← Chapters

နဂါးတစ်ကောင်၏စကားများကို အပြည့်အဝယုံကြည်၍မရနိုင်

Vol. 29 Ch. 405

နဂါးတစ်ကောင်၏စကားများကို အပြည့်အဝယုံကြည်၍မရနိုင်

Vol. 29 Ch. 405

အခန်း (၄၀၅) နဂါးတစ်ကောင်၏စကားများကို အပြည့်အဝယုံကြည်၍မရနိုင်

ကျန်းလန် ထပ်မံဖတ်ရှုကြည့်လိုက်သော်လည်း မည်သည့်ဖော်ပြချက်မှ မတွေ့ရတော့ပေ။

နတ်ဘုရားရာထူးနာမည်တိုင်းက အလွန်ရှည်လျှားကြသည်။ နာမည်ရှေ့တွင် ရှေးဟောင်းဧကရာဇ်နန်းတော်ဆိုသည်က ပါရှိနေသောကြောင့် ရှည်လျားနေသည်မှာ ပုံမှန်လိုဖြစ်နေသည်။

ထိုအကြောင်းကို သိရှိရန် ကျန်းလန်က အလျင်မလိုခဲ့ပေ။ အချိန်တန်လျှင် သိရမည်ပဲ ဖြစ်သည်။

သူ၏ ကျင့်ကြံခြင်းအဆင့် မြင့်မားလာလျှင် ရှေးဟောင်းဧကရာဇ်နန်းတော်၏ အဖြေကိုလည်း ရှာတွေ့နိုင်မည် ဖြစ်သည်။

သူ တန်ခိုးစွမ်းအား မည်မျှမြင့်မားလာသနည်းဆိုသည့်အပေါ်တွင် မူတည်သည်။ တန်ခိုးစွမ်းအားနည်းပါးနေပါက ရှေးဟောင်းဧကရာဇ်နန်းတော်သို့ ဝင်ရောက်နိုင်မည် မဟုတ်ပေ။

အရင်က သူ တွေ့မြင်ရသည့် ပုံရိပ်ယောင်များကို ပြန်လည် သတိရမိသည်။

ရှေးဟောင်းဧကရာဇ်နန်းတော်သည် အက်ကြောင်းများဖြင့် ပြည့်နက်လျှက် ရှိသည်။ ထို့ပြင် နတ်ဘုရားရာထူးမရရှိခင်က သွေးများစီးဆင်းနေပြီး အလောင်းများဖြင့် ပြည့်နေသည့် မြင်ကွင်းများကိုလည်း မြင်တွေ့ခဲ့ရသေးသည်။

ထိုမြင်ကွင်းများက တစ္ဆေတိုင်းပြည်နှင့်ဆက်စပ်နေသည်လားဆိုသည်ကို ယခုအချိန်ထိ မသိနိုင်ပေ။ တစ္ဆေတိုင်းပြည်နှင့် နတ်မိစ္ဆာများ၏ စစ်ပွဲကြောင့် သွေးချောင်းစီးသည်က အမှန်ပဲ ဖြစ်သည်။

သို့ဆိုလျှင် သူ တွေ့မြင်ရသည်မြင်ကွင်းက တစ္ဆေတိုင်းပြည်မဟုတ်လျှင် မည်သည့်အရာ ဖြစ်နိုင်ပါမည်နည်း။ ကျန်းလန်လည်း ရေရေရာရာ မသိရှိပေ။

"ဂိုဏ်းတူမောင်လေး ၊ ကျွန်မ တစ်ခုလောက်မေးလို့ရလား"

ရှောင်ယွိ၏ အသံက ရုတ်တရက် ထွက်ပေါ်လာသည်။

"မေးပါဗျာ ဂိုဏ်းတူအစ်မ"

ကျန်းလန် စာအုပ်ကို ပိတ်လိုက်သည်။ စာအုပ်က နောက်တစ်ကြိမ်ဖတ်ရှုနိုင်လေသည်။

စာအုပ်ထဲတွင် မှတ်တမ်းတင်ထားသည်များက အလွန်များပြားသည်။ သို့သော် စွန့်ပစ်နယ်မြေများတွင်ရှိသည့် လူနေမှုပုံစံများကိုတော့ အနည်းငယ်သာ ဖော်ပြထား၏။

နဂါးမျိုးနွယ်များ ၊ ဇာမဏီမျိုးနွယ်များနှင့် ချီလင်မျိုးနွယ်များအားလုံးက မူလသက်ရှိဖြစ်တည်မှုများ ဖြစ်ကြသည်။

ထိုမျိုးနွယ်များက ကမ္ဘာလောကကြီး စတင်ဖန်ဆင်းသည့်အချိန်မှာပင် ကမ္ဘာပေါ်သို့ ရောက်ရှိလာကြသည့် မျိုးနွယ်များ ဖြစ်သည်။ မျိုးနွယ်တိုင်းသည် ထူးထူးခြားခြား အစွမ်းထက်သည်။

မှော်ဝိညာဉ်တောင်မှ မှော်ဆရာများ ၊ မြေအောက်နတ်ဆိုးများနှင့် နတ်လူသားမျိုးနွယ်များသည်လည်း စွမ်းရည်နိမ့်ပါးခြင်း မရှိပေ။

သို့ရာတွင် ရှေးဟောင်းဧကရာဇ်နန်းတော် အထွတ်ထိပ်အုပ်စိုးခဲ့သည့် ခေတ်ကာလတွင် သူတို့၏အရိပ်အယောင်များ ရှိ မရှိ ကျန်းလန် မသိခဲ့ပေ။

လူသားမျိုးနွယ်များကတော့ နောက်ပိုင်းမှ ထွက်ပေါ်လာကြခြင်း ဖြစ်ပြီး ဆိုးရွားသည့် အစပြုမှုမှ ရုန်းထွက်ခဲ့ကြရသည်။

တစ္ဆေတိုင်းပြည်ထွက်ပေါ်လာရခြင်းကတော့ တိုက်ဆိုင်မှုတစ်ခု ဖြစ်သည်။ တစ္ဆေချီစွမ်းအားက ထိုနေရာမှ လူသားများအားလုံးကို အသွင်ပြောင်းလဲပစ်ခဲ့သည်။ ဤသည်က တစ္ဆေတိုင်းပြည် ထွက်ပေါ်လာရသည့် အကြောင်းရင်းပင် ဖြစ်၏။

ချီလင်မျိုးနွယ်များနှင့် တိုက်ခိုက်နေကြသည့် ဘီလူးဝိညာဉ်မျိုးနွယ်များအကြောင်းကိုတော့ ကျန်းလန် များစွာမသိရှိပေ။

သူတို့က အရှေ့ဘက်စွန့်ပစ်နယ်မြေတွင် သိုသိုသိပ်သိပ်နေထိုင်ကြသူများ ဖြစ်သည်။ မှတ်တမ်းမှတ်ရာများတွင်လည်း သူတို့အကြောင်း များများစားစား မပါရှိပေ။

ထို့ပြင် သူတို့က ကျန်းလန်နှင့်လည်း ဘာမှ မဆိုင်ပေ။

အဓိကအချက်မှာ ကျန်းလန်နံဘေးတွင် အခြားမျိုးနွယ်စုများ ပတ်လည်ဝိုင်းနေကြခြင်း ဖြစ်သည်။

နဂါးမျိုးနွယ်များကတော့ ပြောနေစရာ မလိုတော့ပေ။ ယခုပင်လျှင် ရှောင်ယွိ သူ့နံဘေးတွင် ရောက်နေလေသည်။ ထို့ကြောင့် နဂါးမျိုးနွယ်များအကြောင်းကိုတော့ သူ ကောင်းကောင်း သိရှိသည်။

နတ်လူသားမျိုးနွယ်များကတော့ သူနှင့် ကမ္ဘာမကြေရန်သူများဖြစ်ကြ၏။

နတ်မိစ္ဆာများကတော့ ငရဲတံခါးကို အာရုံစိုက်နေကြသူများဖြစ်သည်။ မြေအောက်နတ်ဆိုးများသည်လည်း ငရဲတံခါးကို စိတ်ဝင်စားကြသည်ပင်။

တောင်ခြေရှိသေရည်ဆိုင်တွင်တော့ ချီလင်မျိုးနွယ်နှင့် ဇာမဏီမျိုးနွယ်များ ရှိကြသည်။

ကောင်ငယ်လေးကတော့ ရက်စက်ကြမ်းတမ်းသည့် ချုန်ချီသားရဲနှင့် ဆက်စပ်နေပြီး ချုန်ချီသားရဲက နတ်မိစ္ဆာများနှင့် ဆက်စပ်နေသည်။

ထို့ပြင် သူက တစ္ဆေတိုင်းပြည်၏ မိတ်ဆွေလည်း ဖြစ်သည်။

ဤသည်က ကျန်းလန်နှင့် အခြားမျိုးနွယ်များ၏ လက်ရှိဆက်ဆံရေးအခြေအနေ ဖြစ်သည်။ မှော်ဝိညာဉ်တောင်မှ မှော်ဆရာများကတော့ ဘီလူးဝိညာဉ်မျိုးနွယ်များကဲ့သို့ သူနှင့်ပတ်သက်ခြင်း မရှိပေ။

"ဂိုဏ်းတူမောင်လေး ၊ စိတ်စွမ်းအားကျင့်စဉ်နဲ့ပတ်သက်တဲ့စာအုပ်တွေ အခုတလေ ဖတ်မိသေးလား"

ရှောင်ယွိ၏အသံထွက်ပေါ်လာသည်။

သူမ၏မေးခွန်းကြောင့် ကျန်းလန် စိတ်ရှုတ်ထွေးသွားသည်။

"မဖတ်ပါဘူး…"

"ဒါဆို ဂိုဏ်းတူမောင်လေး နေထွက်ချိန်နဲ့ နေဝင်ချိန်တွေကိုရော ကြည့်မိသေးလား"

ရှောင်ယွိက ကျန်းလန်ရှေ့ရောက်လာကာ ထိုင်ချလိုက်ပြီး သူ့ကို ခေါင်းမော့ကြည့်ရင်း မေးသည်။

ကျန်းလန်က သူမကို ခေါင်းခါယမ်းပြလိုက်သည်။ နေထွက်ချိန် ၊ နေဝင်ချိန်များကိုလည်း သူ သတိထားပြီး မကြည့်မိခဲ့ပေ။

ကျန်းလန်က…

"ဘာဖြစ်လို့လဲ ၊ ဂိုဏ်းတူအစ်မ ကြည့်ချင်လို့လားဟင်"

ရှောင်ယွိက ခေါင်းခါယမ်းရင်း…

"မဟုတ်ပါဘူး"

သူမက ဆက်ပြောသည်။

"ဂိုဏ်းတူမောင်လေး ၊ ဒီနှစ်တွေအတွင်း အဲဒီလို နေဝင်ချိန် ၊ နေထွက်ချိန်တွေကို မကြည့်မိရင် အကောင်းဆုံးပဲ ၊ ပြီးတော့ စကားမစပ် မြက်တွေလည်း နှုတ်မနေနဲ့"

ကျန်းလန် : "……"

ရှောင်ယွိစကားများက ကျန်းလန်ကို ပိုပြီးစိတ်ရှုတ်ထွေးလာစေသည်။

နေထွက်ချိန် ၊ နေဝင်ချိန်တို့ကို ကြည့်ရှုခြင်းက ရှောင်ယွိအပေါ် မည်သို့သက်ရောက်မှု ရှိပါသနည်း။

နဂါးမျိုးနွယ်များ၏ လက်မထပ်မီ ပြုမူရသည့် ဓလေ့တစ်ခုများလား။ ထိုသို့ဆိုလျှင်တော့ သူ နားလည်ပေးနိုင်မည် ဖြစ်သည်။

ရှောင်ယွိက ထိုင်ရာမှ မတ်တတ်ထရပ်လိုက်ပြီး ကျန်းလန်ကို ငုံ့ကြည့်လိုက်သည်။

"ခေါင်းတူမောင်လေး အရမ်းစိတ်ရှုတ်သွားတာလား ၊ ဒါဖြင့် ကျွန်မ ရှင်းပြမယ်"

ကျန်းလန်က ရှောင်ယွိကို လှမ်းကြည့်ကာ မည်သို့ရှင်းပြမည်ကို စောင့်နေ၏။

မကြာမီ ရှောင်ယွိထံမှ ထူးခြားသည့်စကားများထွက်ပေါ်လာတော့သည်။

"ဂိုဏ်းတူမောင်လေး… ၊ စာအုပ်တစ်အုပ်ဖတ်နေရင်း ဉာဏ်အလင်းပွင့်သွားတာကို မှတ်မိသေးလား ၊ ပြီးတော့ နေထွက်ချိန်နဲ့ နေဝင်ချိန်တွေကိုကြည့်နေရင်းနဲ့လည်း ဉာဏ်အလင်းပွင့်သွားတာမျိုး ကြုံဖူးတယ်မဟုတ်လား ၊ နောက်ပြီး မြက်နှုတ်နေရင်းနဲ့လည်း မြက်ပင်ကိုကြည့်ရင်း အဲဒီလို ဖြစ်သွားဖူးတယ်လေ ၊ ဟုတ်တယ်မလား"

ကျန်းလန်က ခေါင်းညိတ်ရင်း…

"အင်း… အဲဒီလိုမျိုး အရင်က တကယ်ဖြစ်ဖူးတယ်"

ထိုအချိန်များတွင် သူ၏နားလည်မှုများကို စုဆောင်းထားမှုက အထွတ်ထိပ်အဆင့်သို့ ရောက်ရှိသွားခဲ့ပြီး အသိအမြင်အသစ်များပွင့်လင်းလာခဲ့သည်။ ထို့ကြောင့် ဉာဏ်အလင်းပွင့်သည့်အဆင့်သို့ ရောက်ရှိခဲ့ရခြင်း ဖြစ်သည်။

ကံတရားနှင့်လည်း သက်ဆိုင်သည်ဆိုလျှင် မမှားနိုင်ပေ။

"ဒါဖြင့် ဒီနှစ်တွေအတွင်း ဂိုဏ်းတူမောင်လေး ရုတ်တရက် ဉာဏ်အလင်းပွင့်တဲ့အဆင့်ကို ရောက်သွားပြန်ရင် ကျွန်မတို့ လက်ထပ်ပွဲတော့ အကြီးကြီးထိခိုက်တော့မှာပဲပေါ့ ၊ အဲဒီလိုမျိုး မစဉ်းစားကြည့်မိဘူးလား"

ရှောင်ယွိက ကျန်းလန်ကိုကြည့်ရင်း အလေးအနက် မေးလိုက်သည်။

ကျန်းလန် အံ့အားသင့်သွားသည်။ ထိုအချက်ကို သူမေ့လျော့သွားကြောင်း ဝန်ခံရပေမည်။

သူ ဉာဏ်အလင်းပွင့်သည့်အဆင့်သို့ ရောက်ရှိသွားလျှင် ပြန်လည်သတိရလာရင်အတွက် အချိန်အနည်းငယ်ယူရမည် ဖြစ်သည်။ အနည်းဆုံး နှစ်အနည်းငယ်မှ အများဆုံး အနှစ် (၂၀)အထိ အချိန်ကြာနိုင်သည်။

အကယ်၍ သူသာ ဤနှစ်များအတွင်း ဉာဏ်အလင်းပွင့်သည့်အဆင့်သို့ ရောက်ရှိသွားလျှင် မင်္ဂလာပွဲနေ့ရက်ကို ကျော်လွန်သွားနိုင်သည်။ သို့မဟုတ် လက်ထပ်မည့်နေ့ရက်တွင် သူ ပြန်လည်နိုးထလာနိုင်ပါမည်လား။

ဘာပဲဖြစ်ဖြစ် ထိုသို့ဖြစ်ရန်မှာ မသင့်တော်ပေ။

ဤရက်များအတွင်း သူ စာအုပ်များစွာဖတ်ရှုနေခဲ့ပြီး တောင်ထွတ်တစ်ခုလုံးကိုလည်း သန့်ရှင်းရေးပြုလုပ်ခဲ့သည်။ သို့သော် ဉာဏ်အလင်းပွင့်ခြင်းက မင်္ဂလာပွဲအပေါ် များစွာသက်ရောက်မှုရှိကြောင်းကိုတော့ သူ မေ့လျော့နေခဲ့သည်။

ရှောင်ယွိက ကျန်းလန်နံဘေးတွင် ပြန်ထိုင်လိုက်ရင်း မေးစေ့လေးကို လက်ဖြင့်ကိုင်ထား၏။

"ကျွန်မသာ ရှင့်ကို သတိမပေးမိရင် အကုန်ကိစ္စပြတ်ကုန်မှာပဲ ၊ တကယ်တော့ ပါရမီရှင်တွေတောင် ရှင့်လိုမျိုး မဟုတ်ဘူး"

ကျန်းလန်က…

"ဟုတ်ပါပြီ ၊ ဒီနှစ်တွေအတွင်း စိတ်စွမ်းအားကျင့်စဉ်နဲ့ပတ်သက်တဲ့ စာအုပ်တွေလည်း မဖတ်ပါဘူး ၊ နေဝင်ချိန် နေထွက်ချိန်တွေကိုလည်း မကြည့်မိဖို့ အစွမ်းကုန်ကြိုးစားပါ့မယ် ၊ မြက်တွေရှင်းဖို့ကတော့ ဂိုဏ်းတူအစ်မ ကူညီမှရလိမ့်မယ်နော်"

ရှောင်ယွိက ကျန်းလန်ကို တစ်စုံတစ်ခု ပြောတော့မည့်ဟန် စိုက်ကြည့်လာသည်။ သို့သော် သူမ မပြောခင် ကျန်းလန်က အရင်ပြောလိုက်သည်။

"မခက်ခဲပါဘူး…"

တကယ်လည်း မခက်ခဲပေ။

စောစောစီးစီးလက်ထပ်ရမည်ဆိုလျှင်တော့ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရမည်ပဲ ဖြစ်သည်။

လက်ထပ်ပွဲမတိုင်ခင် ဉာဏ်အလင်းပွင့်ခြင်းအဆင့်သို့ မရောက်မိအောင် သူလည်း ဂရုစိုက်ရပေမည်။ မဟုတ်ပါက မလိုလားအပ်ဘဲ လူအတော်များများကို ဒုက္ခရောက်စေမည် ဖြစ်သည်။

ထိုအချက်ကို မစဉ်းစားမိသည်မှာ သူ့အမှားပင် ဖြစ်သည်။ ဆရာဖြစ်သူကလည်း သူ့ကို သတိမပေးသည့်အတွက် ဘာမှပြင်ဆင်စရာမရှိဟုသာ ထင်ခဲ့မိသည်။

ရှောင်ယွိ သတိပေးသည်မှာ ကံကောင်းသည်ဟု ဆိုရမည်။

ရှောင်ယွိက ပြုံးပြီး ကျန်းလန်၏ခေါင်းကို အသာပုတ်လိုက်သည်။

"ဂိုဏ်းတူမောင်လေး ၊ အခုချိန်ကစပြီး နဝမတောင်ထွတ်တစ်ခုလုံးကိုလည်း သန့်ရှင်းရေးလုပ်ပေးမယ် ၊ နောက်ဆိုရင်လည်း ဂိုဏ်းတူမောင်လေးကို ကာကွယ်ပေးဦးမယ်"

ဒီနဂါးမလေးကတော့ တစ်နေ့တခြား ပိုပိုပြီး မာန်တက်လာနေတာပဲဟု ကျန်းလန် တွေးလိုက်လေတော့၏။

***

ထိုသို့ဖြင့် နှစ်အနည်းငယ် ကြာမြင့်သွားခဲ့လေသည်။

နဝမတောင်ထွတ်၏တောင်ခြေ။

လမ်းဘေးသစ်ပင်များတွင် ငှက်များ ဝဲပျံလျှက် ရှိသည်။ သူတို့က သစ်ပင်များအပေါ်တွင် နားရန် နေရာရှာနေကြခြင်း ဖြစ်သည်။

တောင်ခြေမှ သစ်ပင်များသည် သာမန်သစ်ပင်များ မဟုတ်ကြပေ။ ရာသီလေးလီ ပြောင်းလဲသွားသည့်တိုင် သူတို့က မပြောင်းမလဲ တည်ရှိနေကြသည်။

နွေဦးပန်းများပွင့်လန်းပြီး နွေရာသီတွင် မိုးစက်တို့ကရွာသွန်းသည်။ ဆောင်းဦးတွင် ရာသီဥတုသာယာပြီး ဆောင်းရာသီတွင်တော့ နှင်းများကျဆင်းလေသည်။

သာမန်သစ်ပင်များသည် ရာသီဥတု၏ဒဏ်ကို မခံနိုင်ဘဲ ပြောင်းလဲသွားကြမည်သာပင်။ သို့သော် မရဏအငွေ့အသက်များ၏ သက်ရောက်မှုကိုခံရသည့် သစ်ပင်များကတော့ ခံနိုင်ရည်စွမ်း မြင့်မားနေခဲ့သည်။

ကျန်းလန် တောင်ပေါ်မှ ဆင်းလာခဲ့သည်။

ယခုဆိုလျှင် သူ ခွန်လွန်တောင်သို့ ပြန်ရောက်သည်မှာ အချိန် (၅)နှစ် ရှိပြီ ဖြစ်၏။

ဤနှစ်များအတွင်း ရှောင်ယွိက သူ့ထံသို့ မကြာခဏလာရောက်လည်ပတ်တတ်သည်။ အထူးသဖြင့် နေ့ခင်းအချိန်များတွင် ဖြစ်သည်။

သူက စာဖတ်သည့်အမူအကျင့်ကိုတော့ ပြောင်းလဲမရခဲ့ပေ။ စိတ်စွမ်းအားကျင့်စဉ်နှင့်ပတ်သက်သည့်စာအုပ်များကတော့ အစကတည်းက သူ ဖတ်လေ့မရှိပေ။

နာမ်ဝိညာဉ်ရောင်ပြန်ပညာကို ဖတ်ရှုခြင်းကိုတော့ ရပ်တန့်ထားလိုက်သည်။ နေဝင်ချိန် ၊ နေထွက်ချိန်များကိုတော့ သူ လုံး၀ အရေးမစိုက်တော့ပေ။

သို့သော် မြက်ပင်ပေါင်းပင်များရှင်းလင်းလျှင်တော့ ရှောင်ယွိက သူ့ကို လာခေါ်တတ်သည်။ ရှောင်ယွိ မြက်ရှင်းလျှင် သူ့မှာ အမြဲတမ်း ကူညီရလေ့ရှိသည်။

မဟုတ်ပါက အခြေအနေများ ဆိုးရွားကုန်ပေလိမ့်မည်။

သို့ဖြစ်ရာ နဂါးတစ်ကောင်ပြောသည့်စကားများကို အပြည့်အဝယုံကြည်ရန်မှာ မဖြစ်နိုင်ပေ။

ရှောင်ယွိကို မြက်ရှင်းခိုင်းမည့်အစား မြက်ပင်များကို (၁၀)နှစ်ကြာရှင်သန်ခွင့်ပေးလိုက်ခြင်းက ပိုမိုစိတ်ချမ်းသာမည် ဖြစ်သည်။

အိမ်ကိုပြန်ဆောက်ရမည်ဖြစ်သော်လည်း မည်သို့သောပုံစံ ဆောက်လုပ်ရမည်မသိ ဖြစ်နေခဲ့သည်။

ရှောင်ယွိကို မေးကြည့်သည့်အခါ သူမအခန်းထဲတွင် ကြီးမားသည့်ရေကန်ကြီးတစ်ခု ထားချင်သည်ဟု ပြောလေ၏။ ဤသည်ကတော့ လုံးဝမဖြစ်နိုင်သဖြင့် ကျန်းလန် ငြင်းဆန်လိုက်ရသည်။

နောက်ဆုံး ဘာလုပ်ရမှန်း မသိသည့်အဆုံး အဋ္ဌမမင်းသားကို မေးမြန်းရန် ဆုံးဖြတ်လိုက်သည်။ အဋ္ဌမမင်းသားထံမှ အကြံဉာဏ်ရယူခြင်းက အကျိုးရှိနိုင်သည်။

မင်္ဂလာပွဲအတွက် ခွန်လွန်တောင်တွင် စတင်ပြင်ဆင်နေပြီဖြစ်လေရာ ကျောက်စိမ်းရေကန်နတ်ဘုရားမနှင့် နဝမတောင်ထွတ်မှတပည့်၏ လက်ထပ်တော့မည်ကို ခွန်လွန်တောင်မှ တပည့်တိုင်း သိရှိနေကြပြီ ဖြစ်သည်။

ထို့ကြောင့် ဤကာလအတွင်း ခွန်လွန်တောင်မှ တပည့်များကို သူ့ကို များစွာအာရုံစိုက်လာကြသည်။ သို့ဖြစ်ရာ တောင်ပေါ်မှဆင်းရန် မသင့်တော်သော်လည်း လုန်မန်နှင့် တွေ့ဆုံရန် လိုအပ်နေသည်။

အတန်ကြာပြီးနောက်…

ကျန်းလန် သေရည်ဆိုင်သို့ ရောက်ရှိလာသည်။

ဆိုင်ထဲသို့ ဝင်လိုက်သည်နှင့် လူတစ်စုကို တွေ့လိုက်ရသည်။ လုကျန်းတို့အုပ်စု ဖြစ်လေသည်။

ကျန်းလန်က သူတို့ကို သိမ်မွေ့စွာပင် နှုတ်ဆက်စကားဆိုလိုက်သည်။

"ဂိုဏ်းတူအစ်ကို ၊ ဂိုဏ်းတူအစ်မ"

လုကျန်းက ပြုံးရယ်လိုက်ရင်း…

"ဘယ်သူများလဲလို့  ၊ ဂိုဏ်းတူညီလေး ကျန်းလန်ကိုး…"

သူတို့အဖွဲ့က စုစုပေါင်း (၄)ယောက် ဖြစ်သည်။

ပထမတောင်ထွတ်မှ လင်အန်း ၊ ဒုတိယတောင်ထွတ်မှ ပေဖန်း ၊ တတိယတောင်ထွတ်မှ ဟုန်လွမ်နှင့် အဋ္ဌမတောင်ထွတ်မှ လုကျန်းတို့ ဖြစ်၏။

သူတို့အားလုံးက အစစ်အမှန်အင်မော်တယ်များ ဖြစ်ကြပြီး အားလုံးထဲတွင် တန်ခိုးစွမ်းအားအမြင့်မားဆုံးကတော့ လုကျန်း ဖြစ်သည်။ သူက ကျင့်ကြံခြင်းအဆင့်တက်ရန် ခြေတစ်လှမ်းခန့်သာ လိုတော့သည်။

"ဂိုဏ်းတူမောင်လေး အဆင်ပြေမယ်ဆိုရင် မေးခွန်းတစ်ခုလောက်မေးလို့ရမလားဟင်…"

ဟုန်လွမ်က ရုတ်တရက် ခွင့်တောင်းလာသည်။

ကျန်းလန်က…

"ရပါတယ် ၊ ကျေးဇူးပြုပြီး မေးပါ … ဂိုဏ်းတူအစ်မ"

ဟုန်လွမ်က…

"ဂိုဏ်းတူညီမလေးလုန်ယွိက ကောင်းတယ်လို့ ဂိုဏ်းတူမောင်လေးထင်သလား"

ကျန်းလန်က တစ်ချက်မတုံ့ဆိုင်းဘဲ ပြန်ဖြေလိုက်၏။

"ဂိုဏ်းတူအစ်မလုန်ယွိက လုံးဝပြီးပြည့်စုံတဲ့သူတစ်ယောက်ပါပဲ"

All Chapters