← Chapters

တန်ပြန်ထောင်ချောက်ဆင်ခြင်း.....

Vol. 13 Ch. 172

တန်ပြန်ထောင်ချောက်ဆင်ခြင်း.....

Vol. 13 Ch. 172

" ရွှေအဆင့် သုံးဖွဲ့ ထပ်ခေါ်ထားတယ်....."

လီလော့ ထိတ်လန့်မှုကြောင့် ဆံပင်မွှေးများပင်ထောင်တက်သွားလေသည်။ ဤနေရာတွင် သူနှင့် ပိုင်မျန်မျန်သာ ရှိနေသောကြောင့် နောက်ထပ်သုံးဖွဲ့ထပ်ရောက်လာပါက အကြီးအကျယ်ဒုက္ခရောက်ပေတော့မည်။

" အေးပါကွာ...သေချာကိုပြင်ဆင်ထားတော့တာပဲ....."

ရှန်းယာတို့သည် လျှို့ဝှက်မဟာမိတ်များမှတဆင့် လီလော့တို့ ကြံစည်ထားသမျှကို သိနှင့်ပြီးဖြစ်သည်။

ရှင်းဖူနှင့် လူစုကွဲနေသည့်တိုင် လီလော့တို့ကိုတိုက်ခိုက်ရန် ရွှေအဆင့် သုံးဖွဲ့ပါ ထပ်ခေါ်ထားသေးသည်။

တစ်လွှာပြီးတစ်လွှာ သေချာစနစ်တကျစီစဉ်ထားခြင်းပင်.....

" ဒါပေါ့....မင်းတို့ကိုရင်ဆိုင်ဖို့ အကောင်းဆုံးပြင်ဆင်ထားရတာပေါ့....ဒါမှသာ တစ်ချက်တည်းနဲ့ အုပ်ချုပ်သူများအဖွဲ့ နာမည်ကြီးသွားမှာ​....ဘာပဲဖြစ်ဖြစ် ငါတို့ဘက်က ရှုံးစရာအကြောင်းမရှိဘူး...... ထုံးစံအတိုင်း ဒီအကြံတွေက ရှီယွမ်ဆီကလာတာတွေချည်းပဲ....လီလော့ရေ..တခါတလေကျရင် ရန်သူက ကိုယ့်ထက်တောင် ကိုယ့်အကြောင်းပိုသိနေသေးတယ်ကွ......"

ရှန်းယာ၏ အပြောကို ရှီယွမ်ကလည်း အေးစက်စွာဖြည့်စွက်လိုက်သည်။

"လီလော့....ထျန်ရှုမှာ ရှုံးခဲ့ကတည်းက တနေ့ကျရင် ရှုံးကြွေးပြန်ယူမယ်လို့ ငါပြောခဲ့သားပဲ....."

" ဒါဆို ဒါက ပြောင်ပြောင်တင်းတင်း စစ်ကြေငြာလိုက်တာပေါ့....."

လီလော့ ထိုသို့ ပြန်ပက်လိုက်သောကြောင့် ရှန်းယာသည် ပဲ့တင်ထပ်သံစွမ်းအားများကို ထုတ်ဖော်လိုက်သော်လည်း မတိုက်ခိုက်သေးပေ။

"လီလော့...မင်းရဲ့ ပဲ့တင်ထပ်သံနှစ်ခုကကြောက်စရာကောင်းမှန်း ငါတို့သိတယ်....ဒူဇီပိုင်ရွှမ်းကိုတောင် နိုင်အောင်တိုက်ခိုက်တဲ့မင်းကို အခုချက်ချင်း တိုက်ခိုက်ရလောက်တဲ့အထိတော့ ငါတို့ မမိုက်မဲသေးဘူး.....ငါတို့တွေ စစ်ကူရောက်လာတဲ့အထိ စောင့်မယ်....နောက်ထပ်သုံးဖွဲ့ထပ်ရောက်လာရင် မင်းဘယ်မှပြေးလို့မလွတ်တော့ဘူး.....မင်း ငါ့လက်ချက်ကြောင့် ပထမဆုံး ရှုံးနိမ့်ခြင်းအရသာကို မကြာခင်ခံစားရတော့မယ်...."

............

တောအုပ်ထဲတွင်......

ရွှေအဆင့်အဖွဲ့ သုံးဖွဲ့သည် တစ်နေရာထဲတွင် တိုက်ပွဲနှစ်ခု ဖြစ်ပွားလျှက်ရှိနေသည်။

ကောင်းကင် ဓားအဖွဲ့သည် ကျောက်ခွော်တို့အဖွဲ့ကို ရှုကောတို့အဖွဲ့နှင့် လွှဲထားပြီး သူတို့ကိုယ်တိုင်က ရှင်းဖူနှင့် လေးယောက် တစ်ယောက် တိုက်ခိုက်နေကြသည်။

ရှင်းဖူသည် ပွင့်လန်းခြင်းနှောင်းပိုင်းအဆင့်ဖြစ်ပြီး ကောင်းကင်ဓားတစ်ဖွဲ့လုံးသည် ပွင့်လန်းခြင်း အစောပိုင်းအဆင့်များဖြစ်ကြသည်။တစ်ဉီးချင်းစီအားဖြင့် ၎င်းတို့သည် ရှင်းဖူထက်အားနည်းကြသော်လည်း အဖွဲ့လိုက်ပေါင်းစည်းထားသောအခါ ရှင်းဖူ အတွက် သိပ်မလွယ်ကူတော့ပေ။

ကောင်းကင်ဓားအဖွဲ့၏ တိုက်ကွက်များကိုသာ ကြိုးစားရှောင်တိမ်းနေရပြီး ရံဖန်ရံခါမှသာ တန်ပြန်တိုက်ကွက် တစ်ကွက်တစ်လေ ပစ်လွှတ်နိုင်ရှာသည်။

အရိပ်ပဲ့တင်ထပ်သံ၏ထူးခြားသောစွမ်းရည်ကိုသုံး၍ အချိန်ကောင်းကို စောင့်ဆိုင်းခြင်းတစ်ခုသာ ရှင်းဖူအတွက်ရွေးချယ်ရန်ရှိတော့သည်။

" ဟားးဟားး ခရမ်းအဆင့်တပည့်ဆိုပြီး ထင်သလောက်လဲ မဟုတ်ပါလား...မျောက်တစ်ကောင်လို ဟိုခုန်သည်ခုန်နဲ့....."

လျူချိုး၏ ကဲ့ရဲ့လှောင်ပြောင်သံများ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

ဤသည်မှာ သွေးဆူအောင် ဆွပေးနေမှန်း သိသောကြောင့် ရှင်းဖူ မကြားချင်ယောင်ဆောင်လိုက်သည်။

လုပ်ကြံသတ်ဖြတ်သူတစ်ယောက်သည် စိတ်ရှည်ရှည်ထား၍ အချိန်ကောင်းကို စောင့်ဆိုင်းနိုင်ရမည်။

ရှင်းဖူဘက်က ဘာမျှ မတုံ့ပြန်သောကြောင့် လျူချိုးလည်း ဘာမျှဆက်မပြောတော့ဘဲ တိုက်ခိုက်မှုတွင်သာ အာရုံစိုက်ထားလိုက်တော့သည်။

တစ်ဖက်တွင် ကျောက်ခွော်တို့အဖွဲ့သည် ရှုကောတို့၏တိုက်ခိုက်မှုကြောင့် ပိတ်မိနေလေ၏။

" ရှုကော...မင်းငါတို့ကို သစ္စာဖောက်ရဲတယ်ပေါ့!!!"

ကျောက်ခွော် ဒေါသထွက်နေလေပြီ။အုပ်ချုပ်သူများအဖွဲ့၏သတင်းကို လီလော့ဆီပေးခဲ့သော်လည်း ဤသည်မှာ ထောင်ချောက်ဖြစ်နေသည်။

လိုလိုလားလားနှင့် မဟာမိတ်ဖွဲ့ခဲ့မိသည့် ရှုကောကလည်း သစ္စာဖောက်ဖြစ်နေလေသည်။

သတင်းပေါက်ကြားမှုကြောင့် အခုဆို လီလော့လည်း ဒုက္ခကြုံနေလောက်ပြီ။

"ဟဲ ဟဲ...ငါ့ကိုအပြစ်လာမတင်နဲ့. ..နမော်နမဲ့နိုင်တဲ့ကိုယ့်ကိုကိုယ်သာ အပြစ်တင်...."

" အေး...ငါရောအစ်ကိုလော့တို့အဖွဲ့ကပါ မင်းတို့ကို ဘယ်တော့မှမမေ့ဘူး...."

ကျောက်ခွော်၏ အပြောကြောင့် ရှုကော အနည်းငယ်စိတ်ပူသွားမိသည်။ ကျောက်ခွော်တို့အဖွဲ့ကို အရေးစိုက်ရန်မလိုသော်လည်း လီလော့တို့သည် ခရမ်းအဆင့်ဖြစ်သောကြောင့် ကြောက်စရာကောင်းပေသည်။သို့သော်လည်း ကျူးလွန်ပြီးပြီဖြစ်သောကြောင့် နောက်ပြန်လှည့်ရန် မမှီတော့ပေ။

" အိုးးး မှတ်မိနေတော့လည်း ဘာဖြစ်လဲ....မင်းတို့တွေငါ့တို့ကို သတ်ရဲမှာကြနေတာပဲ....မင်းတို့နှစ်ဖွဲ့စလုံးကို နိုင်အောင်တိုက်နိုင်ရင် ပြီးနေပြီပဲ...လီလော့တို့အဖွဲ့က

ရွှေအဆင့်အဖွဲ့လက်ချက်နဲ့ ရှုံးနိမ့်ရတဲ့ ပထမဆုံး ခရမ်းအဆင့်အဖွဲ့ဖြစ်လာလိမ့်မယ်..."

"ကြာတယ်ကွာ...မြန်မြန်လက်စသတ်လိုက်ကြရအောင်....."

ရှုကောတို့သည် စွမ်းအားများကို တိုးမြှင့်ထုတ်ဖော်လိုက်ပြီး ကျောက်ခွော်တို့ကို ဖိနှိပ်ထားလိုက်သည်။ တိုက်ပွဲသည် အထွတ်အထိပ်အခြေနေသို့ ရောက်နေလေပြီ။

လျူချိုးတို့ဘက်က အပြီးသတ်ရိုက်ချနိုင်တော့မည့်အချိန်တွင် သစ်တောထဲကနေ လူတစ်စု ရုတ်တရက်ထွက်ပေါ်လာသောကြောင့် ရှုကောတို့သည် လုံခြုံရေးအတွက် သင့်တော်သောအကွာအဝေးရောက်အောင်နောက်ဆုတ်လိုက်ရသည်။

" ဘယ်ကောင် ဝင်ရှုပ်တာလဲ...."

ကျော်ခွော် နှင့် အခြားသူများလည်း အံ့အားသင့်နေကြပြီး ကျူးကျော်သူအသစ်များကို မည်သူမည်ဝါမှန်း ခွဲခြားမသိနိုင်ကြသေးပေ။

ရွှေအဆင့်အဖွဲ့သည် ပြောင်ပြောင်တင်းတင်းပင် လမ်းလျှောက်လာကြပြီး ထိုအဖွဲ့၏ ခေါင်းဆောင်သည် လီလော့နှင့်တွေ့ဆုံခဲ့ထူးသော ရဲဟွာဖြစ်သည်။

"တဆိတ်လောက်....ကျုပ်တို့လို ကိုယ်လူချောတွေကို လူရိုက်ပေးဖို့ အကူအညီတောင်းထားတယ်ဗျ....."

...................................................

တောအုပ်တစ်နေရာတွင် ရွှေအဆင့်သုံးဖွဲ့သည် ဉီးတည်ရာတစ်ခုတည်းဆီသို့ တဟုန်ထိုးပြေးလွှားနေကြသည်။

"ရှန်းယာက အချက်ပေးလိုက်ပြီ....မြန်မြန်သွားပြီး လီလော့တို့ကို တိုက်ကြရအောင်....."

" ခရမ်းအဆင့်အဖွဲ့ကို နိုင်လို့ကတော့ နာမည်ကြီးပြီပဲ...."

"အေးကွာ....ငါတော့ စောင့်တောင်မစောင့်နိုင်တော့ဘူး...."

ထိုအချိန်တွင် ၎င်းတို့ရှေ့သို့ မျှားတံများ မိုးသီးမိုးပေါက်ပမာကျဆင်းလာသောကြောင့် အမြန်ကိုယ်ရှိန်သတ်လိုက်ရလေသည်။

" ဘယ်သူတွေလဲ...."

ထိုသို့အော်ဟစ်လိုက်သောအခါ တောအုပ်အတွင်းမှ ရွှေအဆင့်အဖွဲ့ လေးဖွဲ့ ထွက်ပေါ်လာလေ၏။

"ရောင်းရင်းတို့...ကျုပ်တို့ဘာသာ ကိုယ့်လမ်းကိုယ်သွားနေတာကို ဘာလုပ်ကြတာလဲ...."

အတိုက်ခိုက်ခံလိုက်ရသော သုံးဖွဲ့ဘက်မှခေါင်းဆောင်သည် တစ်ဖက်အဖွဲ့ကို မေးလိုက်သည်။

" မင်းတို့တွေ လီလော့တို့ကို သွားတိုက်မလို့မဟုတ်လား...."

သုံးဖွဲ့စလုံး တုန်လှုပ်သွားလေ၏။

" စိတ်မကောင်းပါဘူး... ငါတို့တွေလည်း ဆုကြေးရအောင် လုပ်ရဉီးမှာမို့ မင်းတို့ကို တားရလိမ့်မယ်....ဒါ့ကြောင့် မျက်နှာသာပေးတဲ့အနေနဲ့ ဒီနေရာမှာတင် ရပ်နေလိုက်ပါတော့......"

လေးဖွဲ့ဘက်မှခေါင်းဆောင်က လက်ဝှေ့ယမ်းပြလိုက်သည့်အခါ ကျန်သောအဖွဲ့သားများသည် သုံးဖွဲ့ကိုတိုက်ခိုက်ရန် ခုန်ဝင်လိုက်ကြလေတော့သည်။

......................................................

လီလော့သည် သစ်ပင်ပေါ်တွင် အေးရာအေးကြောင်းထိုင်နေလျှက်ရှိပြီး အချိန်ကုန်လာသော်လည်း အေးဆေးနေဆဲပင်....

ရှန်းယာ စိတ်မအေးနိုင်တော့ပေ။ စစ်ကူများရောက်မလာပါက လီလော့ကို တိုက်ခိုက်နိုက်လိမ့်မည်မဟုတ်။

လီလော့ အေးဆေးနေသလောက် ရှန်းယာကတော့ ပူထူနေလေပြီ။

အချိန်ကုန်လာသည်နှင့်အမျှ စိုးရိမ်ရေမှတ်များလည်း တရိပ်ရိပ်မြင့်တက်လာနေသည်။

ထိုအချိန်တွင် လီလော့ ဟက်ဟက်ပက်ပက်ရယ်မောလိုက်ပြီး.....

" ကဲ..ဘယ်လိုလဲ....မင်းရဲ့စစ်ကူတွေရောက်မလာသေးဘူးလား...."

ထိုစကားကြောင့် ရှန်းယာတို့အားလုံး ထိတ်လန့်ကုန်ကြသည်။

" မင်း ဘာလုပ်လိုက်တာလဲ....."

လီလော့က ဓားရိုးပေါ်လက်တင်လိုက်ပြီး.....

" တကယ်တော့ ငါ့ဘက်က မင်းတို့ကို လျှော့တွက်လိုက်တာမဟုတ်ဘူး....မင်းတို့ကသာ ငါ့ကိုလျှော့တွက်လိုက်ကြတာ.....လီလော့ဆိုတဲ့ငါက ရုပ်ချောတာတစ်ခုအပြင် ဘာမှအသုံးမကျဘူးထင်နေတာလား ရုပ်ဆိုးကောင်တွေရဲ့....."

ရှန်းယာသည် နဖူးကြောများ ထောင်တက်လာသည်အထိ ဒေါသထွက်နေသောကြောင့် အသက်ကိုပင် ခက်ခက်ခဲခဲ ရှူနေရသည်။

" စစ်ကူတွေဆိုတာ အရံသက်သက်ပဲ....သူတို့ရောက်မလာရင် ငါတို့တွေ မင်းတို့နှစ်ယောက်ကို မတိုက်နိုင်ဘူးထင်နေတာလား....."

ရှန်းယာသည် စွမ်းအားများကို အကုန်အစင်ထုတ်ဖော်လိုက်ပြီး.....

" တိုက်ကြစို့!!!!"

All Chapters