တော်ဝင်သစ်စေးအတွက်ပေးချေမှု......
Vol. 14 Ch. 187
နောက်တစ်နေ့နံနက်တွင် လီလော့သည် အဆောင်ပေါ်ထပ်မှ ပျော်ရွှင်စွာ ဆင်းလာသောအခါ အသင့်စောင့်ကြိုနေသော ရင်းနှီးသူများကို တွေ့လိုက်ရသည်။
ဆံပင်ရှည်များကို ခပ်မြင့်မြင့်စည်းနှောင်ထားသော ကျန်းချင်းအာသည် နံနင်ခင်းနေရောင်ခြည်အောက်တွင် အဖိုးတန်ကျောက်မျက်ရတနာတပါးသဖွယ် တောက်ပနေပြီး သူမ၏နံဘေးတွင် မချိုမချဉ်မျက်နှပေးနှင့် ယန်လင်းချီ ထိုင်နေပါသည်။
ထိုနှစ်ယောက်၏ မျက်နှာချင်းဆိုင်တွင် မိုးမခကိုင်းသဖွယ် သွယ်ပြောင်းနူးညံ့သော အလှပိုင်ရှင် လုချင်းအာလည်း ရှိနေသည်။
လုချင်းအာသည် အရင်တစ်ခါကလို ထွက်မပြေးတော့ဘဲ ကျန်းချင်းအာနှင့်မျက်နှာချင်းဆိုင်ထိုင်နေနိုင်ပြီဖြစ်သည်။
ကျန်းချင်းအာနှင့် လုချင်းအာတို့ကြားတွင် တင်းမာမှုများရှိနေသော်လည်း အပြင်ပန်းတွင် တည်ငြိမ်အေးဆေးနေကြဆဲပင်.....
ထိုမိန်းမလှသုံးဉီးအလယ်တွင် ပိုင်မျန်မျန်ကလည်း အူလည်လည်နဲ့ မတ်တပ်ရပ်နေရှာသည်။
သူမသည်လည်း ကျန်းချင်းအာနှင့် လုချင်းအာတို့ကြားက အသံတိတ်စစ်ပွဲကို အာရုံခံမိနေသောကြောင့် ဘာလုပ်လို့ ဘာကိုင်ရမှန်းပင်မသိတော့ပေ။
ထိုအချိန်တွင် လီလော့ ဆင်းလာသောကြောင့် အကုန်လုံး၏အာရုံများသည် လီလော့ထံ စုပြုံကျရောက်လာလေသည်။
" အိုးး လူစုံတက်စုံပါပဲလား....."
လှေကားရင်းတွင် ရှိနေသော ရှင်းဖူကလည်း လီလော့ကိုမြင်လိုက်သည်နှင့်.....
" ခေါင်းဆောင်....ငါ နောက်ထပ်ဆွဲထားတဲ့ ဂန္တဝင်လက်ရာလေးကို မကြည့်ချင်ဘူးလား....."
" မကြည့်တော့ပါဘူး....မင်းရဲ့ ပြောင်မြောက်လှတဲ့ လက်ရာတွေကို မြင်ဖူးနေပြီပဲဟာ...."
ရှင်းဖူ မကျေမနပ်ဖြစ်သွားသည်ကို လီလော့က လျစ်လျူရှုထားလိုက်ပြီး.....
" နေသုံးစင်းသာနေသလိုပါပဲလား....ငါ့အဆောင်တစ်ခုလုံး မျက်စိကျိန်းလောက်အောင် တောက်ပနေရောပဲ....."
ကျန်းချင်းအာက အပြုံးသေးသေးလေးတစ်ခု ပြုံးလိုက်ပြီး......
" ပထမရတဲ့အတွက် ဂုဏ်ယူပါတယ်.... "
" ငါ့ကြောင့်ချည်းပဲမဟုတ်ပါဘူး...မျန်မျန် အများကြီးကြိုးစားပေးခဲ့လို့ပဲ....."
ထိုစကားကြောင့် ရှင်းဖူ သူ့ကို ဘုကြည့်ကြည့်လိုက်ပြီး ......
" ဘာတုန်းဟ...."
" ချင်ဇူလုကို နိုင်တဲ့အထိ ဆက်ကြိုးစား.....အဲ့တော့မှ ကျောင်းသားသစ်တွေထဲမှာ နံပါတ်တစ်ဖြစ်လာမှာ...."
ကျန်းချင်းအာ၏ တိုက်တွန်းမှုကြောင့် လီလော့တုန်လှုပ်သွားရှာသည်။
// ဝမ်ဟေးကျူကို နိုင်ဖို့တောင် ရှိသမျှ အကုန်ထုတ်သုံးခဲ့ရတာ...ချင်ဇူလုနဲ့သာဆို နိုင်ချေက ၇၀- ၃၀ ပဲရှိလောက်မယ်...ငါက ၃၀၊ ချင်ဇူလုက ၇၀.....//
သူ၏ ပဲ့တင်ထပ်သံနှစ်ခုသည် အဆင့်ရှစ် အဆင့်မြင့် ပဲ့တင်ထပ်သံနှင့် အကြမ်းဖျင်း ညီမျှနိုင်သော်လည်း ချင်ဇူလုသည် ပုံသဏ္ဍာန်ဖွဲ့စည်းခြင်း ဒုတိယအဆင့်ရောက်နေပြီ။ထို့အပြင် ချင်ဇူလု တမကောင်းဆိုးဝါးကဲ့သို့ ကြမ်းရမ်းစွာ တိုက်ခိုက်တတ်သူဖြစ်သောကြောင့် တစ်ချက်တည်းနှင့် ကိစ္စတုံးသွားနိုင်သည်။
" ကြိုးစားလိုက်စမ်းပါ လီလော့ရယ်......နင်သာ ကျောင်းသားသစ်တွေထဲမှာ နံပါတ်တစ်ဖြစ်လာရင် ချင်းအာက ဆုချမယ်လို့ပြောထားဖူးတယ်မဟုတ်လား....."
ယန်လင်းချီကလည်း မီးလောင်ရာ လေပင့်နေပြန်သည်။
ထိုစကားကြောင့် လုချင်းအာ အတော်မျက်နှာပျက်နေလေပြီ။
ကျန်းချင်းအာက စားပွဲပေါ်တွင် ရှိနေသည့် ငှက်ပေါ်သီးတစ်လုံးကို ယန်လင်းချီဆီပေးလိုက်ပြီး.....
" ငှက်ပျော်သီးပဲစားနေလိုက်စမ်းပါဟယ်... "
ယန်လင်းချီ စိတ်ဆိုးမာန်ဆိုးဖြင့် ငှက်ပျော်သီးစားနေရရှာသည်။
" အ..အကောင်းဆုံးကြိုးစားပါ့မယ်...."
ထိုအချိန်တွင် လုချင်းအာကပါ စကားဝိုင်းထဲဝင်ပါလာပြီး......
"လပတ်စစ်ဆေးမှုပြီးလို့ နားရက်ရတုန်းလေး မြို့ထဲသွားကြမလား...."
" အင်း..သွားကြတာပေါ့....ဒါပေမယ့် ငါ့မှာ အရေးတကြီးလုပ်စရာလေးတွေရှိတယ်....ခဏတော့စောင့်ပေး....."
" ဘာလုပ်ရမှာမို့လို့လဲ....."
"အမှတ် ၅၀၀၀ ကျော်ရထားတာဆိုတော့ အရေးတကြီးလိုအပ်နေတာလေးတွေသွားဝယ်မလို့ပါ....."
.............................................................
အမှတ်လဲလှယ်ရေးဌာနတွင်......
လီလော့နှင့်အတူ ကျန်းချင်းအာနှင့်ယန်လင်းချီတို့ပါ အတူလိုက်လာကြသည်။
" ကျွန်တော့်ကို တော်ဝင်သစ်စေးတစ်စုံစာပေးပါ...."
လီလော့က ဌာနမှ ဝန်ထမ်းတစ်ယောက်ကို တံဆိပ်ပြားပေးလိုက်ပြီး လိုချင်သည့်အရာကို တစ်ခါတည်းပြောလိုက်သည်။
ကျောင်းသားများက လီလော့ကို စူးစူးဝါးဝါးကြည့်နေကြသည်။ တော်ဝင်သစ်စေးသည် တန်ဖိုးအရှိဆုံး အရင်းအမြစ်များထဲမှ တစ်ခုဖြစ်ပြီး ကျောင်းသားတိုင်းဝယ်နိုင်ကြသောအရာမဟုတ်ပေ။အထူးသဖြင့် ကြယ်တစ်ပွင့်ခန်းမမှကျောင်းသားများအတွက်ဆို ပိုလိုတောင်မဖြစ်နိုင်ပေ။
" အဲ့တာ လပတ်စစ်ဆေးမှုမှာ ပထမရသွားတဲ့လီလော့မဟုတ်လား....အမှတ်တွေအများကြီးရှိနေတာ မဆန်းပါဘူး....."
"ဝိုးးး တလတည်းနဲ့ အမှတ် ၅၀၀၀တောင်ရထားနော်...."
" သူနဲ့အတူပါလာတယ ကျန်းချင်းအာမဟုတ်လား.... သူတို့ကစေ့စပ်ထားကြာတာတဲ့.....ဒီကောင် ကံကောင်းချက်ပဲ ...."
ဖန်တရာတေကြားဖူးနေသော မှတ်ချက်များကို လျစ်လျူရှုထားလိုက်ပြီး ပစ္စည်းလဲလှယ်ဖို့ကိုသာ အာရုံစိုက်ထားလိုက်သည်။
တခဏအကြာတွင် ဝန်ထမ်းတစ်ယောက်က အစိမ်းပုပ်ရောင် သစ်သားသေတ္တာတစ်ခုသယ်လာပေးသည်။ ထိုသေတ္တာထဲမှထွက်ပေါ်နေသော အသက်စွမ်းအားသည် အတော်လေးပြင်းထန်လွန်းလှသည်။
သေတ္တာကို ဖွင့်လိုက်သည့်အခါ အထဲတွကင်လက်တစ်ဝါးစာ အရွယ်အစားရှိသော ဝါးဘူးလေးတစ်ခုရှိနေပြီး ထိုဝါးဘူးလေးထဲတွင် စေးပျစ်နေသော အရည်များရှိနေသည်။
အတွင်းထဲတွင်ရှိသော စွမ်းအားများ စိမ့်မထွက်လာအောင် ဝါးဘူးပေါ်တွင် အက္ခရာအချို့ရေးထွင်းပေးထားသည်။
" ဒါ တော်ဝင်သစ်စေးလား...."
ဝန်ထမ်းက သေတ္တာကို လီလော့ရှေ့တွင်ချထားပေးလိုက်သည့်အခါ လီလော့က လက်ဖဝါးနှစ်ဖက်ကို ပွတ်ပြီး ....
" အများကြီးပဲ....တော်တော်ကြာတဲ့အထိသုံးလို့ရလောက်မယ်ထင်တယ်...."
ဝန်ထမ်းက လီလော့ လက်ကို ပုတ်ထုတ်လိုက်ပြီး.....
" မင်းဘာလုပ်နေတာလဲ..."
" ဒါ ကျုပ်အတွက်မဟုတ်ဘူးလား...."
" မင်းအတွက်????မင်းတို့လော့လန်အိမ်တော်တစ်ခုလုံးကို ရောင်းလိုက်ရင်တောင် ဒီဘူးကိုဝယ်နိုင်မှာမဟုတ်ဘူး.....နားလည်လား....."
ထိုဝန်ထမ်း ဟာသပြောနေခြင်းမဟုတ်ပေ။ သူသည် သစ်ခေါက်ဖြင့်ပြုလုပ်ထားသောပြွန်ချောင်းရှည်လေးတစ်ခုနှင့် လက်သည်းခွံပမာဏခန့်လောက်သာရှိသော အရည်တစ်စက်ကို ထုတ်ယူပေးနေသည်။
" ရော...ဒီမှာ မင်းအတွက်...."
သေးငယ်လွန်းလှသော ပုလင်းလေးကိုကြည့်ပြီး လီလော့အတော်လေး စိတ်ဓာတ်ကျလာသလိုခံစားနေရသည်။
ပေါင်ပေါင်တစ်ယောက် တော်ဝင်သစ်စေဖြင့် မည်သို့သောအရာများချက်ပြုတ်ပေးမည်ကိုမသိသော်လည်း ထိုပမာဏလောက်နှင့်တော့ အလုပ်မဖြစ်နိုင်သည်မှာ သေချာနေပါသည်။
//ဒါလေးအတွက် အမှတ်ငါးထောင်တောင်ပေးရတယ်....ခင်ဗျား ကျုပ်ကိုဓားပြတိုက်နေတာလား.........//
လီလော့တစ်ယောက် ဝန်ထမ်းလက်ထဲက သစ်စေးဘူးကို လောဘတကြီးစိုက်ကြည့်နေသောကြောင့်.....
"ဒီမယ် ကျောင်းသားလီလော့......ကောလိပ်စပြီးတည်ထောင်ချိန်ကတည်းကနေ အခုချိန်ထိ ဒီနေရာကနေ ဘယ်သူမှ ဘာပစ္စည်းမှခ်ိုးကိုမှမခိုးနိုင်သေးဘူး....."