← Chapters

နေဝင်ချိန်.....

Vol. 14 Ch. 183

နေဝင်ချိန်.....

Vol. 14 Ch. 183

လီလော့တို့အပြင် အခြားသောတိုက်ပွဲများလည်း ပြီးဆုံးလုနီးပါးဖြစ်နေကြပြီ.....

သစ်တောတစ်ခုအနီးတွင် ရိလီရှတို့အဖွဲ့နှင့် ချင်ဇူလုတို့အဖွဲ့တို့ ထိပ်တိုက်ရင်ဆိုင်နေကြသည်။

ဝှစ်......

လုချင်းအာသည် အေးခဲနေသော လေအေးများကို မှုတ်ထုတ်နေပြီး လက်အိတ်များကိုလည်း ချွတ်ထားသောကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး ရေခဲဖုံးလွှမ်းထားသလို အေးခဲနေလေ၏။

ယခုချိန်တွင် လုချင်းအာ၏ ခန္ဓာကိုယ်ကို သေးမျှင်သော ချိန်းကြိုးလေးများ ရစ်ပတ်ထားသောကြောင့်ကောင်းစွာ မလှုပ်ရှားနိုင်သေးပေ။

သို့သော်လည်း သူမ၏.ရေခဲစွမ်းအားများကြောင့် ချိန်းကြိုးများ တဖြည်းဖြည်းအေးခဲလာပြီး နောက်ဆုံးတွင် လုံးဝ ပြတ်ကျသွားလေတော့သည်။

လုချင်းအာ မတ်တပ်ထရပ်လိုက်သော်လည်း သူမနှင့် တိုက်ခိုက်နေသော စီချိုးယင်းကတော့ အရေးကြီးသည့် သွေးကြောများကို ရေခဲများ ဖုံးလွှမ်းနေသောကြောင့် နည်းနည်းလေးမျှ လှုပ်မရတော့ပေ။

" ချိုးယင်း...ဒီတစ်ခါတော့ ငါနိုင်ပြီ....."

" အေး...ညကျမှ နင့်နဲ့ငါနဲ့ တွေ့မယ်....."

ညချမ်းအချိန် ကြယ်စင်များတောက်ပလာချိန်တွင် စီးချိုးယင်း၏ ကြယ်ပဲ့တင်ထပ်သံစွမ်းအားများ အမြင့်ဆုံးအထိမြင့်တက်လာပေလိမ့်မည်။ လက်ရှိအချိန်သည် စီချိုးယင်းအတွက် အချိန်ကောင်းဟုတ်မနေခဲ့ပေ။

စီချိုးယင်း ဆိုလိုသည့်သဘောကို နားလည်သော်လည်း လုချင်းအာ အားကုန်ခံ၍ ပြန်ဖြေမနေတော့ဘဲ ချင်ဇူလု တိုက်ခိုက်နေသည့်နေရာသို့သာ လှမ်းကြည့်လိုက်သည်။

" ခရမ်းအဆင့်အဖွဲ့တွေ အကုန်လုံး ထူးချွန်ကြတာချည်းပဲ....."

ချင်ဇူလုကို လျှော့တွက်မိသော ရိလီရှသည်  စီချိုးယင်းကို လွှတ်၍ သူမနှင့် ယင်ယွဲ့ကို တိုက်ခိုက်ခိုင်းထားခဲ့သည်။ စီးချိုးယင်းကလည်း ကျွမ်းကျင်သူပီသစွာ ယင်ယွဲ့ကို တစ်ချက်တည်းဖြင့်အနိုင်ပိုင်းနိုင်ခဲ့သည်။

ချင်ဇူလုသည် နံပါတ်တစ်ကျောင်းသား ပီသစွာ ရိလီရှနှင့်ချင်ရဲတို့ကို တစ်ယောက်တည်း ထိန်းထားနိုင်သည်။ထို့ကြောင့်သာ စီချိုးယင်းကို သူမ အနိုင်ယူခဲ့ နိုင်ခြင်းဖြစ်သည်။

" ချင်ဇူလု ဘယ်လိုနေလဲမသိဘူး....."

သူမဘက်က ပြတ်ပြတ်သားသား အနိုင်ရသွားပြီ ဖြစ်သောကြောင့် ချင်ဇူလုအခြေနေကို အကဲခတ်ကြည့်လိုက်သည်။

" ချင်ဇူလုက သန်မာပေမယ့် နှစ်ယောက်တစ်ယောက်ဆိုတော့ အဆင်ပြေပါ့မလား....."

သူမ ဝင်မကူညီပေးနိုင်သောကြောင့် အနည်းငယ်စိတ်ဓာတ်ကျသလို ခံစားနေရလေသည်။

သိပ်မကြာလိုက်ခင်မှာ ခပ်ပြင်းပြင်း ​​​ခြေသံနှင့်အတူ ချင်ဇူလု ပြန်ရောက်လာလေ၏။

ချင်ဇူလုဆီမှ ထွက်ပေါ်နေသော ပြင်းထန်သည့်အော်ရာများကြောင့် သစ်ပင်ပေါ်ရှိ ငှက်များပင် အဝေးသို့ ထပျံကုန်ကြသည်။

ချင်ဇူလု ခန္ဓာကိုယ်ပေါ်တွင် သွေးထွက်နေသော ဒဏ်ရာများ ရှိနေသော်လည်း မျက်နှာကို မော်ချီထားဆဲပင်....

လုချင်းအာ စိတ်သက်သာရာရသွားသော်လည်း စီချိုးယင်းကတော့ အသံကုန်ဟစ်နေလေပြီ။

" မဖြစ်နိုင်ဘူး! !!!!!ခေါင်းဆောင်နဲ့ ချိုးရဲတို့နှစ်ယောက်ပေါင်းပြီး တိုက်တာတောင်ရှုံးခဲ့တာလား.....ဘယ်လို မကောင်းဆိုးဝါးမျိုးလဲ!!!!"

.....................................................................

အခြားနေရာများတွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲပင်။ ပိုင်တုတု၊ယုလန် နှင့် ချိုးလော့ တို့သည် အရှိန်ပြင်းပြင်းဖြင့် သစ်တောထဲသို့ ပြေးဝင်နေကြသည်။

ရွှေအဆင့် ၁၀ ဖွဲ့ကျော် သူတို့နောက်ကို အရူးအမူးလိုက်ဖမ်းနေတာကြောင့် သုံးယောက်စလုံး အတော်လေးကို စိုးရိမ်နေပုံရသည်။

၎င်းတို့သည် ထိုအဖွဲ့များကို ရှောင်ရှားရန် မြေလိမ်မြွေကောက်ပုံသဏ္ဍန်ပြေးလွှားနေကြရသည်။

ဤသည်မှာ တစ်ကောင်တည်းသော ဝံပုလွေတစ်ကောင်ကို လိုက်ဖမ်းနေသည့် ခွေးအုပ်စုနှင့်တူနေသည်။

" တော်တော်တရားလွန်နေကြပြီ.....အုပ်စုလိုက်ကြီးကို လိုက်နေကြတာ......"

ကြားနေရသော ကြုံးဝါးသံများကြောသ့် ယုလန် အတော်လေးကြောက်လန့်နေရှာသည်။

" ယုလန်ကို ရအောင်ဖမ်း!!!!အဲ့ကောင်ကို သတ်ပစ်မယ်....!!!!"

" မြန်မြန်ပြေးကြစမ်းပါကွာ....ဖမ်းမိလို့ကတော့ အရေခွံစုတ်ခံရမှာကွ....."

"မသေရင် ကံကောင်း"

ပိုင်တုတုက ကြောက်လန့်နေသော ယုလန်ကို လှမ်းစနေသည်။

ယုလန်တို့ ပြေးရင်း ပြေးရင်းနှင့် အရှေ့တွင် ချောက်ကမ်းပါးကြီးတစ်ခုသာရှိတော့သည်။

ပြေးစရာမြေမရှိတော့သောကြောင့် ချိုးလော့က.....

" ယုလန်ကို နောက်ကသူတွေလက်ထဲ အပ်လိုက်ကြမလား....."

" ဟေ့ကောင်...မင်း လူမှဟုတ်သေးရဲ့လား....ငါ အဖွဲ့အတွက် အများကြီးကြိုးစားပေးခဲ့တာတောင် အခုလိုထိုးကျွေးဖို့တွေးရက်တယ်နော်....."

" ဟိုက မင်းကို သေအောင်သတ်မှာမှမဟုတ်တာ...မသကာ ထိုးရုံ ကြိတ်ရုံလကာ်ပဲပေါ့....အနည်းဆုံးတော့ ငါတို့အမှတ်တွေ မပါတော့ဘူးလေကွာ....."

" ဟင့်အင်း...ငါ့မာနက ခွင့်မပြုဘူး....အဲ့ကောင်တွေနဲ့ မျက်နှာချင်းကို မဆိုင်ချင်တာ...."

" မာနတွေ သိက္ခာတွေကို ဂရုစိုက်နေသေးတာလား....."

ပိုင်တုတု နားငြီးလာသောကြောင့်......

"​တော်ကြတော့!!!! ဘယ်သူ့ကိုမှ ထိုးမကျွေးနိုင်ဘူး...ရအောင်ဖောက်ထွက်ကြမယ်....."

ပိုင်တုတုက လှံတံကို မွှတ်နေအောင်ဝှေ့ယမ်းလိုက်ပြီး တိုက်ခိုက်ရန် အသင့်ပြင်နေလေပြီ။

ယုလန်တို့လည်း မငြင်းဆန်နိုင်တော့သောကြောင့် စွမ်းအားများကိုယ်စီထုတ်ဖော်ကာ တိုက်ပွဲဝင်ရန် အသင့်ပြင်လိုက်ကြတော့သည်။

၎င်းတို့ရှေ့တွင်၊ ဒါဇင်နှင့်ချီသော ရွှေအဆင့်

တပ်ဖွဲ့များသည် ခံစစ်စည်းတစ်ခုဖွဲ့ကာ အသင့်စောင့်ကြိုနေလေသည်။

သို့သော်လည်း တိုက်ပွဲမစတင်ခင်မှာတင် နေဝင်သွားပြီး ကြယ်ရောင်များ လင်းလက်လာလေ၏။

လပတ်စစ်ဆေးမှုပြီးဆုံးချိန်ရောက်ခဲ့ပြီ။

ထိုအခါမှသာ ယုလန်တို့ သက်ပြင်းချနိုင်ရှာတော့သည်။

အချိန်စေ့သွားပြီးဖြစ်သောကြောင့် ရွှေအဆင့်အဖွဲ့များဆီသို့ ယုလန် ဟန်ပါပါလျှောက်လှမ်းသွားလိုက်ပြီး......

" မိတ်ဖြစ်ဆွေဖြစ် တစ်ခွက်တစ်ဖလားလောက်အတူတူ သောက်ကြရအောင်.....ခရမ်းအဆင့်အဖွဲ့ကိုတောင် ခွေးပြေးဝက်ပြေး ပြေးအောင်လုပ်နိုင်တယ်ဆိုတော့ မင်းတို့တွေ ပေါ့သေးသေးမဟုတ်ဘူးဘဲ....."

ထိုအခါ ရွှေအဆင့်ခေါင်းဆောင်နှစ်ယောက်က ဂုဏ်ဆာနေဟန်ဖြင့် မျက်နှာကိုမော်ချီလိုက်ပြီး......

" ခရမ်းအဆင့်အဖွဲ့တွေက လူအင်အားနည်းကြတယ်လေ....ဒါနဲ့ မင်းတို့အဖွဲ့က ယုလန်ဆိုတဲ့အကောင် သိပ်မိုက်ရိုင်းတာပဲ....."

" အိုးး ဒါနဲ့ မင်းနာမည် ဘယ်လိုခေါ်လဲ...."

ယုလန် မချိပြုံးလေး ပြုံးလိုက်ပြီး......

" ငါက ချိုးလော့ပါ....."

All Chapters