← Chapters

မွေးနေ့......

Vol. 14 Ch. 188

မွေးနေ့......

Vol. 14 Ch. 188

လီလော့ စိတ်ကိုအနိုင်နိုင် ထိန်းနေရရှာသည်။

မကျေမနပ်ဖြင့် သစ်စေးပုလင်းကို အိတ်ကပ်ထဲထည့်သိမ်းနေချိန်တွင် ကျန်းချင်းအာကလည်း တံဆိပ်ပြားထုတ်ပေးလိုက်ပြီး.....

" ကျွန်မကိုလည်း တစ်စုံစာပေးပါ....."

ကျန်းချင်းအာသည် သူမဝယ်ထားသော သစ်စေးပုလင်းကို လီလော့ကို လှမ်းပေးလိုက်သည်။

" ဒါကိုယူထားလိုက်....စိတ်ညစ်မနေနဲ့ အချိန်တွေရှိသေးတာပဲ......နောက်ဆို များများဝယ်နိုင်မှာပါ....."

" ဟင့်အင်း...ငါမယူဘူး....ဒါ နင့်အတွက်အသုံးဝင်တယ်မဟုတ်လား....."

တော်ဝင်သစ်စေးသည် ပိုက်ဆံရှိတိုင်းဝယ်လို့မရသောအရာတစ်ခုဖြစ်သည်။ ကျန်းချင်းအာသည် ကောင်းကင်နစ်မြုပ်ခြင်းအဆင့်ရောက်ရန် နီးကပ်နေပြီဖြစ်သောကြောင့် တော်ဝင်သစ်စေးကို ပို၍လိုအပ်နေသူဖြစ်သည်။

"ငါ့မှာ အမှတ်များများရမယ့်နည်းလမ်းတွေရှိတယ်....မကြာခင် အရိပ်လှိုင်ဂူပွင့်လာတော့မယ်....အဲ့အခုကျရင် အမှတ်တွေအများကြီးရှာန်ိုင်ပြီ....ငါ့အတွက် ပူမနေနဲ့.....ရော့....ယူထားလိုက် ငါတို့သွားတော့မယ်....."

ကျန်းချင်းအာက လီလော့ဆီ သစ်စေးပုလင်း အတင်းပေးသွားပြီး လှည့်ပြန်လာခဲ့လိုက်သည်။

ကျန်နေခဲ့သည့် ယန်လင်းချီက ထုံးစံအတိုင်း လီလော့ကိုစနောက်နေလေ၏။

" နင့်ကတော့ ကျေးဇူးကြွေးနဲ့ သိမ်းခံရတော့မယ်....."

"အင်းပါ....အခွင့်ရေးရမယ်ဆို လူသိမ်းခံလိုက်ပါတော့မယ်...."

"အိမ်မက် မက်နေလိုက်တော့...."

" ကဲ...သွားကြမယ်...ကြာကြာဆက်နေရင် နင့်ဆီကနေ သစ်စေးပုလင်းကို ဝိုင်းလုကြတော့မယ်......."

ကျောင်းသားပေါင်းများစွာက ဆာလောင်နေသော မနာလိုအားကျသည့်အကြည့်များနှင့် ကြည့်နေသည်ကို လိီလော့တွေ့လိုက်ရသည်။အမှတ် ၅၀၀၀တန် တော်ဝင်သစ်စေး လက်ဆောင်ရသည်ကို မနာလိုမဖြစ်သူ မည်သူရှိလိမ့်မည်နည်း။

ကျန်းချင်းအာနှင့် စေ့စပ်ထားရသည်ကိုပင် မနာလိုဖြစ်၍ မဆုံးသေးခင် အခုလို တော်ဝင်သစ်စေးပါလက်ဆောင်ရသည်ဆိုတော့ လီလော့လောက် ကံကောင်းသူရှိနိုငိပါဉီးမလား  ...

ကျောင်းသားများတင်မကဘဲ လီလော့ကို သစ်စေးရောင်းချပေးသည့် ဝန်ထမ်းကလည်း ချောမောလှသည့်ရုပ်ရည်ကို အားကျနေလေ၏။

// ရုပ်ကလည်းချော...ကံကလည်းကောင်း....ဒီကောင့်လောက်သာယာတဲ့သူရှိပါဉီးမလား....//

လီလော့သည် ဌာနထဲက ထွက်လာပြီးနောက် ကျန်းချင်းအာတို့နှင့်အတူ အိမ်ပြန်လာခဲ့လိုက်သည်။

ကောလိပ်ကနေ ထွက်လာသည်နှင့် ကိုယ့်လုံခြုံရေး ကိုယ်ဂရုစိုက်ရတော့မည့်ဖြစ်ပြီး စိတ်ထင်တိုင်းလျှောက်လုပ်နေလို့ မရပေ။

လော့လန်အိမ်တော်ရှေ့တွင် တရုတ်ရိုးရာချီပေါင်ဝတ်စုံကို ဆွဲဆောင်မှုရှိရှိ ဝတ်ဆင်ထားသော မိန်းမလှလေးတစ်ဉီးက အသင့်စောင့်ကြိုနေသည်။

ထိုမိန်းမလှလေးသည် အခြားသူမဟုတ် ချိုင်ဝေသာပင်......

ချိုင်ဝေသည် ကျန်းချင်းအာ နှင့် ယန်လင်းချီ ကို ပထမဆုံး နှုတ်ဆက်ခဲ့ပြီး လီလော့

ကိုလှည့်ပြုံးလိုက်ပြီး.....

"သခင်ငယ်လေး...ကျောင်းတက်ရတာ အဆင်ပြေရဲ့လား...."

" အစကတော့ အေးအေးဆေးဆေး ကျင့်ကြံမလို့ပါပဲ...ဒါပေမယ့် လစစ်ဆေးမှုမှာ ပထမရခဲ့တယ်လေ.....ဟဲ...ဟဲ....."

" ဝိုးး ဂုဏ်ယူပါတယ်ရှင်.....ဒါဆိုရင် လျှို့ဝှက်ရေအရင်းမြစ်ပြသာနာကို ဖြေရှင်းပေးနိုင်ပြီပေါ့....ရှီးယန်စံအိမ်က ကျွန်တေယ်မျိုးမကို နေ့စဉ်နဲ့အမျှ နားပူနေပြီ....."

// အမလေး....နားရက်လေးရမယ်ကြံသေးတယ်....အရေခမ်းတဲ့အထိ ရေအရင်းမြစ်တွေ ညှစ်ထုတ်ပေးရတော့မယ်.....//

" စိတ်မပူပါနဲ့... ကျွန်တော် အဆင်ပြေအောင်လုပ်ပေးပါ့မယ်...."

" သခင်လေးလို ငယ်ရွယ်ရုပ်ချောသူတစ်ယောက်အနေနဲ့ တစ်ယောက်တည်းကိုပဲကပ့တွယ်မနေသင့်ဘူးနော်...."

" ကျွန်တော်ဘာများလုပ်မိလို့လဲ...."

ချိုင်ဝေတစ်ယောက် လီလော့ကို စနောက်နေတာကြောင့် ကျန်းချင်းအာ ဝင်ဟန့်လိုက်ပြီး.....

" တော်တော့....စနောက်မနေနဲ့..... "

" ဝိုးးးချင်းအာက အတည်ယူနေတယ်ပေါ့...."

သူတို့ ဤနေရာတွင်ဆုံတွေ့ရန်ချိန်းဆိုထားသောကြောင့် လီလော့ အနီးအနားကို လှည့်ကြည့်ပြီး လုချင်းအာာကိုရှာလိုက်သည်။

" နင် လုချင်းအာကို ရှာနေတာလား....သူရောက်လာသေးတယ်....ရွှေနဂါးဘဏ်တိုက်ကလူတွေ လာခေါ်သွားလို့ ပြန်နှင့်ပြီ....."

" ဒါဆိုလည်း နောက်မှတွေ့ကြတာပေါ့..... "

...........................................

ရွှေနဂါးဘဏ်တိုက်တံဆိပ်လွှင့်ထူထားသော ရထားလုံးပေါ်တွင် အနီရောင်ဝတ်စုံဆင်မြန်းထားသော အမျိုးသမီးတစ်ဉီးက ဘေးနားတွင်ထိုင်နေသည့် မိန်းမပျိုလေးကို တစိုက်မတ်မတ်စိုက်ကြည့်နေသည်။

" ချင်းအာ....နင် လီလော့ကို သဘောကျနေတာလား...."

ထိုမေးခွန်းကြောင့် လုချင်းအာ ရင်တုန်သွားပြီး.....

"သမီးနဲ့ လီလော့က ဒီအတိုင်း သူငယ်ချင်းတွေပါပဲ....သူ သမီးကိုနန်ဖန်းမှာတုန်းကအများကြီးကူညီပေးခဲ့ဖူးတယ်....."

" အဲ့ကောင်လေးနားမှာ မိန်းကလေးတွေ ဝိုင်းဝိုင်းလည်နေတာပဲ.....ကြည့်ရတာ ခပ်ပေါ့ပေါ့ကောင်လေးနဲ့တူတယ်.....နင် သူနဲ့သိပ်မပေါင်းနဲ့....."

လုချင်းအာ ကိုယ်တိုင်လည်း လီလော့နာယတွင် အချောအလှများ ဝိုင်းဝိုင်းလည်နေသည်ကို မနှစ်မြို့ပေ။

" အထင်မလွဲပါနဲ့.... ချိုင်ဝေနဲ့ ယန်လင်းချီက ကျန်းချင်းအာရဲ့သူငယ်ချင်းတွေပါ....ပြီးတော့ သူတို့နှစ်ယောက်စလုံးကလည်း လော့လန်အိမ်တော်အတွက် အလုပ်လုပ်ပေးနေတဲ့သူတွေ....."

"ဟွန့်....ဘယ်သိနိုင်မလဲ.....လီတိုင်ရွှမ်က လူကောင်းမဟုတ်တော့ သူ့သားလည်း ဘယ်နည်းနဲ့မှ လူကောင်းမဖြစ်နိုင်ဘူး..... "

" အမေလည်း လီတိုင်ရွှမ်ကိုသလောကျခဲ့တာလား.....ဟိုတုန်းကဆို လီတိုင်ရွှမ်က ပျိုတိုင်း​ကြိုက်တဲ့နှင်းဆီခိုင်ကြီးဖြစ်ခဲ့တာဆို.....ဘယ်လောက်တောင် ချောနေလို့ အမေလို့ အလှပဂေးလေးတောင် သူ့နဲ့ ဖူးစာမဆုံခဲ့ရတာလဲ......"

ယုဟုန်ရှီက လုချင်းအာ၏ ပါးကို ချစ်စနိုးနဲ့ ဖျစ်ညှစ်လိုက်ပြီး......

" ကောင်မလေး အမေကို စနောက်နေတယ်ပေါ့......"

"အမေ့လို လှပပြီး ရွှေနဂါးဘဏ်တိုက်တစ်ခုလုံးကို ကောင်းကောင်းကွပ်ကဲနိုင်တဲ့သူကို မရွေးခဲ့ဘူးဆိုတာ မယုံနိုင်လို့ပါ....."

" လီတိုင်ရွှမ်လို လူမျိုးမှာလဲ အားနည်းချက်တော့ရှိတာပဲ.....သူက တန်တိုင်လန်နဲ့အတူတူ ရှပြည်ထောင်စုကို ရောက်လာလို့ပေါ့......ဟိုတုန်းကတည်းကသာ တွေ့ခွင့်ရမယ်ဆို တန်တိုင်တန်အခုလို အခွင့်ရေးရသွားမှာမဟုတ်ဘူး....."

" ဒါဆို ကောလိပ်က နည်းပြချောင်ရှန်းကရော......သမီးကို တပည့်အဖြစ်လက်ခံထားတာ အမေသိတယ်မဟုတ်လား....."

"ငါ့ကို အသည်းအသန်လိုက်ကြိုက်ခဲ့ဖူးသူထဲက တစ်ယောက်ပါပဲ.....ငါ့အကူအညီနဲ့ မြို့စားအဆင့်ရောက်သွားပြီးမှ ငါ့ကို ဖွင့်ပြောလာတယ်.....ငါငြင်းလိုက်လို့ အသည်းကွဲပြီး ကောလိပ်မှာ နည်းပြသွားလုပ်နေတာ.....သူနဲ့မတွေ့ဖြစ်တာ အတော်ကြာနေပြီ......ချောင်ရှန်းက စရိုက်ကြမ်းတယ်ထင်ရပေမယ့် တကယ်တမ်းကြတော့ ကလေးဆန်တယ်......"

" ဒါပေမယ့် နင့်ကို တပည့်အဖြစ်ရွေးလိုက်တယ်ဆိုကတည်းက အမြင်တော့ရှိသားပဲ......"

" ဟုတ်တယ်...နည်းပြချောင်ရှန်းကြောင့်သာမဟုတ်ရင် သမီးလို အဆင့်ခုနှစ်ပဲ့တင်ထပ်သံက ဘယ်လိုမှ ခရမ်းအဆင့်တပည့်ဖြစ်လာနိုင်မှာမဟုတ်ဘူး....."

" အဆင့်ခုနှစ်တဲ့လား.....သမီးရဲ့ မွေးနေတောင်ရောက်တော့မယ်နော်.....ဝိဉာဉ်ရည်နဲ့သန့်စင်တဲ့အလင်းတွေဆိုတာ အလကားဟာတွေမှမဟုတ်တာ....သိပ်မကြာခင် သမီးရဲ့ပဲ့တင်ထပ်သံ အဆင့်ရှစ်ဖြစ်လာစေရမယ်....."

" တကယ်....."

ထျန်ရှုတွင် ရှိနေစဉ်က သူမ၏ အဆင့်ခုနှစ်ပဲ့တင်ထပ်သံသည် ထိပ်တန်းအဆင့်တွင်ရှိနေခဲ့သော်လည်း ကြယ်တာယာခရီးရှည်ကောလိပ်တွင် သူမသည် ပင်လယ်ထဲမှ ငါးလေးတစ်ကောင်သဖွယ်ဖြစ်နေပြီး အစစအရာရာခက်ခဲနေခဲ့ပါသည်။

ထိုအရာများကို သိပ်ဂရုမစိုက်ခဲ့သော်လည်း တရိပ်ရိပ်တိုးတက်လာသော လီလော့နောက်တွင် မကျန်ရစ်ခဲ့ချင်ပေ။

ထို့အပြင် ကျန်းချင်းအာကလည်း အဆင့်ကိုးပဲ့တင်ထပ်သံပိုင်ရှင်ဖြစ်နေသေးသည်။

" ပဲ့တင်ထပ်သံနန်းတော် ဖွင့်နိုင်ပြီဆိုကတည်းက ဝိဉာဉ်ရည်နဲ့သန့်စင်တဲ့အလင်းတွေ မရေမတွက်နိုင်အောင် ထုတ်ပေးခဲ့တာပဲ.....အဲ့တော့ အဆင့်ရှစ်ရောက်ဖို့ မခဲယဉ်းပါဘူး သမီးရယ်......ဒါက သမီးအတွက် မွေးနေ့လက်ဆောင်ဖြစ်ရင်တောင် ဖြစ်နေနိုင်တယ်နော့်....."

ယုဟုန်ရှီသည် ရွှေနဂါဘဏ်တိုက် ဉက္ကဌဖြစ်သောကြောင့် လီလော့တို့လို တိုင်းထွာနေစရာမလိုဘဲ သမီးဖြစ်သူအတွက် စိတ်ကြိုက်အကုန်ခံနိုင်သူဖြစ်သည်။

" ကျေးဇူးပါ.. မေမေ...."

လုချင်းအာကို ကြည့်ရသည်မှာ ပျော်ရွှင်နေပုံရသော်လည်း လစ်ဟာမှုအချို့ကို သူမ မျက်ဝန်းထဲတွင်တွေ့မြင်နေရသည်။

ဖခင်ဖြစ်သူအကြောင်း မိခင်ကို မေးမြန်းချင်မိသည်။

သူမငယ်စဉ်ကတည်းက ဖခင်ဖြစ်သူ ထွက်သွားသည်ဟုသာ ကြားသိထားပြီး မာနကြီးလွန်းသည့် ယုဟုန်ရှီက ခင်ပွန်းဖြစ်သူကို သေလူအဖြစ်သာ သတ်မှတ်ထားခဲ့သည်။

ဖခင်ဖြစ်သူအကြောင်း မေးလိုက်တိုင်း ဒေါသထွက်လာတတ်သည့် မိခင်ကြောင့် ဖြတ်သန်းလာသည့် နှစ်တွေတလျှောက် လုချင်းအာ ထိုအကြောင်းကို မည်သည့်အခါမျှ အစမဖော်ရဲခဲ့ရှာပေ။

" မေမေ....သမီး မွေးနေကျရင် သူငယ်ချင်းတွေကိုလည်း ဖိတ်မယ်နော်....."

" လီလော့ကို ဖိတ်မလို့မလား....."

" သူ သမီးကို အများကြီးကူညီပေးခဲ့တယ်....မေမေတို့ မျိုးဆက်က ရန်ငြိုးတွေကြောင့် သမီးတို့တွေ မခေါ်မပြောစရာအကြောင်းမှမရှိတာ....."

" စိတ်ကြိုက်သာ လုပ်တော့...."

လုချင်းအာ၏ တောက်ပသွားသော အမူအရာကြောင့် ယုဟုန်ရှီ အတော်စိတ်ဓာတ်ကျနေလေပြီ.....

// ငါကတော့ လီတိုင်ရွှမ်ကြောင့် အသည်းကွဲပြီးပြီ..... ငါ့သမီးလေးလဲ ငါ့အတိုင်းဖြစ်တော့မယ်ထင်တယ်....//

All Chapters