← Chapters

ငါးဖမ်းဝိဇ္ဇာ

Vol. 23 Ch. 343

ငါးဖမ်းဝိဇ္ဇာ

Vol. 23 Ch. 343

“အား … တအား ချောတာပဲ”

အာနယ်လ်က အော်ဟစ်လာပြီး ချက်ချင်း ရှေ့သို့ ခပ်သွက်သွက် လျှောက်သွားသည်။ သူမက ရဲ့လင်းချန်၏ ပုံရိပ်ကို သွားရည်တများများနှင့် ငေးမောနေ၏။

“သူ့ခန္ဓာကိုယ်က ပြီးပြည့်စုံလွန်းတယ်၊ သူ့ခန္ဓာကိုယ် အချိုးအစားက ယောက်ျားလေးတွေထဲမှာ သေချာပေါက် အဆင့်အတန်း အမြင့်ဆုံးပဲ”

ချန်ရှောင်ယန်သည်လည်း အရှေ့သို့ လျှောက်သွားပြီး အပေါ်ပိုင်းဗလာ ဖြစ်နေသော ရဲ့လင်းချန်ကို ကြည့်လေသည်။ ချက်ချင်းဆိုသလိုပင် သူမ၏ ပါးနှစ်ဖက်လုံးက ရှက်စိတ်ကြောင့် နီရဲလာသည်။ သူမ အကြည့်လွှဲလိုက်သော်လည်း မကြာမကြာ သူ့ကို ခိုးကြည့်လေသည်။

“ညီလေးရဲ့ရဲ့ ပုံစံက …”

တလေ မနေနိုင်ဘဲ တံတွေးမျိုချမိသည်။

“အားကျစရာ ကောင်းလွန်းတယ်”

“ဒီလောက် ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်ကို သူ ဘယ်လိုလုပ် ဖွံ့ဖြိုးလာအောင် လုပ်နိုင်တာလဲ၊ ဒါက ကျန်းမာကြံ့ခိုင်ရေး ကြယ်ပွင့်တွေထက်တောင် ပိုသန်မာသေးတယ်”

ထိုသို့သောအချိန်၌ ကျနေ၏ အလင်းရောင်က ရဲ့လင်းချန်၏ ကိုယ်ပေါ် ကျရောက်နေပြီး သူ့အား တောက်ပသော အလင်းလွှာတစ်ခု ဖုံးအုပ်ထားသည်ဟု ထင်မှတ်ရသည်။ ကင်မရာ မှန်ဘီလူးမှတစ်ဆင့် ရဲ့လင်းချန်၏ ကိုယ်အနေအထားက ပင်လယ်ထဲ၌ ရဲရဲဝံ့ဝံ့ ရပ်တည်နေကာ မိုးကောင်းကင်နှင့် ပင်လယ်ကို နောက်ခံထား၍ သူ၏ ပြီးပြည့်စုံသော ခန္ဓာကိုယ်ပုံစံကို မြင်နေရလေသည်။

တိုက်ရိုက် ထုတ်လွှင့်မှုမှ ကြည့်နေသော ပရိသတ်များ ရုတ်တရက် ရူးမတတ် ဖြစ်သွားကြသည်။ အထူးသဖြင့် မိန်းကလေးများပင်။

[အား…မရတော့ဘူး၊ ငါ မခံနိုင်တော့ဘူး …]

[ပြည့်စုံလွန်းတယ်၊ ပြီးပြည့်စုံလွန်းတယ်၊ ငါ သူ့ကို တကယ် ထိချင်လိုက်တာ]

[ဝိုးးးး … ဘယ်လိုလုပ် ဒီကမ္ဘာမှာ အဲ့လောက် ချောမောတဲ့ ယောက်ျားတစ်ယောက် ရှိနေတာလဲ၊ ပြီးတော့ သူက ငါ့အပိုင်တောင် မဟုတ်ဘူး၊ မြတ်စွာဘုရားးး]

[ဝုန်း … ငါ့မျက်လုံးတွေ ဗိုက်ကြီးနေပြီ၊ ဝိုင် ရှင် တာဝန်ယူရမယ်]

[လခွမ်း … ငါ့မှာသာ ဝိုင်လို ခန္ဓာကိုယ်မျိုး ရှိရင် ငါ နှစ်နှစ်ဆယ်လုံး တစ်ကိုယ်တည်း ဖြစ်နေမှာ မဟုတ်ဘူး၊ ငါ ကိုယ်ကာယ လေ့ကျင့်ခန်း လုပ်ဖို့ လိုနေပြီ]

…

တစ်ခဏလေး အတွင်းမှာပင် ရဲ့လင်းချန်၏ ပုံရိပ်က အတော်လေး အာရုံ ဖမ်းစားသွားနိုင်ပြီး အမျိုးသားများအား အားကျလာစေကာ အမျိုးသမီးများအား ရူးမတတ် ဖြစ်သွားစေသည်။

တစ်နေ့တည်းမှာပင် ထိုဗွီဒီယိုကို ဝေ့ပေါ်၌ တင်လိုက်ပြီး များမကြာမီမှာပင် “ပြီးပြည့်စုံဆုံးသော အမျိုးသား ခန္ဓာကိုယ်” ဟူသော ခေါင်းစဉ်ဖြင့် ခေါင်းစီးသတင်းများ ပေါ်လာသည်။

ရဲ့လင်းချန်၏ ပုံရိပ်ကို ပြည်ပသတင်းစာများတွင်တောင်မှ ထည့်သွင်းဖော်ပြလာခဲ့သည်။

သူ၏ ဝမ်းဗိုက်ကြွက်သားများက ကျစ်လျစ်သန်မာ၍ ထင်းနေသည်။ ၎င်းတို့က တစ်မူထူးခြားသော်လည်း လူအများအား စိတ်မရှုပ်စေပါ။ အလေးချိန် ပိုလျင် သူ့ကို ဝစေသည်ဟု ထင်ရပြီး အလေးချိန် နည်းနေလျင်လည်း သူ့ကို ပိန်စေသည်ဟု ထင်ရလေသည်။

အချိန်တိုလေးအတွင်းမှာပင် ပြီးပြည့်စုံသော ကိုယ်ခန္ဓာနှင့် ပတ်သက်၍ အွန်လိုင်းပေါ်၌ အပူတပြင်း ပြောဆိုမှုများ ဖြစ်ပေါ်လာ၏။

ရဲ့လင်းချန်သည် ဤသို့သော ပြောဆိုမှုပြီး ဖြစ်ပေါ်လာအောင် လုပ်လိုက်မိသည်ဟု မသိလိုက်ပေ။ လက်ရှိတွင် သူက လက်တစ်ဖက်ဖြင့် ဝါးကိုကိုင်၍ ရေကို အာရုံစိုက်ကာ ကြည့်နေသည်။

သူ့ခြေလှမ်းများက အလွန် ပေါ့ပါးပြီး လှုပ်ရှားမှုများက အလွန် တိတ်ဆိတ်ငြိမ်သက်သည်။ ထို့ကြောင့် သူသည် သားကောင်ကို ချောင်း၍ အချိန်မရွေး အသေအကြေ တိုက်ခိုက်ရန် အဆင်သင့် ဖြစ်နေသည့် ခြင်္သေ့တစ်ကောင်နှင့် တူနေသည်ဟု လူအများအား ခံစားမိစေသည်။

*သူ ငါးဖမ်းဖို့ ကြိုးစားနေတာတော့ မဟုတ်ဘူးမလား*

လူတိုင်း မသိမသာ ရင်တုန်သွားပြီး ထိုသို့ တွေးမိလာကြသည်။

ယင်းသည် တီဗွီထဲ၌သာ မြင်နိုင်သည့် ဇာတ်ဝင်ခန်းမျိုးပင်။

*တကယ့် လက်တွေ့ဘဝမှာ ဝါးလှံကိုသုံးပြီး ငါးဖမ်းတဲ့လူ တကယ် ရှိလို့လား*

သို့သော် လူတိုင်း သေချာ မစဉ်းစားနိုင်ခင်မှာပင် ရဲ့လင်းချန်က ရုတ်တရက် လှုပ်ရှားလာသည်။ သူက လက်ကို အသာမြှောက်၍ ထိုးလိုက်လေသည်။

သူ၏ ရုတ်တရက် လှုပ်ရှားမှုနှင့်အတူ လူတိုင်း ရင်ခုန်သွားကြသည်။

ရဲ့လင်းချန် ပြန်မြှောက်လိုက်သောအခါ ဝါးလှံထိပ်၌ ငါးတစ်ကောင် ရှိနေသည်။ ငါးကို ဝါးလှံက ထုတ်ချင်းဖောက် စိုက်ဝင်နေသည်။

[ဘာ…ဘာလားဟ၊ သူ တကယ်ကြီး ငါးကို ထိုးမိတာလား]

[မိုက်တယ်၊ တကယ် မိုက်တယ်ဟ၊ သူလက်က ဘယ်လိုတောင် မြန်တာလဲ၊ သူ့အားက မြန်လိုက်တာ၊ လုံးဝ မိုက်လွန်းတယ်]

[ဒီဝိုင်က အရမ်း အားကြီးလွန်းတယ်လို့ ငါ အမြဲ ခံစားနေမိတယ်၊ သူ ဘာလို့ အရာရာတိုင်းကို သိနေတာလဲ ဆိုတာကို တစ်ယောက်ယောက် ငါ့ကို ရှင်းပြပေးနိုင်မလား]

[သူ ဝါးကို ချွန်အောင် လုပ်ချင်နေတာက အံ့ဩစရာ မဟုတ်တော့ဘူးပဲ၊ လတ်စသက်တော့ သူက အစီအစဉ် ရှိထားပြီးတာကိုး၊ အားလုံးက သူ့ထိန်းချုပ်မှုအောက်မှာပဲ ရှိနေတာ]

…

“ငါး … အဲ့ဒါ တကယ့် ငါးတစ်ကောင်ပဲ”

စိတ်အလှုပ်ရှားဆုံးလူက အာနယ်လ်ပင်။ သူမက ပြေးလာပြီး ဝမ်းသာအားရ လက်ဟန်ခြေဟန်ဖြင့် ပြောသည်။ ရဲ့လင်းချန်၏ ဝါးထိပ်မှ ငါးကို မြင်သောအခါ သူမ တံတွေးများ စီးကျလုမတတ် ဖြစ်သွားသည်။ သူမ၌ ဆင်ခြင်တုံတရား ပျောက်ဆုံးသွားပါက ချက်ချင်း အစိမ်းလိုက် စားမိလောက်သည်။

သူတို့၏ အကျပ်အတည်းထဲ၌ ငါးကို စားရခြင်းက အဖိုးတန်တစ်ခုပင်။

ချန်ရှောင်ယန်နှင့် အခြားသူများလည်း စိတ်လှုပ်ရှားစွာ ပြေးလာကြသည်။ ငါး၏ မျက်လုံးများ တောက်ပ နေသည်ကို သူတို့ မြင်နေရသည်။

ရိုက်ကူးရေး ဝန်ထမ်းများသည်လည်း မျက်လုံး ကျွတ်ကျမတတ် ကြည့်နေကြသည်။ သူတို့သည် ရဲ့လင်းချန်၏ လက်ထဲမှ ငါးကို ကြည့်ပြီးနောက် သူတို့၏ ပေါင်မုန့်များနှင့် ပြောင်းဖူးကို ကြည့်လိုက်မိသည်။ ရုတ်တရက် သူတို့၏ စားချင်သောက်ချင်စိတ်တို့ ပျောက်ကွယ်သွားသည်။

မနှိုင်းယှဉ်လျင် ဘာမှမဖြစ်သော်လည်း လက်ရှိတွင် ကွာခြားချက်က ကြီးမားလွန်းသည်ဟု ထင်ရသည်။

“မစ္စတာဝိုင်၊ ရှင်က တကယ်ကို သိပ်၊ သိပ်၊ သိပ် တော်တာပဲ”

အာနယ်လ်၏ စကားပြောပုံက ဗလုံးဗထွေး ဖြစ်လာသည်။

“ညီလေးဝိုင်၊ မင်း ကြည့်ရတာ ငါးဖမ်းကို ဒီအချိန်ကို တမင် စောင့်နေသလိုပဲ၊ ဒီမှာ ငါးရှိလိမ့်မယ်ဆိုတာကို မင်း ဘယ်လို သိတာလဲ”

တလေ သိချင်စိတ်ဖြင့် မေးလိုက်သည်။

အခြားသူများအားလုံးကလည်း ရဲ့လင်းချန်ကို ကြည့်နေကြသည်။ ရဲ့လင်းချန်က အသက်ရှိနေသော စွယ်စုံကျမ်းဟုပင် သူတို့ ထင်မှတ်မိလာပြီး သူနှင့်အတူ ရှိနေလျင် သူတို့ အမြဲ အသစ်တစ်ခုခုကို သင်ယူခွင့် ရလေသည်။

ရဲ့လင်းချန်က ငြိမ်၍ ပြုံးနေသည်။

“များသောအားဖြင့် ဒီရေကျချိန်လောက်ဆို ရှိတယ်၊ ဒီနေရာက သာမန် ပင်လယ်ရေ နေရာထက် နည်းနည်း ပိုဝေးတယ်ဆိုတာကို မင်းတို့ သတိမထားမိဘူးလား”

ခဏလောက် ရပ်လိုက်ပြီးမှ သူက ဆက်ပြောသည်။

“ငါးတွေက ဒီရေကျချိန်မှာ အပေါဆုံးပဲ၊ သူတို့က သူတို့ ရှိလက်စနေရာမှာ အချိန်တစ်ခုလောက်ထိ နေတတ်တယ်”

ထိုအခါတွင်မှ အားလုံး နားလည်သဘောပေါက်သွားသလို ရဲ့လင်းချန်အား အဆုံးအစမရှိ လေးစားလာမိသည်။ သူသည် ဘာကိုမှ အရေးမစိုက်တတ်ပုံ ပေါ်ပြီး သူ့ဗဟုသုတက ကြီးမားကျယ်ပြန့်လှသည်။

“မစ္စတာဝိုင် ကြည့်ပါဦး၊ ဒီနေရာမှာလည်း ငါးတစ်ကောင် ရှိနေတယ်၊ ကျွန်မ ခြေထောက်နားမှာ ကူးနေတာ”

အာနယ်လ်က တအံ့တဩ ဖြစ်နေပြီး ရဲ့လင်းချန်အား ချက်ချင်း လှမ်းခေါ်သည်။

ရဲ့လင်းချန်က အာနယ်လ်ကို ဘေးသို့ ဖြည်းဖြည်းချင်း နောက်ဆုတ်ခိုင်းလိုက်သည်။ ထို့နောက် သူက ရုတ်တရက် ဆိုသလို လက်ကိုမြှောက်၍ ပစ်လိုက်သည်။ ထိုအခါ ဝါးလှံထိပ်၌ ငါးတစ်ကောင် ထိုးစိုက်နေ၏။

ငါးနှစ်ကောင်က လှံထိပ်၌ ထိုကဲ့သို့ စိုက်နေလေသည်။

“ဝိုင် ဒီမှာလည်း နောက်တစ်ကောင်”

ချန်ရှောင်ယန်က စိတ်လှုပ်ရှားစွာ ပြောလာသည်။ သူမက ရဲ့လင်းချန် ဘေးနားသို့ ခပ်သွက်သွက် ကပ်လာပြီး လက်ညှိုးထိုးပြသည်။

“ဝှစ်”

နောက်ငါးတစ်ကောင်ကို လှံဖြင့် ထိုးမိသွားလေသည်။

ရုတ်ချည်းဆိုသလိုပင် အားလုံးသည် ရဲ့လင်းချန်ကို ငါးကူရှာပေးခြင်းဖြင့် အလုပ်များလာကြသည်။ သူတို့၏ စိတ်ထဲတွင် ညစာကို တွေးမိနေလေပြီ။

ရဲ့လင်းချန်သည် ခြောက်ကောင်မြောက် ငါးကို ဖမ်းပြီးမှ ရပ်တန့်လိုက်ကာ ပြုံး၍ ပြောလိုက်သည်။

“ရပြီ၊ ဒီငါးတွေက အကောင်မသေးတော့ ဒီလောက်ဆို အဆင်ပြေတယ်”

“ရေးးးးး ငါတို့ ငါးစားရတော့မယ်”

အာနယ်လ်က ဝမ်းသာအားရ အော်ဟစ်ပြီး ရိုက်ကူးရေး အဖွဲ့ကို ကြည့်လိုက်သည်။

“လာ ငါးဖမ်းကြည့်ရအောင်”

ရိုက်ကူးရေးအဖွဲ့ထဲမှ တစ်ယောက်က အကြံပြုသည်။

လူတော်တော်များများကလည်း ကြိုးစားချင်စိတ် ထက်သန်နေသည်။ ဝိုင် ငါးဖမ်းတာကို ကြည့်ခြင်းအားဖြင့် သိပ်မခက်ခဲဟု ထင်မှတ်မိသည်။

ထို့နောက် လူတစ်စုသည် ကမ်းခြေသို့ အားတက်သရော လျှောက်သွားကြသည်။ သို့သော် ရှေ့ဆက် ဖြစ်လာသည့် မြင်ကွင်းက အားလုံးကို ရယ်မောမိသွားစေသည်။

ဝါးလှံပင် မဆိုထားနှင့် တော်တော်များများက ငါးဖမ်းရန် ရေထဲ ဒိုင်ဗင်ထိုးချင်စိတ် ပေါက်နေကြသည်။ သို့သော်လည်း ယင်းက မအောင်မြင်ချေ။ တစ်ဖွဲ့လုံး မယုံနိုင်လောက်အောင် ကံဆိုးကာ ပြန်လှည့်လာရသည်။

[ခွီး … ဟားဟားဟား … ငါ ရယ်ရလွန်းလို့ သေတော့မယ်၊ ဒီအဖွဲ့က သူတို့ကိုယ်သူတို့ တော်တော် အထင်ကြီးတာပဲ၊ သူတို့ကိုယ်သူတို့ ဝိုင်များ ထင်နေလား]

[ဒါ စင်ပေါ်မှာ တစ်မိနစ်လောက် ပြနိုင်ဖို့ ဆယ်နှစ်လောက် ကြိုးစားခဲ့ရတာနဲ့ အတူတူပဲ၊ ကြည့်ရင် ရိုးရှင်းတယ်လို့ ထင်ရတယ်၊ ဒါပေမဲ့ တကယ်တမ်းကျတော့ ကိုယ်ကိုယ်တိုင် လုပ်ဖို့ မဖြစ်နိုင်ဘူး]

[ကြည့်တောင် မကြည့်နိုင်တော့ဘူး၊ ငါ မကြည့်နိုင်တော့ဘူး၊ ရိုက်ကူးရေး တစ်ဖွဲ့လုံး မအောင်မြင်တဲ့အပြင် သူတို့ကိုယ်သူတို့ အရူးဖြစ်အောင် လုပ်လိုက်သေးတယ်၊ ဟားဟား သိပ်ကျေနပ်ဖို့ကောင်းတယ်ကွာ]

[ဒီကိုလာရတဲ့ သူတို့ရဲ့ ရည်ရွယ်ချက်က သူတို့ကိုယ်သူတို့ အရူးလုပ်ဖို့ပဲ၊ ငါ့လေ့လာစိစစ်ချက် ပြီးသွားပြီ]

…

တိုက်ရိုက်ထုတ်လွှင့်ခြင်း၌ ရယ်မောသံများ အဆက်မပြတ် ထွက်ပေါ်နေသည်။ ကင်မရာသမားက ကင်မရာကို ကိုင်၍ ရဲ့လင်းချန်နောက်ကို ဆက်လိုက်သည်။

ရဲ့လင်းချန်ကို အရင်ဆုံး ရိုက်ပြရမည်ဖြစ်ကောင်း ကင်မရာသမား နားလည်သွားလေပြီ။ သူသည် ကြည့်ရှုသူ များကို ဆွဲခေါ်နိုင်သည့် စက်တစ်ခုပင်တည်း။

အာနယ်လ်နှင့် ကျန်လေးယောက်သည် ဝါးလှံမှ ငါးများကို စိတ်အားထက်သန်စွာ ကြည့်နေကြသည်။ ထိုငါးထံမှ မွှေးကြိုင်သော ရနံ့ကို သူတို့ ရနေပြီဟုပင် ခံစားနေရသည်။

“ငါးကြေးခွံ ဘယ်လို ဖယ်ရမလဲဆိုတာကို သိတဲ့သူ ရှိလား”

ရဲ့လင်းချန် မေးလိုက်သည်။ မိန်းကလေး သုံးယောက်လုံးက ဘယ်လိုလုပ်ရမလဲ မသိပေ။ ထိုအခိုက်တွင် အစ်ကိုယန်က ထရပ်၍ ပြောလာသည်။

“ငါ သိတယ်၊ ဒါကို ငါ လုပ်လိုက်မယ်”

ရဲ့လင်းချန်က ခေါင်းညိတ်၍ သူ့ကို ငါးတွေ ပေးလိုက်သည်။

“ဒါဆို မင်း ငါးတွေကို အရင် ဆေးထားလိုက်၊ ငါ ဟိုဘက်သွားပြီး ကြည့်ကြည့်လိုက်ဦးမယ်”

ရဲ့လင်းချန်က ပြောပြီးသည်နှင့် အားလုံး၏ အာရုံစိုက်နေသော အကြည့်အောက်မှာပင် အစောပိုင်းက ထောင်ထား ခဲ့သည့် ထောင်ချောက်ဘက်သို့ လျှောက်သွားလေသည်။

All Chapters