မြစိမ်းရောင်သစ်ခက်မျှားတံ......
Vol. 13 Ch. 181
လီလော့၏ စွမ်းအားများကြောင့် အလျင်အမြန်ကြီးထွားလာသော ရှန်းလိသစ်ပင်၏ သစ်ရွက်တစ်ရွက်ချင်းစီတိုင်းသည် ကျောက်စိမ်းရောင် တောက်ပနေပြီး ရေစွမ်းအားများက ပင်စည်ကနေ အမြစ်ထဲသို့ စိမ့်ဝင်နေကြသည်။
ဤသည်မှာ...ရေစွမ်းအားနှင့် သစ်သားစွမ်းအားတို့သည် သစ်တစ်ပင်လုံးကို ညီမျှစွာ ထောက်ပံ့ပေးနေသည့်သဘောပင်....
သစ်ရွက်များ လျင်မြန်စွာ ညှိုးရော်လာပြီး နောက်ဆုံးတွင် ကြည်လင်တောက်ပနေသော သစ်စေးအူတိုင်တစ်ခုသာကျန်ရစ်တော့သည်။
ထိုအူတိုင်ထဲတွင် ပေါင်းစပ့ထားသော စွမ်းအားများ ပြည့်ဝစွာပါဝင်နေသည်။
လီလော့ မျက်လုံး ပြန်ဖွင့်လိုက်ပြီး ဝမ်ဟေးကျုတို့ကို ပြုံပြလိုက်သည်။ ထို့နောက် လက်ဝါးဖြန့်လိုက်သည့်အခါ ကြည်လင်တောက်ပနေသော ရှန်းလိသစ်ပင်အူတိုင်သည် မြစိမ်းရောင်တောက်ပနေသောမျှားတစ်စင်းအဖြစ် မှော်ဆန်စွာပြောင်းလဲသွားပြီး လီလော့ လက်ထဲသို့ ကျရောက်လာသည်။
ဓားနှစ်လက်ကို ချိတ်ဆက်ပြီး လေးကိုင်းအဖြစ်ပုံပြောင်းကာ မြစိမ်းရောင်မျှားတံကို လေးညှို့တင်လိုက်လေသည်။
မျှားတံတွင်ပါဝင်နေသော ပြင်းထန်လှသည့်စွမ်းအားများသည် လေးကိုင်းနှင့် ဝန်မမျှသောကြောင့် အနည်းငယ်တုန်ရီနေသည်။
" ကြည့်ရတာ လေးကိုင်းကို အဆင့်မြှင့်ရတော့မယ်ထင်တယ်....."
ထိုသို့တွေးပြီးသည်နှင့် တုန်ရီနေမှုကို ထိန်းချုပ်ကာ ပစ်မှတ်ကို အတိအကျချိန်ရွယ်လိုက်သည်။
" ဒီအအခြေနေထိ တွန်းပို့ခံရတာ ယုံတောင်မယုံနိုင်သေးဘူး...... "
မျှော်လင့်ထားသည်ထက်အဆပေါင်းများစွာ ပြင်းထန်နေသော တိုက်ပွဲကြောင့် ဝမ်ဟေးကျူ အတော်စိတ်ဓာတ်ကျနေလေပြီ။ ဒူဇီပိုင်ရွှမ်း ကြုံတွေ့ခဲ့ရသော ပေါင်းစပ်စွမ်းအားများကို ကိုယ်တိုင် ကြုံတွေ့ရမှသာ မည်မျှပြင်းထန်မှန်း နားလည်နိုင်တော့သည်။
ဤအတိုင်းဆို အဆင့်သတ်မှတ်ချက်တွင် ဒုတိယချိတ်ဖို့ကပင် မသေချာနိုင်တော့ပေ။
" ဝှက်ဖဲ ထုတ်သုံးမှဖြစ်တော့မယ်....ချင်ဇူလုတို့အတွက် သုံးဖို့ချန်ထားပေမယ့် အခုနေထုတ်မသုံးရင် ဒီကနေ ထွက်သွားဖို့မဖြစ်နိုင်တော့ဘူး....."
ဝမ်ဟေးကျူ စကားကို ကျန်နှစ်ယောက်ကလည်း ခေါင်းညိတ်ထောက်ခံခဲဲ့ကြသည်။
ချီလော့ဇီဘက်က စတင်ပြီး အစိမ်းရောင်စပျစ်နွယ်များကို ပန်းကန်လုံးတစ်လုံးစာ ခန့်အရွယ်အစားရှိသော ပြွန်ရှည်တစ်ခုအဖြစ် ဖန်တီးလိုက်သည်။
ထိုအရာသည် အမြှောက်တစ်ခုနှင်းအလားသဏ္ဍာန်တူညီနေသည်။
ဝမ်ဟေးကျူ ထိုအရာပေါ် လက်တင်လိုက်ပြီး အစိမ်းရောင် အဆိပ်စွမ်းအားများကို အားဖြည့်လိုက်သည်။ ဒူဇီပိုင်ရွှမ်းကလည်း ထိုနည်းအတူအားဖြည့်လိုက်သည့်အခါ ထိုအရာသည် အမြှောက်ဆံဖြည့်ထားပြီးသော အမြှောက်တစ်ခုသဖွယ် ပစ်လွှတ်ရန် အသင့်ဖြစ်နေလေပြီ......
" မရတော့ဘူး....ကျွန်မ ထိန်းမထားနိုင်တော့ဘူး......"
ဝမ်ဟေးကျု ကိုယ်တိုင်လည်း အားအင်ကုန်ခမ်းမှုကြောင့် ဖျော့တော့နေပြီ....ဒူဇီပိုင်ရွှမ်းကို ခေါင်းညိတ်ပြလိုက်ပြီး စပျစ်နွယ်ပင်အမြှောက်ပေါ် လက်ဝါးနှင့်ရိုက်ချလိုက်တော့သည်။
" အဆိပ်သင့်ခွန်ပန်အမြှောက်......."
ဘုန်းးးးးးးးးးး
ပေါက်ကွဲသံအကျယ်ကြီးထွက်ပေါ်လာပြီး အဆိပ်ရည်များစိုရွဲနေသော ခွန်ပန်သတ္တဝါကြီးတစ်ကောင် ထွက်ပေါ်လာလေ၏။
ထိုအရာသည် အောချရလောက်အောင်ပြောင်မြောက်သည့် ပဲ့တင်ထပ်သံပညာရပ် ပေါင်းစပ်အသုံးချမှုပင်ဖြစ်သည်။
" တခုခုတော့ တခုခုပဲ....."
လီလော့ဘက်ကလည်း မျှားတံကို ငြိမ်အောင်ထိန်း၍ ထိုသတ္တဝါကြီးဆီ ချိန်ရွယ်ပစ်လွှတ်လိုက်တော့သည်။
မျှားတံဖြတ်သန်းသွားရာ လမ်းတစ်လျှောက်လုံး မြစိမ်းရောင်အလင်းများ မျက်စိကျိန်းလုမတတ်တောက်ပနေလေ၏။
ထိုမျှားချက်သည် ယခင်မျှားချက်များလို အရှိန်မပြင်းသော်လည်း မယုံနိုင်လောက်အောင်ပြင်းထန်သော စွမ်းအားများကို သယ်ဆောင်ထားသည်။
မျှားတံသည် မနှေးမမြန်အရှိန်ဖြင့် ခွန်ပန်သတ္တဝါကြီး၏ ဉီးခေါင်းကို ဖောက်ထွင်းသွားလေသည်။
ထိုမျှားချက်သည် မည်သို့သော တုံ့ပြန်မှုမှ ဖြစ်ပေါ်မလာဘဲ ခွန်ပန်သတ္တဝါကြီး၏ အဆိပ်များကို တမဟုတ်ချင်းတိုက်စားပျယ်လွှင့်သွားစေခဲ့သည်။
နောက်ဆုံးသော ဝှက်ဖဲလည်းဖြိုခွင်းခံလိုက်ရပြီဖြစ်သောကြောင့် ဝမ်ဟေးကျူတို့သုံးယောက်စလုံး မူးမေ့လဲတော့မတတ်ဖြစ်နေကြရှာသည်။
လီလော့၏ မျှားတံသည် ခွန်ပန်သတ္တဝါကြီးကို ဖျက်စီးပြီးသည့်တိုင် အရှိန်မသေးသေးဘဲ ခပ်ဝေးဝေးအထ်ိရောက်သွားပြီးမှသာ ပြင်းထန်စွာ ပေါက်ကွဲသွားခဲ့သည်။
// ပဲ့တင်ထပ်သံနှစ်ခု ပေါင်းစည်းထားတဲ့ စွမ်းအားက အဲ့သလောက်တောင် ပြင်းထန်တာလား.....//
မျှားတံပေါက်ကွဲရာမှ ထွက်ပေါ်လာသောစွမ်းအားများကြောင့် ဝမ်ဟေးကျူတို့တစ်ဖွဲ့လုံး လွှင့်စင်သွားကြပြီး အနီးအနားရှိ ကျောက်ဆောင်များနှင့် တိုက်မိကုန်ကြသည်။
လီလော့သည်လည်း ယခုချိန်တွင် လက်တစ်ချောင်းတောင် မလှုပ်နိုင်တော့ပေ။
ဝမ်ဟေးကျူတို့သုံးယောက်စလုံး ခက်ခက်ခဲခဲ မတ်တပ်ထရပ်လိုက်ကြပြီး.....
" ဟိုကောင် အားကုန်နေပြီ....သွားကြစို့...."
လီလော့လည်း သူတို့လို အထိနာထားမှန်းသိနေသောကြောင့် သုံးယောက်စလုံး ထွက်ပြေးကြဖို့သာရှိတော့သည်။
ယခုလိုထွက်သွားပါက သရေပွဲအဖြစ်သတ်မှတ်နိုင်ပြီး သိက္ခာကျမှုကို အဖတ်ဆယ်နိုင်ပေလိမ့်မည်။
လီလော့ ရယ်ချင်နေသော်လည်း ပါးစပ်ဖွင့်မရသောကြောင့် အောင့်အီးနေရရှာသည်။ဝမ်ဟေးကျူတို့သည် ရှင်းဖူနှင့်သူ့ကိုသာ အာရုံထားနေပြီး တစ်ယောက်ယောက်ကို မေ့နေကြရှာသည်။
ပိုင်မျန်မျန်က ဝမ်ဟေးကျူတို့ ပြေးလာသည့်လမ်းတွင် ပိတ်ရပ်နေလေ၏။
ဝမ်ဟေးကျူတစ်ယောက် ပိုင်မျန်မျန်ကိုမြင်သည်နှင့် သေချင်စော်နံလောက်အောင် စိတ်ဓာတ်ကျနေလေပြီ။
// သေစမ်း....ဒီတစ်ယောက်ကို ဘယ်လိုဖြစ်ပြီးမေ့နေရတာလဲ.....//
ပုံမှန်အတိုင်းဆို ပိုင်မျန်မျန်ကို ဂရုစိုက်နေစရာမလိုသော်လည်း ယခုလို ခြေထောက်ပေါ် အနိူင်နိုင်ရပ်နေရချိန်တွင် သူမကို မည်သို့ တွန်းလှန်ရမည်နည်း။
" ကဲ...တံဆိပ်ထုတ်ပေးလိုက်တော့....ကျွန်မလက်က တုန်နေတာဆိုတော့ ရိုက်မိတဲ့အခါကျရင် ခွန်းအားမထိန်းနိုင်ဘဲဖြစ်နေလိမ့်မယ်.....ဘာမှအတိမ်းအစောင်းမခံချင်ရင် မြန်မြန် တံဆိပ်ထုတ်ပေး......"
နောက်ဆုံးတော့လည်း ဝမ်ဟေးကျူ အင်တင်တင်နဲ့သာ တံဆိပ်ထုတ်ပေးလိုက်ရလေတော့သည်။
ပိုင်မျန်မျန်က လက်နှစ်ဖက်ကို ပူးကပ်ပြီး ကျေးဇူးတင်စကားပြောသွားလိုက်သေးသည်။
ပိုင်မျန်မျန်၏ ယဉ်ကျေးသောအပြုအမူ ကြောင့်လည်း မည်သို့မျှ စိတ်ဓာတ်မတက်ကြွနိုင်ရှာတော့ပေ....အဘယ့်ကြောင့်ဆိုသော် သူတို့ဆရာ ရှန်ကျင်းရှောင်သည် အားကောင်းသော ဒေါသမုန်တိုင်းကို အစပျိုး၍ တပည့်သုံးယောက်ကို အသင့်စောင့်ကြိုနေသောကြောင့်ပင်....ဝမ်ဟေးကျူတို့၏ မနက်ဖြန်တိုင်းသည် ယခုချိန်မှစ၍ အမှောင်ဖုံးလွှမ်းနေပေတော့မည်။