← Chapters

ဘဝက အထွတ်အထိပ် ရောက်သွားသလို ခံစားရတယ်

Vol. 24 Ch. 346

ဘဝက အထွတ်အထိပ် ရောက်သွားသလို ခံစားရတယ်

Vol. 24 Ch. 346

ခြောက်ယောက်သား မီးပုံဘေး၌ ဝိုင်းထိုင်နေပြီး ရဲ့လင်းချန် ညွှန်ကြားသည့်အတိုင်း သူတို့၏ ဝါးတံကို အချိန်နှင့်အမျှ လှည့်နေကြသည်။

ခပ်လှမ်းလှမ်းတွင် ရွှံလုံးအား အခြားမီးလျှံက တိတ်တဆိတ် ဖုံးလွှမ်းနေလေသည်။

ရိုက်ကူးရေး ဝန်ထမ်းများသည် သူတို့အား စိတ်အားထက်သန်စွာ ကြည့်နေရုံသာ တတ်နိုင်လေသည်။ လက်တွေ့သည် ညဘက်၌ ယာဂုနှင့် ပေါင်မုန့်သာ စားရခြင်းက အလွန် အာဟာရ မဖြစ်ပေ။ ထို့အပြင် ယင်းက ဝမ်းလည်း မဝပေ။ ပါဝင်သူများ ငါးကင်နေသည်ကို ကြည့်ပြီး သူတို့ ဗိုက်ဆာလာကြသည်။

အများစုသည် မရည်ရွယ်ဘဲ သူတို့ နှုတ်ခမ်းများကို လျှာဖြင့် သပ်လိုက်ကြသည်။ သူတို့ တကယ်ပင် နည်းနည်းလောက် စားချင်နေမိသည်။

“အားလုံးပဲ၊ မင်းတို့အလုပ်ကို ကောင်းကောင်း လုပ်ကြပါ၊ အာရုံမလွင့်စေနဲ့”

ကျန်းယုံက တံတွေးမျိုချလိုက်ပြီး ခါးသက်စွာ ပြောဆိုလိုက်သည်။

“ဒါ တောတွင်းလေ၊ ငါတို့ မြို့ပေါ်မှာ ရှိနေသေးတယ်လို့ ထင်နေတာလား၊ ဒီလို သာမန် အစားအစာက ဘာတွေ အဲ့လောက် အရသာ ရှိနေလို့လဲ၊ ငါးညှီနံ့တောင် သေချာ စင်မှာ မဟုတ်ဘူး၊ တစ်ညလုံး ချက်ပါစေဦးတုန်းတော့ အရသာ ရှိမှာ မဟုတ်တာ‌ သေချာတယ်”

“ဒါရိုက်တာ ပြောတာ ဟုတ်တယ်၊ ငါးနဲ့ အသားစိမ်းကို စားတာထက် ယာဂုသောက်တာက ပိုကောင်းတယ်”

တစ်ယောက်က ခေါင်းညိတ်၍ သဘောတူသည်။

“အဲ့ဒါ မှန်တယ်လို့ ငါ ထင်တယ်၊ ဒီလိုနေရာမျိုးမှာ အသားတစ်မျိုးကို ချက်ဖို့က အရမ်း ခက်တယ်၊ မင်းရဲ့ အရည်အချင်းကိုတောင် မပြနိုင်ရင် ဘယ်လိုလုပ် အရသာရှိနိုင်မှာလဲ”

“ငါတို့ ဟိုဟိုဒီဒီ ခရီးသွားလာတာ နှစ်တွေတောင် ချီနေပြီ၊ ငါတို့ မစားဖူးတဲ့ အရသာရှိတဲ့ ဟင်းလျာ ရှိသေးလို့လား၊ ဒီလို သာမန် ဟင်းလျာမျိုးက ငါတို့နဲ့ မသင့်တော်ဘူး”

လူတိုင်း ခေါင်းတဆတ်ဆတ် ညိတ်လာကြသည်။

သူတို့၏ ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်ခြင်းက သူတို့စိတ်ကို သိမ်မွေ့သွားစေပြီး သူတို့၏ တောင့်တနေသော စိတ်ကိုလည်း လျော့ကျသွားစေသည်။

“ရှဲ”

မီးတောက်က ထတောက်လာပြီး ငါးကို လောင်ကျွမ်းစေကာ တရှဲရှဲ အသံများ ထွက်ပေါ်လာသည်။

ထိုအသံနှင့်အတူ မီးခိုးလည်း ထွက်လာပြီး ရနံ့တစ်ခုက ရိုက်ကူးရေး ဝန်ထမ်းများထံ ပျံ့လွင့်လာ၏။

ထိုအခိုက်တွင် ရိုက်ကူးရေးအဖွဲ့မှ လူများအားလုံးသည် စကားစမြည် ပြောနေကြပြီး သူတို့’ အာရုံကို အတင်း ပြောင်းနေကြသည်။

“ပင်လယ်ကြီးကို ကြည့်ပါဦး၊ ကျယ်လွန်းလိုက်တာ”

ရှောင်ဝမ်က ပြောသည်။ ရှောင်မိန်က ခေါင်းညိတ်သည်။

“ဟုတ်တယ်၊ လကိုလည်း ကြည့်စမ်းပါဦး၊ လှလိုက်တာ”

“ဒီလို ပတ်ဝန်းကျင်မျိုးက သက်တောင့်သက်တာ အရှိဆုံးပဲ၊ ပင်လယ်လေကလည်း ညင်ညင်သာသာလေး တိုက်နေတာ၊ ပြီးတော့ တအား အေးတာပဲ”

ရှောင်ချန်ကလည်း ပျော်ရွှင်မှုတို့ ပြည့်နေသော မျက်နှာနှင့် ဝင်ပြောသည်။

သို့သော် ထိုအခိုက်မှာပင် ရနံ့က သူတို့နှာခေါင်းဝသို့ တိုးဝှေ့လာသဖြင့် သူတို့ နှာခေါင်းတရှုံ့ရှုံ့ ဖြစ်သွားသည်။ ထို့နောက် သူတို့တစ်ကိုယ်လုံး အေးစက် တောင့်တင်းသွားလေသည်။

“လခွမ်း၊ အနံ့က တော်တော် မွှေးတာပဲ၊ မွှေးလိုက်တာ”

ရှောင်ဝမ်သည် အနံ့ကို ရှူရှိုက်၍ ထိန်းချုပ်မရသော စိတ်ဆန္ဒများ ဖြစ်ပေါ်လာသည်။ သူ့တစ်ကိုယ်လုံး မွှေးရနံ့နှင့်အတူ မျောလွင့်သွားသလို ခံစားလိုက်ရသည်။

“မွှေးလို်ကတာ၊ အနံ့က ကောင်းလွန်းလို့ ငါ့အသက်ကိုတောင် နုတ်ယူသွားနိုင်တယ်လို့ ထင်ရတယ်”

ရှောင်ချန်က ကျယ်လောင်စွာ အော်ပြောလိုက်ပြီး တစ်ကိုယ်လုံး ကြက်သီးမွေးညင်း ထလာသည်။

“ဂလု”

ရှောင်မိန်သည် ပင့်သက်ရှိုက်၍ သူမတံတွေးကို မျိုချလိုက်သော်လည်း မကြာခင်မှာပင် သွားရည်များ စီးကျ လာလေသည်။

သူတို့အပြင် ရိုက်ကူးရေး အဖွဲ့သားများအားလုံးသည်လည်း ရူးမတတ် ဖြစ်နေကြသည်။

“ချီးပဲ၊ တော်တော် မွှေးလွန်းတယ်ကွာ၊ ဘာတွေဖြစ်နေတာလဲ”

“ငါ ထပ်သည်းမခံနိုင်တော့ဘူး၊ ငါ တအား ဆာနေပြီ၊ အရမ်း ဆာနေပြီ၊ အဲ့ဒီ အရသာရှိတဲ့ အနံ့က ဘယ်က လာတာလဲ”

“ငါ နှစ်တွေ အများကြီး ခရီးထွက်လာခဲ့ပင်မယ့် ငါ အဓိပ္ပာယ် မရှိတဲ့ ဘဝမှာ နေခဲ့တာပဲ၊ ဒါ ငါ ရဖူးသမျှထဲမှာ အရသာ အရှိဆုံး အနံ့ပဲ”

…

ရိုက်ကူးရေး တစ်ဖွဲ့လုံး မျက်လုံး အရောင်တောက်လာသည်။ သို့သော် သူတို့၏ အကြည့်များက ရဲ့လင်းချန်၏ ဘေးသို့ ကျဆင်းသွားသည်။

လက်ရှိတွင် ထိုငါးခြောက်ကောင်သည် မီးပုံအောက်၌ ဆီတဝင်းဝင်း ဖြစ်နေကာ မီးတောက်များကြောင့် ရွှေအိုရောင် သန်းနေ၏။ ငါးကိုယ်ထဲမှ အဆီများပင် စီးကျနေလေသည်။

“သောက်ကျိုးနည်း၊ ငါ့မျက်လုံးတွေကများ တစ်ခုခု ဖြစ်နေတာလား၊ အဲ့ငါးခြောက်ကောင်က တကယ်ကြီး အရောင်တောက် နေတယ်ဟ”

ရိုက်ကူးရေး အဖွဲ့မှ လူများအားလုံး တအံ့တဩနှင့် ကိုယ့်မျက်လုံးကိုယ် ပွတ်၍ ပြောဆိုကြသည်။

သူတို့တင်မကပေ။ ချန်ရှောင်ယန်နှင့် ကျန်ငါးယောက်သည်လည်း အိုးပူပေါ်မှ ပုရွက်ဆိတ်များကဲသို့ နေမရထိုင်မရ ဖြစ်နေကြသည်။ သူတို့ ဂနာမငြိမ် ဖြစ်နေကြပြီး သူတို့ နားရွက်များနှင့် ပါးများကို ပွတ်နေကြသည်။

သူတို့သည် လက်ထဲမှ ငါးကို ပေါက်ထွက်မတတ် စိုက်ကြည့်နေကြသည်။

*မွှေးတယ်၊ မွှေးလွန်းတယ်*

သူတို့တစ်ဘဝလုံးတွင် ဤမျှ အရသာရှိစွာ မွှေးကြိုင်နေသော ငါးတစ်ကောင်ကို တစ်ခါမှ မမြင်ဖူးပေ။

မွှေးရနံ့နှင့်တင် ပြီးမသွားချေ။ ငါးကင်၏ အသွင်အပြင်က တောက်ပနေကာ ကြည်လင်နေကာ သူတို့ကို “လာပါ၊ စားပါ၊ ငါ့ကို လာစားပါ” ဟု ဖိတ်ခေါ်နေသလိုပင်။

“ဝိုင် ဒီငါးက စားလို့ရပြီလား၊ ကျက်သွားပြီလို့ ငါ ထင်တယ်”

အာနယ်လ် မနေနိုင်တော့ဘဲ ပြောလိုက်သည်။

သူမ ပါးစပ်ဟလိုက်သည်နှင့် တံတွေးတို့ စီးကျလာပြီး သူမ၏ လှပသော မျက်နှာလေးက ရှက်သွေးဖြာ သွားလေသည်။

“ဝိုင် ငါ သည်းမခံနိုင်တော့ဘူး၊ ဒါ နှိပ်စက်နေတာပဲ”

တလေက ခါးသီးစွာ‌‌ ပြောလိုက်သည်။

အရသာရှိသော ဟင်းက လက်ထဲ ရောက်နေသော်လည်း စားခွင့်မရှိသည်ထက် ပို၍ ဝမ်းနည်းစရာကောင်းသော အရာ ရှိဦးပါ့မလား။

ရဲ့လင်းချန် ပြုံးလိုက်သည်။

“တစ်ဆယ်အထိ ရေကြတာပေါ့”

သူ့စကားက လူတိုင်း၏ စိတ်ကို ချက်ချင်း တည်ငြိမ်သွားစေပြီး သူတို့အား ပို၍ မျှော်လင့်တောင့်တလာစေသည်။

ဆယ်စက္ကန့်သာ ဖြစ်သော်လည်း ဆယ်စုနှစ်တစ်ခုမျှ ရှည်ကြာသည်ဟု ခံစားရသည်။ သူတို့ရင်ထဲ၌ ထောင်ချီသော ပုရွက်ဆိတ်များ၏ ကိုက်ခြင်း ခံလိုက်ရသကဲ့သို့ ယားကျိကျိ ဖြစ်ကာ စိတ်မရှည် ဖြစ်လာကြသည်။

“ကဲ ရပြီ”

ရဲ့လင်းချန်၏ စကားက သူတို့ကို စိတ်အေးသွားစေသည်။ သူတို့သည် ငါးအား အမြန်ဆုံးနှုန်းဖြင့် စားသောက်ကြ လေသည်။

“အားးး ပူလိုက်တာ”

အာနယ္လ်က ထအော်လေသည်။ သို့သော်လည်း သူမက တစ်ခဏမျှသာ မှုတ်ပြီး စိတ်မရှည်စွာဖြင့် ငါးကို ကိုက်လေသည်။

“ဟူးဟူးဟူး … အရသာ ရှိလိုက်တာ၊ အရသာ ရှိလွန်းတယ်”

သူမသည် ပါးစပ်အပြည့် ငါးကိုကိုက်လိုက်ပြီး တစ်ကိုယ်လုံး တုန်နေသည်။ သူမ မျက်နှာအမူအရာက ချက်ချင်း နီရဲလာသည်။

ငါးကင်ဖြစ်သော်လည်း ငါး၏အသားက အလွန် နူးညံ့နေကာ ပါးစပ်ထဲ ကူးခတ်နေသည်ဟု ထင်မှတ်ရသည်။ သူမ လျှာအတိုင်း လျှောကျသွားပြီး အကြိမ်တိုင်း သူမကို နှိုင်းယှဉ်မရနိုင်သော စိတ်ကျေနပ်မှုတို့ ပေးစွမ်းလေသည်။

သူမ ငါးကို မျိုချလိုက်သောအခါ နွေးထွေးမှုက သူမ၏ လည်ချောင်းမှတစ်ဆင့် အစာအိမ်ထဲသို့ စီးဆင်းလာသည်။ တစ်ချိန်တည်းမှာပင် အရသာရှိသော ရနံ့က သူမအစာအိမ်ထဲ၌ ပေါက်ထွက်လာသလို ခံစားလိုက်ရပြီး သူမ တစ်ကိုယ်လုံး တုန်ယင်လာသည်။

ချန်ရှောင်ယန်က ပို၍ ကျေနပ်နေသည်။ သူမသည် အရင်ဆုံး ငါးကို သူမရှေ့၌ထား၍ တစ်ခဏမျှ မှုတ်လိုက်သည်။ ထို့နောက် သူမသွားများကို အနည်းငယ် ပေါ်ရုံမျှသာဟ၍ ငါးဗိုက်သားကို ကိုက်လိုက်လေသည်။

“ဂျွတ်”

တကျွတ်ကျွတ်သံ ထွက်ပေါ်လာသည်။ ငါး၏ အပေါ်ယံကို ရွှေရောင် အလွှာတစ်ခု ဖုံးအုပ်ထားသည်ဟု ထင်မှတ်ရသည်။ ကြွပ်ရွသော်လည်း မမာသဖြင့် အသာလေး ကိုက်နိုင်ပေသည်။

ထိုရွှေရောင်အလွှာအောက်၌ ကြည်လင်သော အဖြူရောင် အသားလွှာ ရှိသည်။ မတူညီသော အသားနှစ်မျိုး ပေါင်းစပ်ထားသောအခါ အရသာကို အပြည့်အဝ ခံစားမိစေသည်။ ထို့အပြင် လုံးဝ ငါးညှီနံ့ မရှိသလို ငါးကိုယ်ထဲကို ဟင်းခတ် အမွှေးအကြိုင်များ ထည့်ထားသည့် ရဲ့လင်းချန်ကို ကျေးဇူးတင်ရပေမည်။ အရသာက ပါးစပ်ထဲ ရောက်သည်နှင့် ပျော်ဝင်သွားသည်။

သူမ မနေနိုင်ဘဲ ပြောလိုက်မိသည်။

“အပြင်သားက ကြွပ်ပင်မယ့် အတွင်းသားက နူးညံ့နေတာပဲ၊ ကောင်းလွန်းတယ်”

ရှောင်မို၏ တုံ့ပြန်ပုံကလည်း အာနယ်လ်ထက် မနိမ့်ပေ။ သူမ၏ ပါးစပ်က တစ်ချက်ကလေးမှ မရပ်သွားသလို သူမစိတ်ထဲ၌ စားမည်ဟူသည့် အတွေးတစ်ခုထဲသာ ရှိနေလေသည်။

သို့သော် သူမက စားနေရင်းဖြင့် စိတ်လှုပ်ရှားစွာ ရေရွတ်လေသည်။

“အရသာ ရှိလိုက်တာ၊ တကယ် အရသာ ရှိတယ်၊ ဒါက သေမျိုးတွေ စားနိုင်တဲ့ အရသာမျိုးတောင် မဟုတ်ဘူး၊ ဒီငါးက ကောင်းကင်ဘုံမှာပဲ ရနိုင်သင့်တာ၊ ဒီကမ္ဘာမှာ လူဘယ်လောက်များများက ဒါကို မြည်းစမ်းကြည့်ပြီးပြီလဲ၊ ဝိုင် ငါ ကြယ်ပွင့် စားဖိုမှူးတွေ ချက်ပြုတ်တဲ့ အစားအသောက်တွေကို စားဖူးပါတယ်၊ ဒါပေမဲ့ သူတို့က နင့်ကို မယှဉ်နိုင်ဘူး”

တလေက စားတာ အမြန်ဆုံး ဖြစ်ပြီး သူ့ပါးစပ်တွင် အဆီများ ဝေ့နေ၏။ ငါးက မရှိတော့သော်လည်း သူက ဝါးတံကို လျက်နေသလို ငါးရိုးများကိုလည်း လျက်နေသည်။

“ငါ စာအများကြီး မလုပ်ခဲ့သလို မင်းလို့ ဗဟုသုတ ကြွယ်ဝတဲ့လူနဲ့ ဘယ်တော့မှာ ယှဉ်နိုင်မှာ မဟုတ်ဘူး၊ သောက်ရမ်း မိုက်တယ်လို့ပဲ ငါ ပြောချင်တယ်၊ ဒီငါးက တကယ် အရသာရှိတယ်”

“အစ်ကိုယန် မင်း ဘယ်လို ထင်လဲ”

တလေက ခေါင်းစောင်း၍ အစ်ကိုယန်ကို ကြည့်လိုက်သည်။ သို့သော် မြင်လိုက်ရသည့် အရာကြောင့် ကြက်သေ သေသွားလေသည်။

အစ်ကိုယန်၏ မျက်လုံးထောင့်တွင် မျက်ရည်စီးကြောင်းများ ရှိနေပြီး အဆက်မပြတ် စီးကျနေ၏။

“အရသာ ရှိတယ်၊ အရသာ ရှိလိုက်တာ”

အစ်ကိုယန်က ကျိတ်၍ ငိုနေလေသည်။ သူ ငိုနေချိန်တွင် အသားကို ဝါးစားရန်လည်း မမေ့ပေ။

“အီးဟီးဟီး ငါ မမျှော်လင့်ထားတဲ့ ပျော်ရွှင်မှုကို ခံစားလိုက်ရတာပဲ၊ တကယ်ပါ၊ ငါ့ဘဝက ဒီလောက် အရသာ ရှိတဲ့ အစားအစာကို စားပြီးမှ ပြည့်စုံသလို ခံစားလိုက်ရတာ၊ ငါ့ကို ဒီလို စာနာသနားပေးလို့ ဘုရားသခင်ကို ကျေးဇူးတင် ပါတယ်”

…

All Chapters