ဆန်းကြယ်မှု
Vol. 23 Ch. 332
ရုတ်တရက် ပြောင်းလဲသွားခြင်းက လူတိုင်း၏စိတ်ထဲ ခေါင်းနားပမ်း ကြီးသွားစေသည်။ သူတို့ စိတ်ထဲ ဗလာ ဖြစ်သွားပြီး ဂိမ်းထဲမှ ထွက်သွားသည့် လေးယောက်ကို ချက်ချင်း ဒေါသထွက်သွားကြသည်။
DOTA သည် ငါးယောက် ကစားရသော ဂိမ်းဖြ်စပြီး ငါးယောက်နှင့် တစ်ယောက် ယှဉ်ဆော့ရပါက နိုင်ရန် မဖြစ်နိုင်ပေ။
လူတိုင်း နားဝေတိမ်တောင် ဖြစ်နေချိန်တွင် ဂျပန်နိုင်ငံက အများ စကားပြောခန်း၌ ‘?’ ဟု စာရိုက်ပို့လာသည်။
[သူတို့ ဘာလို့ ပြေးသွားတာလဲ၊ ငကြောက်တွေ၊ သစ္စာဖောက်တွေ၊ အမှိုက်တွေ]
တောက်ပသော အနီရောင် စာသားက လူတိုင်းကို ဒေါသထွက်သွားစေသည်။
[ယီးပဲ၊ ယီးပဲကွာ၊ ခွေးမသား ငါးကောင်က စောက်ရမ်း အရှက်မဲ့လွန်းတယ်၊ hack လုပ်ပြီး လူတွေကို ကန်ထုတ် ပြီးမှ ငါတို့ကို လာသရော်နေတာလား]
[အရှက်ကိုမရှိဘူး၊ စောက်ရမ်းကို အရှက်မရှိတာ၊ ဂျပန်ကကောင်တွေ တကယ်ကို အရှက်မရှိဘူး၊ အမှိုက်ကောင်တွေ]
[ဒါ လိမ်တာ အသိသာကြီး၊ ဒိုင်တွေ ဘယ်မှာလဲ၊ ဝိုင်နတ်ဘုရားက ပြိုင်ပွဲကို နိုင်နေတာလေ]
[အမှိုက်ဂိမ်းပဲ၊ သူတို့ ဘာလို့ hack ပြီး လူတွေကို ကန်ထုတ်တာလဲ, အား … ငါ အရမ်း ဒေါသထွက်နေပြီ၊ ငါ ဒေါသထွက်လွန်းလို့ အတွင်းဒဏ်ရာတွေ ရတော့မယ်]
ထိုအချိန်တွင် ကိုးလ်တို့အဖွဲ့သည်လည်း အလားတူ အံ့ဩနေကြသည်။ သူတို့သည် ဂိမ်းထဲမှ ကန်ထုတ်ခံလိုက် ရသည်ဟု ပြနေသည့် ဖန်သားပြင်ကို စိုက်ကြည့်၍ ဘယ်လို တုံ့ပြန်ရမလဲမသိ ဖြစ်နေကြသည်။
ဝူအာဆိုလျင် မျက်ရည်ပင် ကျလေသည်။
[အဟင့် အဟင့် အဟင့်၊ အစ်ကို ဝိုင်နတ်ဘုရား၊ ကျွန်မတို့ ဂိမ်းထဲက ကန်ထုတ် ခံလိုက်ရတယ်၊ အခု ကျွန်မတို့ ဘာလုပ်ကြမလဲ၊ ဟင့်ဟင့်ဟင့်]
ကိုးလ်သည် ဂိမ်းထဲ ပြန်ဝင်ရန် နည်းလမ်းရှာ၍ ကြိုးစားသော်လည်း အချည်းနှီး ဖြစ်နေသဖြင့် ပြာအက်နေသော အသံဖြင့် ကျိန်ဆဲလေတော့သည်။
[အရှက်မရှိတဲ့ဟာတွေ]
ကြည့်ရှုသူများက သူတို့၏ ထုတ်လွှင့်မှုသို့ အပြေးသွား၍ သူတို့ကို နှစ်သိမ့်ကြလေသည်။
[တင်ဆက်သူရေ စိတ်မတိုပါနဲ့၊ ဒါ ပြိုင်ဘက်တွေ လက်ပုန်းသီးနည်းလမ်းတွေ သုံးနေလို့၊ မင်း ရှုံးတာ မဟုတ်ဘူး]
[အဲ့ဂျပန်က တိရစ္ဆာန်ကောင်တွေနဲ့ ပတ်သက်ပြီး စိတ်တိုမခံပါနဲ့၊ အဲ့လူတွေက ကိုယ့်ကျင့်တရား မရှိတာ]
[ဝိုင်နတ်ဘုရား၊ မင်း ကောင်းကောင်းလုပ်ခဲ့တယ်၊ ဂိမ်းကနေ ထွက်လိုက်ပါတော့၊ ငါတို့ ဂျပန်အဖွဲ့ကကောင်းတွေရဲ့ ထီမထင်တဲ့ မျက်နှာကို မမြင်ချင်ဘူး]
“ဒုန်း”
စုန့်ချမ် စားပွဲကို ဒေါသတကြီး ရိုက်ချလိုက်သည်။ သူ ထရပ်လိုက်ပြီး မျက်နှာ နီရဲနေကာ တစ်ကိုယ်လုံး တုန်နေ၏။
သူ့စိတ်အခြေအနေက နတ်ပြည်ရောက်လိုက်၊ ငရဲပြည်ရောက်လိုက်နှင့် ဖြစ်နေသည်။ မျှော်လင့်ချက်လေး ပေါ်လာပြီး မကြာလိုက် ဆောက်တည်ရာမရ ဖြစ်ပြန်သည်။ သူ့တစ်ဘဝလုံး ဤမျှ ရိုလာကိုစတာ စီးသကဲ့သို့ ခံစားချက်များ ပြောင်းလဲရသည်ကို တစ်ခါမှ မခံစားရဖူးပေ။ သူ ဒုက္ခသုက္ခများကို သည်းခံခဲ့ပြီး နိုင်တော့မည့် အရိပ်အယောင်ကို မြင်ရတော့မည့်အချိန်တွင်မှ ဤအခြေအနေ ဖြစ်သွားခဲ့သည်။ ယင်းက သူ့ကို ရူးမတတ် ဖြစ်သွားစေ၏။
“တိုင်ရမယ်၊ သူတို့ကို hack တဲ့အတွက် တိုင်တန်းရမယ်”
စုန့်ချမ်က ဒေါသဖြင့် အံကြိတ်ကာ ပြောလိုက်သည်။
တိုင်တန်းခြင်းက အောင်မြင်နိုင်သော်လည်း ပြိုင်ပွဲက ရှုံးရန် ကံပါနေလေပြီ။ သူတို့ကို တိုင်လျင်လည်း ဘာထူးမည်နည်း။
သေမင်းတမန် ငါးဖောက်သည် ကြည့်ရှုသူများ၏ ဒေါသတကြီး တုံ့ပြန်ပုံကို သဘောကျနေပုံ ရသည်။ တစ်ယောက်ချင်းစီတိုင်းက မခိုးမခန့် ပြုံးနေကြပြီး သူတို့အား ဆဲဆိုပြစ်တင်သံများကို ဥပေက္ခာ ပြုထားကြသည်။ သူတို့အား အများ စကားပြောခန်း၌ ဆက်ပင် ပြောလိုက်သေးသည်။
[ဝိုင်နတ်ဘုရား မင်းက အရမ်း အံ့ဩစရာ ကောင်းတာ မဟုတ်ဘူးလား၊ ဆက်လုပ်လေ၊ ငါတို့စခန်းကို လာဖျက်စီးစမ်းပါ၊ မလုပ်ရင် မင်းက ငကြောက်ပဲ၊ ဟားဟားဟား …]
[အား … ငါ ပေါက်ကွဲတော့မယ်၊ ငါ့ဘဝမှာ တစ်ခါမှ ဒီလောက် ဒေါသမထွက်ရဖူးဘူး]
[ဝိုင်နတ်ဘုရား သူ့ကို မသိချင်ယောင်ဆောင်ထားလိုက်၊ ဂိမ်းထဲကနေသာ ထွက်လိုက်တော့၊ သူက မင်းကို နှောင့်ပြီး ဂိမ်းထဲမှ မင်းကို အရှက်ခွဲဖို့ ကြိုးစားနေတာ]
[ငါ ဟူယွီ ထုတ်လွှင့်ရေးကို သွားပြီး ဂျပန်က အဲ့ငါးကောင်ကို ထိုးဦးမယ်]
[သွားရအောင်၊ ငါလည်း ပါမယ်]
ထိုသို့သောအချိန်၌ အများအမြင်တွင် ရဲ့လင်းချန်က နောက်ခံမရှိသော ကူကယ်ရာမဲ့ တစ်ကိုယ်တည်းသမား အဖြစ်သို့ ပြောင်းလဲသွားပြီး ဂျပန်နိုင်ငံမှ အရှက်ခွဲသည်ကို ကျိတ်၍ သည်းခံနေရသူ ဖြစ်သွားလေသည်။ သို့သော် သူတို့တွင် သူ့ကို ကူညီနိုင်မည့် နည်းလမ်းမရှိသဖြင့် ဒေါသကြောင့် သူတို့ရင်ဘတ်ကိုသာ သူတို့ ထုနေရသည်။
[ဝိုင်နတ်ဘုရား တောင်းပန်ပါတယ် …]
ကိုးလ်တို့အဖွဲ့သည် နောင်တရစွာ တောင်းပန်လေသည်။
[ဘာမှမဖြစ်ပါဘူး၊ ဒါ မင်းတို့ အမှား မဟုတ်ဘူး]
ရဲ့လင်းချန်က အသာပြုံး၍ ပြန်ပြောလိုက်သည်။ ထို့နောက် သူသည် ထုတ်လွှင့်မှုကို တည့်တည့်ကြည့်၍ အေးအေး လူလူ ပြောလိုက်သည်။
[အဆင်ပြေပါတယ်၊ မင်းတို့အားလုံး စိတ်ပူပေးလို့ ကျေးဇူးတင်ပါတယ်၊ ငါ တစ်ယောက်တည်း မနိုင်ဘူးလို့ မပြောခဲ့ပါဘူး၊ ငါတောင် သွေးမပျက်တာ မင်းတို့က ဘာလို့ ဖြစ်နေတာလဲ]
ရဲ့လင်းချန်၏ စကားက လူတိုင်းကို မသိမသာ အံ့ဩသွားစေပြီး မျက်လုံးတွင် သိချင်စိတ်တို့ဖြင့် ပြည့်နှက် လာသည်။
*ဒီစကားက ဘာကို ပြောတာလဲ၊ ဝိုင်နတ်ဘုရားက တစ်ခုခု ရှိသေးတာလား*
ထိုသို့သောအချိန်၌ ရဲ့လင်းချန်က မထင်မှတ်ထားသော လှုပ်ရှားမှုကို ပြုလုပ်လာသည်။ သူက ဟီးရိုး ငါးကောင်လုံးကို အတူတူ စုစည်းလိုက်သည်။
[ဒါ … ဒါ … ဒါ မဖြစ်နိုင်ဘူး]
[လခွမ်း၊ နောက်လာမယ့်အရာက တကယ့် စွမ်းရည်ကို ထုတ်ပြတာလို့ ငါ ထင်တယ်]
[ငါ့စိတ်အားထက်သန်မှုတွေ ပွက်ပွက်ဆူလာတယ်လို့ ငါ ခံစားမိတယ်၊ ဝိုင်နတ်ဘုရားက တစ်ယောက်တည်း စီမံဖို့ ကြံစည်နေတာလား]
[ဟီးရိုး ငါးကောင်လုံးကို တစ်ယောက်တည်း ထိန်းချုပ်မလို့လား၊ ဒါ ရူးနေတာပဲ]
လူတိုင်း ဖန်သားပြင်ကို မျက်လုံး ကော်ကပ်ထားသကဲ့သို့ ကြည့်နေကြပြီး သူတို့မျက်လုံးတွင် မယုံနိုင်ဟန်နှင့် မျှော်လင့်ချက်တို့ ပြည့်နှက်လာသည်။ ကိုးလ်နှင့် ဝူအာတို့သည် နှုတ်ခမ်းကိုယ်စီကိုက်၍ ရဲ့လင်းချန်၏ တိုက်ရိုက် ထုတ်လွှင့်မှုကို ကြည့်နေကြသည်။ စုန့်ချမ်သည်လည်း ရဲ့လင်းချန်ကို ကြည့်နေပြီး လက်သီးကို တင်းနေအောင် ဆုပ်၍ မျှော်လင့်ချက်တို့ဖြင့် ထပ်မံ ပြည့်နှက်လာပြန်သည်။
မရေတွက်နိုင်သော စူးစမ်းသည့် အကြည့်များအောက်၌ ရဲ့လင်းချန်သည် ဟီးရိုး ငါးကောင်လုံးကို ထိန်းချုပ်၍ ပြိုင်ဘက်၏ စခန်းသို့ တက်သွားသည်။
ပုံမှန်အတိုင်းပင် Anti-Mage က တာဝါကို ဖြိုနေချိန်တွင် ကျန်ဟီးရိုး လေးကောင်က ကာထားပေးသည်။
“ဟမ်”
သေမင်းတမန် ငါးဖော် မျက်မှောင်ကြုတ်သွားသည်။
*သူ တစ်ယောက်တည်း ထိန်းနေတာလား*
သာမန်အခြေအနေတွင် DOTA တွင်း၌ ဟီးရိုးတစ်ကောင်ချင်းစီသည် စွမ်းရည် အသက်သွင်းခြင်းနှင့် အသုံးပြုခြင်းတို့တွင် ထူးခြားသော လိုအပ်ချက်များ ရှိသည်။ ထို့အပြင် စဉ်းစားရမည့် အချက်များစွာလည်း ရှိသည်။ ပြိုင်ဘက်က ငါးယောက်အဖွဲ့ ဖြစ်ပြီး လုပ်နိုင်စွမ်းများစွာ ရှိလေသည်။
လူတစ်ယောက်က ဟီးရိုးနှစ်ကောင်ကို ထိန်းခြင်းကပင် အတော်လေး ကြောက်စရာ ကောင်းသည်ဟု ဆိုရပေမည်။ ဟီးရိုး ငါးကောင်ကို ထိန်းခြင်းက ဒဏ္ဍာရီတစ်ခုပင်။
[ဟမ့် ဟန်လုပ်နေတာပဲ]
ဂျပန်နိုင်ငံမှ အဖွဲ့သည် လှောင်ရယ်လိုက်ပြီး ယခင်အတိုင်း Anti-Mage ကို တိုက်ခိုက်ရန် အာရုံစိုက်ကြသည်။
Slayer က ရှေ့သို့ အနည်းငယ် တိုးလာပြီး Anti-Mage ၏ HP ကို ဆွဲချရန် ကြံစည်နေသည်။ သို့သော် ထိုအချိန်မှာပင် ရဲ့လင်းချန်က Centaur ကို ထိန်းချုပ်၍ Blink Dagger သုံး၍ Slayer ရှေ့သို့ တည်နေရာ ပြောင်းစေလိုက်ပြီး မြေကြီးအား ရိုက်ချလိုက်သည်။
Slayer အံ့ဩသွားသည်။
ထို့နောက် Anti-Mage က အချိန်မဆွဲဘဲ Blink ကို သုံး၍ Slayer ဆီသို့ တည်နေရာ ကူးပြောင်း၍ စတင် တိုက်ခိုက်လေသည်။ တစ်ချိန်တည်းမှာပင် Centaurက အခြားစွမ်းရည်များကို သုံး၍ ult ကိုပါ တွဲသုံးလိုက်သည်။
ဂျပန်နိုင်ငံမှ ကျန်လေးယောက်သည်လည်း အဖြစ်အပျက်ကို သတိထားမိသွားပြီး Slayer ကို ကယ်ရန် ပြေးလာ ကြသည်။ Earthshaker က လက်ကိုမြှောက်လိုက်ချိန်တွင် Clockwerk က ရှေ့သို့ ပြေးတက်လာပြီး Earthshaker ၏ မန္တန်ကို ဖျက်ဆီးကာ အခြားသူများနှင့် လူချင်းခွဲလိုက်သည်။
တစ်ချိန်တည်းမှာပင် Lion က ဝင်တိုက်လာပြီး ကျန်နှစ်ယောက်အား Earth Spike ဖြင့် တိုက်ခိုက်လေသည်။
တစ်ခဏလေး နှောင့်နှေးသွားသည့် အခိုက်မှာပင် Anti-Mage က သူ့ ult ကို သုံး၍ Slayer ကို တိုက်ခိုက် လိုက်သည်။ Slayer နှင့် Earthshaker တို့ မြေကြီးပေါ် ပြိုင်တူလဲကျသွားသည်။
တစ်ခဏအတွင်းမှာပင် Anti-Mage က Blink ကို ထပ်သုံး၍ Drow Ranger ရှေ့တည့်တည့်သို့ တည်နေရာ ရွှေ့ပြောင်းကာ ဓားဖြင့် ခုတ်လေသည်။
Ice Soul နှင့် Jakiro တို့သည် အံ့ဩနေရာမှ သတိဝင်လာပြီး သူတို့စွမ်းရည်ကို အသုံးပြုရန် ပြင်လေသည်။ ထိုစဉ် ရဲ့လင်းချန်က Tidehunter ကို ထိန်းချုပ်၍ တည်နေရာပြောင်းကာ Ravage ult ကို သုံးလိုက်သည်။
၎င်း၏ အများကို ထိန်းချုပ်နိုင်သည့် စွမ်းရည်ကြောင့် သုံးယောက်သား လဲကျသွားပြန်သည်။
“ဝှစ် ဝှစ် ဝှစ်”
Anti-Mage သုံးကောင် ကွဲသွားပြီး ထိုသုံးယောက်အား အသီးသီး အပြတ်ရှင်းပေးလိုက်သည်။
“Mega kill! Rampage!”
တိုက်ပွဲတစ်ခုလုံးသည် အံ့ဩစရာကောင်းလောက်အောင် လျင်မြန်စွာ ပြီးဆုံးသွားသည်။ လူတိုင်း သတိမဝင် လာခင်မှာပင် တိုက်ခိုက်မှုက ပြီးသွားပြီး ဂျပန်ဘက်မှ ငါးယောက်လုံးသည် ပြန်အသက်ဝင်သည်ကို စောင့်နေရ လေသည်။
[ဒ..ဒ..ဒါ… သောက်ကျိုးနည်း၊ တစ်ချက်တည်းနဲ့ အကုန် သတ်လိုက်တာလား]
[ငါ တောင်းပန်ပါတယ်၊ ငါ ခုနက နည်းနည်း သတိလွတ်သွားလို့၊ ငါတို့ ပြန်ကြည့်လို့ ရလား]
[ဒါ အရမ်း မိုက်တယ်ကွာ၊ ဒီဗွီဒီယိုကို ကြည့်နေတုန်း ငါတို့ ဒူးထောက်ဖို့ လိုလား]
[ကြည့်ရင်း ဒူးထောက်မယ် ဟုတ်လား၊ ဟဲဟဲ ငါ့ကို ထဖို့ ကူပေးဦး၊ ငါ ဒူးထောက်နေလို့ ခြေထောက်တွေတောင် ထုံနေပြီ]
…
ချက်ချင်းဆိုသလိုပင် မှတ်ချက်များ ပလူပျံလာပြီး ဖန်သားပြင်၌ 666 များ ဖုံးနေ၏။ လက်ရှိတွင် လူတိုင်းသည် ဆောက်တည်ရာမရခြင်းတို့အလယ်၌ မျှော်လင့်ချက် ရောင်ခြည်ကို တွေ့လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
*ဘာက ဆန်းကြယ်မှုလဲ၊ ဒါကမှ ဆန်းကြယ်မှုပဲ*
ယခင်က သူတို့ ဆောက်တည်ရာမရ ခံစားခဲ့ရသလောက် ယခု စိတ်လှုပ်ရှားနေကြသည်။ ထုတ်လွှင့်မှုတစ်ခုလုံး၌ လက်ဆောင်များ ပလူပျံနေ၏။ အချို့သော ကြည့်ရှုသူများဆိုလျင် ရိုလာကိုစတာ စီးသကဲ့သို့ ခံစားချက်များ တက်လိုက် ကျလိုက် ဖြစ်ခဲ့သဖြင့် မျက်ရည်များပင် ကျနေလေသည်။