← Chapters

ပက်ပင်တိုးကြပြီ.....

Vol. 13 Ch. 169

ပက်ပင်တိုးကြပြီ.....

Vol. 13 Ch. 169

ရဲဟွာ ဆူဆူဆောင့်ဆောင့်နှင့် ရွှေတံဆိပ်နှစ်ခုကို အိတ်ကပ်ထဲ ထည့်သိမ်းလိုက်ပြီး အဖွဲ့သားများနှင့်အတူ ထွက်လာခဲ့လိုက်သည်။

ရဲဟွာတို့ ထွက်သွားသည်နှင့် ရှင်းဖူ ထွက်လာပြီး လီလော့ကိုမေးလိုက်သည်။

"သူတို့တွေ ခေါင်းဆောင်ပြောတဲ့အတိုင်း လုပ်ပါ့မလား...."

"ရဲဟွာက ထက်မြက်တယ်.... ဒါ့ကြောင့်မို့လည်း အချိန်တိုလေးအတွင်း မဟာမိတ်ဖွဲ့ နိုင်ခဲ့တာပေါ့...မဟာမိတ်ဖွဲ့တယ်ဆိုတာ တိုက်ပွဲအတွက် လိုအပ်တဲ့အစိတ်အပိုင်းတစ်ခုပဲလေ..အဲ့တော့ သူနဲ့ရန်ငြိုးမဖွဲ့မချင်ဘူး...ငါအခုသူ့ကို လွှတ်ပေးလိုက်တဲ့အပြင် တံဆိပ်ပါ ကြိုပေးလိုက်သေးတယ်...သစ္စာဖောက်ဖို့ကြိုးစားရင်တော့ သူ့အတွက် ပြန်လမ်းမရှိဖြစ်သွားလိမ့်မယ်....အဲ့တော့ သူ့ဘာသူ ဉာဏ်ရှိရှိ ရွေးချယ်ပါလိမ့်မယ်...."

ရှင်းဖူ ခေါင်းညိတ်လိုက်မိသည်။ လီလော့သည် ခေါင်းဆောင်ဖြစ်သောကြောင့် ရှေ့ရေးကိုကြိုတွေးတတ်မည်သာ။သူသာ လီလော့နေရာတွင်ဆို ဉီးနှောက်ခြောက်နေလောက်ပြီ။ ထို့​ကြောင့် လီလော့ စီစဉ်သည့်အတိုင်းလိုက်နာလိုက်သည်သာ အကောင်းဆုံးဖြစ်လိမ့်မည်။

ရဲဟွာကို နှစ်ခုပေးလိုက်သောကြောင့် လက်ရှိတွင် လီလော့တို့ထံ၌ ရွှေတံဆိပ် ခုနှစ်သာကျန်တော့သည်။ ဤသည်မှာ အမှတ် ၇၀၀ပင်.....

"အမှတ် ၇၀၀ဆိုတော့လည်း မဆိုးတော့မဆိုးပါဘူး...."

အစပိုင်းတွင် အုပ်စုဖွဲ့ အမဲလိုက်ခံခဲ့ရသော်လည်း ယခုချိန်တွင် အမှတ် ၇၀၀ ပိုင်ဆိုင်ထားနိုင်ပြီဖြစ်သည်။

ရှင်းဖူလည်း ကျေနပ်စွာပြုံးနေလေသည်။ ကျောင်းတွင်းရမှတ်များသည် ကောလိပ်တွင်သုံးသော ငွေကြေးပင်မဟုတ်လော...အမှတ်၇၀၀ဆိုသည်မှာ စွမ်းအင်ရည် နှစ်ပုလင်း ဝယ်ယူရန်လုံလောက်သော ပမာဏဖြစ်သည်။

" ခေါင်းဆောင်က သိပ်တော်တာပဲ...."

ပိုင်မျန်မျန်သည်လည်း ပျော်ရွှင်မြူးထူးစွာ ခုန်ပေါက်နေလေ၏။

" မျန်မျန်ကသာ ချီးကျူးခံသင့်တာပါ....သူရဲ့ ပုံရိပ်ယောင်တွေကြောင့်သာမဟုတ်ရင် ငါတို့တွေ အခုလို အောင်ပွဲခံနေနိုင်မှာ မဟုတ်ဘူး.... .."

ဤသည်မှာ အကြောင်းမဲ့ ချီးကျုးခြင်းမဟုတ်ပေ။ ပိုင်မျန်မျန်၏ ပုံရိပ်ယောင်စွမ်းရည်သည် ထိုးစစ်ပိုင်းတွင် အသုံးမဝင်သော်လည်း အားကောင်းသော ပဲ့တင်ထပ်သံများကဲ့သို့ အစွမ်းထက်လှသည်။

ရှင်းဖူကပါ ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်ပြနေသောကြောင့် ပိုင်မျန်မျန် ရှက်နေလေပြီ။

" ကဲ ကြိုးစားလိုက်ကြဉီးစို့...ထပ်ပြီးရိတ်သိမ်းစရာတွေ အများကြီးကျန်သေးတယ်...."

..........................................................

အချိန်ကြာလာသည်နှင့်အမျှ တိုက်ပွဲများလည်း တစ တစပိုပြင်းထန်လာကြသည်။

အဖွဲ့ပေါင်း ၁၀၀၀ ကျော်သည် နေရ အနှံ့တွင် ပြင်းထန်စွာတိုက်ခိုက်နေကြသည်ကို ခရမ်းအဆင့်နည်းပြငါးဉီးက အပြင်ဘက်ကနေ စောင့်ကြည့်နေလျှက်ရှိသည်။

" နည်းပြချီချန်း....အမှတ််လောက်တွေ ရနေကြပြီလဲ...."

နည်းပြချီချန်းသည် အမှတ်ပေးရန် တာဝန်ယူထားရသောကြောင့် ချောင်ရှန်း လှမ်းမေးလိုက်သည်။

"ပိုင်တုတုတို့ရဲ့ လေစီးနင်းသူအဖွဲ့က အမှတ် ၁၇၀၀..."

" ချင်ဇူလုတို့အဖွဲ့က အမှတ် ၁၆၀၀..."

"ဝမ်ဟေးကျူတို့က အမှတ် ၁၅၀၀..."

" လီလော့တို့အဖွဲ့က ၁၄၈၀..."

" ရိလီရှတို့က အမှတ် ၁၄၀၀..."

" အလားအလာကောင်းတဲ့ ရွှေအဆင့်အဖွဲ့တွေရှိသေးပေမယ့် တဖွဲ့မှ အမှတ်တစ်ထောင်မကျော်သေးဘူး....."

" လေစီးနင်းသူအဖွဲ့က သုံးယောက်စလုံး လေပဲ့တင်ထပ်သံသမားတွေချည်းပဲဆိုတော့ အမြန်နှုန်းမှာသူတို့ကို ယှဉ်နိုင်မယ့်သူမရှိလောက်ဘူး......"

ချောင်ရှန်း၏ သုံးသပ်မှုကို ရှန်ကျင်းရှောင်က လည်း ပြန်တုံ့ပြန်လိုက်သည်။

" စိတ်မပူကြစမ်းပါနဲ့....ငါးကြီးတွေက ငါးလေးတွေကိုစားဖို့အလုပ်ရှုပ်နေကြလို့ပါ...ငါကြီးတွေအချင်းချင်းတွေ့တဲ့အခါမှ စိတ်လှုပ်ရှားစရာပိုကောင်းလာမှာ...."

" အဲ့လိုဖြစ်လာပါစေလို့ပဲ ဆုတောင်းပါတယ်...နည်းပြရှန်းကျင်းရှောင်က အမှတ်၃၀၀၀တန်တဲ့ လှိုင်းဆယ့်နှစ်ဆင့်ကျင့်စဉ်ကို ဆုအဖြစ်ချီးမြှင့်မယ်လို့ပြောထားတယ်မဟုတ်လား....သူပြောသလို စိတ်ဝင်စားစရာမကောင်းဘူးဆို အကုန်အကျခံထားရတာတွေ နှမြောစရာကြီးဖြစ်နေမှာ....."

ကျန်နည်းပြများသည် ချီချန်း၏ လေသံအနေအထားကို ကြားလိုက်ကတည်းက ဇာတ်ကြောင်းကို ခန့်မှန်းမိနေပြီ။

ရှန်ကျင်းရှောင်ဘက်က ညစ်ထားမှန်းသိနေသောလည်း စစ်ဆေးမှုအတွက် အပိုဆုကြေးအဖြစ်ပေးမည်ဟုကြေငြာလိုက်သောကြောင့် မည်သူမျှ အပြစ်မပြောနိုင်ကြတော့ပေ။

"ဘယ်သူပဲ ပထမရရ ကျုပ်ပြောထားတဲ့အတိုင်းပေးမှာပါ...."

" ပွဲပြီးတဲ့အချိန်ထိ ဒီစကားတည်နိုင်ပါစေလို့ပဲ မျှော်လင့်ပါတယ်....."

" နည်းပြချီချန်းပြောချင်တဲ့သဘောက လီလော့သာ ပထမရခဲ့ရင် ကျုပ်ဘက်စကားမတည်မှာမဟုတ်ဘူးပေါ့.....ဒါက အမှတ် သုံးထောင်လောက်ပဲတန်တာပါ...လီလော့သာ တတ်နိုင်မယ်ဆို ကျူပ်ဘက်ကလည်းကျေကျေနပ်နပ်ကြီးပေးလိုက်မှာပါ....ဒါပေမယ့် နည်းပြချီချန်း မျှောလင့်ထားသလို လီလော့ဘက်က မစွမ်းဆောင်နိုင်ခဲ့ရင်ရော...."

" အဆုံးထိ စောင့်ကြည့်ပြီးရင် သိလာပါလိမ့်မယ်....."

ချီချန်းနှင့် ရှန်ကျင်းရှောင်တို့၏ စကားရည်လုပွဲကို ကြုံဖူးနေသောကြောင့် အခြားနည်းပြအတွက် လက်ရှိစကားဝိုင်းသည် ထူးဆန်းမနေတော့ပေ။

...................................................................

" ဟေ့ကောင်တွေ မင်းတို့က လူတွေလား ယုန်တွေလား တံဆိပ်လေးတစ်ခုရဖို့ ဆယ်မိနစ်လောက် လိုက်ဖမ်းနေရတယ်....."

လီလော့သည် ရှုံးနိမ့်သွားသော ရွှေအဆင့်ခေါင်းဆောင်ဆီမှ တံဆိပ်ကိုဖြုတ်ယူနေရင်း ငြီးတွားနေလေ၏။

"ငါတို့နဲ့တွေ့ရင် ထွက်ပြေးတာ မယဉ်ကျေးဘူးဆိုတာ နားမလည်ဘူးလား...."

" သေလိုက်ပါလား....ငါတို့က ရွှေအဆင့်တွေလေ...မင်းတို့လို ခရမ်းအဆင့်တွေနဲ့တွေ့တာကို ထွက်မပြေးလို့ လှဲအိပ်နေပေးရမှာလား...."

လီလော့သည် လက်ထဲတွင် ရှိသော တံဆိပ်များကို ရေတွက်ကြည့်လိုက်သည်။

" ဒါနဲ့ဆို အမှတ် ၁၆၈၀ရှိပြီ...."

// တော်ဝင်သစ်စေးက ၅၀၀၀ ၊ လှိုင်းဆယ့်နှစ်ဆင့်က ၃၀၀၀...ဟူးးး အများကြီးလိုသေးတာပဲ....//

လီလော့ သက်ပြင်းချလိုက်မိသည်။ ရွှေအဆင့်အဖွဲ့များသည် အရေအတွက်နည်းလာသည်နှင့်အမျှ ပို၍ပင် ဖမ်းရခက်လာပြီဖြစ်သည်။

နံဘေးတွင်ရှိသော ချောင်းထဲတွင် လက်ဆေးနေတုန်း လေတိုးသံကြားလိုက်ရသဖြင့် မော့ကြည့်လိုက်သောအခါ ချောင်းတစ်ဖက်ခြမ်းတွင် လူငယ်သုံးဉီးရပ်နေလေ၏။

ထိုလူငယ်သုံးဉီးအနက်တွင် ခေါင်းဆောင်ဟုယူဆရသော လူငယ်လေးသည် ဘောင်းဘီနိုနှင့် ညှပ်ဖိနပ်ကိုသာဝတ်ဆင်ထားပြီး ခါးတွင် အဝါဖျော့ရောင်ခါးစည်းကြိုးတစ်ခုချည်နှောင်ထားသည်။မျက်ဝန်းများသည် တမူထူးခြားစွာ တောက်ပနေသည်။

ထိုလူငယ်အနောက်တွင် ကောင်လေးတစ်ဉီးနှင့် ကောင်မလေးတစ်ဉီးရှိနေသည်။ ကောင်လေးကို လီလော့မသိသော်လည်း ကောင်မလေးကိုတော့ ကောင်းကောင်းကြီးရင်းနှီးနေသည်။

ထိုကောင်မလေးသည် စီချိုးယင်းပင်ဖြစ်သည်။

// ဒါဆို ဟိုနှစ်ယောက်က ရိလီရှနဲ့ ချိုးလော့တို့ပေါ့.....//

ဤသည်မှာ လီလော့ ပထမဆုံး ပက်ပင်းကြုံရသည့် ခရမ်းအဆင့်အဖွဲ့ဖြစ်လေ၏။

All Chapters