← Chapters

ပဲ့တင်ထပ်သံနှစ်ခု.....

Vol. 13 Ch. 180

ပဲ့တင်ထပ်သံနှစ်ခု.....

Vol. 13 Ch. 180

လီလော့တို့ တိုက်ပွဲဖြစ်နေသည့် ပတ်ဝန်းကျင်တစ်ခုလုံးသည် ကပ်ဘေးဆိုက်ထားသလို ပျက်စီး​ကြေမွနေလေပြီ။

ဝမ်ဟေးကျူနှင့် ဒူဇီပိုင်ရွှမ်းတို့သည် ရှင်းဖူ အထိနာသွားသည်ကို ပြုံးပြုံးကြီး ကြည့်နေပြီး.....

" တစ်ယောက်တော့သွားပြီ....."

ရှင်းဖူဘက်က သူတို့တိုက်ကွက်ကို တားဆီးနိုင်ခဲ့သော်လည်း ကြီးမားသောတန်ဖိုးတစ်ခုပေးဆပ်လိုက်ရရှာသည်။

ရှင်းဖူကို အာရုံစိုက်စရာမလိုတော့သည့်အတွက် လီလော့ကိုသာ သည်းသည်းမည်းမည်း အာရုံစိုက်နိုင်တော့မည်။

"  လီလော့ မင်းမှာ ဘာဝှက်ဖဲတွေကျန်သေးလဲ........"

" ဘာတွေရှိသေးလဲ မင်းသိပါတယ်.....ဝှက်ဖဲထုတ်သုံးတယ်ဆိုတာ သူရဲကောင်းတွေရဲ့ အထက်တန်းအကျဆုံး လှုပ်ရှားမှုတွေထဲက တစ်ခုပဲလေ....."

" ဟေ့ကောင်...အခုထိ နွေရာသီအိမ်မက်တွေမက်နေတုန်းပဲလား...ကြယ်တာယာခရီးရှည်ကောလိပ်မှာရှိတဲ့ ကျောင်းသားက ကိုယ့်ကိုကိုယ် သူရဲကောင်းလို့သတ်မှတ်ထားကြတာချည်းပဲ......အနူတောမှာ လူချောလို့ထင်ခဲ့သမျှ ကောလိပ်ရောက်မှ တေူတို့ထက်သာတဲ့သူတွေရှိမှန်း နဖူးတွေ့ ဒူးတွေ့ နားလည်ကုန်ကြတာ....မင်းအခုထိ သဘောမပေါက်သေးဘူးလား....."

" မင်းတို့အခုထိ ငါ့ကို မယုံကြသေးဘူးပဲ....ကောင်းပြီ...ဒါဆိုလည်း ငါ့ရဲ့ အထူးစွမ်းရည်တွေကို ထုတ်ပြရသေးတာပေါ့....."

လီလော့ ထိုသို့ပြောပြီးသည်နှင့် အသက်ပြင်းပြင်းရှူလိုက်သည့်အခါ ခန္ဓာကိုယ်တစ်ခုလုံးကို စွမ်းအားများ ရစ်ပတ်ဝိုင်းရံလာသောကြောင့် ဝမ်ဟေးကျူတို့ သတိအနေအထားဖြင့် နောက်ဆုတ်လိုက်ကြလေသည်။

ရေစွမ်းအားနှင့် သစ်သားစွမ်းအားများပေါင်းစပ်ရောနှောသွားပြီး ခန္ဓာကိုယ်အတွင်းပိုင်းထဲသို့ နက်ရှိုင်းစွာ စိမ့်ဝင်သွားသည့်အခါ လီလော့၏ ကျင့်ကြံမှုအဆင့်သည် ပွင့်လန်းခြင်းနှောင်းပိုင်းအဆင့်သို့ တမဟုတ်ချင်း ခုန်တက်သွားလေ၏။

အဆင့်ကြီးတစ်ဆင့်စာ ခုန်တက်သွားသော လီလော့ကြောင့် ဝမ်ဟေးကျူတို့ မယုံနိုင်လောက်အောင် မှင်သက်နေခဲ့ကြသည်။

" ကဲ...အခု ငါပြောတာ ယုံကြပြီလား....."

"မင်း ငါတို့ တိုက်ခိုက်တာကို ရည်ရွယ်ချက်ရှိရှိ ငြိမ်ခံနေခဲ့တာမဟုတ်လား...ဒါမှသာ ပဲ့တင်ထပ်သံမျိုးစေ့ကို ဖိအားပေးလှုံ့ဆော်သလိုဖြစ်ပြီး အခုလို အဆ​င့်တက်နိုင်မှာပေါ့....ဒါ သိပ်ကိုမိုက်မဲလွန်းတယ်ဆိုတာ သိရောသိရဲ့လား...မအောင်မြင်ခဲ့ရက် ကိုယ်တွင်းကလီစာတွေထိခိုက်ပြီး ပဲ့တင်ထပ်သံမျိုးစေ့လည်း အက်ကွဲသွားနိုင်တယ်...."

" သိသားပဲ...ဒါပေမယ့် အခုချိန်မှာ ဒါတွေကို ခေါင်းထဲထည့်မနေနိုင်ဘူး....."

"လီလော့.... ခေါင်းမာမနေနဲ့တော့...ဘယ်လောက်ပဲ ဖိအာယပေးနေပါစေ မင်း ငါတို့ကိုနိုင်မှာမဟုတ်ဘူး......"

ဒူဇီပိုင်ရွှမ်းကလည်း ဝမ်ဟေးကျူနှင့်စိတ်ကူးခြင်းတူသည့်အတွက်.......

"အဆင့်တစ်ဆင့်လောက် တက်လာတာနဲ့ အရာအားလုံးပြောင်းလဲသွားမယ်ထင်နေတာလား....."

လီလော့ကို ထိုသို့ပြောပြီးသည်နှင့် ဝမ်ဟေးကျူ ဘက်လှည့်ကာ.....

"ဒီကောင့်ကို မြန်မြန် လက်စသတ်လိုက်ကြမယ်....."

ဝမ်ဟေးကျူ ခေါင်းညိတ်လိုက်ပြီး အဆိပ်စွမ်းအားများပေါင်းစပ်ထားသည့် ခွန်ပန်အသံလှိုင်းများကို နောက်တစ်ဖန် ပစ်လွှတ်လိုက်ပြန်သည်။

လီလော့ကလည်း ဓားနှစ်လက်တွင် ပဲ့တင်ထပ်သံစွမ်းအားတစ်မျိုးစီ ပို့လွှတ်ကာ ရင်ဆိုင်ရန် အသင့်ပြင်ထားခဲ့သည်။

ဝုန်းးးးးးးးး

ပဲ့တင်ထပ်လုမတတ်ကျယ်လောင်သော ပေါက်ကွဲများ ထွက်ပေါ်လာခဲ့သည်။

ဓားနှစ်လက်ကို ထိလိုက်သည့်အခါ သီးခြားစီဖြစ်နေသော ရေစွမ်းအားနှင့် သစ်သားစွမ်းအားတို့သည် တစ်ခုတည်းအဖြစ်ပေါင်းစည်းသွားပြီး မျက်စိကျိန်းလုမတတ်တောက်ပသော အလင်းရောင်များဖြစ်ပေါ်လာစေခဲ့သည်။

ဝုန်းးးးးး

ပေါင်းစပ်ထားသော စွမ်းများဖြင့် လခြမ်းကွေးသဏ္ဍာန်ဓားချက်တစ်ခုထုတ်ဖော်လိုက်ပြီး ဝမ်ဟေးကျူတို့၏ ပေါင်းစပ်တိုက်ကွက်ကို အသာအယာခုတ်ဖြတ်လိုက်လေသည်။

ထိုဓားချက်ကြောင့် အနီးအနားရှိ ကျောက်တုံးကျောက်စိုင် များပင်လျှင် နှစ်ခြမ်းကွဲကုန်ကြသည်။

သူတို့၏ ပေါင်းစပ်တိုက်ကွက်ကို ဓားချက်တစ်ချက်တည်းဖြင့် တားဆီးလိုက်သောကြောင့် ဝမ်ဟေးကျူတို့ ထိတ်လန့်နေကြပြီ။

" ဒီ...ဒီစွမ်းအားက... ပွင့်လန်းခြင်းနှောင်းပိုင်းအဆင့်ထက် ကျော်လွန်နေပြီ....."

ဝမ်ဟေးကျူ မပီမသရေရွတ်လိုက်မိသည်အထိ အံ့သြမှင်သက်နေလေ၏။

ထိုအချိန်တွင် ဒူဇီပိုင်ရွှမ်း ပြောလိုက်သောစကားလုံးများသည် ကျိန်စာထက်ပင် ကြောက်စရာပိုကောင်းနေသည်။

"အဲ့တာ.... ပဲ့တင်ထပ်သံနှစ်ခုပေါင်းစည်းထားတဲ့စွမ်းအား....ကြည့်ရတာ ဒီကောင် ကျွမ်းကျွမ်းကျင်ကျင် မသုံးတတ်သေးဘူးထင်တယ်....နောက်တစ်ခေါက်ထပ်သုံးနိုင်မှာမဟူတ်လောက်ဘူး....."

ဒူဇီပိုင်ရွှမ်း ပြောလို့ပင်မဆုံးသေးခင် လီလော့ဘက်က နောက်ထပ်ဓားချက် တစ်ချက်ထုတ်ဖော်လိုက်သဖြင့် နှစ်ယောက်သား အစွမ်းကုန်သုံး၍ ခုခံလိုက်ရလေသည်။

ဝုန်းးးး ဒင်....ဒင်.....

သတ္ထုချင်းထိခတ်သံများ ထွက်ပေါ်လာပြန်သည်။

ဒီတစ်ခေါက်တွင် ဝမ်ဟေးကျူနှင့် ဒူဇီပိုင်ရွှမ်းတို့နှစ်ဉီးစလုံး ​ခြေလှမ်းပေါင်းများစွာ နောက်ဆုတ်လိုက်ရသည်။

ပဲ့တင်ထပ်သံနှစ်ခုပေါင်းစည်းထားတဲ့စွမ်းအားဆိုတာ ဒါမျိုးလား.....လီလော့ရဲ့ လက်ရှိခွန်အားက ပုံသဏ္ဍာန်ဖွဲ့စည်းခြင်းအဆင့်နှစ်ယောက်ထက်တောင် ပိုသန်မာနေသေးတယ်......

"ပဲ့တင်ထပ်သံနှစ်ခုပေါင်းစည်းဖို့ဆိုတာ လွယ်တာမဟုတ်ဘူး....ဒီကောင် ဂျင်းထည့်နေတာပဲဖြစ်ရမယ်....တတိယအကြိမ်တော့ ထပ်သုံးနိုင်မှာမဟုတ်ဘူး....."

"ပါးစပ်ပိတ်ထားစမ်း....."

ဝမ်ဟေးကျူတစ်ယောက် ဒူဇီပိုင်ရွှမ်းကို အတော်ဒေါပွနေလေပြီ။

"လီလော့က ယာယီအဆင့်တက်အောင်လုပ်ထာားဆိုတော့ အချိန်အကန့်အသတ်တော့ရှိလိမ့်မယ်....အဲ့အချိန်ထိ စောင့်ကြမယ်....အတင်းအကြပ် ရင်မဆိုင်နဲ့....အချိန်ဆွဲလို့ရအောင် အရင်ဆုံး နောက်ဆုတ်ကြမယ်....."

ဒူဇီပိုင်ရွှမ်း ဆက်ပြောမည့်စကားများကို မြိုချလိုက်ပြီး ဝမ်ဟေးကျူပြောသည့်အတိုင်းသာ လိုက်နာလိုက်ရတော့သည်။

နှစ်ယောက်သား နောက်ကြောင်းလှည့်ပြေးကြသည့်အခါ အနက်ရောင်ကန့်လန့်ကာတစ်ခုက သူတို့နှစ်ယောက်ကို အသင့်စောင့်ကြိုနေလေ၏။

ရှင်းဖူ၏ မျက်နှာသည် ခါတိုင်းထက်ပင်ပို၍ ဖြူရော်နေသော်လည်း.....

" ခေါင်းဆောင်....ငါ့မှာ ခွန်အားမရှိတော့ဘူး....."

// တောက်....လာပြန်ပြီလား ဒီရှင်းဖူ...ခုနကလေးတင် ရှင်းထားပြီးသားရက်နဲ့ကွာ......//

ဝမ်ဟေးကျူလည်း ဒူဇီပိုင်ရွှမ်းနှင့် ထပ်တူ စိတ်ပျက်နေလေ၏။ ရှင်းဖူ၏ မဟူရာဖုံလွှမ်းခြင်း ပညာရပ်ကြောင့် ကြီးကြီးမားမားမထိခိုက်နိုင်သော်လည်း အာရုံထွေပြားပြီး လီလော့ရှိရာဆီ တည့်တည့်ကြီး တိုးဝင်သွားစေနိုင်သည်။

ထိုအချိန်တွင် မြေပြင်ပေါ်မှာ တိုးထွက်လာသော စပျစ်နွယ်ပင်များသည် ၎င်းတို့နှစ်ဉီး၏ ​ခြေကျင်းဝတ်များကို ရစ်ပတ်လာသည်။

" စိတ်မပူနဲ့....အဲ့တာ ချီလော့ဇီ..... "

ထိတ်လန့်နေသော ဒူဇီပိုင်ရွှမ်းကို ဝမ်ဟေးကျူ လှမ်းသတိပေးနေရသည်။

ဝှစ်.....

ထိုစပျစ်နွယ်ပင်များသည် ၎င်းတို့နှစ်ဉီးကို မဟူရာဖုံးလွှမ်းခြင်း နယ်မြေထဲမှာ ဆွဲထုတ်သွားခဲ့ပြီး ချီလော့ဇီ ရှိရာဆီ ဆွဲခေါ်လာခဲ့ကြသည်။

သုံး​ယောက်သား တစ်စုတစ်စည်းတည်းဖြစ်သွားချိန်တွင်......

" အမြန်နောက်ဆုတ်ကြမယ်....."

ဝမ်ဟေးကျူ အမိန့်ပေးသည့်အတိုင်း နောက်ဆုတ်ဖို့ ပြင်လ်ိုက်ချိန်တွငလ တစ်ထပ်တည်းတူညီနေသော လမ်းကြောင်းဆယ်ခုကျော်ကိုသာ မြင်တွေ့နေကြရသည်။

" ဒါ....ပိုင်မျန်မျန်ရဲ့ ပုံရိပ်ယောင်တွေပဲ....."

ထိုအချိန်တွင် လီလော့သည် မျက်စိမှိတ်ထားပြီး ဓားနှစ်လက်ကို မြေကြီးထဲ ထိုးစိုက်ကာ တောက်ပနေသော ပေါင်းစပ်စွမ်းအားများကို မျိုးစေ့ချနေ၏။

ထိုအခါ မြေပြင်ကွဲအက်လာပြီး ကျောက်စိမ်းသစ်ပင်တစ်ပင်သည် လျင်မြန်လှသောအရှိန်ဖြင့် အခက်အလက်ဝေဆာစွာ ကြီးထားလာခဲ့သည်။ ထိုသစ်ပင်သည် မျက်စိတမှိတ်အချိန်တိုလေးအတွင်း နှစ်မီတာခန့်မြင့်မားသော ရှန်းလိသစ်ပင်အဖြစ် ကြီးထားလာခဲ့သည်။

ထိုသစ်ပင်ကိုကြည့်ရင်း ဝမ်ဟေးကျူတို့သုံးယောက်စလုံး မှင်သက်နေကြရှာသည်။

" ကျားအဆင့်ပညာရပ်..... စိုက်ပျိုးရေး စစ်သည်တော်....."

// ဘယ်လိုဖြစ်လို့ ဒီလောက်မြန်ရတာလဲ....ဒီကောင် ဘယ်လ်ိုများလုပ်လိုက်တာလဲကွာ.....//

All Chapters