← Chapters

လော့လန်အိမ်တော်ကို သန်မာလာစေမယ့် ပန်းတိုင်.......

Vol. 14 Ch. 193

လော့လန်အိမ်တော်ကို သန်မာလာစေမယ့် ပန်းတိုင်.......

Vol. 14 Ch. 193

" ဘုရင်အဆင့်တွေရဲ့ လျှို့ဝှက်ချက်? ???"

ရှပြည်ထောင်စုတွင် မြို့စားအဆင့်ထက်ကျော်လွန်သူဟူ၍မရှိသေးသောကြောင့် လီလော့တို့ အံ့သြနေသည်မှာ မထူးဆန်းတော့ပေ။

ထို့အပြင် ရှပြည်ထောင်စုရှိ မြို့စားအရေအတွက် အလွန်နည်းပါးလှသောကြောင့် ဘုရင်အဆင့်ထိရောက်ရန် ကျင့်ကြံရသည်မှာ မည်မျှခက်ခဲမည်ဖြစ်ကြောင်း တွေးကြည့်နိုင်ပေသည်။

နောက်ဆုံးတွင် ဂုဏ်သတင်းကြီးလှသော ကြယ်တာယာခရီးရှည်ကောလိပ်တွင်တောင် မြို့စားအဆင့် များများစားစားရှိမနေခဲ့ပေ။

လီလော့၏မိဘများသည် ရှတိုင်းပြည်မှမဟုတ်ကြသည့်အပြင် အံ့ဖွယ်ကောင်းသောရတနာများကိုလည်း ပိုင်ဆိုင်ထားခြင်းကြောင့် ပို၍စိတ်ဝင်စားဖွယ်ကောင်းလာလေပြီ။

မိဘနှစ်ပါးထံတွင် များပြားသော လျှို့ဝှက်ချက်များရှိဉီးမည်ဖြစ်ကြောင်း ခံစားမိနေရသည်။

" ဉီးလေးပေါင် ရုတ်တရက်ကြီး ကျွန်မတို့ကို ဘာလို့ ဒီအကြောင်းတွေထုတ်ပြောနေရတာလဲ...."

" မေးတတ်တယ်....  အိမ်တော်ရဲ့အကာအကွယ်အစီအရင်တွေ အားနည်းလာတာကို ရန်သူတွေဘက်က သိသွားမှာကို စိုးရိမ်လို့ပါ....ဒီအတိုင်းသာဆို နောက်ထပ်နှစ်ဝက်လောက်ဆို အစီအရင်တွေလုံးဝ သုံးလို့ရတော့မှာမဟုတ်ဘူး....."

" ရန်သူတွေသာ ဒီအကြောင်းကို သိသွားရင် ပင်မအိမ်တော်ကိုကျူးကျော်ပြီး လီလော့မိဘတွေရဲ့အသက်မီးတောက်တွေကို ငြှိမ်းသတ်မယ်....ပြီးရင် နတ်ဘုရားရေးရာ

ကိုလည်း ယူသွားကြလိမ့်မယ်.....အဲ့လိုတွေသာဖြစ်လာရင် ငါလည်း ဒီလူတွေကို တစ်ယောက်တည်း ခုခံနိုင်မှာမဟုတ်ဘူး....."

ဤအတိုင်းသာဆို လော့လန်အိမ်တော်သည် ကပ်ဘေးဆိုက်သကဲ့သို့ ပျက်စီးချေတော့မည်။

" ဒါ့ကြောင့်မို့ မင်းတို့တတွေ နှစ်ဝက်အတွင်း တိုးတက်အောင်လုပ်ဆောင်နိူင်မှဖြစ်မယ်...."

အိမ်တော်တိုးတက်အောင် ဆောင်ရွက်ရမည့် ဖိအားကို အရင်ကတည်းက ထမ်းပိုးထားခဲ့ရသော်လည်း ယခုချိန်တွင် အချိန်ကန့်သတ်ချက်ရှိလာခဲ့ပြီဖြစ်သည်။

နှစ်ဝက်.....

သုံးယောက်စလုံး အသက်အောင့်ထားလိုက်မိလေသည်။

မည်သို့ပင်ဆိုစေ သူတို့အတွက် ရွေးချယ်စရာမရှိခဲ့ပေ။ အသက်မီးတောက်၊ နတ်ဘုရားရေးရာ....ဘယ်အရာမဆို အရေးကြီးနေသည်မဟုတ်လော။

" သိပ်လည်းစိုးရိမ်မနေပါနဲ့...ကျူးကျော်လာတဲ့သူက ကိုယ်ထင်မပြဘူးဆိုတော့ သူ့မှာလဲ ကြောက်ရမယ့်အရာတွေရှိနေပုံရတယ်....သူ့ရဲ့လုပ်ရပ်တွေသာ လူသိထင်ရှားဖြစ်သွားရင် ကြယ်တာယာခရီးရှည်ကောလိပ်၊ရွှေနဂါးဘဏ်တိုက်နဲ့ တော်ဝင်ရုံးတော်တို့တွေ သတိထားမိသွားမှာစိုးလို့နဲ့တူတယ်...."

" ဟုတ်တယ်...အဲ့ဒီ့အင်အားစုတွေ

နတ်ဘုရားရေးရာအကြောင်းကို သိသိ မသိသိ သူတို့အချင်းချင်းငြိကြတာနဲ့ကျွန်မတို့အတွက် အကျိုးရှိလာနိူင်တယ်...."

ဟုတ်ပေသည်။ရန်သူတွေဘက်ကလည်း

လော့လန်အိမ်တော်၏လျှို့ဝှက်ချက်များကို လူသိခံလိမ့်မည်မဟုတ်ပေ။

" ဒါပေမယ့်လည်း သူတို့တွေအပေါ် မျှော်လင့်ချက်ထားမနေနဲ့.....အိမ်တော်ကိုပိုပြီးတိုးတက်လာအောင် ကိုယ်တိုင်ကြိုးစားရမယ်....."

ပေါင်ပေါင်သည် လီလော့နှင့်ကျန်းချင်းအာတို့၏ ယုံကြည်မှုရှိရှိပြောဆိုပုံများကြောင့် အတော်လေး စိတ်သက်သာရာရသွားခဲ့သည်။

" ဉီးလေးပေါင် ကျွန်တော်တို့ကို စောစောကတည်းက ပြောပြခဲ့သင့်တယ်...."

" ပြောခဲ့တော့ရော..မင်းတို့က ဘာလုပ်နိုင်မှာမို့လို့လဲ...."

ပေါင်ပေါင်အတွက်တော့ လီလော့သည် အားနည်းသူတစ်ယောက်သာပင်.....

" ဒါတွေအသာထားလိုက်ဉီး....ဘယ်လိုပဲအိမ်တော်ရဲ့အရေးကိစ္စကအရေးကြီးနေပါစေ မင်းရဲ့ လက်ကျန်သက်တမ်းအတွက်လည်း အာရုံစိုက်ထားဉီး....."

ကောက်ကာငင်ကာ ပြောလိုက်သည့်ထိုစကားကြောင့် လီလော့ ရင်ထိတ်သွားသည်။

သူဘယ်လိုသိနေတာလဲ.....

"လက်ကျန်သက်တမ်း....???"

" လက်ကျန်သက်တမ်းဆိုတာ ဘာကိုပြောတာလဲ...လီလော့!!!!!!!!"

ကျန်းချင်းအာ၏ အသံသည် သိသာလောက်သည်အထိ တုန်ရီနေသည်။

" နင်မသိသေးဘူးလား....သူနင့်ကို မပြောရသေးဘူးနဲ့တူတယ်...."

ပေါင်ပေါင်သည် ခေါင်းပြောင်ကြီး ပွတ်ပြီး လီလော့ကို အားတုံ့အားနာအပြုံးမျိုး ပြုံးပြနေရှာသည်။

"ဒီပါးစပ်ကတော့လေ....."

" တော်လိုက်တော့ ဉီးလေးပေါင်...ဆက်မပြောနဲ့တော့.... လီလော့.... ငါကို အခုချက်ချင်းရှင်းပြစမ်း!!!!!"

လီလော့ ပွဲသိမ်းလေပြီ.....

"ဘာ..ဘာမှတော့မဟုတ်ပါဘူး.... ဗလာနန်းတော်ကိစ္စဖြေရှင်းလိုက်တုန်းက သက်တမ်းအချို့ ပေးဆပ်လိုက်ရတယ်....ငါ့မှာ သက်တမ်းငါးနှစ်ပဲကျန်တော့တယ်...."

ဝုန်းးးးး

လုံးဝကို စိတ်လွတ်သွားသောကြောင့် ကျန်းချင်းအာ၏ခန္ဓာကိုယ်မှ ပဲ့တင်ထပ်သံစွမ်းအားများ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

သူမ၏ မျက်နှာပေါ်တွင် ဝေခွဲမရမှုတွေ၊ ဝမ်းနည်းမှုတွေ၊ ယူကြုံးမရဖြစ်ခြင်းတွေ တလှည့်ဆီထင်ဟပ်နေခဲ့ပါသည်။

သူမ မယုံကြည်နိူင်သေးပေ။

"စိတ်မပူပါနဲ့....ဒါက ယာယီပါပဲ....ငါးနှစ်အတွင်း မြို့စားအဆင့်ရောက်နိုင်ရင် ပုံမှန်ပြန်ဖြစ်သွားမှာပါ....."

ထိုစကားကြောင့် အနည်းငယ်စိတ်ပြေသွားသော်လည်း ဒေါသထွက်နေဆဲပင်.....

" ငါးနှစ်အတွင်း မြို့စားအဆင့်ရောက်ရမယ်????"

နောက်ငါးနှစ်ဆို လီလော့အသက် ၂၃နှစ်ခန့်သာရှိပေဉီးမည်။ အချိန်တိုအတွင်း မြို့စားအဆင့်ရောက်ရန် လီလော့၏မိဘနှစ်ပါးပင်ကူညီနိုင်လိမ့်မည်မဟုတ်ပေ။

အဆင့်ကိုး ပဲ့တင်ထပ်သံပိုင်ဆိုင်ထားသူ ကျန်းချင်းအာအတွက်တော့ ဖြစ်ကောင်းဖြစ်နိုင်လိမ့်မည်။

" စိတ်မပူပါနဲ့..... ငါ ဖြစ်အောင်လုပ်ပါ့မယ်....အဲ့တုန်းက ဗလာနန်းတော်ကိစ္စ​ဖြေရှင်းဖို့ တခြားနည်းလမ်းမှမရှိခဲ့တာ....."

ရွေးချယ်စရာမရှိတော့သည့်အပြင် ဖြစ်ပြီးသားကိစ္စတစ်ခုကို ပြန်ပြင်ရန် မဖြစ်နိုင်တော့သည့်အတွက် ကျန်းချင်းအာ စိတ်လျှော့လိုက်ရတော့သည်။

သို့သော်လည်း အရေးကြီးသောကိစ္စတစ်ခုကို သူမကို လျှို့ဝှက်ထားသည့်အတွက်တော့ ဒေါသဖြစ်နေမိသည်။

လီလော့က ပေါင်ပေါင်ကို စစ်ကူခေါ်သည့်အနေဖြင့် လှမ်းကြည့်လိုက်သော်လည်း ပေါင်ပေါင်ကတော့ လစ်ပြေးဖို့ပြင်နေပြီ။

" ဒီနေ့ ငါပြောပြထားတဲ့ လျှို့ဝှက်ချက်တွေကို ဘယ်သူမှမသိစေနဲ့....ပြီးတော့ အိမ်တော်တိုးတက်အောင် အကောင်းဆုံး​ကြိုးစားကြ.....ကံကောင်းကြပါစေကွာ...."

ပြောပြီးသည်နှင့် တချိုးတည်း လစ်ပြေးလေတော့သည်။

"လီလော့....နင်ငါနဲ့ လေ့ကျင့်ရေးခန်းမဆီလိုက်ခဲ့....."

ကျန်းချင်းအာ၏ အမိန့်ဆန်ဆန် လေသံကြောင့် လီလော့ ခေါင်းငိုက်စိုက်ကြသွားလေတော့သည်။

.........................

လေ့ကျင့်ရေးခန်းမထဲတွင်......

လီလော့သည် လေ့ကျင့်ရေးဝတ်စုံကို ဝတ်ဆင်ထားပြီး လက်ထဲတွင်လည်း သစ်သားဓားတစ်လက်ကို ကိုင်ဆောင်ထားသည်။

အခုချိန်တွင် ကျန်းချင်းအာ ဒေါသပြေသည်အထိ အရိုက်ခံရုံမှတပါး ရွေးချယ်စရာမရှိတော့ပေ။

ဝှစ်.....

လေတိုးသံနှင့်အတူ ကျန်းချင်းအာသည်လည်း လီလော့ရှေ့သို့ ရောက်လာခဲ့လေပြီ။

မြန်ဆန်လွန်းလှသော ဓားချက်ကို မခုခံနိုင်မှန်းသိနေသည့်အတွက် မျက်စိကိုသာ စုံမှိတ်ထားလိုက်တော့သည်။

သို့သော်လည်း ဓားချက်က သူ့ပုခုံးကိုသာ ခပ်ဖိဖိထိမိလိုက်သောကြောင့် မျက်စိဖွင့်ကြည့်လိုက်သည့်အခါ.....

အမြဲတစေ တည်​ငြိမ်နေခဲ့သော ကျန်းချင်းအာ၏ ရွှေရောင်မျက်ဝန်းထဲတွင် အကြောက်တရားများကြီးစိုးနေလေ၏။

" အစ်မကြီးချင်းအာ.....စိတ်မပူပါနဲ့....ငါအကောင်းဆုံး ကြိုးစားမှာပါ....."

ကျန်းချင်းအာက လီလော့နဲ့နဖူးချင်းထိကပ်လိုက်ပြီး.....

" ငါ့ကို ကတိပေးပါ....."

" အင်းပါ....မဖြစ်ဖြစ်အောင်ကြိုးစားမယ်လို့ ကတ်ိပေးပါတယ်....."

All Chapters