← Chapters

နတ်တေးသံ

Vol. 23 Ch. 334

နတ်တေးသံ

Vol. 23 Ch. 334

ထိန်းမနိုင် သိမ်းမရ ဖြစ်နေသော မှတ်ချက်များနှင့် လျင်မြန်စွာ တိုးလာနေသော လက်ဆောင်များကို ကြည့်ပြီး သူ အင်တင်တင် ပြုံးလိုက်သည်။

[အစ်ကို ဝိုင်နတ်ဘုရား၊ ရှင်က တကယ်ကို အရာရာ စွမ်းတာပဲ၊ ကျွန်မတို့ ရှင်နဲ့ အဖွဲ့ဖွဲ့လိုက်ရင် ရှုံးဖို့ မဖြစ်နိုင်ဘူးလို့ ကျွန်မ ခံစားနေရတယ်]

ဝူအာက ပြောသည်။

[ဟဲဟဲ ငါက ပြိုင်ပွဲတစ်ပွဲ ရှုံးသွားတယ်ဆိုတာက ဘယ်လို ခံစားရလဲလို့ တကယ် သိချင်နေတာ၊ စိတ်မကောင်း စရာက ငါ့ကို ရှုံးအောင် လုပ်နိုင်မယ့်သူက မမွေးသေးဘူးနဲ့တူတယ်]

ရဲ့လင်းချန်က ပြန်ပြောလိုက်သည်။ ထိုသို့ ကြွားဝါလိုက်သော စကားကြောင့် သရော်သံများ ထွက်လာလေသည်။

[ဝိုင်နတ်ဘုရား နင် ဒီည ဂိမ်းကစားဦးမှာလား၊ ငါတို့ အသင်းလိုက် ဆော့ဦးမလား]

ကိုးလ်က အကြံပေးသည်။

[ငါ မပါတော့ဘူး၊ မင်းတို့ ဆက်တော့ကြပါ၊ ငါ အားတဲ့အခါကျမှ ဝင်ဆော့တော့မယ်]

ရဲ့လင်းချန် ပြုံး၍ ပြန်ပြောလိုက်သည်။

[အင်း … ပြီးရောလေ]

ကိုးလ်အသံက အနည်းငယ် စိတ်ပျက်သွားပုံရသည်။ ထို့နောက် သူမက ဘာမှမဖြစ်သလို ရယ်၍ မေးလေသည်။

[ဝူအာ အဖွဲ့ဖွဲ့ရအောင်၊ ငါ Anti-Mage ပုံစံအသစ်ကို သုံးပြီး လေ့ကျင့်ချင်လို့]

[အာ ကျွန်မလည်း Anti-Mage ကို သုံးဖို့ စဉ်းစားနေတာ၊ အလှည့်ကျ လေ့ကျင့်ရအောင်လေ]

ဝူအာက အကြံပြုသည်။

ရဲ့လင်းချန် အားပါးတရ ရယ်လိုက်ပြီးမှ ထုတ်လွှင့်မှုထဲမှ ကြည့်ရှုသူများကို မြန်မြန်နှုတ်ဆက်၍ ဂိမ်းထဲမှ ထွက်လိုက်သည်။

ဒီတစ်ခေါက် DOTA ပြိုင်ပွဲက မိနစ်လေးဆယ်နီးပါး ကြာသွားခဲ့သည်။ ရဲ့လင်းချန်က သူ့ထုတ်လွှင့်မှုကို ပုံမှန်ထက် တစ်နာရီ စော၍ သိမ်းလိုက်သည်။

*ဒီပြိုင်ပွဲက ငါ့ရေပန်းစားမှုအမှတ်ကို တိုးစေလောက်တယ် မဟုတ်လား*

ရဲ့လင်းချန် ခုတင်ပေါ် လှဲလိုက်ပြီး စနစ်မီနူးကို အားတက်သရော ဖွင့်ကြည့်လိုက်သည်။

ကြည့်လိုက်သည်နှင့် သူ့နှုတ်ခမ်းက အပေါ်သို့ တွန့်ကွေးလာပြီး ပြုံးလိုက်မိသည်။ အစက ၇၀,၀၀၀ ဝန်းကျင် ရှိသော ရေပန်းစားမှုအမှတ်က ၁၈၈,၉၉၈ သို့ ပြောင်းလဲသွားသည်။

*အမှတ် ၁၁၀,၀၀၀ တောင် တက်လာတာပဲ*

ထိုအမှတ်များကို ပြိုင်ပွဲမှ အဓိက ရလာခြင်း ဖြစ်ပြီး သေးငယ်သော ပမာဏအချို့မှာ နတ်ဘုရားများကို သုတ်သင်ခြင်းမှ ပီယောင်ကို သေခိုင်းလိုက်ခြင်းကြောင့် အုတ်အော်သောင်းနင်း ဖြစ်မှုမှ ဖြစ်သည်။ ၎င်းထဲမှ တစ်စိတ်တစ်ပိုင်းသည် သူ၏ နေ့စဉ် စုဆောင်းထားခြင်းမှ ရလာခြင်း ဖြစ်ပေသည်။

သို့သော် ယင်းက ယနေ့ဂိမ်းပွဲ၏ လွှမ်းမိုးမှုက မည်မျှ ကျယ်ပြန့်ကြောင်း ပြသနေ၏။ DOTA အသိုင်းအဝိုင်း တစ်ခုလုံး ယင်းကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်လုနီးပါး ဖြစ်ခဲ့သည်။ ထို့အပြင် ဂျပန်နိုင်ငံက ရဲ့လင်းချန်၏ ပြိုင်ဘက်များ ဖြစ်နေသဖြင့် နိုင်ငံ၏ ဂုဏ်သိက္ခာနှင့်လည်း သက်ဆိုင်နေသောကြောင့် ပို၍ စိတ်ဝင်စား ခံရလေသည်။ ထိုအဖြစ်အပျက်က အပြည့်အဝ မတိုးတက်လာသေးသဖြင့် နောက်တစ်နေ့တွင် သူ့အား ပို၍ ရေပန်းစားအောင် ပြုလုပ်ပေးနိုင်လောက်သည်။

*ဒါက တကယ်ကို လန်းဆန်းသွားစေတာပဲ၊ ဂျပန်နိုင်ငံက ငါ့ကို ရေပန်းစားမှုအမှတ်တွေရအောင် အကြိမ်တိုင်း လုပ်ပေးနေခဲ့တာ၊ သဘောကောင်းလိုက်တာ*

*ဪ ဟုတ်သားပဲ၊ အလယ်အလတ်အဆင့်ကိစ္စကို နောက်မှ စဉ်းစားတော့မယ်၊ ငါ အရင်ဆုံး အခြေခံအဆင့် အချို့ကို အဆင့်မြှင့်သင့်တယ်၊ ဘာပဲဖြစ်ဖြစ် လက်ရှိ အခြေခံအဆင့် စွမ်းရည်တွေကလည်း အံ့ဩဖို့ ကောင်းတာပဲလေ*

ရဲ့လင်းချန်သည် ဆုံးဖြတ်ချက် ချပြီးနောက် တုံ့ဆိုင်းမနေတော့ချေ။ သူသည် စွမ်းရည်အသစ်များကို ရှာဖွေရန် စိတ်အား ထက်သန်နေ၏။

*ဘာအံ့ဩစရာတွေများ လာဦးမလဲ၊ တွေးရုံနဲ့တင် စိတ်လှုပ်ရှားလာပြီ*

လက်ရှိ ရာခိုင်နှုန်းအပြည့် ဖြစ်နေသည့် စွမ်းရည်များမှာ ပန်းချီဆွဲခြင်း၊ ဖုန်းရွှေ လေ့လာခြင်း၊ တေးဂီတာ၊ အချက်အပြုတ် စွမ်းရည်၊ လယ်စိုက်ခြင်း၊ သီချင်းဆိုခြင်း၊ အနောက်တိုင်း ဆေးပညာ၊ လက်ရေးလှပညာ၊ အနှိပ်ပညာ၊ ဂျာမန်ဘာသာစကား၊ ရုရှားဘာသာစကား … စသည်တို့ ဖြစ်လေသည်။

“ရေပန်းစားမှု အမှတ် တစ်သိန်းကို သုံးစွဲလိုက်ပါပြီ”

“အဆင့်မြှင့်ခြင်း စတင်ပါပြီ”

အဝါရောင် အလင်းတန်းလေးက စွမ်းရည်တစ်ခုချင်းစီတိုင်းပေါ်၌ လျင်မြန်စွာ ဖြတ်သန်းနေ၏။ ရဲ့လင်းချန်သည် စိုးရိမ်စိတ်နှင့် မျှော်လင့်ချက်တို့ ရောပြွမ်း၍ ခံစားနေရသည်။

နောက်ဆုံးတွင် အလင်းတန်းက တေးဂီတပေါ်၌ ရပ်သွားသည်။

*တေးဂီတလား*

ရဲ့လင်းချန်၏ ရင်ထဲ၌ ဒိတ်ခနဲ ဖြစ်သွားလေသည်။ ထိုစွမ်းရည်က သူ မှန်းထားသည်ထက် ကျော်လွန်နေသည်။ တေးတီတသည် အတော်လေး နယ်ပယ် ကျယ်ဝန်းသည်။ သီချင်းဆိုခြင်း သို့မဟုတ် အရဟာ လက်သီးကဲ့သို့သော စွမ်းရည်တို့နှင့် မတူချေ။ တေးဂီတ၌ ပီယာနို၊ ပုလွေ၊ အာဟူနှင့် အခြားသော တူရိယာပစ္စည်းများ ပါဝင်သည်။ လက်ရှိတွင် ၎င်းစွမ်းရည်အား ရဲ့လင်းချန်က အမြင့်ဆုံးအထိ ရောက်ရှိအောင် လုပ်ဆောင်ထားနိုင်ခဲ့သည်။

တေးဂီတအား တစ်ရာရာခိုင်နှုန်းသို့ တက်လာစေရန် အလို့ငှာ ရဲ့လင်းချန်သည် အားလပ်ချိန်တိုင်း ဂီတ စာရွက်များကို လေ့လာခဲ့သည်။ တစ်ချိန်တည်းမှာပင် သူသည် အွန်လိုင်းပေါ်မှနေ၍ တူရိယာများအားလုံးကို လိုက်ရှာခဲ့လေသည်။ သူသည် TikTok သုံးသည့်အချိန်မှာတောင်မှ မတူညီသော တင်ဆက်သူများ၏ တူရိယာ မျိုးစုံအား တီးခတ်ဖျော်ဖြေသည့် ဗွီဒီယိုများကို ကြည့်ရှုခဲ့သည်။ ထိုသို့ နေ့စဉ် ဆောင်ရွက်ခဲ့သောကြောင့် လက်ရှိတွင် ၎င်းက ရာခိုင်နှုန်းအပြည့်သို့ ရောက်ရှိလာခဲ့သည်။

ရာခိုင်နှုနန်းအပြည့်သို့ ရောက်ပြီး မကြာခင်မှာပင် အဆင့်မြှင့်နိုင်သည့် အခွင့်အရေး ရလာခဲ့သည်က အံ့ဩစရာ ကောင်းလှသည်။

*ဘဝက … တကယ်ကို အံ့ဩစရာတွေနဲ့ ပြည့်နေတာပဲ*

ရွှေရောင် အလင်းတန်း ဖျတ်ခနဲ လက်လာပြီးနောက် မူလ တေးဂီတ စွမ်းရည်သည် အခြားနာမည်တစ်ခု အဖြစ်သို့ ပြောင်းလဲသွားလေသည်။ ၎င်းအမည်မှာ နတ်တေးသံပင်။

*နတ်တေးသံဆိုပါလား*

*ဒီနာမည်က အဆင့်မြင့်နေသလိုပဲ*

ရဲ့လင်းချန်သည် စွမ်းရည်အသစ်နှင့် ရင်းနှီးအောင် ပြုလုပ်ပြီးနောက် နှုတ်ခမ်းများ ပို၍ တွန့်ကွေးလာကာ အားပါးတရ ပိုပြုံးလိုက်မိသည်။

ဤစွမ်းရည်က သူ့အထင်ထက် ပိုသာလွန်နေ၏။ ၎င်းက သူ့နေ့ဓဒူဝလုပ်ငန်းစဉ်၌ အလွန် အသုံးဝင်သော စွမ်းရည်ဟု ဆိုရပေမည်။

နတ်တေးသံသည် သူ၏ တူရိယာများနှင့် တေးဂီတ ဖျော်ဖြေမှုကို အကန့်အသတ်ထက် ကျော်လွန်အောင် လုပ်ပေးနိုင်စွမ်း ရှိသည်။ ယင်းသည် သာမန် နားဝင်ပီယံ ရှိရုံမျှ မဟုတ်တော့ဘဲ လူတစ်ယောက်၏ စိတ်ကိုပါ သက်ရောက်နိုင်စွမ်း ရှိလေသည်။ ဥပမာပြောရလျင် သူက စိတ်ငြိမ်စေသော ဂီတကို ဖျော်ဖြေပါက အဆုံးစွန်ထိ စိတ်တိုနေသောလူပင် တည်ငြိမ်သွားနိုင်သည်။ သားချော့တေးမျိုး ဖျော်ဖြေလျင် အိပ်မပျော်နိုင် ဖြစ်နေသူပင် အိပ်ပျော်သွားနိုင်၏။

*ဒီစွမ်းရည်က ဝေဖန်ပြစ်တင်ခြင်း စွမ်းရည်လိုပဲ နေ့စဉ်ဘဝအတွက် လိုအပ်တဲ့ နတ်ဘုရားစွမ်းရည် တစ်ခုပဲ*

ဤသည်မှာ အခြေခံအဆင့်မျှသာ ရှိသေးသည်။ အကယ်၍ နတ်တေးသံသာ အလယ်အလတ်အဆင့် သို့မဟုတ် အဆင့်မြင့် အဆင့်သို့ အဆင့်မြှင့်ပြီးသွားပါက ၎င်း၏ အကျိုးသက်ရောက်မှုများက ဘာများ ဖြစ်လာနိုင်မလဲ။

*ကြောက်စရာပဲ၊ လုံးဝ ကြောက်ဖို့ကောင်းတယ်*

စနစ်မီနူးထဲမှ ထွက်လိုက်ပြီးနောက် ရဲ့လင်းချန် သက်ပြင်းချလိုက်မိသည်။ သူ့စွမ်းရည်များကို ဆက်တိုက် အဆင့်မြှင့်လိုက်နိုင်သည့် ခံစားချက်က အံ့ဩစရာ ကောင်းလွန်းလှသည်။ စနစ်ကျေးဇူးကြောင့် သူ့တွင် ဤသို့သော အခွင့်အရေး ရလာခြင်း ဖြစ်လေသည်။

“ကလင် ကလင် ကလင်”

ထိုစဉ် သူ့ဖုန်း မြည်လာ၏။ ဖုန်းခေါ်သူကို ကြည့်လိုက်ပြီးနောက် ရဲ့လင်းချန် တစ်ဒင်္ဂမျှ အံ့ဩသွားသည်။ ခေါ်ဆိုသူမှာ ချန်ရှောင်ယန်ပင်။

ဖက်ရှင်ရှိုးပွဲ ပြီးသွားကတည်းက သူသည် ချန်ရှောင်ယန်နှင့် အဆက်အသွယ် မရှိခဲ့ပေ။ သို့သော် သူသည် ချန်ရှောင်ယန်နှင့် ပတ်သက်သော သတင်းများကို လိုက်ဖတ်တတ်သည်။ ဂီတနယ်ပယ်တွင်း၌ သူမ အဆင့်အတန်းက ပို၍ ထင်ရှားလာပြီး နာမည်ကြီးနေသော စူပါစတားတစ်ယောက်အဖြစ် သတ်မှတ်နိုင်ပေသည်။

သို့သော် သူမ၌ မန်နေဂျာမရှိသလို ဘယ်အနုပညာ ကုမ္ပဏီကိုမှ မဝင်ထားဘဲ ဂီတနယ်ပယ်တွင်း၌ အလွန် ငြိမ်နေသော အနုပညာရှင်တစ်ဦးအဖြစ် သတင်းထွက်နေ၏။ သူမသည် အချို့သော ပွဲများ၌ ရံဖန်ရံခါ ဖျော်ဖြေ တတ်ပြီး ဖိတ်ကြားမှုအများစုနှင့် ဝေးဝေးနေတတ်သည်။

သူမသည် သူနှင့် မကြာခဏ ဝေ့ပေါ်တွင် စကား ပြောလေ့ ရှိသည်။ သူမက သူ့ထံ ဖုန်းဆက်ခဲလှသည်။

*ဒီတစ်ခေါက် ဘာများ ဖြစ်လို့ပါလိမ့်*

ရဲ့လင်းချန် ဖုန်းကိုင်လိုက်သည်။

“ဟဲလို ရှောင်ယန်”

“ဝိုင်၊ ဟို … ရ...ရ...ရှင် ကျွန်မကို အဖော်လုပ်ပေးချင်စိတ် ရှိတယ်လို့ ပြောခဲ့ဖူးတယ်လေ၊ အဲ့ဒါ တကယ်လားဟင်၊ ရှင့်မျက်နှာဖုံးကို ဆက်တပ်ထားလို့ ရပါတယ်၊ မျက်နှာမပြလည်း အဆင်ပြေတယ်”

ချန်ရှောင်ယန်က သတိထား၍ မေးလေသည်။

ရဲ့လင်းချန် နားဝေတိမ်တောင် ဖြစ်သွားပြီး ငြိမ်ကျသွားသည်။

ရဲ့လင်းချန် တိတ်ဆိတ်နေသည်ကို သတိပြုမိပြီး နာမည်ကျော် အဆိုတော်မလေးသည် စိုးရိမ်သွားပြီး အံကြိတ်၍ ပြောပြလေသည်။

“ကျွန်မ ရသစုံရှိုးပွဲတစ်ခုကနေ ဖိတ်ကြားမှုတစ်ခု ရထားလို့၊ အဲ့ဒါက တောထဲမှာ အသက်ရှင်အောင် လုပ်ရတာ မျိုးပဲ၊ ကျွန်မကို အဖော် ရွေးချယ်ပိုင်ခွင့် ပေးထားတယ်၊ ဒီလို ရသစုံရှိုးပွဲမျိုးမှာ ကျွန်မ ပထမဆုံးအကြိမ် ပါဖူးတာပါ၊ ရှင် … ရှင် ကျွန်မကို အဖော်လုပ်ပေးနိုင်မလား”

တစ်ခဏမျှ ရပ်သွားပြီးနောက် သူမက ဆက်ပြောသည်။

“ကျွန်မတို့ တစ်ကြိမ်ပဲ တွေ့ဖူးသေးတယ်၊ ကျွန်မ ရှင့်ကို တကယ် တစ်ခါလောက် ထပ်တွေ့ချင်တယ်၊ ကျွန်မက ရှင့်ဘေးမှာ ရှိနေချင်ယုံလေးပါ”

အကယ်၍ အပြင်လူများသာ ချန်ရှောင်ယန်၏ လက်ရှိပုံစံကို မြင်သွားပါက ပါးစပ်ဟောင်းလောင်း ဖြစ်သွားမှာ သေချာသည်။ ချန်ရှောင်ယန်သည် နာမည်ကြီးလာကတည်းက မည်သည့်ပွဲမဆို၌ ပါဝင်ခဲသည်။ ထို့အပြင် သူမက သူမအပြုအမူကို ထိန်းသိမ်းပြီး အခြားသူများကို ပါးပါးနပ်နပ် ဆက်ဆံကာ ခပ်တန်းတန်း နေလေသည်။ သူမ အရက်နှင့် ထိတွေ့ရန် မဖြစ်နိုင်ပေ။ ရဲ့လင်းချန်ရှေ့၌ သူမက နှိမ့်ချသော မိန်းမပျိုလေးတစ်ဦး ဖြစ်နေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

သူမ ရဲ့လင်းချန်ကို မဖိတ်ဘဲ မနေနိုင်ပါ။ ပထမဆုံးအနေဖြင့် သူမ ဝိုင်နှင့် တွေ့ရန် အလွန် စိတ်အား ထက်သန် နေမိသည်။ ဒုတိယအနေဖြင့် သူမ ထိုရှိုးပွဲကို သဘောကျမိသည်။

ရဲ့လင်းချန်သည် ကမ်းလှမ်းမှုကို စဉ်းစားရန် အချိန်တစ်ချို့ ယူလိုက်ရသည်။ ချန်ရှောင်ယန် စိတ်ဓာတ်ကျသလို ခံစားနေသည့်အချိန်၌ သူ ပြန်ပြောလိုက်သည်။

“ရှိုးက ဘယ်အချိန်လဲ”

“နောက်အပတ် စမှာ၊ ကျွန်မတို့ တစ်ပတ်လောက် သွားနေရမှာ၊ ခရီးစဉ်တစ်လျှောက်လုံး တိုက်ရိုက် ထုတ်လွှင့် သွားမှာ”

ချန်ရှောင်ယန်က ခပ်သွက်သွက် ရှင်းပြကာ တက်ကြွနေလေသည်။

“ကောင်းပြီလေ၊ ငါ မင်းနဲ့ လိုက်ခဲ့မယ်”

ရဲ့လင်းချန် တစ်ခဏမျှ တွေးပြီးနောက် ပြန်ပြောလိုက်သည်။

All Chapters