← Chapters

အမှတ်တစ်သိန်း....

Vol. 14 Ch. 190

အမှတ်တစ်သိန်း....

Vol. 14 Ch. 190

လီလော့တို့တတွေ အိမ်တော်သို့ ပြန်ရောက်သည့်အခါ နွားသိုးကြီးပေါင်ပေါင်က နွေးထွေးစွာကြိုဆိုနေသည်။

" သခင်လေးကို ကြည့်ရတာ ပြီးခဲ့တဲ့လကထက် ပိုကျန်းမာလာသလိုပဲ.....ဘာပဲဖြစ်ဖြစ် အာဟာရပြည့်တာတွေစားဖို့မမေ့နဲ့ဉီး....ရော့...ဒီစွပ်ပြုတ်လေး ကုန်အောင်သောက်လိုက်...."

" ဉီးလေးပေါင်ကတော့ တလလုံးလုံး ဒီစွပ်ပြုတ်အကြောင်းပဲတွေးနေတယ်ထင်တယ်.....ဒါနဲ့....အံ့ဖွယ်ဆေးအနှစ်အတွက် တော်ဝင်သစ်စေး ဘယ်လောက်လိုမယ်ထင်လဲ....."

" သခင်လေး  သစ်စေးရလာပြီလား...."

ရှားပါးပစ္စည်းတစ်ခုကို တလအတွင်း ရအောင်ဝယ်နိုင်သည့်အပေါ် ပေါင်ပေါင် အံ့သြနေပုံရသည်။

လီလော့က အိတ်ကပ်ထဲက သစ်စေးပုလင်းလေးကို ထုတ်ပေးလိုက်သည့်အခါ.....

" ဝိုးးး တကယ်ကြီးလား....သခင်လေးက တော်လှချည်လား.....ဒီလောက်ပမာဏနဲ့ဆို ဒါမျိုး ပုလင်း ၂၀လောက်တော့လိုမယ်....."

ဖူးးးး

သောက်လက်စ စွပ်ပြုတ်များ ဖူးကနဲအန်ထွက်ကုန်လေပြီ.....

ပုလင်း၂၀တဲ့လား......

ကျန်းချင်းအာကလည်း သက်ပြင်းချနေလေပြီ။ ထိုပမာဏလောက်နှင့် မလုံလောက်မှန်းသိသော်လည်း ထိုမျှလောက်ထိများပြားသောပမာဏလိုအပ်နေမည်ဟု ထင်မထားမိခဲ့ပေ။

တော်ဝင်သစ်စေး ပုလင်း၂၀သည် အမှတ်တစ်သိန်းတန်ကြေးရှိသည်။

" ဉီးလေးပေါင် ကျွန်တော့်ကို အ​သေသတ်နေတာလား...."

" ဒီအဖိုးကြီးနောက်နေတာမဟုတ်ရပါဘူး သခင်လေးရယ်.....သခင်လေး ဆုံးရှုံးထားရတာတွေကို ကုစားဖို့ဆို အဲ့လောက်တော့လိုလိမ့်မယ်....ရှပြည်ထောင်စုမှာ အခုလိုကူသလို့ရတဲ့နည်း ဘယ်သူမှမသိကြဘူး....ဒီအဖိုးကြီးသာ ကံကောင်းလို့ သိနေတာ....."

ဒုတိယပဲ့တင်ထပ်သံရှိနေခြင်းကြောင့် မြို့စားအဆင့်များလို ပေါင်းစပ်စွမ်းအားများ သုံးနိုင်သော်လည်း ထိုသို့ဖြစ်လာစေရန်ညပေးဆပ်ရသောအဖိုးအခကလည်း နည်းသည့်ပမာဏမဟုတ်ခဲ့ပေ။

ပေါင်းစပ်စွမ်းအား သုံးနိုင်ခြင်းကို လူတိုင်းအားကျနေသောလည်း နောက်ကွယ်က ဒုက္ခများကို မည်သူမျှမသိကြရှာပေ။

အခြေခံအုတ်မြစ်ယိုင်နဲ့နေသောကြောင့် စစ်သူကြီးအဆင့်ရောက်အောင် ကျင့်ကြံရာတွင် သူများထက် ပိုနောက်ကျနေလိမ့်မည်။ ထိုအတိုင်းသာဆို ဗလာနန်းတော်ရှိနေတုန်းကလို အခြေနေမျိုးနှင့် ထပ်မံကြုံတွေ့ရလိမ့်မည်။

" ဉီးလေးပေါင် စိတ်မပူပါနဲ့ .....လီလော့ကလည်း အခုချက်ချင်း စစ်သူကြီးအဆင့်ရောက်ဉီးမှာမှမဟုတ်သေးတာ....အချိန်ရှိပါသေးတယ်....ကျွန်မလည်း အမှတ်တွေရသလောက် စုထားလိုက်ပါ့မယ်....."

ကျန်းချင်းအာသည် အမှတ်တစ်သိန်းလုံးကို ရှာပေးချင်နေပုံရသည်။ သို့သော်လည်း  အမှတ်အားလုံး လီလော့ကိုပေးပစ်လိုက်မည်ဆိုပါက အမာခံခုနှစ်ဉီးရွေးချယ်ပွဲကို ဝင်ရောက်ယှဉ်​ပြိုင်မည့် သူမအတွက် အခက်အခဲများစွာရှိလာနိုင်သည်။

လီလော့ ငြင်းဖို့ပါးစပ်ဟလိုက်သော်လည်း ကျန်းချင်းအာက ခေါင်းခါပြပြီး ထပ်မပြောနိုင်အောင် နှုတ်ပိတ်ထားလိုက်သည်။

သူမကို ဝန်ပေါ့စေနိုင် လီလော့ဘက်က ရရာနည်းလမ်းဖြင့် အမှတ်များကို စုဆောင်းရပေတော့မည်။

" တော်ဝင်သစ်စေးရဖို့ ဘယ်လောက်ခက်မှန်း ငါ နားလည်ပါတယ်.... မင်းတို့တွေကအခုမှကလေးပဲရှိသေးတာ....ဖိအားတွေမရှိရင် ဘယ်လိုလုပ်တိုးတက်နိုင်မှာလဲ.....မင်းတို့မှာ ဒီလောက်လေးပဲ ဖိအားရှိနေတယ်ထင်နေတာလား....."

" ဉီးလေးပေါင် ဘာပြောချင်တာလဲ... "

" ကောင်းပြီ...အစကတော့ ဒီအကြောင်းတွေကို မင်းတို့တတွေ ကောင်းကင်နစ်မြှုပ်ခြင်းအဆင့်ရောက်မှပြောမလို့ပဲ....ဒါပေမယ့် မပြောမဖြစ်လို့ ပြောရတော့မယ်....."

ထိုစကားကြောင့် လီလော့တို့နှစ်ဉီးစလုံး ထိတ်လန့်သွားခဲ့ကြသည်။သူ့မိဘနှစ်ပါးသည် အကြောင်းတစ်ခုခုကြောင့်သာ ပေါင်ပေါင်ကို အိမ်တော်တွင် ထားရစ်ခဲ့သည်ဟု သံသယရှိနေသည်မှာ အတော်ကြာနေပြီ။

သို့သော်လည်း ပေါင်ပေါင့်ကို လေးစားသည့်အနေဖြင့် အတင်းအကြပ်ဖိအားပေး မေးမြန်းခြင်းမျိုး မပြုလုပ်ခဲ့ကြပေ။

" မနေ့ညက အိမ်တော်ထဲကို မြို့စားအဆင့်တစ်ယောက် ခိုးဝင်လာတယ်...."

// မြို့စားအဆင့်တစ်ယောက် အိမ်တော်ထဲကိုခိုးဝင်လာတယ်??? ဘယ်သူလဲ....ငါတို့ကို လာသတ်တာများလား....//

"အဲ့ဒီလူ ခိုးဝင်လာတာကို ဘယ်သူမှမသိကြဘူးလား...အစောင့်တွေ ဘာလုပ်နေကြလို့လဲ...."

ကျန်းချင်းအာက အံ့သြနေသော်လည်း သိသင့်သိထိုက်သမျှကို မေးမြန်းနေသည်။

"ခိုးဝင်လာတာက လူကိုယ်တိုင်မဟုတ်ဘဲ ကိုယ်ပွားဖြစ်နေတယ်...ငါ သူ့ကိုလက်စဖျောက်ပစ်လိုက်ပြီ...."

// ပေါင်ပေါင်က ဘယ်သူလဲ....သူသိတာတွေ သိပ်များလွန်းတယ်....လီလော့ရဲ့ အခြေခံယိုက်နဲ့နေတာကို ​ကုသပေးနိုင်မယ့်နည်းလမ်းကိုလဲသိနေတယ်....ပြီးတော့ ခိုးဝင်လာတဲ့ မြို့စားအဆင့်ရဲ့ကိုယ်ပွားကိုလည်း လက်စဖျောက်နိုင်ခဲ့တယ်ဆိုတော့ သာမာန်စာဖိုမှုးတော့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး.... //

" ဉီးလေးပေါင်က သိုသိုသိပ်သိပ်နေနေတဲ့ ဒဏ္ဍာရီလာသူရဲကောင်းမှန်း သိနေတာကြာပါပြီ....ဉီးလေးပေါင်သာ စိတ်မရှိဘူးဆိုဒူးထောက်ပြီးတောင် အရိုအသေပေးလိုက်ချင်တယ်....."

လီလော့တစ်ယောက် ထိတ်လန့်နေမှုကို ဖုံးကွယ်ဖို့ကြိုးစားနေမှန်း ကျန်းချင်းအာ နားလည်လိုက်သည်။

"ဟားးး ဘာသူရဲကောင်းမှမဟုတ်ပါဘူးကွာ....အိမ်တော်ထဲမှာ ခြေချုပ်မိနေတဲ့ စာဖိုမှုးတစ်ယောက်ကပါကွာ...."

" မင်းတို့တွေ သတိမထားမိပေမယ့် လွန်ခဲ့တဲ့နှစ်တွေထဲက လော့လန်အိမ်တော်ကို အမှောင်ထဲကနေ စောင့်ကြည့်နေသူတွေအများပြီးပဲ.....ကြည့်ရတာ ဒီကောင်တွေ ခိုးဝင်လာပုံထောက်ရင် စိတ်မရှည်ကြတော့ဘူးထင်တယ်.....သူတို့တွေ လော့လန်အိမ်တော်မှာ ဘာကိုလာရှာကြာလဲ သိရဲ့လား....."

န်သည်။

လီလော့တို့နှစ်ယောက်သား ပတ်ပတ်လည်ကို သေချာကြည့်လိုက်သော်လည်း ထူးဆန်းမှုတစ်စုံတစ်ရာ မခံစားရသေးပေ။

"တကယ်တော့ ဒီနှစ်တွေအတွင်းမှာ သူတို့နှစ်ယောက်ရဲ့ အသက်မီးတောက်တွေ ချုပ်ငြိမ်းတော့​မလိုဖြစ်သွားတာ ခဏ ခဏပဲ....အင်းလေ...မြင့်မြတ်တဲ့စစ်တလင်းဆိုတာ အန္တာရယ်အများဆုံးနေရာတွေထဲက တစ်နေရာဆိုတော့ မြို့စားအဆင့်တွေအတွက်တောင် ခက်ခဲနေမှာပဲ....."

" နဂါးရုပ်ထုနဲ့ ဖီးနစ်ရုပ်ထုတွေက သူတို့လင်မယားကိုယ်တိုင် ထွင်းထုထားတာ....အသက်ဘေးနဲ့ကြုံလာတဲ့အခါ အချင်းချင်း စွမ်းအားတွေ လွှဲပြောင်းပေးနိုင်တယ်....ဒီရုပ်ထုတွေက သူတို့ရဲ့ ဝှက်ဖဲတွေ....ဒီဝှက်ဖဲကပဲ သူတို့ကို အ​သက်ဘေးကနေ အခါခါကယ်တင်ပေးထားတာ...."

" ဒီရုပ်ထုတွေရဲ့ အံ့ဖွယ်ကောင်းမှုတွေကို မင်းတို့တွေ အပြည့်အဝနားလည်နိုင်မှာမဟုတ်သေးဘူး.....ဘုရင်အဆင့်တွေတောင် စွမ်းအားလွှဲပြောင်းဖို့ မလုပ်နိုင်ကြပေမယ့် လီတိုင်ရွှမ်နဲ့ တန်တိုင်လန်တို့ကတော့ လုပ်နိုင်ခဲ့တယ်....."

" ကျွန်တော့်မိဘတွေ တကယ်တော်ကြတယ်နော်....."

"ဒါဆို ကျူးကျော်လာတဲ့မြို့စားအဆင့်က ဒါကို လာရှာတာလား.....သခင်မကြီးတို့အသက်ရှင်နေသေးကြောင်း အတည်ပြုချင်တာလား....."

လော့လန်အိမ်တော်သည် ပြီးခဲ့သောနှစ်အနည်းငယ်အတွင်း ကံဆိုးမိုးမှောင်ကျမှုများစွာဖြင့် ကြုံတွေ့ခဲ့ရသော်လည်း လီတိုင်ရွှမ်နှင့်တန်တိုင်လန် ပြန်လာခြင်းသည် ၎င်းတို့အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုတစ်ခုဖြစ်နေခဲ့သည်။

" အတည်ပြုဖို့သက်သက်တင်ဘယ်ကမလဲ....ဒီအသက်မီးတွေကိုသာ ငြှိမ်းသတ်လိုက်ရင် မင်းမိဘတွေ အပြင်အထန်ဒဏ်ရာရသွားလိမ့်မယ်.... ဒီဒဏ်ရာတွေနဲ့ဆို မြင့်မြတ်တဲ့စစ်တလင်းမှာ အသက်အန္တရာယ်တွေ ပတ်လည်ဝိုင်းနေတော့မှာ...."

" သိပ်ပြီးလည်း စိတ်ပူမနေနဲ့....မြေအောက်နန်းတော်ကို နှစ်ပိုင်းခွဲထားတယ်....အပြင်ဘက်အပိုင်းက အိမ်တော်တစ်ခုလုံးကို လွှမ်းခြုံထားတာမို့ မြို့စားအဆင့်တွေဆိုရင်တောင် ခွန်အားကို အတိုင်းအတာတစ်ခုအထိ မလျှော့ချထားဘဲ ဝင်လာလို့မရဘူး....."

" ဒါဆို ကျွန်မတို့တွေ ဘာလို့အာရုံမခံမိတာလဲ......"

" ဒီအကာအကွယ်က မြို့စားအဆင့်အောက်တွေအတွက် အသုံးမဝင်ဘူး....ဒါ့ကြောင့် အာမရုံမိတာပေါ့....."

"ဒီအကာအကွယ်အတွက် စွမ်းအားတွေကို ဘယ်ကနေရလဲ မင်းတို့သိလား....."

" သိသွားရင် မင်းတို့ လုံးဝအံ့သြသွားလိမ့်မယ်....."

" လော့လန်အိမ်တော​ကနေ ရတာ......"

All Chapters