← Chapters

မာန်တက်နေသော ဒါရိုက်တာကျန်း

Vol. 23 Ch. 342

မာန်တက်နေသော ဒါရိုက်တာကျန်း

Vol. 23 Ch. 342

ရဲ့လင်းချန်၏ အပြုအမူက ချက်ချင်း လူတိုင်း၏ အာရုံကို ဖမ်းစားသွားသည်။

“မစ္စတာဝိုင်၊ ရှင် တကယ် မစားဘူးလား”

“ငါ ညစာကို စောင့်နေတာ”

ရဲ့လင်းချန် ပြောလိုက်သည်။

“ဝိုင်၊ မင်း တာဝန်ကို ပြီးအောင်လုပ်ဖို့ အသင့်ဖြစ်ပြီလား၊ ငါတို့မှာ ဆန်၊ ကန်စွန်းဥနဲ့ ပေါင်မုန့် ရှိတယ်၊ မင်း ကံကောင်းရင် ပြောင်းဖူးတောင် ရနိုင်တယ်”

ကျန်းယုံက ဆွဲဆောင်လေသည်။ သို့သော် ရဲ့လင်းချန်က ငြင်းဆန်မြဲ ငြင်းဆန်၏။ သူက ငါးပါးနီခြောက်နှင့်အတူ တောနက်ထဲသို့ လျှောက်သွားသည်။

*ဟမ်*

အားလုံး အနည်းငယ် အံ့ဩသွားကြသည်။

*ဒါ ဘာသဘောလဲ*

ကင်မရာသမားက ရဲ့လင်းချန်အနောက်သို့ လိုက်သွားနေလေပြီ။ အခြားသူများက အချင်းချင်း ပြန်ကြည့်လိုက် ပြီးနောက် သိချင်စိတ်ဖြင့် အနောက်မှ လိုက်သွားကြသည်။

“ဝိုင် ကျွန်မတို့ ဘယ်သွားနေတာလဲ”

ချန်ရှောင်ယန် မမေးဘဲ မနေနိုင် ဖြစ်နေလေသည်။ သူမသည် အာနယ်လ် ယူလာသော အာလူးကြော်ပြားကို ကိုင်ထားဆဲ ဖြစ်သော်လည်း ရဲ့လင်းချန်က မစားသဖြင့် သူမ မစားပေ။

“မင်း အသားစားချင်လား”

ရဲ့လင်းချန်က ပြုံး၍ ပြောလိုက်သည်။

*အသားစားမလို့လား*

အားလုံးက ရဲ့လင်းချန်ကို တအံ့တဩ ကြည့်နေကြသည်။ သူတို့ သေချာပေါက် အသား စားချင်ပါသည်။ သို့သော် … ဤနေရာ၌ သူတို့ ဘယ်မှာ ဘယ်အသားကို သွားရှာရပါမည်နည်း။

*ဒါရိုက်တာတောင်မှ အသားရအောင် မလုပ်နိုင်ဘူး မဟုတ်လား*

“ဟုတ်တယ်၊ မစ္စတာဝိုင် ကျွန်မ အသားစားချင်တယ်”

အာနယ်လ်က ချက်ချင်း ဝင်ပြောလာပြီး ဆက်ပြောလေသည်။

“ရှင် အသားကို တိတ်တိတ်လေး သယ်လာတာလား”

“ဘယ်ဟုတ်မလဲ၊ ဒါပေမဲ့ ငါတို့ အသားစားရအောင် ငါ လုပ်နိုင်တယ်”

ရဲ့လင်းချန်က နားလည်ရခက်သော အပြုံးမျိုး ပြုံးလာသည်။

“ညီလေးဝိုင်၊ မင်း ပဟေဠိ ဝှက်သလို မပြောပါနဲ့၊ မင်း ပိုပြောလေလေ ငါ ပိုလောဘတက်လေလေ ဖြစ်လာပြီ၊ငါတို့ အသားကို ဘယ်လို ရနိုင်မလဲ”

တလေက စိတ်အားထက်သန်စွာ မေးသည်။ သူ တကယ် ဗိုက်ဆာနေပြီဖြစ်ပြီး သူ တစ်ခုခု စားရသည့်အချိန်ကို သတိရနေလေသည်။

“ဒီတောင်မှာ ရစ်ငှက်တွေ ရှိတယ်”

ရဲ့လင်းချန်က အလွန် စိတ်ပိုင်းဖြတ်ထားဟန်ဖြင့် ပြောသည်။

“သောက်ကျိုးနည်း၊ မင်း တကယ် ပြောနေတာလား၊ ငါ ဒီနားကို လှည့်ပတ်ကြည့်တုန်းက ဘာမှမမြင်မိဘူး”

အစ်ကိုယန် မနေနိုင်ဘဲ ဝင်ပြောလာသည်။ အခြားသူများကလည်း ရဲ့လင်းချန်ကို တစ်ယောက်ပြီး တစ်ယောက် ကြည့်လေသည်။

*ဒီတောင်မှာ ရစ်ငှက်တွေ ရှိတာကို သူ ဘယ်လိုလုပ် သိတာလဲ*

“အိမ်အတွက် လိုအပ်တဲ့ ကုန်ကြမ်းတွေ ပြင်နေတုန်းက ငါ မတော်တဆ တွေ့လိုက်တာ”

ရဲ့လင်းချန် ပြုံးနေ၏။

“ရစ်ငှက်တွေက အရမ်း သတိရှိတယ် ပြီးတော့ သူတို့ လူတွေကို ရှောင်တတ်တာက သဘာဝပဲ”

လူတိုင်း တောနက်ထဲ သွားနေသော ရဲ့လင်းချန် အနောက်သို့ လိုက်နေကြပြီး ရုတ်တရက် သူက ရပ်လိုက်သည်။

“ဒါက ဘာလဲဆိုတာကို တစ်ချက် ကြည့်ကြည့်”

ရဲ့လင်းချန်က တစ်နေရာကို လက်ညှိုးထိုးပြသည်။

လူတိုင်း လှမ်းကြည့်လိုက်ကြသည်။ တစ်ချက် ကြည့်လိုက်ပြီးနောက် သူတို့၏ မျက်လုံးများ အရောင် တောက်လာသည်။ တလေက ပါးစပ်မှ ထုတ်ပြောလာ၏။

“ဒါ တရိစ္ဆာန်ရဲ့မစင် ဖြစ်မယ်ထင်တယ်”

“ဒါ ငှက်မစင်ပဲ ပြီးတော့ မြေကြီးပေါ်က ရှုပ်ပွနေတဲ့ သစ်ရွက်တွေကို ကြည့်ချင်းအားဖြင့် တစ်ကောင်ထက် ပိုမှာ သေချာတယ်”

ရဲ့လင်းချန်က ပြုံး၍ ပြောလိုက်သည်။

“လခွမ်း၊ ငါတို့ ကံကောင်းတာပဲ၊ ရွှေတူးမိတာပဲဟေ့”

တလေ အသည်းအသန် တံတွေးမျိုချမိပြီး မျက်နှာ နီမြန်းလာကာ ရစ်သား၏ မွှေးရနံ့ကိုပင် ရနေပြီဟု ထင်မှတ် မှားနေ၏။

တီဗွီရှေ့မှ ကြည့်နေသူများသည်လည်း ရဲ့လင်းချန်ကြောင့် အံ့ဩနေကြသည်။ ဤသို့သော သုံးသပ်နိုင်စွမ်းက ထူးချွန်လွန်း

[66666, ဝိုင်က တော်တော် အံ့ဩဖို့ကောင်းတယ်၊ သူ ဒါကို ဘယ်လို သတိထားမိတာလဲ]

[လေ့လာခြင်းပဲ၊ ဒီတစ်လျှောက်လုံး ဝိုင်က လူမရှိတဲ့ကျွန်းမှာ အထီးကျန်နေတာထက် အပန်းဖြေ ခရီးထွက် လာတာနဲ့ ပိုတူနေတယ်လို့ ငါ ဘာလို့ ခံစားမိနေတာပါလိမ့်]

[အပေါ်ကလူ ငါလည်း အဲ့လိုပဲ ခံစားမိတယ်၊ ဝိုင်က တကယ်ကို တောတွင်းလူသားပဲ၊ တော်တော် အံ့ဩဖို့ ကောင်းတာ]

[နေဦး၊ ဘာလို့ ဒါတွေက ရစ်ငှက်ရဲ့ မစင်တွေလဲ]

[ရစ်ငှက်တွေ ရှိမယ်ဆိုရင်တောင်မှာ ဖမ်းဖို့ ခက်မှာ သေချာတယ်၊ ရစ်ငှက်တွေက ပျံနိုင်တယ်လို့ ငါ ကြားဖူးတယ်]

…

“ဒါပေမဲ့ … ငါတို့ သူတို့ကို ဘယ်လိုလုပ် ဖမ်းနိုင်မှာလဲ”

အာနယ်လ်က မေးသည်။

“ထောင်ချောက် ဆင်ပြီးတော့လေ”

ရဲ့လင်းချန်က မထူးခြားသော သာမန်ကိစ္စတစ်ခုခုကို ပြောသကဲ့သို့ အေးအေးလူလူ ပြောလိုက်သည်။ သူသည် ပြောပြီးသည်နှင့် စအကောင်အထည် ဖော်သည်။

“ငါ လေ့လာထားရသလောက်ဆိုရင် ဒီနေရာက ရစ်ငှက်တွေ မကြာခဏ လာတတ်တဲ့ နေရာ ဖြစ်မယ်၊ သူတို့ကို ဖမ်းမိနိုင်ချေက မြင့်တယ်”

သူသည် အနီးဝန်းကျင်မှ အရာများကို ကောက်၍ ရိုးရှင်းသော ထောင်ချောက်တစ်ခု ဆင်လေသည်။ ထို့နောက် သူသည် ငါးပါးနီခြောက်ထုပ်ကို ဖွင့်၍ ထောင်ချောက်ထဲ၌ ထားလိုက်သည်။

ရဲ့လင်းချန်က အစကတည်းက ငါးခြောက်ကို ငါးစာအဖြစ် အသုံးပြုရန် ဆုံးဖြတ်ထားကြောင်း လူတိုင်း သတိပြု လိုက်မိသည်။

*ဒီနေရာက ရစ်ငှက်တွေ မကြာခဏ လာတတ်တဲ့ နေရာမှန်း သူ ဘယ်လို သိတာလဲ၊ ပြီးတော့ အဲ့ရစ်ငှက်တွေက ငါးပါးနီခြောက်ကို စားလိမ့်မယ်ဆိုတာ သူ သေချာ သိလို့လား*

“ကဲ … တစ်နာရီလောက် စောင့်ပြီးမှ ပြန်လာကြတာပေါ့”

ရဲ့လင်းချန်က လက်ခုပ်တီး၍ ယခင်အတိုင်း အရေးမစိုက်ဟန်ဖြင့် ရှိနေလေသည်။

လူတိုင်းက ထောင်ချောက်ကို စိုးရိမ်စိတ်၊ မျှော်လင့်စောင့်စားစိတ်တို့နှင့်အတူ ကြည့်နေလေသည်။

*ဒီထောင်ချောက်က ရစ်ငှက်ကို တကယ် ဖမ်းနိုင်ပါ့မလား၊ ရိုးရှင်းလွန်းနေသလိုပဲ*

ထို့နောက် သူသည် လူအုပ်နှင့်အတူ ပြန်ထွက်လာခဲ့သည်။ လမ်းတစ်လျှောက်တွင် သူသည် ပန်းတစ်ချို့နှင့် အပင်တစ်ချို့တို့ကို သယ်ခဲ့ပြီး ဝါးအနည်းငယ် ခုတ်ခဲ့သည်။ ထို့နောက် သူသည် ထိုင်ချ၍ ဝါးကို တောခုတ်ဓားနှင့် ခုတ်လေသည်။

*ဒါက ဘာအတွက်လဲ*

ရဲ့လင်းချန်နှင့်ဆိုလျင် အားလုံးသည် သူတို့၏ ဉာဏ်ရည်က မလုံလောက်သလို ခံစားရပြီး အဆင့်မတူဟုပင် ခံစားနေကြရသည်။

ကျန်းယုံတောင်မှ ဆက်တိုက် ခေါင်းခါနေ၏။ သူ အောင့်သက်သက် ဖြစ်သလို ခံစားနေရသော်လည်း ပျော်နေမိသည်။

အောင့်သက်သက်ဖြစ်ခြင်းမှာ ရဲ့လင်းချန်က ဇာတ်ညွှန်းအတိုင်း လိုက်မလုပ်သောကြောင့် ဖြစ်သည်။ ရဲ့လင်းချန်၏ ဦးနှောက် လည်ပတ်ပုံအတိုင်း လိုက်မီရန် မဖြစ်နိုင်ချေ။ တစ်ဖက်တွင်မူ သူ ဝမ်းသာနေလေသည်။ အကြောင်းမှာ ရဲ့လင်းချန်က ပရိသတ်များကို စိတ်ဝင်စားအောင် လုပ်နိုင်သောကြောင့် ဖြစ်လေသည်။ ထို့ကြောင့်ပင် အွန်လိုင်း ကြည့်ရှုသူ အရေအတွက်က အဆက်မပြတ် တိုးလာနေ၏။

[ဟားဟားဟား ငါ ရယ်ရလွန်းလို့ သေတော့မယ်၊ ဒီလူတွေအားလုံးက တော်တော် အူကြောင်ကြောင် နိုင်တာပဲ၊ သူတို့က အသိပညာကို သိချင်စိတ် ပြင်းပြနေသလိုပဲ]

[ကြောက်စရာပဲ၊ သူတို့ကနေပြီးတော့ ငါ မာန်တက်ခြင်းရဲ့ ကြောက်စရာကောင်းပုံတွေကို ငါ မြင်နေရတယ်]

[အပေါ်ကလူ၊ မင်းကို ကြည့်ရတာ ဒါကို ကောင်းကောင်း နားလည်နေသလိုပဲ၊ ဝိုင်က အခု ဘာလုပ်တော့မှာလဲ]

[အာ … ဒါပေါ့ ငါ … နားမလည်ဘူး …]

[ဒါက အဖေတစ်ယောက်က ကလေးတစ်သိုက်ကို ဦးဆောင်နေတဲ့ ခံစားချက်မျိုးလို့ ငါ ခံစားနေရတယ်၊ ဝိုင်က လူတိုင်းအတွက် တော်တော် အားထုတ်နေတာပဲ]

…

ရဲ့လင်းချန်သည် အရင်ဆုံး ဝါးများကို ခုတ်လိုက်သည်။ ထို့နောက် ကောင်းကင်ကို မော့ကြည့်၍ သူ စောစောက သယ်လာသော အပင်များကို ကြိတ်ချေသည်။

အရာအားလုံး အဆင်သင့်ဖြစ်သွားသောအခါတွင်မှ သူ မတ်တပ်ထရပ်လေသည်။

သို့သော် တလေနှင့် အခြားသူများ အသည်းအသန် တံတွေးမျိုချနေသည်ကို သူ တွေ့လိုက်ရသည်။ သူတို့က ရိုက်ကူးရေး ဝန်ထမ်းများကို ကြည့်နေခြင်း ဖြစ်သည်။

ရိုက်ကူးရေး ဝန်ထမ်းများက စားသောက်နေပြီ ဖြစ်ပြီး ဤသည်ကို သူတို့ တမင် လုပ်တာ ဟုတ်၊ မဟုတ် မသိနိုင်ပါ။ သူတို့သည် စားသောက်နေရင်းနှင့် အားလုံးရှေ့၌ သူတို့၏ အဖိုးတန် အစားအသောက်များကို ထုတ်ပြနေကာ သူတို့မျက်နှာတွင် အားရဝမ်းသာဟန်တို့ ပေါ်နေ၏။

“ရှလွတ်”

ကျန်းယုံက ခေါင်းငုံ့၍ ပါးစပ်အပြည့် ယာဂုကို သောက်လိုက်သည်။ ထို့နောက် သူက ပေါင်မုန့်ကို လက်တစ်ဖက် မှကိုင်၍ လူအုပ်ထံ လျှောက်လာသည်။

“သိပ်ကောင်းတာပဲ၊ စားကောင်းလိုက်တာ”

ကျန်းယုံက ကျေနပ်နေသော အမူအရာဖြင့် မျက်လုံးကို မှေး၍ ရဲ့လင်းချန်နှင့် အခြားသူများအား မချိုမချဉ်ဟန်ဖြင့် ကြည့်လေသည်။

“ညဘက်မှာ ယာဂုပူပူလေး တစ်ပန်းကန်က ဝမ်းကို နွေးသွားစေတာပဲ၊ အား … ဘဝက အထွတ်အထိပ်ကို ရောက်နေသလိုတောင် ငါ ခံစားနေရပြီ”

“ဒါရိုက်တာ ဒါ လွန်လွန်းသွားပြီ”

တလေက နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး လေသံက ခါးသီးနေ၏။

“ဒါ ငါ တစ်ခုခု ပြောနိုင်တဲ့အရာ မဟုတ်ဘူးလေ၊ ဒါပေမဲ့ မင်းတို့ အဲ့ရစ်ငှက်တွေကို တကယ် ဖမ်းနိုင်ရင်တောင်မှ မင်းတို့ ခြောက်ယောက်ကို ခွဲပေးဖို့ မလောက်ဘူး၊ အခု မြန်မြန် တာဝန်ကို လုပ်တော့၊ မဟုတ်ရင် အစားအသောက်တွေ အားလုံးကို ငါတို့ စားမိသွားလိမ့်မယ်၊ ဝါးဟားဟား…”

ကျန်းယုံက ပြုံး၍ သူတို့ကို သွေးဆောင်နေ၏။

အာနယ်လ်နှင့် အခြားသူများ ဆူပုတ်ကုန်သည်။ သူတို့ မနေနိုင်ဘဲ တစ်ဖက်လှည့်၍ မမြင်သလို အတွေးထဲ မရှိသလို နေလိုက်ကြသည်။

“ဒါရိုက်တာကျန်း၊ ပြောင်းဖူးက စားလို့ရပြီ”

ရိုက်ကူးရေးဝန်ထမ်းက အော်ပြောသည်။

“ဒါဆို ပေးကွာ”

ကျန်းယုံ ရယ်နေ၏။ သူက ပြောင်းဖူးကို လက်တစ်ဖက်က ကိုင်၍ ပေါင်မုန့်ပူပူလေးကို နောက်တစ်ဖက်က ကိုင်၍ အားပါးတရ စားနေသည်။

အာနယ်လ်၏ မျက်လုံးများ နီရဲလာပြီး ရိုက်ကူးရေး ဝန်ထမ်းအား စူးစူးရဲရဲ စိုက်ကြည့်လေသည်။

“မစ္စတာဝိုင်၊ ဒီည ကျွန်မတို့ ဘယ်လိုဖြစ်မှာလဲ၊ ကျွန်မတို့ ဆာနေပြီ”

“ဂွီ”

တလေ၏ မျက်နှာက နီနေပြီး အားလုံးကို ရှက်ရွံ့စွာ ကြည့်သည်။

“ငါ့အစာအိမ်က ထပ်သည်းမခံနိုင်တော့လို့ပါ၊ ငါ တအား ဆာနေပြီ”

“စိတ်ချပါ၊ ငါ မင်းတို့ကို အငတ်မထားပါဘူး”

ရဲ့လင်းချန်က အူမြူးစွာ ခေါင်းခါယမ်းလေသည်။ သူသည် ဝါးကို လက်တစ်ဖက်က ကိုင်၍ ကမ်းခြေသို့ လျှောက်သွားသည်။

*သူ ဘာထပ်လုပ်ဦးမလို့လဲ*

ရိုက်ကူးရေး ဝန်ထမ်းများ အပါအဝင် အားလုံး၏ အကြည့်က မရည်ရွယ်ဘဲ ရဲ့လင်းချန်ကို လိုက်ကြည့်မိသည်။

ထို့နောက် ရဲ့လင်းချန်က သူ့ဖိနပ်နှင့် အင်္ကျီကို ချွတ်၍ ပင်လယ်အစပ်သို့ လျှောက်သွားသည်ကို သူတို့ မြင်လိုက် ရသည်။

လက်ရှိတွင် ညနေ ခြောက်နာရီအချိန်သို့ ရောက်နေပြီ ဖြစ်သည်။ နေရောင်ခြည်က တောက်တောက်ပပ လင်းလက်ခြင်း မရှိတော့ဘဲ အနီရောင် သန်းနေလေပြီ။ အဝေးမှ ကောင်းကင်ယံသည် ရွှေအိုရောင်သို့ ပြောင်းလဲနေပြီး နေဝင်ချိန်ကို မြင်နေရလေသည်။ ညနေခင်း နေဝင်ချိန်က မိုးကောင်ကင်နှင့် မြေကြီးကို ဆက်သွယ်ပေးနေကာ တစ်မူထူးခြားသော မြင်ကွင်းတစ်ခုကို ဖော်ဆောင်နေ၏။

သို့သော် နေဝင်ချိန်အောက်၌ ပင်လယ်ထဲ ရပ်နေသော ပုံရိပ်ကို မြင်သောအခါ အားလုံး မျက်လုံးများ ပြူးကျယ် လာပြီး ပါးစပ်အဟောင်းသား ဖြစ်လာကြလေသည်။

All Chapters