← Chapters

ဒါ..ထောင်ချောက်ပဲ.....

Vol. 13 Ch. 171

ဒါ..ထောင်ချောက်ပဲ.....

Vol. 13 Ch. 171

" အစ်ကိုလော့....အုပ်ချုပ်သူများအဖွဲ့နဲ့ ကောင်းကင်ဓားအဖွဲ့က လွန်ခဲ့တဲ့တစ်နာရီလောက်တည်းက လှုပ်ရှားနေကြပြီ....အစ်ကိုတို့နောက်ကိုခြေရာခံရင်း တိုက်ပွဲတွေထဲ ရောပါသွားပုံရတယ်.....အုပ်ချုပ်သူများအဖွဲ့ရဲ့ခေါင်းဆောင် ရှန်းယာက ပွင့်လန်းခြင်းနှောင်းပိုင်းအဆင့်...ကျန်တဲ့သူတွေက ပွင့်လန်းခြင်းအစောပိုင်းအဆင့်တွေ....ကောင်းကင်ဓားအဖွဲ့ကတော့ အကုန်လုံး ပွင့်လန်းခြင်းအစောပိုင်းအဆင့်တွေချည်းပဲ.....နှစ်ဖွဲ့စလုံးက ရွှေအဆင့်အဖွဲ့တွေထဲမှာ အားအကောင်းဆုံးတွေဆိုတော့ လျှော့မတွက်သင့်ဘူး....."

ကျောက်ခွော်ရှင်းပြသည်ကို လီလော့  ခေါင်းညိတ်ထောက်ခံ လိုက်သည်။ ဟုတ်ပေသည်။ ထိုနှစ်ဖွဲ့ကို ကြိုတင်ပြင်ဆင်ထားခြင်းမရှိဘဲ အလွယ်တကူ သွားမထိသင့်ပေ။

"ကောင်းကင်ဓားအဖွဲ့ကို ငါတို့နှစ်ဖွဲ့ပေါင်းပြီး ထိန်းထားလိုက်မယ်.....သူတို့က ငါတို့ထက် သန်မာပေမယ့် ငါတို့ဘက်က အရေအတွက်ပိုင်း အားသာတယ်....အကယ်၍ မနိုင်တော့ဘူးဆိုရင် အစ်ကိုလော့တို့ဘက်က တစ်ယောက်လောက် လွှတ်ပေးလိုက်....."

" ကောင်းပြီ...စီစဉ်ထားတဲ့အတိုင်း လုပ်ကြတာပေါ့.... "

" ဒါပေမယ့် ငါတို့ကို ရှင်းဖူလာကူနေတဲ့အချိန် အစ်ကိုလော့နဲ့မျန်မျန် နှစ်ယောက်တည်း အုပ်ချုပ်သူများအဖွဲ့ကို တိုက်နိုင်ပါ့မလား....."

ကျောက်ခွော်က စိတ်ပူသည့်အနေဖြင့်မေးလိုက်သည်။

" မပူနဲ့...အဆင်ပြေတယ်....."

နှစ်ပေါင်းများစွာ ခင်မင်ခဲ့ကြသည့်အတွက် လီလော့သည် မလုပ်နိုင်ဘဲ ပြောတတ်သူမဟုတ်မှန်း ကျောက်ခွော်နားလည်ထားသည်။

....................

တောအုပ်၏ တစ်နေရာတွင်......

ရှန်းယာသည် သစ်ပင်အောက်တွင် ထိုင်ကာ သစ်သီးတစ်လုံးကို ကိုက်ဝါးနေပြီး ကျန်အဖွဲ့သားများကလည်း အနားတွင် ဝိုင်းဖွဲ့နေကြသည်။

ထိုလေးယောက်စလုံးသည် လမ်းတစ်လျှောက်တွင် ရှင်းလင်းရေး လုပ်ခဲ့ရသောကြောင့် ခတ္တအနားယူနေကြခြင်းဖြစ်သည်။

" အနားယူပြီးရင် မြန်မြန်လှုပ်ရှားကြရအောင်.....လီလော့တို့အဖွဲ့ကို မြန်မြန်ရှင်းနိုင်မှဖြစ်မယ်....."

လူကောင် ခပ်ထွားထွားနှင့် အဖွဲ့သားတစ်ယောက်က အပူတပြင်းလောဆော်နေသည်။

" မင်းပြောနေတဲ့ပုံက ဝက်သွားသတ်မယ့်အတိုင်းပဲ ....လွယ်လိုက်တာ...."

"ဟွန့်...ခရမ်းအဆင့်အဖွဲ့ဆိုတိုင်း ကြောက်နေရမှာလား....."

" အေးပါကွာ...သွားကြတာပေါ့....."

ရှန်းယာ မတ်တပ်ထရပ်လိုက်သည်နှင့် ကျန်အဖွဲ့သားများကလည်း တညီတညွှတ်တည်း ခရီးဆက်ရန် ပြင်ဆင်လိုက်ကြသည်။

ရှန်းယာတို့သည် ကျွမ်းကျင်သည့် တိုက်ခိုက်ရေးသမားများပီသစွာ တိုက်ပွဲနယ်မြေထဲသို့ ဝင်ရောက်ခဲ့ကြပြန်သည်။

မိနစ်အနည်းငယ်အကြာတွင် ရှန်းယာသည် ကောင်းကင်ဓားအဖွဲ့ဘက်သို့ လှည့်ကာ.....

" လျူချိုး....မင်းတို့ အဆင်ပြေရဲ့လား...."

တစ်ဖက်မှ ဘာမျှမတုံ့ပြန်ဘဲအတွက် ဒီအတိုင်းသာ ရှေ့တိုးလာသည့်အတွက် ရှန်းယာသည် လက်ဝှေ့ယမ်းလိုက်ပြီး စွမ်းအားများ ပစ်လွှတ်လိုက်သည့်အခါ ကောင်းကင်ဓားအဖွဲ့ဝင်များ မျက်စိရှေ့တင် ပျောက်ကွယ်သွားကုန်ကြသည်။

" ပုံရိပ်ယောင်တွေလား...."

ရှန်းယာ လက်ဟန်ခြေဟန်ပြလိုက်ပြီး အဖွဲ့သားများကို အချက်ပေးလိုက်သည်။

" လီလော့တို့တွေ ပိုင်မျန်မျန်ရဲ့ ပုံရိပ်ယောင်စွမ်းရည်သုံးထားတာပဲဖြစ်ရမယ်....."

ရှီယွမ်က လျှပ်စီးစွမ်းအားများကို ဆင့်ခေါ်ထားပြီး အဆောတလျင် ဝင်ပြောလိုက်သည်။

" တော်တော် ကောက်ကျစ်တဲ့ကောင်....ငါတို့သူ့နောက်လိုက်နေမှန်း သိလို့ သက်သက်လုပ်သွားတာ......"

ရှန်းယာက ဟိုဟိုသည်သည် ဝေ့ကြည့်လိုက်ပြီး.......

" လီလော့....ခရမ်းအဆင့်တပည့်တစ်ယောက်အနေနဲ့ မင်းမှာမာနရှိတယ်ဆို ခိုးကြောင်ခိုးဝှက်လုပ်မနေနဲ့......"

" အိုး....ဒါက ငါကြားဖူးသမျှထဲမှာ အထိရှဆုံး စကားနာထိုးမှုပဲ....အလုပ်တော့ဖြစ်သားပဲ....."

ခပ်မြူးမြူး ပြန်ဖြေသံနှင့်အတူ လီလော့ကို မနီးမဝေးက သစ်ပင်ပေါ်တွင် လှမ်းမြင်လိုက်ရသည်။

" မင်းက ကောင်းကင်ဓားအဖွဲ့ကို ငါတို့နဲ့ ခွဲထားလိုက်ပြီပေါ့....ဟားး ဟားးး ခရမ်းအဆင့်အဖွဲ့ ဖြစ်ပြီး ရွှေအဆင့်အဖွဲ့တွေကို ကြောက်နေရတယ်လို့ကွာ....."

" ပြိုင်ဘက်ကို လွယ်လွယ် အဆုံးသတ်နိုင်မယ့်နည်းလမ်းကို မသုံးနိုင်စရာလား....."

" ခေါင်းဆောင်ကြီးလီလော့ကတော့ တကယ့်ကို လေးစားဖို့ကောင်းတာပဲ....ကြည့်ရတာ နှစ်ယောက်တည်းပါလား....ဘာလဲ ရှင်းဖူက ကျောက်ခွော်တို့ ကောင်းကင်ဓားအဖွဲ့ကို ရှင်းတဲ့နေရာမှာ သွားကူနေပုံပဲ....."

လီလော့ ထိုစကားကြောင့် မျက်မှောင်ကြုံ့လိုက်မိသည်။

" အံ့သြသွားတယ်မဟုတ်လား....မင်းစီစဉ်ထားတာတွေ ငါတို့ အကုန်သိတယ်....."

လီလော့၏ မျက်နှာပေါ်တွင် စောနက ရွှင်မြူးရိပ်များ ဆိတ်သုန်းကုန်လေပြီ။

"ကျောက်ခွော်တို့နဲ့ ပူးပေါင်းထားတဲ့အသင်းက မင်းတို့လူတွေပေါ့......"

" ဝိုးး ခေါင်းဆောင်ပီသချက်ပဲ.....တကယ်တော့ ဒါတွေအကုန်လုံးက ရှီဟွမ်ကြံစည်ထားတာတွေချည်းပဲ.....မင်းနဲ့ကျောက်ခွော်အကြောင်း သိနေတဲ့အတွက် အခုလို ကြံစည်ထားတာပေါ့.....ရှင်းဖူနဲ့ကျောက်ခွော်တို့ အခြေနေကောင်းမယ်လို့ ထင်နေတုန်းပဲလား....."

...............................

ဘုန်းးးးးးးး

ပဲ့တင်ထပ်သံစွမ်းအားများ ပေါက်ကွဲမှုကြောင့် သစ်ပင်များ ပြိုလဲကုန်ကြသည်။

ထိုနေရာတွင် လူဆယ်ယောက်ကျော် ပိတ်မိနေပြီး ပတ်ဝန်းကျင်တစ်ခုလုံး ကပ်ဆိုက်ထားသကဲ့သို့ ဝရုန်းသုန်းကားဖြစ်နေလေ၏။

ကောင်းကင်ဓားအဖွဲ့သည် ထိုအခြေနေနှင့် မသက်ဆိုင်သကဲ့သို့ ခပ်အေးအေးသာပင်.....

" အစ်ကိုရှု...အားမလျော့နဲ့ ရှေ့တန်းကနေ ကာပေးထား...အခုလောက်ဆို အစ်ကိုလော့တို့လည်း တိုက်နေလောက်ပြီထင်တယ်..."

ကျောက်ခွော်က ကျယ်လောင်စွာ အော်ဟစ် အသိပေးနေသည်။

ကျောက်ခွော်ဘေးနားတွင်ရှိနေသော ရှုကောက ခေါင်းညိတ်လိုက်ပြီး....

" ကောင်းပြီ....."

သို့သော်လည်း ရှုကော၏ စွမ်းအားအပြည့်ပါသော လက်ဝါးချက်သည် ကောင်းကင်ဓားအဖွဲ့ဘက်သို့ ဉီးတည်ရမည့်အစား ကျောက်ခွော်၏ အကာအကွယ်မဲ့နေသော ကျောပြင်ပေါ်သို့သာ ဉီးတည်နေသည်။

လက်ဝါးချက်ကျရောက်ခါနီးတွင် အားပြင်းသော စွမ်းအားတစ်ခုကြောင့် ရှုကော အဝေးသို့ လွှင့်စင်သွားလေ၏။

ထိုအချင်းအရာကြောင့် ကျောက်ခွော်တို့တဖွဲ့လုံး အံ့အားသင့်ကုန်ကြသည်။

" ရှုကော...ခင်ဗျား ဒါဘာလုပ်တာလဲ...."

" မမြင်ဘူးလား.... ဒါတွေအကုန်လုံး ပူးပေါင်းကြံစည်ထားတာလေ...အခုမှပဲ အချိတ်အဆက်မိတော့တယ်...ဟားးးဟားး"

ကောင်းကင်ဓားအဖွဲ့ခေါင်းဆောင် လျူချိုးက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သွေးနီဓားနှင့် အရိပ်တစ်ခုကိုခုတ်ပိုင်းလိုက်သည်။

" ရှင်းဖူ...မင်း သူ့ကို ကယ်နိုင်ပေမယ့် ငါမင်းကို မြင်နေရတယ်......."

အနက်ရောင်ဓားမြှောင်တစ်လက်နှင့် ကြက်သွေးရောင် ဓားတစ်လက်တို့ ထိခတ်သွားသည့်အချိန်တွင် ရှင်းဖူကို ရုပ်လုံးသဲကွဲစွာ မြင်လိုက်ကြရသည်။

ကျန်သည့် ကောင်းကင်ဓားအဖွဲ့သားများကလည်း ရှင်းဖူကို ဝိုင်းရံထားလိုက်ပြီ.....

" ဟားးး ခရမ်းအဆင့်တပည့်ဖြစ်နေတော့လည်း ဘာအရေးလဲ...ငါတို့မင်းကို ကောင်းကောင်းကြီး အမိဖမ်းနိုင်နေပြီ....."

ရှင်းဖူသည် မျက်နှာထားတင်းတင်းဖြင့် ဓားမြှောင်ကို ဆုပ််ကိုင်ထားကာ ခံစစ်အနေအထားဖြင့် ခုခံရန် ပြင်ဆင်နေသည်။

// ကစားချင်ကြတယ်ပေါ့....လာခဲ့ကြစမ်း....//

.............................

" လီလော့..မင်းအဖွဲ့သားတစ်ယောက်တော့တိုက်ပွဲကျသွားပြီ...ဒါနဲ့တောင်  ငါတို့အဖွဲ့ကို အင်ပြည့်အားပြည့် တိုက်နိုင်မယ် ထင်နေတုန်းလား....."

" ဘာလို့ မတိုက်နိုင်ရမှာလဲ...."

" အင်းလေ...ဖြစ်နိုင်ပါတယ်....ဒါ့ကြောင့် မင်းကို အထင်ကြီးလေးစားတဲ့အနေနဲ့ နောက်ထပ်ရွှေအဆင့် သုံးဖွဲ့ ထပ်ဖိတ်ထားတယ်....."

ရှန်းယာသည် ညစ်ကျယ်ကျယ်ပြုံးလိုက်ပြီးအချက်ပြမီးကျည်တစ်ခု ပစ်လွှတ်လိုက်လေသည်။

" ကဲ...လီလော့ရေ...ပြောစမ်းပါဉီး.... ဒီတစ်ခါရော ဘယ်လိုများ လွတ်အောင်ပြေးဉီးမလဲလို့......"

All Chapters