← Chapters

အရှုံးပေါ်ခြင်း......

Vol. 13 Ch. 175

အရှုံးပေါ်ခြင်း......

Vol. 13 Ch. 175

ကျောက်ခွော်တို့ရောက်လာခြင်းသည် ကောင်းကင်ဓားအဖွဲ့ ရှုံးနိမ့်သွားသည့် အဓိပ္ပါယ်ဖြစ်သောကြောင့် ရှန်းယာ၏ နောက်ဆုံးမျှော်လင့်ချက်သည်လည်း ရေစုန်မျောသွားခဲ့ပြီဖြစ်သည်။

မကျေနပ်ချက်များကို ဘေးနားက သစ်ပင်ဆီပုံချလိုက်ပြီး.....

" မင်းနိုင်တယ် လီလော့....."

လီလော့သည် ရှန်းယာကို လျစ်လျူရှုထားပြီး ကျောက်ခွော်တို့နှင့်စကားသွားပြောနေသည်။

" အဆင်ပြေရဲ့လား အစ်ကိုလော့....."

ထိုသို့မေးလိုက်သော်လည်း မည်းမှောင်ပုပ်သိုးနေသော ရှန်းယာ၏ မျက်နှာထားကို ကြည့်လိုက်ရုံဖြင့် အဖြေထွက်နေလေပြီ။

လီလော့နှင့်ပိုင်မျန်မျန်နှစ်ဉီးတည်း အုပ်ချုပ်သူများအဖွဲ့ကို နှိမ်နင်းလိုက်ခြင်းသည်အံ့အားသင့်ဖွယ်ကောင်းလှပေသည်။

ကျုံးဖူနှင့် အခြားသူများကလည်း လီလော့ကို လေးစားသည့်အကြည့်များနှင့်ကြည့်နေကြလေသည်။

" မင်းလည်း အဆင်ပြေခဲ့တဲ့ပုံပဲ...."

"တောင်းပန်ပါတယ် အစ်ကိုလော့...ငါပေါ့ဆခဲ့မိလို့ မင်းကို အန္တာရာယ်တောထဲဆွဲချမိသလိုဖြစ်သွားတယ်...."

လီလော့သာ လုံလောက်အောင် မသန်မာခဲ့ပါလျှင် ရှုကော၏သစ္စာဖောက်မှုကြောင့် အခုနေ ကောင်းကောင်းကြီးဒုက္ခတွေ့နေလောက်ပြီ။

" မဟုတ်တာကွာ....အစကတည်းက မင်းသာ သတ်မပေးထားရင် ငါလည်း အခုလောက်ဆို ဒုက္ခများနေလောက်ပြီ.... "

ကျောက်ခွော်သာ အုပ်ချုပ်သူများအဖွဲ့ အကြောင်း ကြိုတင် သတ်မပေးခဲ့လျှင် အခုလောက်ဆို အုပ်ချုပ်သူများအဖွဲ့နှင့်ကောင်းကင်ဓားအဖွဲ့၏ပူးပေါင်းတိုက်ခိုက်မှုကြောင့် အထိနာရပေလိမ့်မည်။

လီလော့သည် နောက်ကျောမှ ထိုးသည့် ဓားများကို အလွန်မုန်းတီးသူဖြစ်သည်။

ထို့နောက် ကျောက်ခွော်တို့နောက်မှ ပါလာသူများကို တစ်ချက်ကြည့်လိုက်မိသည်။

" ဟေးး ကျောက်တုံးလေး...."

" အဲ့နာမည်ကြီး မခေါ်စမ်းနဲ့....."

"ကျေးဇူးအများကြီးတင်ပါတယ် ကျောက်တုံးလေးရယ်....."

လီလော့သည် ရဲဟွာကို အမှတ်တစ်ချို့ပေးပြီး လွှတ်ပေးပြီးနောက် ရွှေအဆင့်အဖွဲ့တစ်ချို့ ထပ်ရှာခိုင်းကာ အုပ်ချုပ်သူများအဖွဲ့၏ စစ်ကူများကို တားဆီးရန် အကူအညီတောင်းခဲ့သည်။

ထိုအချိန်က ရှုကောတို့ကို အပြည့်အဝမယုံကြည်နိုင်သည့်အချိန်ဖြစ်နေသည့်အပြင် ပေါ်ပေါ်ထင်ထင် ပစ်မှတ်ထားနေကြောင်း လူသိရှင်ကြားကြေငြာထားခြင်းကိုလည်း သံသယဝင်နေမိသောကြောင့် ပိုပိုလိုလို ကြိုတင်စီစဉ်ထားခဲ့ခြင်းဖြစ်သည်။

" ထားလိုက်စမ်းပါကွာ...ငါတို့လည်း အလုပ်ပြီးပြီဆိုတော့ အချိန်ရှိတုန်းသွားလိုက်ဉီးမယ်......."

ရဲဟွာက ထိုသို့ပြောပြီး မလှမ်းမကမ်းတွင် ရပ်နေသည့်ရွှေအဆင့် လေးဖွဲ့ကို ညွှန်ပြလိုက်သည်။

" ငါကတော့ ရစရာရှိတာ ရထားပြီးပြီ....သူတို့ကို တံဆိပ်တစ်ခုစီပေးမယ်ပြောပြီး ငှားလာတာ...."

// ကျောက်တုံးလေးရေ...မင်းငါ့ကို ဓားပြတိုက်ဖို့ကြိုးသားနေတာများလားကွာ..တစ်ဖွဲ့ကို တံဆိပ်တစ်ခုဆိုတော့ လေးဖွဲ့၊ လေးခုပေါ့ ဘုရား...ဘုရား အမှတ်လေးရာကြီးများတောင်ကွာ.....//

" ဟေးး ဘာလဲ မင်းမွဲနေလို့လား....ငါခေါ်လာတဲ့အဖွဲ့တွေက ထိပ်တန်းအဆင့်တွေချည်းပဲနော်...."

လီလော့ စိတ်ပျက်လက်ပျက် ခေါင်းခါလိုက်ပြီး အိတ်ကပ်ထဲကနေ ရွှေတံဆိပ်လေးခု ထုတ်ပေးလိုက်သည်။

အမှတ်လေးရာဆိုသည်မှာ မနည်းလှသော်လည်း ကျေးဇူးကန်းလို့မဖြစ်ချေဘူး.....

ရဲဟွာက လီလော့ပေးသည့် ရွှေဆံဆိပ်လေးခုကို ရွှေအဆင့်လေးဖွဲ့ကို ခွဲပေးလိုက်​ပြီး....

" ဒီကောင် စိတ်မပြောင်းခင် မြန်မြန်သွားကြရအောင်...."

ရွှေအဆင့်လေးဖွဲ့ကလည်း ဝမ်းသာအားရဖြင့်.....

" နောက်လည်း အကူအညီလိုရင် အချိန်မရွေးပြောနော်...အစ်ကိုလော့....."

လီလော့ ထိုလေးဖွဲ့ကို ဒီအတိုင်းသာ ကြည့်နေလိုက်တော့သည်။

" ကဲ...ဒါဆို ငါတို့သွားပြီ....."

လီလော့ထံမှ ထူးဆန်းသည့်ခံစားမျိုး အာရုံခံမိနေသောကြောင့် ရဲဟွာ အမြန်နှုတ်ဆက်ပြီး ထိုနေရာမှ ထွက်လာခဲ့လိုက်သည်။

// ဘာတုန်းဟ...ဒီကောင် ငါတို့ဆီက ပြန်လုချင်နေတာလား.....//

" ဘာပဲဖြစ်ဖြစ် ကျေးဇူးပဲကွာ...မင်းတိုလည်း အကူညီလိုရင်ပြောနော်....စျေးသက်သာစေရမယ်....."

" ငါတို့တွေ အဲ့လောက် မတတ်နိုင်ဘူးဟေ့...."

ရဲဟွာကလည်း ခပ်ဝေးဝေးကနေ လှမ်းအော်သွားသေးသည်။

ရဲဟွာတို့ ထွက်သွားပြီးနောက် ရှန်းယာဆီမှ တံဆိပ်ကို လီလော့ ဆွဲယူလိုက်သည်။

ရှန်းယာဆီမှ အမှတ် ၃၀၀ သာရခဲ့ပါသည်။

" အစ်ကိုလော့...  ရှုကောဆီကရယ် ကောင်းကင်ဓားဆီကရယ်ပေါင်းလိုက်ရင် ငါတို့တွေ အမှတ် ၄၀၀လောက်တော့ရထားတယ်.....ငါတို့မင်းကို ခွဲပေးမယ်....."

ကျောက်ခွော်က လီလော့ကို အားနာနေပုံရသည်။

ကျောက်ခွော်တို့အဖွဲ့သည် ရွှေအဆင့်အဖွဲ့များကြားတွင် အလယ်အလတ်အဆင့်သာရှိသောကြောင့် အမှတ်ရရန် သိပ်မလွယ်ကူလှပေ။ ထို့ကြောင့် ကျောက်ခွော်ထံမှ အမှတ်များကို လီလော့ မည်သို့ယူနိုင်မည်နည်း။

" ဟားးဟားး ကြည့်ရတာ မင်းတော့ အရှုံးပေါ်ပြီထင်တယ်....."

ရှန်းယာက နိုင်ကွက်တွေသည့်နှင့် အချိန်မဆိုင်းဘဲ သရော်လေတော့သည်။

"ဒီလောက်လေး ရှုံးတာကို ထည့်တွက်နေစရာမလိုပါဘူး.....ရွှေတံခါးအဖွဲ့ကို ရင်ဆိုင်ဖို့ လမ်းမှာ ရှုပ်နေတာတွေကို ရှင်းလိုက်နိုင်တာနဲ့တင် တန်နေပြီ....ရွှေတံခါးအဖွဲ့ကို ဖြုတ်ချပြီးရင် ဒီအမှတ်လောက်ကတော့ စကားထဲတောင် ထည့်ပြောနေစရာမလိုတော့ဘူး.... "

" ဟွန့်....ရွှေတံခါးအဖွဲ့ကို နိုင်အောင်တိုက်ဖို့ ယုံကြည်မှုတွေ သိပ်ရှိနေတယ်ပေါ့....ကောင်းပြီ....ဒီမှာထိုင်ပြီး သတင်းကောင်းစောင့်နေမယ်....."

" ဘာတွေပဲဖြစ်ဖြစ် မင်းအပူတပြားသားမှမပါတော့ဘူး....မင်းက ထုတ်ပယ်ခံလိုက်ရပြီလေ....."

ယခုချိန်တွင် လီလော့ကို တိုက်ခိုက်ခဲ့မိသည့်အပေါ် ရှန်းယာ နောင်တ​နေမိသည်။ အကယ်၍ လီလော့ကိုသာ သွားမရှုပ်မိလျှင် သူတို့အဖွဲ့ အခုနေအမှတ်တွေ အများကြီး စုမိနေလောက်ပြီ။

လီလော့ ပျင်းတိပျင်းရွဲ မတ်တပ်ထရပ်လိုက်ပြီး မိုးကုပ်စက်ဝိုင်းဆီ တရွေ့ရွေ့ချဉ်းကပ်နေသော နေမင်းကြီးကို ကြည့်နေမိသည်။

နေဝင်လျှင် စစ်ဆေးမှုပြီးဆုံးလိမ့်မည်......

ထို့နောက် ရှင်းဖူနှင့် ပိုင်မျန်မျန်ကို ပြုံးပြလိုက်ပြီး......

"ကဲ....ပါချီပါချက်လေးတွေ ရှင်းသွားပြီဆိုတော့ အကောင်ကြီးကြီးတွေဆီ သွားဖို့အချိန်တန်ပြီ....."

All Chapters