ခေါင်းစဉ် “ကမ္ဘာ့နံပါတ်တစ် ပုံစံ”
Vol. 23 Ch. 333
သို့သော် လူတိုင်း အောင်ပွဲမခံနိုင်ခင်မှာပင် တစ်ဖက်အသင်းက ပြိုင်တူ တိုက်ခိုက်လာကြောင်း ဂိမ်းဖန်သားပြင်က ပြသလာ၏။
ဟီးရိုးငါးကောင်က ရန်လိုစွာ ပြေးတက်လာပြီး တင်းမာသော အခြေအနေတစ်ခုအဖြစ် တစ်ဖန် ပြောင်းလဲလာ ပြန်သည်။
သို့သော် ရဲ့လင်းချန်က နောက်ဆုတ်မည့် အရိပ်အယောင် မပြချေ။ သူက ဘာမှမဖြစ်သကဲ့သို့ ဟီးရိုးငါးကောင်ကို ထိန်းချုပ်၍ တာဝါများကို ဖျက်ဆီးနေသည်။
ယခုတစ်ခေါက်တွင် ဂျပန်ဘက်မှ အသင်းက ပို၍ သတိထား ချဉ်းကပ်လာပြီး နည်းနည်းလေးမှ အမှားမခံရဲပေ။
မမျှော်လင့်ဘဲ ရဲ့လင်းချန်က နောက်ဆုတ်ရမည့်အစား တန်ပြန် တိုက်ခိုက်လာ၏။ Anti-Mage ကို သူတို့ထံ တန်း၍ တည်နေရာ ရွှေ့ပြောင်းလိုက်ပြီး Manta Style ကို အသက်သွင်း၍ စတင် တိုက်ခိုက်ကာ သူတို့၏ mana များ ကုန်ဆုံးအောင် ပြုလုပ်လေသည်။ ယင်းက သူတို့ဗျူဟာအတွင်း၌ ဇဝေဇဝါ ဖြစ်စေသည်။
Earthshaker က မတတ်သာပဲ ရှေ့တက်၍ Fissure ကို ထုတ်သုံးကာ Anti-Mage အား ပစ်မှတ်ထားလိုက်သည်။ သူတို့ Anti-Mage ကို ချိန်၍ မီးမှုတ်ရန် ပြင်လိုက်ချိန်တွင် ရဲ့လင်းချန်က Lion ကို ထိန်းချုပ်၍ တိုက်ပွဲ ဖြစ်နေရာသို့ တည်နေရာ ပြောင်းလာစေကာ Hex နှင့် Earth Spike တို့ကို တိုက်ခိုက်စေသည်။ ယင်းက Slayer နှင့် Jakiro ကို အခွင့်မသာ ဖြစ်သွားစေသည်။ Clockwerk သည်လည်း သူ၏ သံကြိုးများကို ထုတ်၍ Ice Soul ကို ချုပ်ထားသည်။ Tidehunter တွင် ult မရှိသော်လည်း tank အဖြစ် ဒိုင်းသဖွယ် အနာခံပေးလေသည်။
“ရွှစ် ရွှစ် ရွှစ်”
Anti-Mage သည် ပုံရိပ်ယောင်များနှင့်အတူ တစ်ယောက်ပြီး တစ်ယောက်အား တိုက်ခိုက်နေ၏။ ပြိုင်ဘက် များသည် ဗျူဟာ ပျက်သွားသဖြင့် အချင်းချင်း ကောင်းကောင်းမွန်မွန် မကာပေးနိုင်တော့ချေ။ သူတို့ထဲက ဘယ်သူမှ Anti-Mage ကို မယှဉ်နိုင်တော့ဘဲ သူ၏ တိုက်ကွက်များအောက်၌ လျင်မြန်စွာ ကျဆုံးလေတော့သည်။
သူတို့ ပြေးချင်ပါသော်လည်း ဘယ်လိုလုပ် Anti-Mage လက်ထဲက လွတ်ပါမည်နည်း။ Blink တစ်ချက် သုံးလိုက်သည်နှင့် သူတို့အနား ရောက်ရောက်လာသည်။ ရဲ့လင်းချန်သည် သူ့အသင်းဘက်မှ အခြားဟီးရိုးများ၏ အဝေး ထိန်းချုပ်သည့် စွမ်းအင်ကို အသုံးပြုရန်သာ လိုအပ်ပြီး ရန်သူဟီးရိုးများအား သူ့ဓားချက်အောက်၌ ကျဆုံးသွားအောင် ပြုလုပ်လေသည်။
မကြာခင်မှာပင် ဂိမ်းထဲမှ အသံများ ထပ်မံ ထွက်ပေါ်လာ၏။
“Mega Kill! Rampage!”
လက်ရှိတွင် ကြည့်ရှုသူများသည် ယခင်ကထက် ပို၍ အာရုံစိုက်လာပြီး အသေးစိတ်တိုင်းကို မျက်တောင် မခတ်တမ်း ကြည့်နေကြသည်။ အချို့ဆိုလျင် အသက်ရှူရန်ပင် မေ့နေ၏။
တိတ်ဆိတ်သွားလေသည်။ ထုတ်လွှင့်မှုတစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်နေသည်။
ဖန်သားပြင်တွင် ရဲ့လင်းချန် ထိန်းချုပ်ထားသော ဟီးရိုးငါးကောင်လုံးက မာန်ပါပါ ရပ်နေကြသည်။ လက်ရှိ အချိန်သည် တုနှိုင်းမမီသော ဂုဏ်ယူရမည့်အချိန်ဖြစ်ပြီး ကြည့်ရှုသူအားလုံး၏ စိတ်ထဲ၌ နက်ရှိုင်းစွာ ထင်ကျန် ရစ်နေသည်။
[လခွမ်း ဒါ အရမ်း မိုက်လွန်းတယ်ကွာ၊ ငါ အံ့ဩလွန်းလို့ ငိုမိတော့မလို့၊ ငါ မလိမ်ဘူး]
[ဒါက လုံးဝကို အံ့ဩဖို့ ကောင်းလွန်းတယ်၊ ငါ ဒဲ့ပြောမိသွားရင် ခွင့်လွှတ်ကွာ၊ ဒါပေမဲ့ ဝိုင်နတ်ဘုရားက အဖွဲ့ဖွဲ့ ဖို့တောင် လိုလို့လား၊ ဒါ မလိုအပ်တဲ့ လှုပ်ရှားမှုပဲလေ၊ သူက ဂိမ်းကို တစ်ယောက်တည်း စိုးမိုးထားလို့ ရတယ်]
[အပေါ်ကလူပြောတာကို ငါ ထောက်ခံတယ်၊ ဒါက အရမ်း ကြောက်ဖို့ ကောင်းလွန်းတယ်၊ ဟီးရိုး ငါးကောင်လုံးကို တစ်ယောက်တည်း ထိန်းချုပ်တဲ့အပြင် အားလုံးကို အချိန်မီ စီမံနိုင်သေးတယ်၊ ဒါက အဖွဲ့လိုက်ထက်တောင် ပိုပြီး အဆင်ချောနေသလို ခံစားနေရတယ်]
[ဟုတ်တယ်၊ ဝိုင်နတ်ဘုရားက အံ့ဩဖို့ကေင်းတယ်၊ သူက ရန်သူ ငါးယောက်ကို လုံးဝ ဟာကွက်မရှိတဲ့ စွမ်းရည်နဲ့ ထိန်းချုပ်ထားနိုင်ခဲ့တယ်၊ ဟီးရိုးတွေ အဖွဲ့လိုက် လုပ်ဆောင်တာက ပြီးပြည့်စုံလွန်းတယ်၊ စောက်ရမ်းကို အဆင်ချောနေတာ၊ ကိုးလ်နဲ့ ကျန်တဲ့လူတွေက ဝိုင်နတ်ဘုရားကို နောက်ဆံတင်းအောင် လုပ်နေခဲ့တာလို့ ငါ ထင်မိတယ်]
[အရေးမပါတာတွေ ပြောမနေနဲ့တော့၊ ဖန်သားပြင်မှာ 666 တွေ ပြည့်နေအောင် လုပ်လိုက်ကြစို့]
…
ဂျပန်အသင်းဘက်မှ ငါးယောက်လုံး၏ မျက်နှာအမူအရာက အလွန်အမင်း မည်းမှောင်နေ၏။ သူတို့ ပြောစရာ စကားမရှိ ဖြစ်နေကြသည်။ သူတို့သည် ပြန်အသက်ရှင်လာအောင် စောင့်နေရုံသာ တတ်နိုင်လေသည်။
ရဲ့လင်းချန်သည် အဆင့်သုံး တာဝါကို ဖျက်ဆီးပြီးနောက် သူတို့၏ barrack များကို မဖျက်ဆီးပေ။ ထိုအစား သူက ဟီးရိုးငါးကောင်ကို ထိန်းချုပ်၍ Dire’s Ancient သို့ ဦးတည်သွားသည်။
Anti-Mage တွင် Heart of Tarrasque ရှိသဖြင့် တာဝါမှ ပြန်တိုက်ခိုက်မှုကို ခံနိုင်ရည် ရှိသည်။ Dire’s Ancient ကို ကာကွယ်ပေးသည့် တာဝါများကို ဖျက်ဆီးပြီးနောက် သူက Dire’s Ancient ကို ချက်ချင်း တိုက်ခိုက်လေသည်။
ထိုလှုပ်ရှားမှုသည် ရူးချင်စရာကောင်းပြီး အလွန် စိတ်ကြီးဝင်လွန်းသည်ဟု ဆိုရပေမည်။
အဘယ်ကြောင့်ဆိုသော် barrack များကို ဖျက်ဆီးမှာသာ ပို၍ အလေးသာမည် ဖြစ်သောကြောင့်ပင်။ Dire’s Ancient ကို ဖျက်ဆီးခြင်းက ဂိမ်းကို နိုင်စေိုင်သော်လည်း ပြိုင်ဘက်များကို အသက်ရှူပေါက် ပေးလိုက်သလို ဖြစ်သွားပြီး ရှုံးသွားနိုင်လေသည်။
ရဲ့လင်းချန်သည် ဟီးရိုးငါးကောင်ကို ထိန်းချုပ်၍ ဂျပန်နိုင်ငံအသင်း၏ Dire’s Ancient ကို အားလုံး၏ မျက်စိအောက်၌ စတင် တိုက်ခိုက်လေသည်။
ယင်းက အဆိုးရွားဆုံး မထီမဲ့မြင် ပြုခြင်းပင်။ ယင်းက သေမင်းတမန် ငါးဖော်ကို ပေါ်တင် မလေးမစား လုပ်ခြင်းပင်တည်း။
တစ်ချိန်တည်းမှာပင် ရဲ့လင်းချန်က အများစကားပြောခန်း၌ ‘?’ ဟု ရိုက်လိုက်သည်။ ၎င်းသည် အစောပိုင်းက သေမင်းတမန် ငါးဖော်၏ ရန်စမှုကို ပြန်လည် တုံ့ပြန်လိုက်ခြင်းပင်။
[မိုက်တယ်၊ စောက်ရမ်း လန်းတယ်၊ ဝိုင်နတ်ဘုရားက အမိုက်ဆုံးပဲ]
[အား …. ဝိုင်နတ်ဘုရားရေ ချစ်တယ်နော်၊ ဒါမှ လွှမ်းမိုးနိုင်တဲ့သူပဲ၊ လျပ်စီးလို အမြန်နှုန်းနဲ့ မျက်နှာ ဖြတ်ရိုက် ပစ်တာ]
[သေမင်းတမန် ငါးဖော် ဟုတ်လား၊ အာရှတစ်ဝက်ရဲ့ ချန်ပီယံတဲ့လား၊ စိတ်မကောင်းပါဘူး၊ တရုတ်ပြည်မှာဆိုရင် သူတို့က အမှိုက်သာသာပဲ၊ ဝိုင်နတ်ဘုရားက သူတို့ကို တစ်ယောက်တည်း ဖိနှိပ်နိုင်တယ်]
[ဘာလဲ မင်း မယုံဘူးလား၊ ဘယ်ဟီးရိုးလို့ မင်း မေးလိုက်တာလဲ၊ ဒါ ဟီးရိုးတွေအားလုံးထဲမှာ အမှိုက်အဆန်ဆုံးလို့ ပြောကြတဲ့ Anti-Mage ပဲကွ]
…
မရေတွက်နိုင်သော စိတ်လှုပ်ရှားစွာ အားပေးသံများကြား၌ သေမင်းတမန် ငါးဖော်သည် အသံပင် မထွက်ရဲချေ။ သူတို့ အမြီးများ ကုပ်နေပြီး ဂိမ်းထဲမှ တိတ်တဆိတ် ထွက်သွားရန်သာ ရွေးချယ်လိုက်ကြသည်။
ဤပြိုင်ပွဲသည် အနိမ့်အမြင့်၊ အတက်အကျတို့နှင့် ပြည့်နှက်နေခဲ့သည်။ သို့သော် အဆုံးသတ်က လူတိုင်းကို စိတ်လှုပ်ရှားစေပြီး အချိန်အတော်ကြာအောင် ပျော်ရွှင်စေခဲ့သည်။ ကြည့်ရှုသူများသည် စိတ်အား ထက်သန်မှု တို့နှင့် ပြည့်နှက်စေခဲ့ကာ တစ်ညလုံး အိပ်မရအောင် စိတ်လှုပ်ရှားနေကြလေသည်။
ရှောင်ဟွေသည် DOTA ချစ်သူ တစ်ယောက် ဖြစ်သည်။ ပြိုင်ပွဲက ပြီးသွားသော်လည်း သူက အခန်းထဲ၌ ဘယ်ညာ လမ်းလျှောက်လျက် ရှိနေဆဲဖြစ်ကာ လုံးဝ အိပ်ချင်စိတ် ပျောက်နေသည်။ နောက်ဆုံးတွင် သူက ဖုန်းထုတ် လိုက်သည်။
“ဟဲလို ရှောင်ပိုင်၊ ငါ ရှောင်ဟွေ၊ မင်း ဝိုင်နတ်ဘုရားရဲ့ ပြိုင်ပွဲကို ကြည့်ပြီးပြီလား၊ ဒါဆို မင်းလည်း ကြည့်လိုက်တာပေါ့၊ ရင်ခုန်စရာ ကောင်းတယ် မဟုတ်လား၊ ငါ အိပ်လို့မရဘူး၊ ငါတို့ bbq လေး ထွက်စားပြီး စကား ပြောကြမလား၊ ဒါပေါ့ ငါ ရှောင်ဟိုင်ကို ဆက်လိုက်မယ် …”
ထိုအချိန်တွင် ပန်ဒါ ထုတ်လွှင့်ရေး ဌာနချုပ်၌ စုန့်ချမ်၏ မျက်နှာသည် စိတ်လှုပ်ရှားမှုကြောင့် မျက်နှာတည်မရ ဖြစ်နေသည်။ နောက်ဆုံးတွင် သူ ထိန်းမထားနိုင်တော့ဘဲ ခေါင်းမော့၍ အားပါးတရ ရယ်မောလေတော့သည်။
ဝန်ထမ်းတစ်ယောက်က ပြေးလာပြီး မေးလေသည်။
“ဒါရိုက်တာစုန့် အိမ်ပြန်ချိန် ရောက်ပြီလားဗျ”
“အိမ်ပြန်မယ် ဟုတ်လား၊ မင်း ဘာတွေ ပြောနေတာလဲ၊ ဒီနေ့ မင်းတို့အားလုံး အချိန်ပိုဆင်းရမယ်၊ ငါတို့ ဒါကို ကောင်းကောင်း အောင်ပွဲခံမှ ရမယ်၊ စီမံခန့်ခွဲမှုဌာနကို သွားပြီး သူတို့ကို ဒီပြိုင်ပွဲကို တတ်နိုင်တဲ့ နည်းပေါင်းစုံနဲ့ ကြော်ငြာဖို့ ပြောလိုက်၊ မပူနဲ့ အချိန်ပိုကြေးကို သုံးဆပေးမယ်”
စုန့်ချမ်က ချက်ချင်း ကြေညာလိုက်ပြီး အလျင်အမြန် အလုပ်လုပ်လေတော့သည်။
ဟူယွီတွင်မူ သူတို့နှင့် ဆန့်ကျင်ဘက် အနေအထား ဖြစ်နေသည်။ ဝမ်ယွမ်သည် ဆိုဖာပေါ်၌ ထိုင်နေပြီး မျက်နှာက လူသေအလား ဖြူရော်နေကာ နှုတ်ခမ်းများ တဆတ်ဆတ် တုန်နေ၏။ သူ့မျက်နှာက အသက် ပိုကြီးသွားသည်ဟု ထင်ရလေသည်။
ဝန်ထမ်းများသည် အခြေအနေကို သတိပြုမိပြီး ဤနေရာမှာ ဘယ်လို ထွက်ရမလဲဟု စိတ်ထဲ၌ ကြံစည် တွေးတောနေ၏။ ထိုစဉ် ဝန်ထမ်းတစ်ယောက်က အခန်းထဲ အသည်းအသန် ပြေးဝင်လာ၍ ပြောလာသည်။
“စီအီးအိုဝမ် သတင်းဆိုးပါ၊ ကျွန်တော်တို့ website က လုံးဝ အပြောခံနေရပါတယ်၊ ပက်ပက်စက်စက် ဝေဖန်တဲ့ မှတ်ချက်တွေနဲ့ ပြည့်နေပါတယ်”
“စီအီးအိုဝမ် အခြေအနေ မကောင်းတော့ဘူး၊ ကျွန်တော်တို့ တိုက်ရိုက်ထုတ်လွှင့်မှုရဲ့ အသုံးပြုသူ အရေအတွက်က အလျင်အမြန် ကျဆင်းနေပါတယ်”
“စီအီးအိုဝမ်၊ တင်ဆက်သူတွေက ကျွန်တော်တို့နဲ့ စာချုပ်ဖျက်ဖို့ ပြောနေပါပြီ၊ ကျွန်တော်တို့ ဘာလုပ်ကြမလဲ”
“စီးအီးအိုဝမ်၊ ရင်းနှီးမြှုပ်နှံသူတွေ ရူးနေကြပါပြီ …”
သတင်း တစ်ခုပြီး တစ်ခုက ဝမ်ယွမ်၏ မျက်နှာကို ပို၍ ဆိုးရွားလာစေသည်။ သူသည် လက်ကာပြ၍ ဘာမှမပြောဘဲ နေလိုက်သည်။ ထိုအရာအားလုံးကို သူ ခန့်မှန်းမိပါသည်။ သို့သော် ရလဒ်က သူ ထင်ထားသည်ထက် ပိုဆိုးနေ၏။
သူ၏ စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်၍ နာမည်အပျက်ခံခဲ့သော်လည်း ဝိုင်နတ်ဘုရားက အနိုင်ရအောင် လုပ်နိုင်ခဲ့သေးသည်။ ယင်းက သူ့အား လုံးဝ မျှော်လင့်ချက် မဲ့သွားစေသည်။
ထင်ထားသည့်အတိုင်းပင် ဟူယွီသည် မကြာခင် ပြိုလဲပေတော့မည်။ ယခုအခါတွင် ဤကံတရားအား ပြောင်းလဲရန် ဘာမှမတတ်နိုင်တော့ချေ။
တစ်ညတည်းနှင့် ဤပြိုင်ပွဲ ဗွီဒီယိုက အင်တာနက်တစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး နေရာအနှံ့အပြား၌ ဆွေးနွေး နေကြသည်။ ဂိမ်းထဲ စိတ်မဝင်စားသည့်သူများတောင်မှ ထိုသတင်းကို သိကြလေသည်။ ၎င်းက တစ်နိုင်ငံလုံးအနှံ့ ပျံ့နှံ့နေ၏။
သေမင်းတမန် ငါးဖော်သည် ပြိုင်ပွဲ ရှုံးသွားပြီး လုံးဝ ဖိနှိပ်ခံခဲ့ရသည့် သတင်းက နိုင်ငံတကာ DOTA အသိုင်းအဝိုင်းကိုပါ အုတ်အော်သောင်းနင်း ဖြစ်သွားစေသည်။
ထိုပြိုင်ပွဲသည် နောင်ဆယ်နှစ်အထိ ဂန္ထဝင်သတင်းအဖြစ် ဆက်လက် တည်ရှိခဲ့သည်။ ၎င်းကို ဘယ်အရာကမှ မကျော်ဖြတ်နိုင်ခဲ့သလို Anti-Mageသည် အမှိုက်ဟီးရိုးဟူသည့် ၎င်း၏ နာမည်ဆိုးမှ လွတ်မြောက်ကာ အများ၏ စိတ်ဝင်စားခြင်း ခံလာရသည်။ ၎င်းသည် အစွမ်းဆုံး ဟီးရိုးများထဲမှ တစ်ကောင်ဟုပင် နာမည်ရလာခဲ့သည်။
ဝိုင်နတ်ဘုရား၏ လက်ထဲမှ Anti-Mage ၏ ခမ်းနားသော စွမ်းဆောင်ရည်ကြောင့် လူအများက Anti-Mage အား ဝိုင်နတ်ဘုရား နာမည်ဖြင့် ဘွဲ့တစ်ခု ပေးလေသည်။ ယခုအခါ၌ ၎င်းတွင် “ကမ္ဘာ့နံပါတ်တစ်ပုံစံ” ဟူသည့် နာမည်ပြောင်ပင် ထပ်ရလာသည်။