှနေ၍ လက်ခလယ် ထောင်ပြကြသည်။

[ယီးပဲ ဂျပန်က ခွေးမသားတွေ၊ သူတို့ကများ ငါတို့မြေမှာ မခိုးမခန့် လာလုပ်ရဲတယ်ပေါ့လေ]

[မြေယိုးငနုံတွေ၊ ဒီငါးယောက်ကတော့ မျက်နှာ ဖြတ်ရိုက်ခံရဖို့ လိုနေပြီ]

[မကောင်းတဲ့လူတွေက အောင်မြင်ရင် မူးယစ်တတ်တယ်တဲ့၊ ဒါ အောင်မြင်မှုကြောင့် ယစ်မူးနေတဲ့ ဗီလိန်တွေရဲ့ အပြုအမူပဲ၊ ငါ အရမ်း ဒေါသထွက်တယ်]

[ငါတို့မှ မယှဉ်နိုင်တာ၊ ငါတို့ ဘာလုပ်နိုင်မှာမို့လို့လဲ၊ ငါ ဝိုင်နတ်ဘုရားကို တကယ် စိတ်ပျက်မိတယ်]

…

မှတ်ချက်များတွင် ပြစ်တင်ပြောဆိုမှုများနှင့် ပြည့်နေသည်။ တစ်ချို့က ဂျပန်ကို ပြောဆိုပြီး တစ်ချို့က ရဲ့လင်းချန်၏ အသုံးမကျမှုကို ဝေဖန်ပြစ်တင်ကြသည်။

သို့သော် မကြာခင်မှာပင် အားလုံး အံ့ဩသွားရသည်။

ဂျပန်နိုင်ငံမှ ငါးယောက်လုံးသည် စခန်းနားတွင် ဘာမှမလုပ်ဘဲ ရုတ်တရက် ရပ်သွားကြသည်။ သူတို့ တာဝါကိုပင် မတွန်းနိုင်ကြချေ။

သေချာ အနီးကပ် ကြည့်လိုက်သောအခါ ခရိများ မရှိတော့သည်ကို တွေ့လိုက်ရသည်။

DOTA တွင် ဟီးရိုးများအပြင် ခရိများကလည်း အရေးပါသည်။ ခရိများ ရန်သူ၏ စခန်းသို့ ရောက်လာမှသာ သူတို့ တာဝါကို တိုက်ခိုက်ခွင့် ရှိလေသည်။ သို့သော် လက်ရှိတွင် ခရိများအားလုံး မရှိချေ။

သေချာ ကြည့်လိုက်သောအခါ တစ်ဖက်မှ Anti-Mage က သူတို့ စခန်းအဝ၌ ရှိနေပြီး ထွက်လာသမျှ ခရိအားလုံးကို စားနေသည်ကို တွေ့လိုက်ရသဖြင့် အံ့ဩသွားလေသည်။

*အံ့ဩစရာပဲ၊ ဟီးရိုးတွေကို မချနိုင်ရင် ခရိတွေကို စားမယ်လို့ လုပ်ထားတာပဲ*

*မသမာတာ၊ ဒါ လုံးဝ မသမာတာ၊ ဒါပေမဲ့ ငါ ဘာလို့ ကြည့်လို့ကောင်းတယ်လို့ ခံစားမိတာလဲ*

[လူဆိုးကောင်၊ ရန်သူရဲ့ လမ်းမှာ သွားပုန်းပြီး သူတို့ ခရိလမ်းကြောင်းကို ဖြတ်နေတာပဲ၊ ဒီလို လက်သီးပုန်း ထိုးတဲ့ ဗျူဟာကို ငါ မသိခဲ့ဘူး]

[နေ့တိုင်း ငါတို့ အသစ်အသစ်တွေ သင်ယူနေရတာပဲ …]

[ချီးပဲ၊ ဒါ ငါ့အဖိုးတန် မျက်လုံးတွေကို ကန်းအောင် လုပ်ပစ်လိုက်တာပဲ]

ကြည့်ရှုသူများ မရယ်ဘဲ မနေနိုင်တော့ဘဲ သူတို့ အချိန်အတော်ကြာ အောင့်ထားသည့် သက်ပြင်းကို လွှတ်ချလိုက်ကြသည်။ သေရေးရှင်ရေးတမျှ ဖြစ်နေသော အခြေအနေက ပြေပျောက်လာလေသည်။

ဂျပန်နိုင်ငံမှ အဖွဲ့ဝင် ငါးယောက်၏ မျက်နှာက အကြီးအကျယ် ပျက်ယွင်းသွားပြီး စိတ်ထဲ၌ ကျိတ်၍ ကျိန်ဆဲ လာကြသည်။ သူတို့ စခန်းမှ မတတ်သာဘဲ ထွက်လာရပြီး သူတို့ ခရိလမ်းကို သွားကယ်ရလေသည်။

သူတို့ ပြန်ရောက်ချိန်တွင် ပြိုင်ဘက်အဖွဲ့မှ Anti-Mage က မြင်ကွင်းထဲမှ ပျောက်သွားလေပြီ။

သို့သော် ထိုအချိန်မှာပင် ပျောက်နေသော Anti-Mage က ပြန်ပေါ်လာသည်။ ဉာဏ်များသော Blink စွမ်းရည်ဖြင့် ပြန်ဆုတ်လာရာ၌ နောက်တွင် ကျန်ခဲ့သော Ice Soul ဘေးသို့ ပေါ်လာပြီး ချက်ချင်း သုံးခါ တိုက်ခိုက်လေသည်။

တိုက်ခိူင်မှု၌ တစ်ခါမှ ဝင်မပါသော Anti-Mage က ရုတ်တရက် ပေါ်လာလိမ့်မည်ဟု ဘယ်သူမှ ထင်မထားမိချေ။ ထို့အပြင် သူ၏ Blink စွမ်းရည်ကြောင့် သူ့အား ဖမ်းရခက်နေ၏။

Ice Soul သည် စခန်းမှ ပြန်ရောက်ခါစသာ ရှိသေးပြီး အခြေအနေက အကောင်းဆုံး မဟုတ်သေးပေ။ Anti-Mage ထံမှ သုံးခါ အတိုက်ခံလိုက်ရသဖြင့် mana ကုန်သွားပြီး ပြေးခြင်းမှလွဲ၍ ဘာမှမလုပ်နိုင်တော့ချေ။ ထိုစဉ် Anti-Mage ထံမှ ထပ်၍ တိုက်ခိုက်ခံလိုက်ရလေသည်။

ထို့နောက် Anti-Mage က သူ့ ult ကို အသက်သွင်း၍ Ice Soul အား အပြတ်ရှင်းလိုက်သည်။

ထိုအခါတွင်မှ ကျန်သူများ အသိဝင်လာကြသည်။ သူတို့ လှမ်းကြည့်လိုက်ချိန်တွင် Anti-Mage က မြင်ကွင်းထဲမှ ပျောက်သွားပြန်သည်။

ကြည့်ရှုသူများ ကြက်သေ သေကုန်ပြီး သူတို့သည် ဖမ်းရခက်သော နဂါးကို လိုက်ဖမ်းနေသည်ဟုပင် ခံစားမိ လာကြသည်။

တစ်အောင့်ကြာသော် ကြည့်ရှုသူများ သတိပြန်ဝင်လာကြပြီး ပါးစပ်အဟောင်းသား ဖြစ်ကုန်သည်။

*မိုက်တယ်၊ စောက်ရမ်း မိုက်လွန်းတယ်*

*အသာလေး သတ်ပြီး တိုက်ပွဲနေရာကနေ လွယ်လွယ် ပြေးနိုင်တဲ့ အစွမ်း ရှိတယ်၊ ဘယ်ဟီးရိုးမှ အဲ့လို မလုပ်နိုင်ဘူး*

ဤသို့ ကောင်းမွန်သော ဟီးရိုးက မရေတွက်နိုင်သော ဂိမ်းသမားများ၏ အိပ်မက်ပင်။

ဂျပန်အသင်း၏ တစ်ယောက် ကျသွားခြင်းက သူတို့အားလုံး၏ လုပ်ငန်းစဉ်ကို တိုက်ရိုက် သက်ရောက် သွားစေသည်။

လူတိုင်း Anti-Mage ကို လိုက်ကြည့်သောအခါ သူသည် ပိုက်ဆံ လိုက်ရှာမနေတော့ဘဲ တောအုပ်ထဲဝင်၍ စသတ်နေသည်ကို တွေ့လိုက်ရသည်။

Battle Fury က HP နှင့် mana ပြန်တိုးလာအောင် လုပ်ပေးနိုင်သည့် အစွမ်း ရှိသည်။ ၎င်းကြောင့် Anti-Mage က အတော်လေး ခံနိုင်ရည် ရှိနေခြင်းပင်။

Battle Fury ၏ အစွမ်းကြောင့် တောအုပ်ထဲ၌ ခရိရှင်းနေခြင်းက အတော်လေး ထိရောက်မှု ရှိသည်။ Anti-Mage ၏ blink စွမ်းရည်ကိုပါ ပေါင်းလိုက်သောအခါ ခရိများအား စက္ကန့်သုံးဆယ်အတွင်း ရှင်းလိုက်နိုင်သည်။

ထို့နောက် ရဲ့လင်းချန်သည် အချိန်ဆွဲမနေဘဲ Anti-Mage အား ပြိုင်ဘက်အသင်း၏ တောအုပ်ထဲ ဝင်သွားစေကာ စက္ကန့်သုံးဆယ်အတွင်း ထိုမှခရိများကိုလည်း ရှင်းလိုက်လေသည်။

Blink စွမ်းရည်က Anti-Mageအား မြေပုံထဲ၌ လွတ်လွတ်လပ်လပ် သွားလာစေနိုင်ပြီး ရွှေ မြန်မြန် ရစေသည်။ ထို့နောက် တောအုပ်ထဲမှ ခရိများကို ရှင်းပြီးနောက် Anti-Mage ၏ အရိပ်ကိုသာ လူတိုင်း မြင်နေရသည်။

တိုက်ရိုက် ကြည့်ရှုနေသူများ အံ့ဩကုန်သည်။ Anti-Mage က ရဲ့လင်းချန်၏ လက်ထဲ၌ လျင်မြန်စွာ သွားလာနိုင်သော ဟီးရိုးတစ်ကောင် ဖြစ်နေသည်ကို သူတို့ မြင်လိုက်ရသည်။ မြေပုံအနှံ့ လျှောက်သွားနေပြီး သွားသမျှ နေရာတိုင်းမှ ရွှေရနေသည်။ သူ၏ ရွှေပမာဏသည် လျင်မြန်စွာ တိုးတက်လာပြီး မြေပုံတစ်ခုလုံးမှ ရွှေများကို သူတစ်ယောက်တည်း သိမ်းနေသည်ဟု ထင်ရလေသည်။ ထို့အပြင် ပန်းခြံထဲ အေးအေးလူလူ လမ်းလျှောက်နေသလိုပင်။

[လခွမ်း၊ မိုက်တယ်ဟေ့၊ အရှိန်မှာတော့ သူ့ကို မနိုင်ဘူး]

[သေစမ်း ငါ တစ်ခုခု သင်ယူလိုက်ရပြီ၊ ငါ တကယ် တစ်ခုခု သင်ယူလိုက်ရပြီ၊ Anti-Mage ကိုင်ပြီး တစ်ပွဲလောက် ကစားကြည့်ဖို့ ငါ လက်ယားနေပြီ]

[အပေါ်ကလူ နားလိုက်တော့၊ မင်း ဝိုင်နတ်ဘုရား အစက ဘယ်လိုဆော့လဲ တွေ့တယ်မလား၊ မင်း မိနစ်နှစ်ဆယ် အတွင်း Battle Fury ရအောင် လုပ်နိုင်လား]

Anti-Mage၏ အသွင်အပြင်က အစကတည်းက ကြည့်ကောင်းနေပြီးသား ဖြစ်သည်။ တည်နေရာ ရွှေ့ပြောင်း နိုင်သည့် စွမ်းရည်ကိုပါ ပေါင်းလိုက်သောအခါ အတော်လေး မိမိုက်နေ၏။ ယင်းက လူအများအား ထိုဟီးရိုးကို ချက်ချင်း သဘောကျသွားစေလေသည်။

မှတ်ချက်များတွင် အံ့ဩသံတို့ဖြင့် ပြည့်နေ၏။ ရဲ့လင်းချန်ကို ကြည့်နေသူများအပြင် ကိုးလ်နှင့် ကျန်သုံးယောက် လည်း အံ့ဩနေလေသည်။

*ဘာလို့ Anti-Mage က သူ့လက်ထဲမှာ လုံးဝ မတူတဲ့ ဟီးရိုးတစ်ကောင်လို ပြောင်းလဲသွားရတာလဲ*

ဤသို့သော အကျိုးသက်ရောက်မှုတို့ဖြင့် ရဲ့လင်းချန်က Anti-Mage ၏ ဒုတိယ ပစ္စည်းဖြစ်သော Mana Style ကို ဝယ်လိုက်နိုင်သည်။ ၎င်းသည် စွမ်းရည်များကို တိုးစေသည့်အပြင် ပုံရိပ်ယောင်နှစ်ခုပါ ဖန်တီးနိုင်၏။

ဂျပန်ဘက်မှ လူများသည် တစ်ခုခု မှားနေပြီဟု ခံစားရကာ တာဝါသို့ ပြေးရန် ပြင်လေသည်။ သူတို့ အလယ်လမ်း၌ စုစည်းလိုက်ကြသည်။

သို့သော် ထိုအချိန်မှာပင် Anti-Mage ၏ ကြောက်စရာကောင်းပုံကို လူအများအား ပြသလာလေ၏။

All Chapters