← Chapters

တိုက်

Vol. 9 Ch. 127

တိုက်

Vol. 9 Ch. 127

အခန်း ၁၂၇ - တိုက်

Translator – Than Toe Aung

ဆူဇီ၏ လက်ထဲမှ ဓါးပျံသုံးပျံသုံးလက်ကို မြင်သောအခါ လူအုပ်ကြီးက အုန်းအုန်းကျွတ်ကျွတ် ဖြစ်ကုန်ကြ၏။

ထိုဓါးပျံများက သာမန်ဓါးများသာဆိုလျှင် သူတို့သည် ထိုသို့ ဖြစ်စရာ မလိုပေ။

သို့သော် ယခုမြင်နေရသော ဓါးပျံသုံးလက်က အဆင့်နိမ့်ဓါးပျံများ ဖြစ်ကုန်၏။

ဆူဇီမိုသည် နတ်ပန်းပဲတောင်ထွတ်တွင် နံပါတ်တစ်ဖြစ်ခဲ့သောကြောင့် အဆင့်နိမ့် ဓါးပျံတစ်လက်ကို ဆုလာဒ်အဖြစ် ရရှိခဲ့သည်ဆိုလျှင် နောက်ထပ်ဓါးပျံနှစ်လက်ကရော...

တိုက်ခိုက်ရည်ကို အထူးပြုသော စိတ်ဝိညာဉ်တောင်ထွတ်မှာပင်လျှင် တပည့်အများစုသည် အဆင့်နိမ့်ဓါးပျံတစ်လက်ကို ပိုင်ဆိုင်နိုင်ခြင်း မရှိကြပေ။ ယခု ဆူဇီမိုသည် ဂိုဏ်းသို့ ဝင်ရောက်သည်မှာ တစ်နှစ်ပင်မပြည့်သေးဘဲ သုံးလက်တောင် ပိုင်ဆိုင်နေပေပြီ။

များစွာသော တပည့်များသည် မနာလိုအားကျမှုဖြင့် မရိုးမရွ ဖြစ်လာကြ၏။

“တောင်ထွတ်သခင်က တစ်ကယ်ဘက်လိုက်တာပဲ.. သူက ဆူဇီမိုကို ဘာလို့ အဆင့်နိမ့်ဓါးပျံသုံးလက်တောင် ပေးထားရတာလဲ”

“ဆူဇီမိုက ဒီနှစ်တောင်ထွတ်နှစ်ခုရဲ့ နံပါတ်တစ်ဖြစ်သွားလို့ နေမှာပေ့ါ”

“သူ့ဟာသူ တောင်ထွတ်နှစ်ခုရဲ့ နံပါတ်တစ်ဆိုလဲ ဘာဖြစ်လဲ.. အဲ့လိုပေးလို့ရတဲ့ စည်းကမ်းရှိလို့လား”

“အမှန်ပဲ.. အဲ့လိုလုပ်မယ့်အစား ငါတို့ကို တစ်ခုတော့ ပေးသင့်တာပေ့ါ.. ငါဆို ဂိုဏ်းကိုရောက်တာ နှစ်နှစ်တောင် ရှိနေပြီ.. အခုချိန်ထိ ငါ့မှာ အဆင့်နိမ့်ဓါးပျံတစ်လက်တောင် မရှိသေးဘူး”

ထိုတပည့်များကို မဆိုထားနှင့် .. တောင်ထွတ်သခင်ငါးယောက်ပင်လျှင် အံအားသင့်သွားကြ၏။

ရွှမ်ယီသည် နုလုံးတစ်ချက်ခုန်သွားပြီး ထူးဆန်းသည့် အလင်းရောင်က သူ့မျက်လုံးထဲတွင် ပေါ်လာ၏။ သူ့ဘာသာ တွေးလိုက်မိ၏။

“ဒီကောင်လေးက တြိဂံဓါးဝင်္ကပါကို တတ်မြောက်သွားပြီများလား”

‌သူ နောက်တစ်ဖန် ပြန်တွေးလိုက်ပြန်၏။

“မဖြစ်နိုင်ပါဘူးလေ.. ဒီလောက်အချိန်လေးနဲ့ ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ”

အောက်ဘက်ရှိ တပည့်များ၏ ဆွေးနွေးပြောကြားသံများကို ကြားရသောအခါ ဝမ်ရွှမ်းက မျက်မှောင်ကြုတ်လိုက်ပြီး ဖိုသီဖတ်သီအဖိုးအိုကို စိုက်ကြည့်လိုက်၏။

ဝမ်ရွှမ်း၏ အကြည့်ကို သတိထားမိလိုက်ပြီး ဖိုသီဖတ်သီအဖိုးအိုက ခပ်ပေါ့ပေါ့ ‌ငေါက်လိုက်၏။

“ဘာလဲ.. မင်းကပါ ဆူဇီမိုကို အဲ့ဓါးပျံသုံးလက် ငါပေးထားတယ်လို့ ထင်နေတာလား”

မီးခိုးရောင်ဆံပင်နှင့်လူငယ်က ရုတ်တရတ် ဝင်ပြောလိုက်၏။

“အဲ့ဓါးပျံသုံးလက်က ပုံသဏ္ဌာန်ရော၊ အရွယ်အစားပါ ထပ်တူညီနေတယ်လို့ မင်းတို့ မထင်ဘူးလား.. အဲ့ဒါက နတ်ပန်းပဲဆရာတစ်ယောက်ထဲက သွန်းလုပ်ထားတာတွေပဲ.. ငါတို့ လက်နက်တိုက်ထဲမှာ အဲ့လို ထပ်တူညီတဲ့ ဓါးပျံတွေမှ မရှိတာ”

“ဒါဆိုရင် ပြောချင်တာက အဲ့ဓါးပျံသုံးလက်ကို ဆူဇီမိုက သူ့ဖာသာသူ လုပ်ထားတာပေါ့” ‌အေးစက်စက် အမျိုးသမီးက အံအားတသင့် မျက်ခုံးပင့်၍ ပြောလိုက်၏။

ရွှမ်ယိက ခေါင်းညိတ်လိုက်၏။

“အဲ့ဒါ အဖြစ်နိုင်ဆုံးပဲ”

သူတို့သည် ရွှေအူတိုင်အဆင့်များ ဖြစ်ကြသောကြောင့် အောက်က တပည့်များထက် ပို၍ ရှင်းလင်းစွာ မြင်နိုင်၏။

မီးခိုးရောင်ဆံပင်နှင့်လူငယ်က ပြုံးလိုက်၏။

“နတ်ပန်းပဲတောင်ထွတ်ရဲ့ ရင်ဆိုင်ယှဉ်ပြိုင်ပွဲမှာတုန်းက သူက ဖက်တီးလေးအတွက် အဆင့်နိမ့်ပုဆိန်တစ်လက် ပြုလုပ်ပေးခဲ့တာ အံ့သြစရာတော့ မဟုတ်‌တော့ဘူးပဲ.. ဘာလို့ဆို‌တော့ သူ့မှာ ဒီဓါးပျံသုံးလက်က ရှိနှင့်ပြီးသားကိုး”

“သူက လက်နက်သွန်းလုပ်ခြင်းမှာ ဆရာတစ်ဆူဖြစ်နေပြီလို့ အသိအမှတ်ပြုရတော့မှာပဲ.. အင်း ကြည့်ရတာ.. သူက တစ်နှစ်တောင်မပြည့်သေးဘဲ အဆင့်နိမ့် စိတ်ဝိညာဉ်လက်နက်သုံးခုကိုတောင် သွန်းလုပ်နိုင်နေပြီဆို‌တော့ သူရဲ့ တစ်မူထူးခြားတဲ့ စိတ်ဝိညာဉ်စုဆောင်းတဲ့ နည်းစနစ်က တော်တော်အလုပ်ဖြစ်ပုံရတယ်”

စိတ်ဝိညာဉ်ပြိုင်ပွဲစင်ထက်တွင်..

ဆူဇီမို၏ ဓါးပျံသုံးလက်ကို မြင်သောအခါ ဖုန်ဟောက်ယွီသည် ခဏတော့ ကြောင်အသွား၏။ သို့သော်လည်း သူ့အံအားသင့်မှုက လျှင်မြန်စွာ ပျောက်ကွယ်သွား၏။ ထို့နောက် သူသည် လှောင်ရယ်မောလိုက်၏။

“ဆူဇီမို.. ဆူဇီမို.. ငါရဲ့ဆူဇီမိုလေးရယ်.. အဲ့ဓါးပျံသုံးလက်ရှိတာနဲ့ မင်းက င့ါကို နိုင်မယ် ထင်နေတာပေါ့လေ”

“မင်း စမ်းကြည့်လိုက်လေ”

ဆူဇီမိုက ခပ်ပေါ့ပေါ့ပင် ပြန်ပြောလိုက်၏။

ရွှစ်..ရွှစ်..ရွှစ်!

ဓါးပျံသုံးလက်သည် ဆူဇီမိုရှေ့တွင် မျောလွင့်နေပြီး အနည်းငယ် တုန်ယင်နေကာ စည်းချက်ညီသော တဝီဝီအသံက ထွက်ပေါ်နေ၏။

“ကစားပြတာ ကောင်းသားပဲ”

ဖုန်ဟောက်ယွီ၏ မျက်လုံးက တောက်ပလာပြီး အော်ပြောလိုက်၏။

“အစစ်အမှန်ခွန်အားက ဘာလဲဆိုတာ ငါဒီနေ့ မင်းကို ပြပေးရတာပေ့ါ”

“သွား”

နေရာမှာတင် မလှုပ်မယှက်ရပ်နေပြီး ဖုန်ဟောက်ယွီက လက်ကို ဝေ့ယမ်း၍ ဓါးပျံထဲသို့ စိတ်ဝိညာဉ်ချီများကို ထိုးသွင်းလိုက်၏။

ဓါးပျံပေါ်မှ စိတ်ဝိညာဉ်အင်းကွက်က လင်းလက်တောက်ပလာ၏။

ရွှစ်!

ဓါးပျံက အလင်းတန်းတစ်ခုသို့ ပြောင်းလဲသွားပြီး ဆူဇီမို၏ ဦးခေါင်းဆီသို့ လျှပ်စီးလိုအမြန်နှုန်းနှင့် ပြေးဝင်သွားလေသည်။

ဓါးပျံက ရောက်မလာခင်မှာပင် အေးစက်သောအော်ရာက သူထံရိုက်ခတ်လာနေ၏။

ဆူဇီမိုသည် ရင်တစ်ချက်ထိတ်သွား၏။

ပြောရမည်ဆိုလျှင် ကျင့်ကြံရေးလောကထဲသို့ သူစတင်ခြေချခဲ့ကတည်းက အင်မော်တယ် နည်းစနစ်ဖြင့် တိုက်ခိုက်ရမည်မှာ ဒါပထမဆုံးအကြိမ် ဖြစ်လေသည်။

ဖုန်ဟောက်ယွီ၏ ဓါးပျံက သူထင်ထားသည်ထက် ပို၍ မှန်းဆရခက်ပြီး မြန်ဆန်နေ၏။

ဆူဇီမို၏ အမူအယာက မပြောင်းမလဲပင် ရှိနေ၏။ သူသည် ဓါးပျံနှစ်လက်ကို ခွဲထုတ်၍ ဝင်‌ရောက်လာသော ဖုန်ဟောက်ယွီ၏ ခုခံဖို့ လုပ်လိုက်ပြီး တတိယဓါးပျံကိုတော့ ဖုန်ဟောက်ယွီကို တိုက်ခိုက်ဖို့ စေလွှတ်လိုက်၏။

“ဟမ့်”

ဖုန်ဟောက်ယွီ၏ အကြည့်က ကျဉ်းမြောင်းသွား၏။

ဆူဇီမိုသည် ခုခံရေးသက်သက် လုပ်မည့်အစား ပြန်လှန်တိုက်ခိုက်ဖို့ ရွေးချယ်လိမ့်မည်ဟု သူမျှော်လင့်မထားခဲ့မိပေ။

“မင်းကတော့ သေချင်နေပြီထင်တယ်”

သူ၏လက်ချောင်းများကို တစ်နေရာသို့ ညွှန်လိုက်ပြီး အမိန့်ပေးလိုက်၏။ “သွား”

မူလက လေထဲတွင် ပျံသန်းနေသော ဓါးပျံက တောက်ပလာပြီး အရှိန်က တစ်ဟုန်ထိုး တက်သွား၏။ ထိုဓါးပျံက ဆူဇီမို့ဓါးပျံနှစ်လက်၏ ခံစစ်ကို ဖောက်ထွက်သွားပြီး သူ့ရှေ့သို့ ချက်ချင်း ရောက်ချလာ၏။

ဆူဇီမို၏ ခံစစ်ဖြစ်‌သော ဓါးပျံနှစ်လက်က ချက်ချင်းပင် သက်သက် အလှပြထားသလို ဖြစ်သွား၏။

“လုပ်သွားတာအကွက်က လှတယ်ဟေ့”

ထိုအရာကို မြင်သောအခါ အောက်ဘက်မှ တပည့်များစွာ အော်ဟစ်ချီးကျူးလိုက်ကြ၏။

အခြားသော တပည့်များသာဖြစ်ပါက .. သူတို့မျက်နှာရှေ့တွင် တစ်လက်လက်တောက်ပနေသော ဓါးပျံက သွေးပျက်ဖွယ်ရာပုံစံနှင့် ဘွားကနဲပေါ်လာသောအခါ ကြောက်လန့်တုန်လှုပ်၍ ကြက်သေသေနေပေလိမ့်မည်။

သို့သော်လည်း ဆူဇီမိုကတော့ နည်းနည်းကလေးမျှ ထိတ်ထိတ်ပြာပြာ ဖြစ်မနေပေ။ သူ့ခြေထောက်ကို ပေ့ါပါးစွာ နေရာရွှေ့လိုက်ပြီး ဖုန်ဟောက်ယွီ၏ ဓါးပျံကို ဘေးတစ်စောင်းပုံစံနှင့် ကပ်သီကာ ‌‌ရှောင်လိုက်၏။

ဓါးပျံက ဆူဇီမိုကို ပွတ်သပ်ကာ ထွက်သွားသော်လည်း သူ့တွင် ဒဏ်ရာဒဏ်ချက် သေးသေးလေးမျှ ပေါ်မလာခဲ့ပေ။

ထိုအရာကို မြင်ရသောအခါ တောင်ထွတ်သခင်ငါးယောက်သည် အသိအမှတ်ပြုစွာ ခေါင်းညိတ်လိုက်ကြ၏။

ဆူဇီမိုသည် သူ၏ တိုက်ခိုက်မှုကို ရှောင်နိုင်လိမ့်မည်ဟု ဖုန်‌‌ဟောက်ယွီသည် ထင်မထားခဲ့ပေ။

တစ်ချိန်တည်းမှာပင် ဆူဇီမို၏ တတိယဓါးပျံကလည်း ဖုန်ဟောက်ယွီထံသို့ ချည်းကပ်လာနေပေပြီ။

ဖုန်ဟောက်ယွီသည် သူ့ဓါးပျံကို ထိန်းချုပ်နေရင်းနှင့် သိုလှောင်အိတ်ထဲမှ ငွေဒိုင်းကာတစ်ခုကို ထုတ်လိုက်၏။ ၎င်းထဲသို့ စိတ်ဝိညာဉ်ချီကို ထိုးသွင်းလိုက်သောအခါ ၎င်းက ပြန့်ကားသွားပြီး သူ့ရှေ့ကနေ ပိတ်ကာလိုက်၏။

ချွမ်း!

ဓါးပျံက ဒိုင်းကာနှင့် ထိတွေ့သွားသောအခါ နားကွဲမတတ်မြည်သံကြီးက ထွက်ပေါ်လာ၏။

ထိုဒိုင်းကာသည် စိတ်ဝိညာဉ်တောင်ထွတ်၏ နံပါတ်တစ်ဖြစ်ခဲ့သောကြောင့် ဖုန်ဟောက်ယွီ ရရှိခဲ့သော ဆုလာဒ်များထဲမှ တစ်ခုဖြစ်၏။

ဆူဇီမို၏ ဓါးပျံနှစ်လက်သည် ဖုန်ဟောက်ယွီ၏ ဓါးပျံကို လှည့်ပတ်နေ၏။ သူတို့သည် တစ်ခုနှင့်တစ်ခု အဆက်မပြတ် ရိုက်ခတ်နေကြပြီး ဓါးစိတ်ဆန္ဒများက ထွက်ပေါ်နေကာ မီးပွားများက နေရာတိုင်းသို့ လွင့်စင်နေ၏။

တစ်ခဏအတွင်းမှာပင် ဖုန်ဟောက်ယွီ၏ ဓါးပျံသည် ဆူဇီမို့ဓါးပျံနှစ်လက်၏ ထိန်းချုပ်မှုကို ခံလိုက်ရပြီး ဆူဇီမိုကို ထပ်မံတိုက်ခိုက်ဖို့ မစွမ်းနိုင် ဖြစ်နေရ၏။

အခြားတစ်ဖက်မှာတော့ ဆူဇီမို၏ တတိယဓါးပျံသည် ဖုန်ဟောက်ယွီကို အဆက်မပြတ် ထိုးနှက်တိုက်ခိုက်နေ၏။

ဖုန်ဟောက်ယွီသည် ဆက်တိုက်ဆိုသလို ခုခံနေရ၏။

ကြည့်ရှုနေကြသော တပည့်များအားလုံး ကြက်သေသေသွားကြ၏။ သူတို့မြင်နေရသည်ကို မယုံကြည်နိုင်အောင်ပင် ဖြစ်ရ၏။

ယခု ဖြစ်ပေါ်နေသော တိုက်ပွဲအခြေအနေက သူတို့ စိတ်ကူးထားသည်နှင့် လားလားမျှ မတူချေ။

သူတို့ထင်မြင်ခဲ့ပုံမှာ.. သူတို့နှစ်ယောက်ကြားက ခွန်းအားကွာဟချက်သည် ကြီးမားပြီး သုံးချီမပြည့်ခင်မှာပင် အနိုင်အရှုံးကို ဆုံးဖြတ်ပြီးသာ ဖြစ်သွားလိမ့်မည်ဟူ၍ပင်။

သို့သော်လည်း ယခုအခါမှာတော့ သူတို့သည် ဆက်လက်တိုက်ခိုက်နေကြဆဲဖြစ်သည့်အပြင် ဖုန်ဟောက်ယွီသည် အောက်စည်းသို့ ကျရောက်နေပြီး အသည်းအသန်ပင် ခုခံနေရသေး၏။

ဆူဇီမိုသည် ဓါးပျံသုံးလက်ကို ပိုင်ဆိုင်ထားပြီး သူ၏ ထိန်းချုပ်မှုက အတော်လေးကို သေသပ်လှပကာ ဖုန်ဟောက်ယွီ၏ ပေါ့ပါးဖျတ်လတ်မှုကို ကန့်သတ်ထားနိုင်ခဲ့၏။

“အဲ့ဒါက သိပ်တော့ အဓိပ္ပါယ်မရှိဘူးနော်”

“ဆူဇီမိုက ချီစုဖွဲ့မှုအဆင့်၉ပဲ ရှိသေးတာကို.. သူ့မှာ ဓါးပျံနှစ်လက် အပိုရှိတယ်ဆိုရင်တောင် စီနီယာအစ်ကိုဖုန်ကို အင်အားအရာမှာ ထိပ်တိုက်ရင်ဆိုင်နိုင်စရာ အကြောင်းမှ မရှိတာ.. ဘာလို့များ သူတို့နှစ်ယောက်ရဲ့ ခွန်အားက တူညီနေတယ်လို့ ထင်ရတာလဲ”

အောက်ဘက်ရှိ တပည့်များသည် မျက်မှောင်ကြုတ်၍ စဉ်းစားရကျပ်ကုန်ကြ၏။

ဖက်တီးလေးတစ်ယောက်သာလျှင် ဆူဇီမို၏ အကြောင်းကို အနည်းငယ် ပိုသိရှိပြီး အကြမ်းဖျင်း ခန့်မှန်းမိလိုက်၏။

သူတို့နှစ်ယောက် လက်ရည်စမ်းတိုက်ခိုက်ခဲ့ကြစဉ်က ဆူဇီမိုသည် ချီစုဖွဲ့မှုအဆင့်၇သာရှိသေးပြီး အဆင့်၈ဖြစ်‌သောသူနှင့် လက်ရည်တူ ယှဉ်တိုက်နိုင်ခဲ့၏။

ဤနည်းအရ တွက်ကြည့်မည်ဆိုလျှင် ဆူဇီမိုသည် ကျင့်ကြံမှုတစ်ဆင့်နိမ့်နေသော်လည်း ဖုန်ဟောက်ယွီကို အင်းအားချင်း တူညီစွာ ယှဉ်တိုက်နိုင်သည်မှာ ဖြစ်နိုင်လေသည်။

ဤသည်ကိုကြည့်၍ တောင်ထွတ်သခင်ငါးယောက်သည်လည်း မတူညီသော အမူအယာများကိုယ်စီ ရှိနေကြ၏။

ဖိုသီဖတ်သီအဖိုးအိုက အံအားသင့်သွားပြီးနောက် အားမာန်တက်ကြွ၍ ရွှင်ပျကျေနပ်လာလေ၏။

စိတ်ဝိညာဉ်တောင်ထွတ်သခင်ဝမ်ရွှမ်းကတော့ မျက်မှောင်ကြုတ်နေ၏။

ရွှေအူတိုင်အဆင့်တစ်ယောက်၏ အမြင်အရ.. ဆူဇီမို၏ ဓါးပျံထိန်းချုပ်တိုက်ခိုက်မှုသည် စိတ်ဝိညာဉ်တောင်ထွတ်မှ တပည့်အများစုထက် အောက်မကျကြောင်း သူပြောနိုင်၏။

အဆင့်နိမ့်ဓါးပျံသုံးလက်၏ အကူအညီနှင့် ထပ်ပေါင်းလိုက်ပါက သူ့တိုက်ခိုက်ရည်က သိသိသာသာ တိုးတက်လာ၏။

သို့သော်လည်းပဲ ဆူဇီမိုသည် ပကတိအဆင့်ဖြစ်သော ဖုန်ဟောက်ယွီနှင့် ခွန်အားအရာမှာ အဘယ့်ကြောင့် တူညီနေရသည်ကို တောင်ထွတ်သခင်ငါးယောက်စလုံး နားမလည်နိုင်အောင် ဖြစ်နေရ၏။

ဓါးပျံသုံးလက်က ဆူဇီမို၏ ဝန်းကျင်တစ်ဝိုက်တွင် တစ်ချွမ်းချွမ်း ရိုက်ခတ်နေ၏။

ဖုန်ဟောက်ယွီ၏ ဓါးပျံက ပို၍ ပေါ့ပါးသွက်လက် လှပကြော့ရှင်းနေသည်မှာ ထင်ရှား၏။ သို့သော်လည်း ၎င်းသည် ဓါးပျံနှစ်လက်၏ ကန့်သတ်ထိန်းချုပ်ထားမှုကြောင့် ဆူဇီမိုအနားသို့ မည်သို့မျှ မချည်းကပ်နိုင် ဖြစ်နေ၏။

အခြားတစ်ဖက်မှာတော့ ဆူဇီမို၏ တတိယဓါးပျံက ဖုန်ဟောက်ယွီကို အဆက်မပြတ် တိုက်ခိုက်နေဆဲဖြစ်၏။

ဖုန်ဟောက်ယွီသည် သူ၏ အဆင့်နိမ့်ဒိုင်းကာကိုသာ မှီခိုအားထားနေရပြီး လုံးဝ ပြန်လှန်မတိုက်နိုင်အောင်ပင် ဖြစ်နေရ၏။ ထို့အစား သူပုံစံက အတော်လေးပင် သနားစရာကောင်းလာလေ၏။

တိုက်ပွဲက အခုချိန်ထိတော့ မည်သူ့ကိုမျှ ထိခိုက်အောင် မလုပ်နိုင်သေးဘဲ လွန်ဆွဲနေသော အခြေအနေတစ်ခုမှာပင် ရှိနေသေး၏။

All Chapters