← Chapters

ကန့်လန့်ကာဖွင့်လှစ်လိုက်ပြီ.....

Vol. 13 Ch. 176

ကန့်လန့်ကာဖွင့်လှစ်လိုက်ပြီ.....

Vol. 13 Ch. 176

လီလော့တို့အဖွဲ့ ရမှတ် ၂၈၀၀ ကျော်စုမိပြီးချိန်တွင် အရွှေဝါရောင်တောက်ပနေသော နေမင်းကြီးသည်လည်း လိမ္မော်ရောင်သန်းလုနေပြီဖြစ်သည်။

ထို့နည်းအတူ အန္တာရာယ်အငွေ့အသက်များလည်း ပိုမိုပြင်းထန်လာပြီး ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားရန် တာဆူနေလေပြီ။

အတွေ့အကြုံရှိသော အားကောင်းသန်မာသည့်အဖွဲ့များသာ လက်ရှိအချိန်ထိ ကျန်ရစ်နေဆဲဖြစ်သည်။

ဝုန်းးးးး

ထိုအချိန်တွင် ခရမ်းရောင်အလင်းတန်းငါးခု ရုတ်တရက် တောက်ပလာသည်။

ထိုအလင်းတန်းငါးခုသည် ခရမ်းအဆင့်ငါးဖွဲ့၏ တည်နေရာကို အတိအကျ ညွှန်ပြနေသော အလင်းတန်းများသာပင်....

နောက်ဆုံးတွင် ရွှေအဆင့်နှစ့်ငွေအဆင့်အဖွဲ့များသည် ခရမ်းအဆင့်အဖွဲ့များအတွက် ငါးစားများသာဖြစ်ကုန်ကြသည်မဟုတ်လော။

ထိုခရမ်းရောင်အလင်းတန်းငါးခုသည် တစ်ခုနှင့်တစ်ခုမတူဘဲ အဖွဲ့ငါးဖွဲ့၏ ကိုယ်စားပြုအရောင်များပါရောယှက်နေသည်။ ပိုင်တုတုတို့အဖွဲ့၏ အလင်းတန်းတွင် အစိမ်းရောင်ဖျော့ဖျော့ ရောယှက်နေပြီး၊ ဝမ်ဟေးကျူတို့အဖွဲ့က အစိမ်းရင့်ရောင်၊ ချင်ဇူလူတို့အဖွဲ့က အဖြူရောင်၊ ရိလီရှတို့က အဝာရောင်ဖျော့ဖျော့၊ လီလော့တို့အဖွဲ့ကအပြာရောင် စသည်ဖြင့် ကိုယ်စားပြုအရောင်ကိုယ်စီ ရောယှက်နေသည်။

ထိုအလင်းတန်းများသည် ရွှေအဆင့်အဖွဲ့များအတွက် လမ်းပြပေးနေသည်ဆိုလည်း မမှားနိုင်ပေ။သတ္တိကောင်းသည်ဟုယူဆထားပါက ခရမ်းအဆင့်များကို သွားရောက် တိုက်ခိုက်နိုင်မည်ဖြစ်ပြီး အနိုင်ရခဲ့ပါလျှင် မယုံနိုင်လောက်သော ဆုကြေးများရရှိမည်မဟုတ်ပေလော....

သို့သော်လည်း ထိုသို့သတ္တိကောင်းသော ရွှေအဆင့်များ များများစားစားရှိလိမ့်မည်မဟုတ်ပေ။

ရုတ်တရက် ထွက်ပေါ်လာသော ခရမ်းရောင်အလင်းတန်းငါးခုသည် ကစားပွဲကို တစ်နည်းတစ်ဖုံ ပြောင်းလဲသွားစေခဲ့ပါသည်။

........................................

" ပွဲက အခုမှစမှာ...."

နောက်ဆုံးတွင် စိတ်ဝင်စားစရာကောင်းသော ပြပွဲများတွေ့ရတော့မည်ဖြစ်သောကြောင့် ခရမ်းအဆင့်နည်းပြ ငါးဉီးစလုံး စိတ်အားထက်သန်နေကြသည်။

" ဝိုးးးကြည့်လိုက်စမ်း ဟိုနှစ်ဖွဲ့က အရမ်းနီးနေပြီ......"

" အဲ့ဒါ ချင်ဇူလူတို့အဖွဲ့နဲ့ ရိလီရှတို့အဖွဲ့မဟုတ်လား....တိုက်ကြတော့မယ်ထင်တယ်....."

ရိလီရှဘက်က ချင်ဇူလုနှင့် မတိုက်ခိုက်ချင်လျှင်တောင် အနီးဆုံးတွင်ရှိနေသောကြောင့် မလွဲမသွေ တိုက်ခိုက်ရတော့မည်။

" ရိလီရှကတော့ သနားစရာကောင်းနေပြီ....."

"မင်းတို့တွေ သိပ်အတွေးခေါင်ကြတာပဲ....သေချာစဉ်းစားကြည့် ချင်ဇူလူတို့အဖွဲ့မှာ  ချင်ဇူလုကသာ ဉီးဆောင်နေရတာ.... လုချင်းအာနဲ့ ယင်ယွဲ့တို့ကာအကူသက်သက်တွေပဲ....ရိလီရှတို့ကြတော့ သုံးယောက်စလုံးဟန်ချက်ညီညီတိုက်ခိုက်နိုင်ကြတယ်..."

ချူဇီနှင့် ချောင်ရှန်းတို့၏စကားဝိုင်းကို ကျန်သော နည်းပြများကလည်း ခေါင်းတညိတ်ညိတ်နှင့်နားထောင်နေကြသည်။

လီလော့တို့အဖွဲ့သည် ဝမ်ဟေးကျူတို့အဖွဲ့နှင့်သေချာပေါက် ထိပ်တိုက်တွေ့ကြလိမ့်မည်။ ၎င်းတို့နှစ်ဖွဲ့ကြားတွင် တောင်တန်းနှင့်ပင်လယ်ကာစီးထားပါစေ ရအောင်တွေ့ကြမည့်နှစ်ဖွဲ့ဖြစ်သည်။ ဤအတိုင်းသာဆို ပိုင်တုတုတို့တစ်ဖွဲ့သာ ဘက်ပဲ့နေပေတော့မည်။

ရှန်ကျင်းရှောင်က ချောင်ရှန်းကို ကြည့်လိုက်ပြီး.....

" ကျုပ်ကို ဝိုင်နည်းနည်းလောက်မျှစမ်းပါ...."

ချောင်ရှန်း လှမ်းပေးသော ဝိုင်ကို ခွက်အပြည့်မော့သောက်ပြီးသည်နှင့်.....

" ဒီလိုပွဲမျိုးဆိုတာ ဝိုက်သောက်ပြီးကြည့်မှ ပိုအရသာရှိတာ...."

ထိုအပြောသည် အရာအားလုံး သူစီမံထားသည့်အတိုင်းဖြစ်လာတော့မည်ဟု အဓိပ္ပါယ်သက်ရောက်နေသောကြောင့် ချီချန်းလည်းငြိမ်မနေတော့ဘဲ.....

" အမြင့်ရောက်ရင် သေချာပိုဂရုစိုက်ရတယ်....အဲ့ဒါမှ ပြုတ်ကျ အကျမနာမှာ...."

ရှန်ကျင်းရှောင် ပြန်ပြောမည်ကြံတုန်း ကောင်းကင်ပေါ်တွင်လင်းလက်လာသည် မီးရှူးမီးပန်းများကြောင့် စကားစပြတ်သွားလေသည်။

ထိုမီးရှူးမီးပန်းသည် အနိုင်ရသွားသည့်အဖွဲ့နာမည်တစ်ခုကိုကြေငြာပေးနေခြင်းဖြစ်သည်။

မဟူရာငန်းအဖွဲ့.......

" ကြည့်ရတာ ကြယ်သုံးပွင့်ခန်းမရဲ့စစ်ဆေးမှုပြီးသွားပြီထင်တယ်.....ဒီတစ်ခါလည်း မဟူရာငန်းအဖွဲ့ပဲလား....."

" ဟုတ်တယ်...အဲ့တာ ကျန်းချင်းအာတို့အဖွဲ့ပဲ.....ကြယ်သုံးပွင့်ခန်းမမှာ ထူးချွန်သူတွေ ဒီလောက်များတာတောင် သူ့ကို မယှဉ်နိုင်ကြဘူးထင်တယ်....."

" သူ့မှာ ဒဏ္ဍာရီလာ အဆင့်ကိုးပဲ့တင်ထပ်သံရှိနေတာကိုး....ငါကြားတာတော့ ဒီနှစ်အတွက် အမာခံခုနှစ်ယောက် လူသစ်စာရင်းမှာသူ့ကိုထည့်ထားတယ်တဲ့.....သူသာ စမ်းသပ်မှုအောင်မြင်ခဲ့ရင် ကောလိပ်ရဲ့ အသင်အငယ်ဆုံး အမာခံအဖွဲ့ဝင်တစ်ယောက်ဖြစ်လာလိမ့်မယ်....."

ကျန်သောသူများ အားပါးတရဆွေးနွေးနေသောလည်း ရှန်ကျင်းရှောင်သည် လက်ထဲက ဝိုင်ခွက်ကိုသာ ငုံ့ကြည့်နေသည်။ ရုတ်တရက်ကြီး ဝိုင်အရသာက နည်းနည်းချဉ်လာသလိုခံစားနေရသည်။

ထို့နောက် ကြယ်တစ်ပွင့်ခန်းမ၏ တိုက်ပွဲများဆီသာ အာရုံစိုက်ထားလိုက်တော့သည်။

ဝိုင်အရသာ အပြည့်အဝချဉ်မလာအောင် သူ့တပည့်တွေ အကောင်းဆုံးလုပ်နိုင်ဖို့သာ မျှော်လင့်ရပေတော့မည်။.........

....................................

" ငါတို့မှာ ရွေးချယ်စရာနှစ်ခုရှိတယ်.. ရိလီရှတို့အဖွဲ့ဆီသွားမလား... ဝမ်ဟေးကျူဆီတို့ဆီသွားမလား....ငါတို့မသွားရင်လည်း သူတို့ရောက်လာမှာပဲ....."

လုချင်းအာသည် ယင်ယွဲ့ကို ဖြစ်နိုင်ချေများကို ပြောပြနေပြီး ချင်ဇူလုတော့ သူတို့နှစ်ဉီးနှင့် ဆယ်မီတာအကွာကနေ နားထောင်နေသည်။

"ချင်းအာ...နင်​ရော ဘယ်လိုစဉ်းစားထားလဲ....."

" ငါ့အတွေးကတော့ ပိုပြီး စိတ်ချရအောင်ရွှေအဆင့်အဖွဲ့တွေကိုပဲ သွားရှာကြတာ ပိုကောင်းလိမ့်မယ်.....ရိလီရှတို့သုံးယောက်က ဟန်ချက်ညီညီတိုက်ခိုက်နိုင်တယ်....တကယ် တိုက်ကြမယ်ဆို ငါတို့တွေအသာစီးရဖို့သိပ့မလွယ်လောက်ဘူး....."

" အင်း...နင်ပြောတာ သဘာဝကျတယ်....."

မည်သို့ပင်ဆိုစေ ခေါင်းဆောင်ဖြစ်သော ချင်ဇူလု၏ သဘောထားကိုလည်း နားထောင်ရမည်ဖြစ်သောကြောင့် ချင်ဇူလုကို လှမ်းကြည့်လိုက်ကြသည်။

မိန်းမလှနှစ်ယောက်က သူ့ကိုကြည့်နေသောကြောင့် ချင်ဇူလု မသက်မသာဖြစ်နေဟန်နှင့်နေရာရွှေ့လိုက်ပြီး.....

" ရွှေအဆင့်အဖွဲ့တွေကို တိုက်ခိုက်ရတာ ဘာမှမသုံးဝင်ဘူး....."

" ဘာပဲဖြစ်ဖြစ် အမှတ်ရရင်ပြီးရောမလား...."

ယင်ယွဲ့သည် သိမ်မွေ့သူပီပီ သန်မာသူများနှင့် အကြမ်းပတမ်းတိုက်ခိုက်ရမည်ကို မနှစ်မြို့ပေ။

ပုံမှန်အတိုင်းဆို ချင်ဇူလုဘက်က မိန်းကလေးများနှင့် စကား​ပြိုင်ပြောရမည့်အရေးကို အတတ်နိုင်ဆုံးရှောင်ရှားခဲ့သော်လည်း ယခုချိန်တွင် ခရမ်းအဆင့်အဖွဲ့နှင့် တိုက်ခိုက်ရမည်ကို လက်မလွှတ်ချင်သောကြောင့်သာ ဤမျှလောက်ထိ ရှည်ရှည်ဝေးဝေး ပြောနေရခြင်းဖြစ်သည်။

"မရဘူး...ဒီကောင်တွေ ငါ့ကိုစိန်ခေါ်နေတာ.....သူတို့ကို ဒီအတိုင်းမလွှတ်ပေးလိုက်နိုင်ဘူး...."

ထိုအပြောကြောင့် လုချင်းအာ မနေနိုင်တော့ဘဲ ထုတ်မေးလိုက်လေသည်။

" ရှင့်ကို ဘယ်လိုများစိန်ခေါ်နေလို့လဲ....."

" ငါနဲ့အနီးဆုံးမှာ ရှိနေတယ်ဆိုကတည်းက ငါ့ကိုစိန်ခေါ်တာနဲ့အတူတူပဲ....."

ထိုအဖြေကြောင့် လုချင်းအာနှင့်ယင်ယွဲ့တို့နှစ်ယောက် ပါးစပ်အဟောင်းသားဖြစ်ကုန်ကြလေသည်။

မည်သို့ပင်ဆိုစေ ချင်ဇူလုပြောသည့်အတိုင်းလိုက်နာပြီး ရိလီရှတို့ကို သွားရှာရလေတော့သည်။

.......................................................................

ချင်ဇူလုတို့ ပစ်မှတ်ရွေးပြီးချိန်တွင် အလင်းတန်းနှစ်ခု တရွေ့ရွေ့နီးကပ်လာခဲ့သည်။

ထိုအလင်းတန်းနှစ်ခုသည် လီလော့တို့အဖွဲ့နှင့် ဝမ်ဟေးကျူတို့အဖွဲ့သာပင်......

" ဟူး....ဒီလိုဆို ငါတို့အဖွဲ့ ဘက်ပဲ့နေပြီပေါ့....."

ယုလန်သည် နှမြောတသကြီးစွာ ခံစားနေရသူတစ်ယောက်သဖွယ် ငြီးငြူနေသည်။

" ခေါင်းဆောင်....ငါတို့တွေ လီလော့နဲ့ပူးပေါင်းပြီး အဆိပ်ငှက်ပေါက်ကို သွားချပြမယ်လေ...."

ယုလန်တစ်ယောက် ပိုင်တုတုကို မျက်နှာချိုသွေးပြီး အဖော်စပ်နေပြီ.....

" နှစ်ဖွဲ့ပေါင်းပြီး ဘာလို့တိုက်ရမှာလဲ...."

"ငါက ဝမ်ဟေးကျူကြောင့် မျန်မျန်ထ်ိခိုက်သွားမှာ စိုးရိမ်လို့ပါ......"

" ဟဲ့... တိုက်ပွဲမှာ ဒဏ်ရာရတယ်ဆိုတာ သဘာဝပဲလေ....ဟိုကောင် ငါ့ညီမကိုထိရဲ့ထိကြည့် ငါနောက်မှ သက်သက်သွားရှင်းမယ်....အဲ့နှစ်ဖွဲ့က အခုလိုတိုက်ချင်နေကြတာပြပြီ....တော်ကြာ ငါတို့ ဝင်ပါလိုက်မှ လီလော့ကို သွားရှုပ်သလိုဖြစ်နေဉီးမယ်...."

// ဟွန့်...လီလော့ဘက်က ရှုပ်တယ်လို့မထင်ဘဲ လာပူပေါင်းပေးလို့ ပျော်တောင်ပျော်နေဉီးမှာ....//

မည်သို့ပင်ဆိုစေ ယုလန် ထိုစကားများကို ထုတ်ပြောရဲလောက်သည်အထိ သတ္တ်မကောင်းသေးပေ။

" ဒါဆို ဘာလုပ်ကြမှာလဲ....ဒီအတိုင်း ထိုင်နေကြမှာလား....."

" ရွှေအဆင့်အဖွဲ့တွေကို အမဲလိုက်ကြမယ်....ဒီအလင်းတန်းတွေကနေ သတင်းပို့လို့ရတယ်....ယုလန်...နင် တစ်ခုခုရေးပြီးသတင်းလွှင့်လိုက်....."

" ငါရေးရမယ်....ဟုတ်လား"

"အေးလေ...ငါတို့အဖွဲ့ထဲမှာ ဒါမျိုးလုပ်တတ်တာ နင်တစ်ယောက်ပဲရှိတာ...ရေးလိုက်စမ်းပါ ရွှေအဆင့်အဖွဲ့တွေကို ဆွဲဆောင်နိုင်မယ့်ဟာမျိုးလေး...."

ယုလန်တစ်ယောက် အလင်းတန်းရှိရာဆီသွားပြီး စာသားအချို့ရေးလိုက်လေသည်။

တခဏအကြာတွင် ပိုင်တုတုတို့အဖွဲ့၏ အလင်းတန်းထဲတွင် ယုလန်ရေးထားသော စာသားများကို  ထင်ထင်ရှားရှားပုံပေါ်လာခဲ့လေပြီ.....

" အသုံးမကျတဲ့ရွှေအဆင့်အဖွဲ့က အမှ်ိုက်ကောင်တွေ....ဆရာကြီးယုလန်ဖင်ကို လာနမ်းကြစမ်း....."

All Chapters