လျှို့ဝှက်ချက်များ.....
Vol. 14 Ch. 192
" လော့လန်အိမ်တော်ကနေ...."
လီလော့တို့နှစ်ယောက်စလုံး အမှန်ပင် အံ့သြနေကြသည်။
တခြားမြို့စားအဆင့်တွေ ဝင်မလာအောင် တားထားတဲ့ လော့လန်အိမ်တော်ရဲ့ ခုခံရေးစွမ်းအားက လော့လန်အိမ်တော် ဆီက လာတာလား???
လော့လန်အိမ်တော်မှာ ဘယ်လို စွမ်းအားတွေ ရှိနေသလဲ.....
" တိတိကျကျပြောရရင်....လော့လန်အိမ်တော်ရဲ့တည်ရှိမှုပေါ့....."
" စိတ်ကူးယဉ်ဆန်တဲ့လို့ ထင်ရပေမယ့် တကယ်ပဲ လော့လန်အိမ်တော်ရဲ့တည်ရှိမှုက အကာအကွယ်စွမ်းအားတွေကို ထုတ်လွှတ်ပေးနေတာ.....အိမ်တော်ကို တည်ဆောက်ကတည်းက သေချာချိန်ညှိပြီးတည်ဆောက်ထားခဲ့တာဆိုတော့ လော့လန်
အိမ်တော်ပိုကြီးကျော်ကြားထင်ရှားလာလေ အကာအကွယ်စွမ်းအားတွေ ပိုကောင်းလာလေပဲ.....ဒါ သိပ်ကို အံ့သြစရာကောင်းတဲ့ လှည့်ကွက်ပဲ....."
" ဆန့်ကျင်ဘက်အနေနဲ့ ပြောရရင် လော့လန်အိမ်တော်ကျဆင်းလာလေ ကာကွယ်နိုင်မှုလျော့နည်းလာလေပဲ.....လော့လန်အိမ်တော် ပျက်စီးသွားရင် အကာအကွယ်အစီအရင်လည်း လုံးဝပျက်စီးသွားလိမ့်မယ်....."
" ဒီနှစ်တွေအတွင်း လော့လန်အိမ်တော်ကျဆင်းလာတာကြောင့် အကာအကွယ်အစီအရင်လည်း အားနည်းလာပြီ...ဒါကြောင့်မို့ မြို့စားအဆင့်တစ်ယောက်က ကိုယ်ပွားလွှတ်စေလွှတ်ပြီး ကျုးကျော်နိုင်ခဲ့တာပေါ့....."
" လျှို့ဝှက်ချက်တွေကို အခုလိုထုတ်ပြောရတာလည်း ဒါ့ကြောင့်ပဲ......အကာအကွယ်အစီအရင် အားကောင်းလာဖို့ လော့လန်အိမ်တော် ဒီထက်ပိုတိုးတက်လာမှဖြစ်မယ်...ဒီလိုလုပ်နိုင်တာလဲ မင်းတို့နှစ်ယောက်ပဲရှိတယ်....."
ဟုတ်ပေသည်... လော့လန်အိမ်တော်၏ ကံကြမ္မာသည် မြေအောက်နန်းတော်နှင့် အကာအကွယ်အစီအရင်အတွက် တိုက်ရိုက်သက်ရောက်နေသည်။
ထိုစကားများသည် ရူးကြောင်ကြောင်နိုင်သော်လည်း ပေါင်ပေါင် လိမ်ညာနေခြင်းမဟုတ်ခဲ့ပေ။
ယခုအချိန်တွင် လော့လန်အိမ်တော် တိုးတက်ရေးတစ်ခုကသာ လီလော့အတွက် ပထမဉီးစားပေး လုပ်ဆောင်ရမည့်အရာဖြစ်နေသည်။
မည်သို့ပင်ဆိုစေ ထိုသို့ ရည်မှန်းချက်ရှိလာခြင်းသည် လီလော့နှင့်ကျန်းချင်းအာတို့အတွက် ကောင်းမွန်သည်ဟုသာ ဆိုရပေမည်။ မိဘနှစ်ပါးပြန်လာမည့်အချိန်ကို အိမ်တော်တိုးတက်အောင် ကြိုးစားနေရင်း စောင့်ဆိုင်းနေကြရမည်သာ......
" ဉီးလေးပေါင်က ကျုးကျော်လာတဲ့ မြို့စားအဆင့်ကိုယ်ပွားကိုတောင် သတ်ပစ်နိုင်တယ်ဆိုတော့ အနည်းဆုံး မြို့စားအဆင့်လောက်တော့ရှိမှာပေါ့... အကယ်၍ ဉီးလေးပေါင်သာ ဖြေရှင်းပေးမယ်ဆို အိမ်တော်ရဲ့အရေးကိစ္စတွေ တစ်ခါတည်းရှင်းသွားနိုင်မယ်မဟုတ်လား......"
လော့လန်အိမ်တော်သည် မြို့စားအဆင့် ကာကွယ်သူမရှိ၍သာ ခွေးအများ ပတ်လည်ဝိုင်းနေခြင်းဖြစ်သည်။ အကယ်၍ ပေါင်ပေါင်သာ ရှေ့ထွက်လာမည်ဆိုပါက လော့လန်အိမ်တော်သည် ယခင်ကထက်ပင် ပိုသန်မာလာလိမ့်မည်။
"ဟူးးးး မင်းတို့တွေ ဒီအဖိုးကြီးကို အထင်ကြီးလွန်းနေကြပြီ....."
" အတိတ်က ဖြစ်ရပ်တွေကို တစ်ခုချင်းစီ ခရေစေ့တွင်းကျမရှင်းပြနိုင်သေးပေမယ့် တစ်ခုတော့ သိအောင်ပြောထားရဉီးမယ်..ငါကပင်မအိမ်တော်ကနေ တဖဝါးမှခွာလို့မရဘူး.....ပြီးတော့ ငါ့ခွန်အားတွေကလည်း ကန့်သတ်ခံထားရတယ်.....အဆိုးဝါးဆုံး အခြေနေမဟုတ်ရင် မကူညီပေးနိုင်ဘူး....."
ဟုတ်ပေသည်။ ပေါင်ပေါင်သာ အမှန်တကယ် ဝင်ရောက်စွက်ဖက်နိုင်ခဲ့ပါက လော့လန်အိမ်တော်သည် လက်ရှိအခြေအနေသို့ ကျဆင်းသွားသည်ကို ထိုင်ကြည့်နေမည်မဟုတ်ပေ။
" တစ်ခုလောက် မေးချင်တယ်.....ကျူးကျော်လာတဲ့သူက ဘယ်ကလဲ....ဒူဇီအိမ်တော်၊ ဂျိရအိမ်တော်...ဒါမှမဟုတ် သန်မာတဲ့အင်အားစုတစ်ခုကလား....ပြီးတော့ ကျွန်တော့မိဘတွေ သေမင်းလက်မှတ် မဲနှိုက်မိတာကရော....."
ထိုမေးခွန်းသည် လော့လန်အိမ်တော် အရေးကိစ္စများကို ဖြေရှင်းရာ၌ အလွန်အရေးပါနေသည်။
" ကျူးကျော်သူ ဘယ်သူမှန်း ငါလည်း မသိဘူး....မြို့စားအဆင့်တစ်ယောက်အတွက် ကိုယ်ပိုင်အချက်အလက်ကို ဖုံးကွယ်ထားဖို့ဆိုတာ သိပ်လွယ်လွန်းတယ်လေ.....ပြီးတော့ ရှပြည်ထောင်စုမှာ မြို့စားအဆင့်တွေ အများကြီးရှိနေတယ်....."
"သေမင်းတမာန်လက်မှတ်အတွက်လည်း ငါ့မှာအဖြေမရှိဘူး...ဒါပေမယ့် လော့လန်အိမ်တော်ကို ပျက်စီးရာပျက်စီးကြောင်း ကြံစည်နေတဲ့လျှို့ဝှက်တဲ့သူတစ်ယောက်တော့ရှိတယ်....."
"လွန်ခဲ့တဲ့နှစ်တွေအတွင်း အိမ်တော်ကို စေံာင့်ကြည့်နေကြတဲ့သူတွေ မနည်းဘူး....အိမ်တော်ရဲ့အကာအကွယ်အစီအရင် အားနည်းလာတာကို ဒီလူတွေသိသွားမှာကိုပဲ ကြောက်တာ.......အဲ့လိုသာဆို နောက်ဆက်တွဲ ပြသာနာတွေ ပြင်းထန်လာလိမ့်မယ်....."
" ဟိုတလောတုန်းက ဖေဟောင့်ကြောင့် အတော်ဒုက္ခများခဲ့သေးတယ်မဟုတ်လား....အဲ့တာကြောင့် အစီအရင်အားနည်းလာတယ်ထင်တယ်.....ဒါ သေချာတွက်ချက်ပြီး စီစဉ်ထားတာနဲ့တူတယ်......"
"ဉီးလေးပေါင်... ကျွန်မမှာလည်း မေးစရာတစ်ခုရှိတယ်....."
" အသက်မီးတောက်နဲ့ အကာအကွယ်အစီအရင်တွေကို ကျုးကျော်လာသူက ဘယ်လိုလုပ်ပြီးသိနေတာလဲ....."
" ဟူးးးဒါဆို ငါ့မှာလည်း မင်းတို့သိအောင်ပြောပြစရာတစ်ခု တိုးလာပြီပေါ့.....တကယ်တော့ လီလော့ရဲ့မိဘတွေက ရှပြည်ထောင်စုကလူတွေမဟုတ်ဘူး...."
" ဒါဆို ဉီးလေးပေါင်ပြောချင်တာက ရှပြည်ထောင်စုရဲ့အပြင်ဘက် တိုင်းပြည်တစ်ခုကပေါ့.....ဟုတ်လား......."
"ဟုတ်တယ်....အမှောင်အင်အားစုတစ်ခုခုကလို့မင်းမိဘတွေနောက် လိုက်နေကြတာ....."
ပေါင်ပေါင်က နဂါးရုပ်ကို လက်နှင့်ပုတ်လိုက်သည့်အခါ ကုဗပုံအနက်ရောင်ပုံဆောင်ခဲတစ်ခုထွက်ကျလာလေသည်။
ထိုပုံဆောင်ခဲသည် သဘာဝစွမ်းအင်များ ပြည့်ဝနေပုံရပြီး မီးရောင်အောက်တွင် တောက်ပလင်းလက်နေသည်။
ပေါင်ပေါင်သည် ထိုပုံဆောင်ခဲကို မြတ်နိုးမှုအပြည့်ဖြင့် စိုက်ကြည့်နေလေ၏။
" ဒီပုံဆောင်ခဲလေးက မြေအောက်နန်းတော်ရဲ့အမြုတေဆိုလည်း ဟုတ်တယ်.... ပြီးတော့ မင်းမိဘတွေ အချင်းချင်း စွမ်းအားကူးပြောင်းနိုင်အောင်လည်းလုပ်ပေးနိုင်တယ်....."
" ကြည့်ရတာ အမှောင်အင်အားစုကဒီပုံဆောင်ခဲနောက်လိုက်နေကြတာထင်တယ်...."
" ဒီပုံဆောင်ခဲကို နတ်ဘုရားရေးရာ
လို့ခေါ်တယ်....မင်းတို့ကတော့ဘယ်သိပါ့မလဲ......မြို့စားအဆင့်တိုင်းက ဒီပုံဆောင်ခဲကိုရဖို့အတွက်ဆို ဘာမဆိုပေးဆပ်နိုင်ကြတယ်.....ရှေးဒဏ္ဍာရီတွေအရဆို ဒါလေးမှာ ဘုရင်အဆင့်ရောက်နိုင်တဲ့ လျှို့ဝှက်ချက်တွေရှိနေတယ်တဲ့....."