← Chapters

တိုက်ပွဲများစတင်ခြင်း.....

Vol. 13 Ch. 177

တိုက်ပွဲများစတင်ခြင်း.....

Vol. 13 Ch. 177

ဆည်းဆာချိန် နေရောင်အောက်၌ လီလော့တို့အဖွဲ့၏ အလင်းတန်းနှင့် ဝမ်ဟေးကျူတို့အဖွဲ့၏ အလင်းတန်းတို့သည် တစ်ထပ်တည်းကျလုသည်အထိ နီးကပ်နေပြီဖြစ်သည်။

၎င်းတို့နှစ်ဖွဲ့သည် ဧရာမတောင်တန်းကြီးနှစ်ခုကြားရှိ ရှည်လျားကျဉ်းမြောင်းသော လျှိုတစ်ခုတွင် ဆုံတွေ့ခဲ့ကြသည်။

ထိုလျှိုမြောင်ထဲတွင် ရေတံခွန်တစ်ခုရှိနေသောကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး စိမ်းလန်းစိုပြေအေးမြနေ၏။

" နေရာကောင်းပဲ....မင်းတို့​တွေ ဒီလိုနေရာမှာ ပထမဆုံးရှုံးနိမ့်ခြင်းအရသာကို ခံစားရမှာဆိုတော့ ခံသာလောက်မယ်ထင်ပါတယ်...."

ဝမ်ဟေးကျူသည် လီလော့နှင့်ပိုင်မျန်မျန်တို့ကို ဝေ့ကြည့်လိုက်ပြီး ထိုသို့မှတ်ချက်ပေးလိုက်သည်။ ထိုအချိန်တွင် ရှင်းဖူသည် အရိပ်စွမ်းအားကိုသုံး၍ ကောင်းစွာကိုယ်ရောင်ဖျောက်ထားနှင့်ပြီဖြစ်သည်။

" အဲ့လိုပဲ....ဗီလိန်ကောင်တွေတော်တော်များများက အဲ့လိုတွေပြောပြီး နောက်ဆုံးတော့လဲ ရှုံးတာပဲ....."

လီလော့က ဝမ်ဟေးကျူကို ပြန်ပက်လိုက်လေသည်။

" ဗီလိန်...ဟုတ်လား....မင်းကိုယ်မင်း သူရဲကောင်းလို့ထင်နေတာလား...."

" ကျွန်မတို့ ခေါင်းဆောင်က မြင့်မြတ်ပါတယ်...."

ပိုင်မျန်မျန်၏ အပြောကြောင့် ဝမ်ဝေးကျူ ဆွံ့အသွားလေသည်။

// မိန်းမတွေအကုန်လုံး ဒီအတိုင်းချည်းပဲ....ရုပ်ချောတဲ့ကောင်တွေ ဘာများသုံးစားလို့ရလို့လဲ.....//

ဝမ်ဟေးကျူတစ်ယောက် လီလော့နှင့် စကားနိုင်လုနေသည်ကို ဒူဇီပိုင်ရွှမ်း စိတ်မရှည်တော့ပေ။

"တော်လောက်ပြီ.....နည်းပြရွေးချယ်ပွဲတုန်းက ရှုံးကြွေးကို ပြန်ယူရမယ်......."

ဒူဇီပိုင်ရွှမ်း ခြေတစ်လှမ်းရှေ့တိုးပြီး ပဲ့တင်ထပ်သံစွမ်းအားများ ထုတ်ဖော်လိုက်သောကြောင့် လီလော့ မျက်လုံးပြူးသွားသည်။

" ပုံသဏ္ဍာန်ဖွဲ့စည်းခြင်းအဆင့်....."

မထင်မှတ်လောက်အောင် အချိန်တိုအတွင်း ထိုအဆင့်သို့ရောက်နေသည်မှာ အမှန်ပင် အံ့သြဖွယ်ကောင်းလှပါသည်။ နည်းပြရွေးချယ်ပွဲတုန်းက ကြုံတွေ့ခဲ့သောရှုံးနိမ့်မှုသည် ဒူဇီပိုင်ရွှမ်းအတွက် အပြင်းထန်ဆုံး တွန်းအားဖြစ်စေခဲ့ပုံရသည်။

" ဟေ့ကောင်.... ခွန်အားကို လျှိုထားပါလို့ပြောထားရဲ့သားနဲ့ကွာ....အခုဟာက သိလွန်းနေပြီကွ....."

ဝမ်ဟေးကျူကလည်း စွမ်းအားများထုတ်ဖော်ပြီး ဒူဇီပိုင်ရွှမ်းကို လှမ်းဆူနေသည်။

" လီလော့....ငါတို့ဘက်မှာ ပုံသဏ္ဍာန်ဖွဲ့စည်းခြင်းနှစ်ယောက်ရှိတယ်....မင်းတို့ဘက်မှာက အမြင့်ဆုံးဆိုလို့ ပွင့်လန်းခြင်းအနှောင်းပိုင်းအဆင့် ရှင်းဖူတစ်ယောက်ပဲရှိတယ်.....ပြောစမ်းပါဉီး... မင်းဘယ်လိုယုံကြည်မှုမျိုးနဲ့ ငါတို့ကိုတိုက်ဖို့ ရွေးချယ်လိုက်ရတာလဲ......အချိန်ဖြုန်းမနေဘဲ ငါတို့ဆီ တံဆိပ်အပ်လိုက်တော့....."

ဝမ်ဟေးကျူ၏ ရှောင်တခင်တိုက်ခိုက်မှုကို လီလော့ကလည်း ရေအစွန်အဖျားပညယးာရပ်သုံး၍ အမိအရ ခုခံလိုက်သည်။

" မျန်မျန်....နောက်ဆုတ်...."

ပုံသဏ္ဍာန်ဖွဲ့စည်းခြင်းအဆင့်နှစ်ယောက်နှင့် ရင်ဆိုင်နေရခြင်းသည် လွယ်ကူသောအရာမဟုတ်သောကြောင့် မျန်မျန့်ကိုနောက်ဆုတ်ခိုင်းလိုက်ရသည်။

ရှင်းဖူသည် အခွင့်ကောင်းကို စောင့်နေသည့်အတွက် တချိန်လုံး သတိထားပြီး ပုန်းအောင်းနေရသောကြောင့် လီလော့တစ်ယောက်တည်းသာ ရှေ့ထွက်တိုက်ခိုက်နေရခြင်းဖြစ်သည်။

" ခေါင်းဆောင်...ဂရုစိုက်နော်.... "

ပိုင်မျန်မျန်၏ အော်သံထဲတွင် လေးနက်သော စိုးရိမ်မှုများပါဝင်နေသည်။လီလော့အတွက် အန္တာရာယ်များနေသည်ကို သူမသိနေသော်လည်း ပွင့်လန်းခြင်းအစောပိုင်းတစ်ယောက်အနေနှင့် ထိုတိုက်ပွဲထဲတွင် အလွယ်တကူဝင်မပါနိုင်ခဲ့ပေ။

ဝမ်ဟေးကျူနှင့် ဒူဇီပိုင်ရွှမ်းတို့သည် ကျွမ်းကျင်သူများပီပီ အတွဲညီညီ တိုက်ခိုက်နေကြသည်။

ထိုသုံးယောက်၏ တိုက်ပွဲကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး ဝရုန်းသုန်းကား ဖရိုဖရဲဖြစ်နေပြီဖြစ်သည်။

ပြင်းထန်လှသော တိုက်ပွဲကြောင့် စမ်းချောင်းထဲမှ ရေ​များပင် ဆူပွက်လာ၏။

ဝမ်ဟေးကျူတို့ဘက်က ဘာမှမဖြစ်သေးသော်လည်း လီလော့ကတော့ စမ်းချောင်းထဲအထိ လွှင့်စင်သွားခဲ့သည်။

ပထမအကြိမ် ထိပ်တိုက်တွေ့ဆုံမှုတွင် လီလော့ အရေးနိမ့်ခဲ့လေပြီ။

လီလော့ထံတွင် ပဲ့တင်ထပ်သံနှစ်ခုရှိသော်လည်း အဆင့်မြင့် ပဲ့တင်ထပ်သံပိုင်ရှင်နှစ်ဉီးနှင့် ထိပ်တိုက်ရင်ဆိုင်နေရခြင်းမှာလွယ်ကူသောအ​ခြေနေမဟုတ်ပေ။

ဝမ်ဟေးကျူတို့ဘက်ကလည်း နည်းနည်းလေးမှ အလျှော့မပေးဘဲ အားသားချက်ကိုယ်စီထုတ်သုံး၍ လီလော့ကို လှုပ်မရအောင် ဖိ၍သာ တိုက်ခိုက်နေသည်။

လီလော့ဘက်ကလည်း ကခုန်နေသောမိန်ရာသီပညာရပ်သုံး၍ တိုက်ခိုက်မှုများကို အကောင်းဆုံး ခုခံနေရသည်။

ဒင်...ဒင်....

လျှိုမြောင်ထဲတွင် လက်နက်ချင်းထိခတ်သံများ ဆူညံနေလေ၏။

လီလော့ အပြာရောင်တောက်ပနေသော ဓားတိုနှစ်လက်နှင့် ဒူဇီပိုင်ရွှမ်း၏ လက်နက်ကို လမ်းကြောင်းလွှဲနေချိန်တွင် စူးရှသော စိမ်းရွှေရွှေအနံ့သက်များ နှာခေါင်းထဲသို့ အလုံးအရင်းနှင့် တိုးဝင်လာလေ၏။

ထိုအချိန်တွင် ဝမ်ဟေးကျူ နံဘေးသို့ ရှင်းဖူ တိတ်တဆိတ်ချဉ်းကပ်လာသည်။

ရှင်းဖူဘက်က တိုက်ခိုက်ခါနီးတွင် ပိုလျင်သော ဝမ်ဟေးကျူက ကောင်းစွာတုံ့ပြန်လိုက်လေသည်။ ဝမ်ဟေးကျူနှင့် ဒူဇီပိုင်ရွှမ်းတို့သည် လီလော့နှင့်တိုက်ခိုက်နေသော်လည်း ရှင်းဖူကိုလည်း သတိမပြတ်စောင့်ကြည့်နေသောကြောင့် ချက်ချင်းသတိပြုမိလိုက်ခြင်းဖြစ်သည်။

ရှင်းဖူ၏ အရိပ်စွမ်းအားများကို ဝမ်ဟေးကျူ၏အဆိပ်စွမ်းအားများက တိုက်စားလိုက်သောကြောင့် ရှင်းဖူ ချက်ချင်းနောက်ဆုတ်လိုက်ပြီး အမှောင်စွမ်းရည်သုံးကာ ပြေးထွက်သွားလေ၏။

"အာရုံနောက်တယ်...."

ရှင်းဖူကြောင့် ကြီးကြီးမားမား မထိခိုက်နိုင်သော်လည်း အဆက်မပြတ်သတိထားနေရသောကြောင့် ဝမ်ဟေးကျူ ဒေါပွနေလေပြီ။

ရှင်းဖူ ဆုတ်ခွာသွားသည်နှင့် ဝမ်ဟေးကျူသည် ဒူဇီပိုင်ရွှမ်းနှင့်ပူးပေါင်းကာ လီလော့ကို အဆက်မပြတ်တိုက်ခိုက်လိုက်ပြန်သည်။

ဤအတိုင်းသာ အဆက်မပြတ်ဖိနှိပ်နိုင်ပါက လီလော့ မလွဲမသွေရှုံးနိမ့်ရတော့မည်။

တိုက်ပွဲပြင်းထန်နေချိန်တွင် ချီလော့ဇီကလည်း သူမ၏ အစိမ်းရောင်စပျစ်နွယ် စွမ်းအားများကို ထုတ်ဖော်ပြီး မြေပြင်ပေါ် ပ်လွှတ်လိုက်သည်။

ထိုအချိန်တွင် မှုန်ဝါးဝါးအလင်းတန်းများ ထွက်ပေါ်လာပြီး ချီလော့ဇီ အာရုံထွေပြားလာသည်။

" ပိုင်မျန်မျန်...."

ချီလော့ဇီသည် အနီးအနားတွင် မတ်တပ်ရပ်နေသော ပိုင်မျန်မျန်ကို လှမ်းအော်လိုက်လေသည်။

"ခေါင်းဆောင် ဖိအားများနေပြီ ဝင်မရှုပ်နဲ့တော့....."

" ဟွန့်...ပွင့်လန်းခြင်းအစောပိုင်းအဆင့်လောက်နဲ့ ငါ့ကိုတားနိုင်မယ်ထင်နေတာလား......"

ပိုင်မျန်မျန်က ရုတ်တရက် နှစ်လိုဖွယ်ကောင်းစွာ ပြုံးလိုက်ပြီး.....

" ကိစ္စမရှိပါဘူး.... နင်ငါ့ကို ထိခိုက်အောင်လုပ်ရင် ငါ့အစ်မနင့်ကိုလာရိုက်လိမ့်မယ်....."

ချီလော့ဇီ ငြိမ်ကျသွားသည်။သူမ တွေဝေနေချိန်တွင် ပိုင်မျန်မျန်ကြောင့် သူမဖန်တီးထားသော စပျစ်နွယ်များ ညှိုးခြောက်သွားကုန်ပြီ....

" ဒါဆိုလည်း စမ်းကြည့်ကြတာပေါ့....."

ပိုင်မျန်မျန်၏ စကားသံဆုံးသည်နှင့် ပိုင်မျန်မျန်သည်လည်း  ပုံရိပ်ယောင်တစ်ခုသဖွယ် ပျောက်ကွယ်သွားလေ၏။

" ပုံရိပ်ယောင်တွေလား...."

" ငါနင့်ကို မတားနိုင်ပေမယ့် အလုပ်ရှုပ်အောင်တော့ လုပ်နိုင်ပါသေးတယ်....."

ပိုင်မျန်မျန်၏ အသံသည် အရပ်မျက်နှာအနှံ့မှ ပျံလွှင့်လာသည်။

" ဘယ်သူအရင်တိုက်ပွဲကျမလဲ ​ပြိုင်ကျမလို့လား....နင်အရင် ကျမလား....လီလော့အရင်ကျမလား....."

"ခေါင်းဆောင် ကောင်းကောင်းခုခံနိုင်လိမ့်မယ်...."

ပိုင်မျန်မျန်၏ မဟားတရားယုံကြည်မှုရှိနေပုံကြောင့် ချီလော့ဇီ အံ့အသွားရလေသည်။

All Chapters