မင်းသမီးကြီး၏ဖိတ်ကြားမှု.....
Vol. 13 Ch. 182
လီလော့တို့အဖွဲ့နှင့် ဝမ်ဟေးကျူတို့အဖွဲ့၏ အဆုံးသတ်နိဂုံးကို စောင့်ကြည့်နေသူ များပြားလှသည်။
လီလော့ အနိုင်ရသွားသောအခါ ကြယ်လေးပွင့်ခန်းမမှ ကျောင်းသားများအားလုံး လေးစားမှုအပြည့်ဖြင့် အားပေးနေကြသည်။
// မြို့စားအဆင့် စွမ်းအားဆိုတာ ဒါမျိုးလား.....လီလော့ ဒီစွမ်းအားကို အစွန်အဖျားလောက်သာ ထိတွေ့နိုင်သေးပေမယ့် ဒီလောက်တောင် စွမ်းနေပြီလား.....သေချာကျွမ်းကျွမ်းကျင်ကျင်များသုံးနိုင်ရင်ဘယ်လိုများနေလိမ့်မလဲ....အဆင့်ကိုးပဲ့တင်ထပ်သံနဲ့တောင် ယှဉ်နိုင်လောက်မယ်ထင်တယ်....//
လီလော့တို့အနိုင်ရသွားသည့်မြင်ကွင်းကို ကျန်းချင်းအာကလည်း ပြုံးပြုံးကြီးကြည့်နေလေ၏။ သူမမျှော်လင့်ထားသည့်အတိုင်းဖြစ်လာပြီမဟုတ်ပေလော.....
မင်းသမီးကြီးကလည်း ထိုရလဒ်ကြောင့် အတော်အံ့သြနေပုံရသည်။
ကျန်းချင်းအာ ပြောခဲ့သည်များကို အလိုက်အထိုက်နားထောင်ပေးခဲ့သော်လည်း လီလော့ အခုလို အနိူင်ရမည်ဟု လုံးဝထင်မထားခဲ့ပေ။
လီလော့ ပြသလိုက်သော ပေါင်းစပ်စွမ်းအားသည် သူမ အမြဲတမ်းလိုချင်တောင့်တနေသေယ စွမ်းအားမျိုး ဖြစ်နေသည်။
" ဂျူနီယာကျန်းပြောသလို အံ့ဖွယ်အလှည့်အပြောင်းတစ်ခုပဲနော်.....မြို့စားအဆင့်မရောက်ခင် ပဲ့တင်ထပ်သံနှစ်ခု ပေါင်းစပ်ပြီးသုံးတာကို ပထမဆုံးအကြိမ်မြင်ဖူးခြင်းပဲ....."
" လီလော့က မြို့စားအဆင့်နှစ်ယောက်ရဲ့သားပဲလေ...ဒီအပင်ကသီးမှတော့ ဒီအသီးပဲပေါ့....."
" ဂျူနီယာကျန်းပြောတာ မှန်တယ်......မြို့စားလီတိုင်ရွှမ်နဲ့ မြို့စားတိုင်တန်လန်တို့နှစ်ယောက်က ရှပြည်ထောင်စုမှာ အငယ်ဆုံးမြို့စားအဆင့်တွေဖြစ်ခဲ့တဲ့အပြင် သိပ်ကိုထူးချွန်ခဲ့ကြတာ......"
ကျန်းချင်းအာပင်လျှင် မင်းသမီးကြီး၏ မပြောအဆို ညက်ညောမှုကို အသိမှတ်ပြုရပေတော့မည်။ ထို့ကြောင့်လည်း မင်းသမီးကြီးကိုချစ်ခင်သူပေါများနေခြင်းဖြစ်သည်။
" ဒါနဲ့ ....လီလော့မှာ ရေပဲ့တင်ထပ်သံနဲ့ သစ်သားပဲ့တင်ထပ်သံရှိနေတာမဟုတ်လား....."
" အင်း...ဟုတ်တယ်....."
" မင်းကြီးမှာ နာတာရှည်ရောဂါဖြစ်နေတယ်ဆိုတာ ဂျူနီယာကျန်းလည်း သိတယ်မလား....တော်ဝင်သမားတော်တွေ ကုသပေးနေပေမယ့်လည်း မသက်သာခဲ့ဘူးလေ..ရှတိုင်းပြည်တခွင်လုံးမှာ သမားတော်လ်ိုက်ရှာခဲ့ပေမယ့်လည်း အခုထက်ထိ မတွေ့နိုင်သေးဘူး....ရေ၊အလင်း၊ သစ်သား ပဲ့တင်ထပ်သံရှိသူတွေသာ ကုသပေးနိုင်မယ်လို့ ပြောကြတယ်......လီလော့က ဆရာသခင်အဆင့်မှာပဲရှိသေးပေမယ့် မင်းကြီးကို ကုသပေးနိုင်မလား တစ်ချက်လောက်တော့ စမ်းသပ်ကြည့်ပေးစေချင်တယ်....."
" လီလော့က မင်းကြီးကို ကုသပေးရမယ်.???...."
" ရူးနှမ်းနှမ်းနိုင်တယ်မလား.....ဒါပေမယ့်လည်း ဖြစ်နိုင်ချေရှိသမျှ အကုန်စမ်းသပ်ကြည့်ချင်တယ်....."
ကျန်းချင်းအာဘက်က တွေဝေနေသောကြောင့် မင်းသမီးကြီးက တရင်းတနှီးလက်ကိုလှမ်းဆွဲလိုက်ပြီး.....
"ဘာမှမစိုးရိမ်ပါနဲ့.....ကုသပေးလို့မရဘူးဆိုရင်တောင် တော်ဝင်ရုံးတော်ဘက်က ဘာမှမလုပ်စေရပါဘူး.....ကျေးဇူးပြုပြီး အစ်မတစ်ယောက်က မောင်တစ်ယောက်အပေါ်ထားတဲ့မေတ္တာစေတနာအဖြစ်သာ မြင်ကြည့်ပေးပါ....."
ထိုစကားကြောင့် ကျန်းချင်းအာ အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့သော်လည်း မင်းသမီးကြီးသည် လုံးဝအပြစ်ကင်းစင်နေသူမဟုတ်မှန်း သူမ သေချာစွာနားလည်ထားပါသည်။ မင်းသမီးကြီးသည် ပြည်နယ်များစွာကို ဗျုဟာကျကျ အုပ်ချုပ်နေသူတစ်ယောက်ဖြစ်သောကြောင့် လီလော့ကို ဖိတ်ခေါ်ခြင်းသည် ထင်သလောက်ရိုးရှင်းနေမည်မဟုတ်ပေ။
အောင်မြင်နိုင်ချေနည်းသော်လည်း လီလော့ဘက်က ကုသပေးနိုင်မည်ဟုလည် ယူဆထားပုံရသည်။
သို့သော်လည်း ထိုတောင်းဆိုချက်တွင် လီလော့အတွက် ကောင်းသောအရာများလည်း ရှိနေသေးသည်။လီလော့ဘက်ကသာ ကြိုးစားပေးမည်ဆိုပါက ပထမမင်းသမီးကြီးနှင့် ကောင်းမွန်သော ဆက်ဆံတေစ်ခုတည်ဆောက်န်ုင်မည်ဖြစ်ပြီး လော့လန်အိမ်တော်အတွက် အကျိုးရှိလာပေလိမ့်မည်။
တစ်ခါတစ်ရံတွင်၊ ဤကဲ့သို့သော သေးငယ်သောအစပျိုးမှုသည် ဆက်ဆံရေးကို ပိုမိုခိုင်မာစေပါသည်။
ယခုလိုတောင်းဆိုခြင်းသည် ပထမမင်းသမီးကြီးဘက်မှ လီလော့ကို မျက်နှာသာပေးနေခြင်းပင်......
ကျန်းချင်းအာ သေချာစေ့စပ်စွာတွေးတောပြီးနောက် မင်းသမီးကြီးကို မငြင်းဆန်နိုင်တော့ပေ။
မည်သို့ပင်ဆိုစေ တော်ဝင်ရုံးတော်သည်လည်း အင်အားကြီးမားသော အဖွဲ့အစည်းတစ်ခုဖြစ်နေသည်မဟုတ်လော။
အားကောင်းသော အဖွဲ့အစည်းတစ်ခုနှင့် ချိတ်ဆက်မိခြင်းသည် လော့လန်အိမ်တော်အတွက် သတင်းကောင်းတစ်ခုဆောင်ယူလာပေးနိုင်သည်။
"မင်းသမီးကြီးဘက်က အခုလို ကိုယ်တိုင်ကိုယ်ကျ တောင်းဆိုနေမှတော့ ကျွန်မတို့ဘက်က အတတ်နိုင်ဆုံး ကြိုးသားပေးမှာပါ...ဒါပေမယ့် လီလော့က အခုမှ ဆရာသခင်အဆင့်ပဲရှိသေးတာဆိုတော့
အရမ်းကြီးတော့ မျှော်လင့်မထားပါနဲ့....."
" ဒါဆို ဂျူနီယာကျန်းနဲ့ ဂျုနီယာလီတို့ကို အခုကတည်းက ကျေးဇူးကြိုတင်ထားရတော့မှာပဲ....."
" မဟုတ်တာ...."
ထိုအချိန်တွင် ကျန်းချင်းအာတို့ရှိရာဆီသို့ ကုန်းရှန်ကျွင်းရောက်လာခဲ့သည်။
" ဂုဏ်ယူပါတယ်.....ဂျုနီယာကျန်းက စစ်ဆေးမှုကို အစောကြီးအဆုံးသတ်နိုင်ခဲ့တဲ့အပြင် လီလော့ကလည်း အားကောင်းတဲ့ပြိုင်ဘက်တွေကို အနိူင်ယူနိုင်ခဲ့ပြီဆိုတော့ မင်းတို့နှစ်ယောက်စလုံး ချန်ပီယံတွေဖြစ်လာကြတော့မယ်ထင်တယ်....."
" စီနီယာကတော့ မြှောက်နေပြန်ပါပြီ.... လပတ်စစ်ဆေးမှုလေးတွေဆိုတာ သိပ်မှအရေးမပါတာ......"
" အိုးးး ဂျူနီယာက လက်နှစ်ဖက်စာအပြည့်ဆုတွေရထားထူးပေမယ့် လီလော့အတွက်က ပွဲဉီးထွက် အောင်နိုင်မှုဆိုတော့ တာထွက်ကောင်းတယ်ပဲဆိုရတော့မှာပေါ့....."
ကုန်းရှန်ကျွင်း၏ ရည်ရွယ်ချက်ကို သိနေသော်လည်း ပြောနေသောစကားထဲတွင်မှားယွင်းသည့်အချက်မရှိသောကြောင့် ကျန်းချင်းအာ ဒီအတိုင်းသာ လက်ခံလိုက်ရတော့သည်။
ထိုအချိန်တွင် ကုန်းရှန်ကျွင်းက မင်းသမီးကြီးဘက်ကိုလှည့်ပြီး......
" လွမ်ယု...ဘာပျော်စရာများရှိလို့ ပြုံးဖြီးနေတာလဲ...."
" ဘာမှတော့မဟုတ်ပါဘူး....လီလော့ကို ဖိတ်ပြီး မင်းကြီးကိုကုသပေးမလို့ တိုင်ပင်နေကြပါ......"
" ဟုတ်သားပဲ....စမ်းသပ်ကြည့်သင့်တယ်....."
ကုန်းရှန်ကျွင်းသည် ထိုနေရာမှ ထွက်သွားဖို့အချိန်တန်နေသော်လည်း ရတောင့်ရခဲ အချိန်လေးတွင် ကျန်းချင်းအာ ဘေးတွင်သာ နေချင်နေသေးသည်။
" ဂျူနီယာကျန်း.....ဒီနှစ်ထဲမှာ အရိပ်လှိုင်ဂူ ဖွင့်ပေးမယ်လို့ကြားထားတယ်....အခွင့်ရေးရရင် အတူလက်တွဲပြီး အကောင်းဆုံးကြိုးစားကြတာပေါ့....."
ကျန်းချင်းအာဘက်က ခေါင်းညိတ်ပြလိုက်သည်ကို မြင်ပြီးမှသာ ကုန်းရှန်ကျွင်း ထွက်သွားလေတော့သည်။
မင်းသမီးကြီးသည် ဒီအတိုင်းထွက်သွားသော ကုန်းရှန်ကျွင်းကို ကြည့်ပြီး အတွေးများနေလေ၏။
ကုန်းရှန်ကျွင်းတွင် အဆက်အသွယ်များစွာရှိသောကြောင့် သတင်းထူးများကို အရင်ဆုံးသိရှိနိုင်သည့်အပြင် အနီးအနားတွင် ဝန်းရံနေသူများကိုလည်း ရွေးချယ်ပေါင်းသင်းတတ်သူဖြစ်သည်။
အရာရာကို စနစ်တကျသိုဝှက်ကြံစည်တတ်သော ကုန်းရှန်ကျွင်း၏ အကျင့်စရိုက်သည် ဖခင်ဖြစ်သူထံမှ အမွေဆက်ခံထားခြင်းဖြစ်သည်။
"စိတ်မရှိပါနဲ့... ကျွန်မအရင်သွားနှင့်တော့မယ်.... လီလော့ရဲ့အခြေနေကို သိချင်နေပြီ...ဘာပြသာနာမှမရှိဘူးဆို မင်းသမီးကြီးနဲ့အချိန်သေချာလာညှိပေးပါ့မယ်....."
လီလော့တို့အဖွဲ့၏ ရလဒ်ထွက်ပေါ်လာတော့မည်ဖြစ်သောကြောင့် ကျန်းချင်းအာ ဤနေရာတွင် အချိန်ဖြုန်းမနေတော့ဘဲ လိုရင်းတိုရှင်းနှုတ်ဆက်ကာ ခပ်သွက်သွက် ထွက်လာခဲ့လိုက်တော့သည်။
ကျန်းချင်းအာတွင် ကြီးမားသောအနာဂတ်ရှိနေသောကြောင့် ကုန်းရှန်ကျွင်းလက်အောက်တွင် နေမည့်သူမဟုတ်ပေ။
ကျန်းချင်းအာသည် လီလော့တို့အဖွဲ့၏ ရလဒ်ကိုကြေငြာပေးနေသည့် မြင်ကွင်းကိုကြည့်လိုက်ပြီး......
"ငါ့ကောင်လေးက ကိုယ့်ဇနီးလောင်းကို ကောင်းကောင်းကာကွယ်ပေးနိုင်ခဲ့တာပဲ..... "