← Chapters

မြေအောက်နန်းတော်.....

Vol. 14 Ch. 191

မြေအောက်နန်းတော်.....

Vol. 14 Ch. 191

ပေါင်ပေါင့် စကားများကြောင့် လီလော့နှင့်ကျန်းချင်းအာတို့နှစ်ယောက် ရှုပ်ထွေးသေယအကြည့်များနှင့် တစ်ယောက်ကိုတစ်ယောက် ကြည့်နေခဲ့မိသည်။

ပေါင်ပေါင် ဘာတွေပြောနေတာလဲ.....

" သူတို့တွေ လော့လန်အိမ်တော်မှာ ဘာကိုလာရှာကြတာလဲ...."

"မင်းမိဘတွေ ချန်ထားခဲ့တဲ့ အရာတစ်ခု... ပြီးတော့ သူတို့ အသက်ရှင်နေသေးနေသေးသလားဆိုတာ အတည်လာပြုကြတာ....."

" သခင်ကြီးနဲ့သခင်မကြီးက မြင့်မြတ်တဲ့စစ်တလင်းမှာမဟုတ်ဘူးလား.....ဘာလို့ သူတို့ကို လော့လန်ပင်မအိမ်တော်မှာ လာရှာကြတာလဲ...."

ကျန်းချင်းအာက သိလိုစိတ်ပြင်းပြစွာ မေးခွန်းထုတ်လိုက်သည်။

" အဟက်.....ဒါ့ကြောင့်မို့ သူတို့လင်မယားကို အံ့သြစရာကောင်းတယ်လို့ပြောကြတာပေါ့....ဘာအစီအစဉ်မှမရှိဘဲ စစ်တလင်းဆီ ဒီအတိုင်းထွက်သွားပါ့မလား...."

ပေါင်ပေါင်ပြောလိုက်သမျှစကားတိုင်းသည် လီလော့တို့အတွက် ကမ္ဘသစ်တစ်ခုဖွင့်လှစ်ပေးလိုက်သည့်နှယ်.....

" ကဲ...ငါနဲ့လိုက်ခဲ့ကြ......

ဤသို့ဖြင့် ပေါင်ပေါင်သည် လီလော့တို့ကို စားဖိုဆောင်ဆီ ခေါ်ဆောင်သွားခဲ့လေသည်။

ထိုစားဖိုဆောင်သည် ပေါင်ပေါင်၏ပိုင်နက်နယ်မြေဆိုလည်း မမှားနိုင်ပေ။

ပေါင်ပေါင်က ပဲ့တင်ထပ်သံစွမ်းအားများကို စားဖိုဆောင်အတွင်းဘက်နံရံဆီပစ်လွှတ််လိုက်သည့်အခါ အဘင်းတန်များ ရုတ်တရက်ထွက်ပေါ်လာပြီး ကွန်ရက်တစ်ခုသဖွယ်ဖွဲ့စည်းသွားလေ၏။

ခရက်...ခရက်.....

ထူးဆန်းသော မြည်သံအချို့ထွက်ပေါ်လာပြီး ထိုအလင်းကွန်ရက်ကနေ မြေအောက်ခန်းသို့ဆင်းနိုင်သည့် လှေကားတစ်ခုဖြစ်ပေါ်လာသည်။

" ဒါက ဝင်ပေါက်....ငါ့ရဲ့ပဲ့တင်ထပ်သံစွမ်းအားက ဒီဝင်ပေါက်ကို ဖွင့်နိုင်တဲ့သော့....မင်းတို့နှစ်ယောက်လည်း ဒီဝင်ပေါက်ကို ဖွင့်လို့ရတယ်..."

လီလော့တို့နှစ်ယောက်လည်း အူကြောင်ကြောင်နဲ့သာ ပေါင်ပေါင်နှင့်အတူ အောက်ထပ်သို့ဆင်းခဲ့ကြသည်။

လီလော့တို့အောက်ထပ်ဆင်းသွားသည်နှင့်နံရံပေါ်ရှိ အလင်းကွန်ရက်သည် တဖြည်းဖြည်း မှိန်​ဖျော့လာပြီး တခဏအကြာတွင် နဂိုအတိုင်း နံရံတစ်ခုအဖြစ် ပြောင်းလဲသွားလေ၏။

အောက်ဘက်သို့ ဆင်းလာသည်နှင့်အမျှ တဖြည်းဖြည်း မှောင်လာပြီး နောက်ဆုံးတွင် ခမ်းနားထညဝါလှသော မြေအောက်နန်းဆောင်တစ်ခုကိုတွေ့မြင်လိုက်ကြရသည်။

ထိုနေရာတစ်လုံးတွင် လင်းလက်နေသော

မှော်စာလုံးများနှင့် ပြည့်နှက်နေသည်မှာ ရင်သပ်ရှုမောဖွယ်ကောင်းနေတော့သည်။

နန်းဆောင်၏အလယ်ဗဟိုတွင် ကျောက်သားဖြင့်ထွင်းထုထားသော နဂါးရုပ်ထုနှင့် ဖီးနစ်ရုပ်ထုတို့ရှိနေပြီူ ထိုရုပ်ထုနှစ်ခု၏ဉီးခေါင်းပိုင်းတွင် မီးတောက်တစ်ခုစီရှိနေသည်။

မီးတောက်တစ်ခုက ကြက်သွေးရောင်ဖြစ်ပြီး ကျန်တစ်ခုက နက်ပြာရောင်......

ထိုမီးတောက်များဆီမှ ရင်းနှီးနေသော အသက်စွမ်းအားတချို့ကို လီလော့ခံစားမိနေသည်။

" ဒါ...ဒါတွေက...."

ကျန်းချင်းအာသည်လည်း အံ့သြမှုအပြည့်ဖြင့် ပေါင်ပေါင်၏အဖြေစကားကို စောင့်မျှော်နေသည်။

" ဟုတ်တယ်...ဒါတွေက လီတိုင်ရွှမ်နဲ့တန်တိုင်လန်တို့ရဲ့ အသက်မီးတောက်တွေ.....ဒီမီးတောက်တွေ အရှိန်ပြင်းပြင်းတောက်လေုင်နေတာက သူတို့နှစ်ယောက် အသက်အန္တာရာယ်မရှိဘူးဆိုတဲ့ အဓိပ္ပါယ်ပဲ...."

လေးလံလှသော ဖိအားကြီးတစ်ခု ပြုတ်ကျသွားသလို ခံစားရသောကြောင့် ကြက်သီးများပင် တဖြန်းဖြန်းထလာလေသည်။

ဤနှစ်များတစ်လျှောက် ထိုသို့သော လေးလံမှုကြီးကို တစ်လျှောက်လုံး ထမ်းပိုးထားခဲ့ရသည်။မြင့်မြတ်သော စစ်တလင်း၏ ကြီးကျယ်မှုကို မသိနားမလည်ခဲ့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ မိဘနှစ်ပါး၏ လုံခြုံရေးအတွက် စိုးရိမ်ပူပန်မှုများ တရိပ်ရိပ်တိုးပွားလာခဲ့သည်။

မည်သို့ပင်ဆိုစေ မြင့်မြတ်သောစစ်တလင်းသည် မြို့စားအဆင့်နည်းပြချီချန်းတို့တောင် ကြောက်လန့်ရသော နေရာတစ်ခုဖြစ်နေသည်မဟုတ်လော။

စိုးရိမ်ထိတ်လန့်မှုများကို ​ဖြေရှင်းရန် နည်းလမ်းမရှိဘူးလို့ ထင်ခဲ့သော်လည်း မျက်စိရှေ့တွင် တောင်လောင်နေသော အသက်မီးတောက်နှစ်ခုကြောင့် စိတ်နှလုံးသားတစ်ခုလုံး နွေးထွေးနေခဲ့ပါသည်။

ရှင်းသန့်လှသည် ပျော်ရွှင်မှုကြောင့် အလိိုလိုနေရင်း ပြုံးနေခဲ့မိသည်။

"တော်သေးတာပေါ့...."

ကျန်းချင်းအာသည်လည်း ပျော်ရွှင်မှုကြောင့် မျက်ရည်လည်နေရှာပြီ။

သူမသည်လည်း လီလော့နှင့် ထပ်တူ ပူပန်ခဲ့ရသည်မဟုတ်လော။

" ဘာလို့ စောစောကတည်းက မပြောပြခဲ့တာလဲ ဉီလေးပေါင်ရယ်...."

" ရှပြည်ထောင်စုမှာ မင်းတို့နှစ်ယောက်ထပ် သူတို့လင်မယားကို စိတ်ဝင်စားနေတဲ့သူတွေ ရှိနေလို့ပေါ့ကွာ....."

// ဒါဆို ဟိုနေ့ညက ခိုးဝင်လာတဲ့ မြို့စားအဆင့်ကလည်း မြေအောက်နန်းတော်အကြောင်းသိချင်နေတာပေါ့....//

" ဒီမြေအောက်နန်းတော်က အသက်မီးတောက်နှစ်ခုအတွက် သီးသန့်ဆောက်ထားတယ်လို့ ထင်နေတာလား....."

ပေါင်ပေါင်က နံရံထက်တွင် ရေးထွင်းထားသော မှော်စာလုံများကို လက်ညှိုးထိုးပြပြီး မေးခွန်းထုတ်လိုက်ပြ

All Chapters