← Chapters

ကျောင်းတွင်းရမှတ် အများဆုံးရသောအဖွဲ့.....

Vol. 14 Ch. 184

ကျောင်းတွင်းရမှတ် အများဆုံးရသောအဖွဲ့.....

Vol. 14 Ch. 184

ယခုချိန်တွင် ခရမ်းအဆင့်နည်းပြ ငါးယောက်စလုံး တိတ်ဆိတ်နေကြသည်။

ရင်သပ်ရှုမောဖွယ် တိုက်ပွဲများကို တွေ့မြင်ခဲ့ရသောကြောင့် ခံစားချက်မျိုးစုံ ရောထွေးနေကြသည်။

သူ့တပည့်များ ရှုံးနိမ့်သွားသောကြောင့် ရှန်ကျင်းရှောင်၏ အမူအရာသည် အဆိပ်မျိုထားရသလို မည်းမှောင်နေရှာသည်။

ချီချန်းကလည်း အနာပေါ် ဆားသိပ်ဖို့အခွင့်အရေးကို နည်းနည်းလေးမျှ လက်လွှတ်မခံခဲ့ပေ။

" နည်းပြရှန်ရဲ့ ရင်းနှီးမြှုပ်နှံမှုအတွက် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်....."

သောက်လက်စ ဝိုက်အရက်ပင် အရသာမဲ့သလိုခံစားနေရသောကြောင့် လက်ထဲက ခွက်ကိုအောက်ချလိုက်ပြီး......

" ပဲ့တင်ထပ်သံနှစ်ခုရှိတဲ့သူကို ရှုံးခဲ့တာပဲ....ရှက်စရာမလိုပါဘူး..... "

မျိုးစုံ ကြုံတွေ့ခဲ့ရသူပီပီ ယခုချိန်တွင် ရင်ထဲက ဒေါသများကို  ထုတ်မပြနိုင်သေးပေ။ထို့အပြင် ပြောထားပြီးသားစကားကိုလည်း သိက္ခာကျခံ၍ ပြန်ပြင်ရန် အချိန်မမှီတော့ပေ။

" လီလော့က ကျောက်ကောင်းတပွင့်ပဲ.....ပဲ့တင်ထပ်သံနှစ်ခုကို ကျွမ်းကျွမ်းကျင်ကျင် မသုံးနိုင်သေးပေမယ့် စိုက်ပျိုးရေး

စစ်သည်တော် ပညာရပ်သုံးသွားတာ အရမ်းမိုက်တယ်......"

ချောင်ရှန်းက ချီးကျုးသည့်အနေဖြင့် ပြောလိုက်သည်ကို မီအာကလည်း ထောက်ခံသည့်အနေဖြင့်......

"သစ်သားကို ရေက အားဖြည့်ပေးတယ်.....စိုက်ပျိုးရေးစစ်သည်တော်ပညာရပ်က သူ့အတိုင်းဆို သိပ်မစွမ်းပေမယ့် ရေစွမ်းအာ ပေါင်းစပ်အသုံးပြုလိုက်တော့ နောက်တစ်ဆင့်ကိုရောက်သွားရော....တကယ်အထ်ကြီးစရာကောင်းတယ်.....ဒါပေမယ့် ဒီပညာရပ်သုံးဖို့က သစ်သားနဲ့ ရေပဲ့တင်ထပ်သံရှိဖို့ လိုအပ်တယ်။ အာဟာရဓာတ်စီးဆင်းမှု  စွမ်းအားမရှိရင် သစ်ပင်က ကြီးထွားဖို့ အရမ်းကြာလိမ့်မယ်....ပြီးမှ သစ်သားကို မြှားပုံသဏ္ဍာန်လုပ်ပြီး ပဲ့တင်ထပ်သံ စွမ်းအားနဲ့ပစ်ခတ်လိုက်တယ်...ဒီအဆင့်တွေအားလုံး ပေါင်းစပ်လိုက်တာကြောင့် လီလော့က ဝမ်ဟေးကျူတို့ခံစစ်ကို ကျော်လွှားနိုင်တာ...ဒီလိုလုပ်နိုင်ဖို့ လွယ်ကူတာမဟုတ်ဘူး....."

မီအာ၏ ရှင်းပြချက်ကို နည်းပြအားလုံးကလည်း သဘောတူထောက်ခံနေကြသည်။ လီလော့သည် ဆရာသခင်အဆင့်ဖြစ်သော်လည်း ပညာရပ်များကို ထူးချွန်စွာပေါင်းစပ်အသုံးပြုနိုင်ခဲ့သည်မဟုတ်လော။

"အခုလောက်ဆို လီလော့က ကျောင်းသားသစ်တွေထဲမှာ ဒုတိယအဆင့်လောက်ဖြးယစ်နေပြီထင်တယ်....ဒါပေမယ့် ချင်ဇူလုကို ကျော်နိုင်ပါ့မလား....ရိလီရှနဲ့ချိုးရဲကို တစ်ယောက်တည်း အနိုင်ပိုင်းသွားတာများကျားရဲတစ်ကောင်ကြနေတာပဲ....."

"လီလော့ရဲ့ သစ်သားမြှားက အစွမ်းထက်ပေမယ့်လည်း ချင်ဇူလုကို မထိခိုက်စေနိုင်လောက်ဘူး.... အကယ်၍ သစ်သားမြှားကိုသာသုံးလို့မရရင် လီလော့မှာ ဘာဝှက်ဖဲမှမကျန်တော့ဘူး..... သူ့မှာ အကန့်အသတ်ရှိနေတုန်းပဲ....."

ဤစကားများသည် နှိမ့်ချသောစကားမဟုတ်၊ ဖြစ်ရပ်မှန်များသာဖြစ်သည်။ လီလော့

၏မြှားသည် ဝမ်ဟေးကျူ၏ခံစစ်ကို တိုက်ခိုက်ရန်အတွက် အလွန်သင့်လျော်ပါသည်။ သို့သော် ချင်ဇူလုကို တိုက်ခိုက်ရာတွင် တစ်ကြိမ်တည်းသာ တိုက်ခိုက်နိုင်ပြီး နောက်ပိုင်းတွင် အကာကွယ်မဲ့သွားပေလိမ့်မည်။

မည်သို့ပင်ဆိုစေ ချင်ဇူလုသည် ပုံသဏ္ဍာန်ဖွဲ့စည်းခြင်း ဒုတိယအဆင့်ရောက်နေသည့်အပြင် အဆင့်ရှစ် အဆင့်မြင့်ပဲ့တင်ထပ်သံပိုင်ဆိုင်ထားသူဖြစ်သည်။

နည်းပြများ စကားပြောနေချိန်တွင် ထွက်ပေါက်ပွင့်လာပြီး  ကျောင်းသားများ ပြန်ရောက်လာကြသည်။

တစ်ချို့အဖွဲ့များက ပြုံးနေကြပြီး

တချို့က ဝမ်းနည်းနေကြသည်။ ခြုံငုံပြောလျှင် အခြေနေကောင်းနေကြဆဲပင်။ဤသည်မှာ ကျောင်းသားအသစ်များအတွက် ပထမဆုံးလပတ်စစ်ဆေးမှုဖြစ်နေသောကြောင့် အသစ်အဆန်းမျိုးစုံကြုံတွေ့ခဲ့ရခြင်းကြောင့် အားလုံး စိတ်လှုပ်ရှားနေကြဆဲပင်။

မိနစ်အနည်းငယ်ကြာတွင် လူစုံနေပြီဖြစ်သည်။

နောက်ဆုံးရလဒ်ကြေငြာမည့်အချိန်ကို မျှော်လင့်စောင့်စားနေကြချိန်တွင် နည်းပြချီချန်းသည် လှပကျော့ရှင်းစွာ မတ်တပ်ထရပ်လိုက်ပြီး.....

"ကျောင်းသားသစ် လပတ်စစ်ဆေးမှု ပြီးဆုံးပါပြီ....."

သူမ လက်ဝှေ့ယမ်းလိုက်သောအခါ လပတ်စစ်ဆေးမှုရလဒ်များကို ရေးသားထားသော အလင်းကြေးမုံတစ်ခုဖြစ်ပေါ်လာခဲ့သည်။

ထိုအခါ  ကိုယ်အဖွဲ့နာမည် ကိုယ်ရှာနေကြပြီး ကျယ်လောင်စွာ အော်ဟစ်သံများ ဆူညံကုန်လေ​သည်။

လီလော့၊ ပိုင်မျန်မျန်နှင့် ရှင်းဖူတို့ကလည်း အများနည်းတူ ရှာနေကြပေမယ့် အဆင့်သတ်မှတ်ချက်ကို နံပါတ်​ခြောက်မှစ၍ ဖော်ပြထားပြီး ပထမငါးနေရာကို မကြေငြာသေးပေ။

လက်ရှိကြေငြာထားသော စာရင်းတွင် ခရမ်းအဆင့်တစ်ဖွဲ့မျှ မပါဝင်လာသေးပေ။

" ဝမ်ဟေးကျူတို့အဖွဲ့က အဆင့်ငါးအတွင်းဝင်တယ်ဆိုတော့ တကယ်တော်ကြတာပဲ....."

"ငါတို့တွေ ပထမရမယ် ထင်လား....."

လီလော့တို့ ဝမ်ဟေးကျူကို နိုင်ခဲ့သလို ချင်ဇူလုတို့ကလည်း ရိလီရှတို့ကို နိုင်ထားသောကြောင့် ပြိုင်ဘက်ကောင်းများ ဖြစ်လာနိုင်သည်။

တကယ်တမ်းတွင် လီလော့သည် လက်ရှိရထားသည့်အမှတ်လောက်နှင့်သာကျေနပ်နေပြီဖြစ်သည်။ပထမနေရာကို သိပ်စိတ်မဝင်စားသော်လည်း လှိုင်းဆယ့်နှစ်ဆင့် ကျင့်စဉ်ကလည်း မက်လောက်စရာ ဖြစ်နေလေသည်။

ငါးနှစ်ဟူသော အချိန်သတ်မှတ်ချက်သည် လီလော့အတွက် အလေးလံသောဖိအားတစ်ခုဖြစ်နေပြီး အချိန်ကို အကျိုးရှိစွာ အသုံးချမှ ဖြစ်ပေတော့မည်။

ရှင်းဖူနှင့်ပိုင်မျန်မျန်တို့ကလည်း ဇဝေဇဝါဖြင့် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်နေကြသည်။လူသစ်တန်းတွင် ချင်ဇူလုကို လူတိုင်းကြောက်ကြပေသည်။

ကံကောင်းစွာနှင့် ဝမ်ဟေးကျူတို့ကို အနိုင်ရခဲ့၍သာတေယ်ပေတော့သည်။ သို့မဟုတ်ပါက ချင်ဇူလုတို့သာ ပထမနေရာဗိုလ်စွဲသွားမည်ဖြစ်သည်။

ပထမငါးနေရာကို ချီချန်းက ကိုယ်တိုင်ကိုယ်ကျ ကြေငြာပေးလိုက်သည်။

"ဆောင်းဉီးသစ်ရွက်အဖွဲ့ အမှတ် ၂၂၀၀....အဆင့်ငါး...."

"ရွှေတံခါးအဖွဲ့ အမှတ် ၂၃၀၀....အဆင့်လေး...."

"လေစီးနင်းသူအဖွဲ့ အမှတ် ၃၉၀၀...အဆင့်သုံး....."

တရားမျှတမှုအဖွဲ့နှင့် သန့်ရှင်းသောလမင်းအဖွဲ့ မည်သူ ပထမရမည်ကို အော်ဟစ်ခန့်မှန်းနေကြသည်။

ချင်ဇူလုရှိနေခြင်းကြောင့် သန့်ရှင်းသောလမင်းအဖွဲ့အကြောင်းကို မည်သူမျှ မအံ့သြကြသော်လည်း လီလော့တို့ အဖွဲ့သာ ပထမရသွားမည်ဆိုပါက အတော်အံ့သြစရာကောင်းနေမည်သာ......

အရည်အချင်းအရ၊ လီလော့သည် အားနည်းသူများထဲမှ တစ်ဦးဖြစ်ပုံရသည်။ ယခင်က ဒူဇီပိုင်ရွှမ်းကို အနိုင်မယူခဲ့ပါက၊ အချို့သော ရွှေအဆင့်အဖွဲ့များထက်ပင် အားနည်းသည်ဟု လူအများက ယူဆကြမည်ဖြစ်သည်။

" သန့်ရှင်းသောလမင်းအဖွဲ့ အမှတ် ၅၂၀၀....အဆင့်နှစ်...."

" တရားမျှတမှုအဖွဲ့.....အမှတ် ၅၃၀၀...အဆင့်တစ်...."

ဝိုးးးးးးးးး

လီလော့တို့သည် အမှတ်တစ်ရာအသာနှင့် ချင်ဇူလုတို့ကို ကျော်ဖြတ်ကာ ပထမရသွားခဲ့လေပြီ။

ပိုင်မျန်မျန်တစ်ယောက် ကြက်သေသေနေသော်လည်း ရှင်းဖူကတော့ ပြုံးဖြီးနေလေ၏။

လီလော့သည်ပင် အတော်ကြာသည်အထိ သတိမဝင်နိုင်သေးပေ။

ချင်ဇူလုက လီလော့ကို အရည်လဲ့နေသော အကြည့်များနှင့် ကြည့်​နေပြီး......

" လီလော့ကတော့ ငါ့ကိုသားရည်ကျအောင်လုပ်နေပြီ....."

ထိုအကြည့်၊ ထိုအပြောမျိုးကြောင့် လုချင်းအာတစ်ယောက် ချင်ဇူလုကို လူထူးလူဆန်းတစ်ယောက်သဖွယ် စိုက်ကြည့်လိုက်သည့်အခါ.........

"ငါပြောချင်တာက သူ့မှာ ပဲ့တင်ထပ်သံနှစ်ခုရှိနေတာကို အားကျတယ်လို့ပြောချင်တာပါ....ငါ သူနဲ့ လက်ရည်စမ်းကြည့်ချင်ရုံပါ....."

ထိုအခါမှသာ လုချင်းအာ သက်ပြင်းချနိုင်ရှာတော့သည်။

//နဂိုကတည်းကမှ ပြိုင်ဘက်တွေများနေပါတယ်ဆို နင်တစ်ယောက်ပါ ထပ်တိုးလာလို့မဖြစ်ဘူးနော်.....ဟွန့် ...ဟိုတစ်ယောက်ကို မနိုင်သေးပေမယ့် နင့်လောက်ကတော့ အသာလေးအနိုင်ယူလိုက်လို့ရတယ်.....ကောလိပ်မှာရှိသမျှ မိန်းကလေးတွေရဲ့ ပန်းချီတွေယူလာပြီး နင့်ဆီ ပို့ပေးလိုက်မယ်...ဟင်းးဟင်းးး//

All Chapters