← Chapters

တိုးတက်မှုအစီအစဉ်......

Vol. 14 Ch. 194

တိုးတက်မှုအစီအစဉ်......

Vol. 14 Ch. 194

နောက်တစ်နေ့နံနက်.....

လီလော့ဆီသို့ ကျန်းချင်းအာ ရောက်လာပြီး သေတ္တာတစ်ခုပေးခဲ့သည်။

"ဒါတွေက ချိုင်ဝေ နင့်အတွက် ဝယ်ပေးထာူတဲ့ ဝိဉာဉ်ရည်တွေ....."

ယခုချိန်တွင် ဝိဉာဉ်ရည်များကို ပူတပြင်းလိုအပ်နေသောကြောင့် လီလော့ကလည်း ဝမ်းပန်းတသာ လက်ခံခဲ့သည်။

ဤပမာဏလောက်သာဆို အချိန်တစ်ခုထိတော့ သုံနိုင်ပေလိမ့်မည်။

"ကျေးဇူးပါ... "

" တကယ်ဆို ချိုင်ဝေ့ကို ကျေးဇူးတင်သင့်တာ....ဝင်ငွေကောင်းလာပြီဆိုပေမယ့်လည်း ဒါတွေဝယ်ဖို့အတွက် သူ့ခင်မျာ အသုံးစရိတ်တွေ သေချာစီစစ်ထားရရှာတယ်...."

လီလော့ လေးနက်စွာ ခေါင်းညိတ် ထောက်ခံလိုက်သည်။ယခုချိန်တွင် လော့လန်အိမ်တော်ကို အခြေခိုင်အောင်ပြန်လည်တည်ဆောက်ရန် ငွေ​ကြေးအမြောက်အမြား သုံးစွဲရန်လိုအပ်နေသည်။ သူမှာထားသော ဝိဉာဉ်ရည်များ၏ ကာလတန်ဖိုးကလည်း နည်ပါးသောပမာဏဟုတ်မနေခဲ့ပေ။

" နင့်မှာ အချိန်လေးနှစ်ခွဲပဲကျန်တော့တယ်....အခုတကည်းက တိကျသေချာတဲ့အစီအစဉ်တွေ ရေးဆွဲထားသင့်ပြီ...အချိန်တွေက ဒီအတိုင်းရပ်တန့်နေမှာမဟုတ်ဘူး...."

" ငါမနေ့ညက တွက်ချက်ကြည့်ထားတယ်.....နင် ပထမနှစ်ပြီးရင် ပဲ့တင်ထပ်သံပြောင်းလဲခြင်းဒုတိယအဆင့်လောက် ရောက်နေလိမ့်မယ်ထင်တယ်....."

ဆရာသခင်အဆင့်ကို မျိုးစေ့ချခြင်း၊ ပုံသဏ္ဍာန်ဖွဲ့စည်းခြင်း၊ ပဲ့တင်ထပ်သံပြောင်းလဲခြင်းဟူ၍ အဆင့်သုံးဆင့်ထပ်မံခွဲခြားထားပြီး ပဲ့တင်ထပ်သံပြောင်းလဲခြင်းအဆင့်ကို အဆင့်လေးဆင့် ထပ်မံခွဲခြားထားသေးသည်။

လီလော့သည် ယခုချိန်တွင် ပွင့်လန်းခြင်းနှောင်းပိုင်းအဆင့်သာ ရှိသေးသည့်အတွက် ပဲ့တင်ထပ်သံပြောင်းလဲခြင်းအဆင့်သို့ရောက်ရန် ပုံသဏ္ဍာန်ဖွဲ့စည်းခြင်း အဆင့်ငါးဆင့်ကို ကျော်ဖြတ်ရဉီးမည်။

ထူးချွန်သောကျောင်းသား အနည်းငယ်ခန်းသာ ပထမနှစ်ပြီးဆုံးချိန်တွင် ပုံသဏ္ဍာန်ဖွဲ့စည်းခြင်း တတိယအဆင့်အထိသာရောက်နိုင်ခဲ့ကြသည့်အတွက် ပဲ့တင်ထပ်သံပြောင်းလဲခြင်း ဒုတိယအဆင့်ဆိုသည်မှာ ရူး​လောက်ပေသည်။

တစ်ချို့ဆို ဒုတိယနှစ်ပြီးဆုံးချိန်အထိ ထိုအဆင့်သို့မရောက်နိူင်ခဲ့ကြပေ။

" ဒါဆို ပထမနှစ်ပြီးရင် ပဲ့တင်ထပ်သံပြောင်းလဲခြင်း ဒုတိယအဆင့်...ဒုတိယနှစ်ပြီးရင် ကမ္ဘာ​မြေနဲ့ရင်းနှီးခြင်း အဆင့်ထိရောက်နိူင်မယ်လို့ ပြောချင်တာလား...."

"ဟုတ်တယ်.....နင့်မှာ အချိန်အကန့်အသတ်ရှိနေတယ်....ဒါ့ကြောင့် နှေးကွေးလေးလံနေဖို့ အချိန်မရှိဘူး..... ဒါ့ကြောင့်မို့ ပထမနှစ်ပြီးတာနဲ့ ပဲ့တင်ထပ်သံပြောင်းလဲခြင်း ဒုတိယအဆင့် ရောက်ကိုရောက်နေရမယ်.....သူများတွေထက် နောက်ကျပြီးမှ ကျင့်ကြံနိုင်ခဲ့လည်း ဘာအရေးလဲ.....ကျန်ရှိနေသေးတဲ့အချိန်တွေမှာ ကျင့်ကြံဖို့ကိုပဲ အာရုံစိုက်ထား......ငါ့ရဲ့ကျောင်းတွင်းရမှတ်တွေကို စွမ်းအင်ရည်နဲ့လဲပေးမယ်....အရင်းမြစ်တွေတတ်နိုင်သလောက် ထောက်ပံ့ပေးမယ်......"

" ချင်းအာ....နင်လည်း ကျင့်ကြံဖို့ လိုသေးတယ်လေ..... ရမှတ်တွေအကုန်လုံး ငါ့အတွက်သုံးလိုက်မယ်ဆို အမာခံခုနှစ်ဉီးရွေးချယ်ပွဲမှာ ဘယ်လိုလုပ်ဝင်ပြိုင်နိုင်တော့မှာလဲ......"

" ငါ့မှာ အဆင့်ကိုး အလင်းပဲ့တင်ထပ်သံ ရှိတဲ့အတွက် ကျင့်ကြံမှုအမြန်နှုန်းမှာ ငါ့ကိုယှဉ်နိုင်တဲ့သူမရှိဘူး....အဲ့တာကြောင့်မို့ စိတ်ပူမနေနဲ့....."

" အေးပါ.....နင့်ရဲ့ အဆင့်ကိုးပဲ့တင်ထပ်သံဘယ်လောက်စွမ်းမှန်း သိပါတယ်....ဒါပေမယ့် အမာခံခုနှစ်ဉီးရွေးချယ်ပွဲကိုလည်း ပေါ့ပေါ့လေးတွေးမနေနဲ့......"

လက်ရှိအမာခံခုနှစ်ဉီးစလုံးသည် မြို့စားအဆင့်ထိရောက်နိူင်သည်ဟု ထင်ကြေးပေးခံထားရသူများဖြစ်ကြသည်။ ထို့အပြင် ၎င်းတို့သည် ကျန်းချင်အာထက် အတန်း တနှစ်ကြီးသည့်အပြင် အခွင့်ထူးခံလူတန်းစားများဖြစ်သောကြောင့် အရင်းမြစ်များလည်း ပေါပေါသီသီ ရရှိထားကြသည်။ ထို့ကြောင့် ကျန်းချင်းအာတိုးတက်လာချိန်တွင် သူတို့လည်း ရပ်တန့်နေလိမ့်မည်မဟုတ်ပေ။

ထိုအချက်ကို ဉာဏ်ကောင်းလွန်းသည့် ကျန်းချင်းအာတစ်ယောက် မသိဘဲနေလိမ့်မည်မဟုတ်......

ကျန်းချင်းအာ သူ့အတွက်တွေးထားပေးမှန်းသိသာနေပါသည်။

" ချင်းအာ...နင် ငါ့အတွက် စဉ်းစားပေးတာတွေကြောင့် ရင်ထဲနွေးနေတယ်....ဒါပေမယ့် ငါ့ကိုယုံကြည်ပေးပါ.....နှစ်ကုန်တာနဲ့ ပဲ့တင်ထပ်​ပြောင်းလဲခြင်း ဒုတိယအဆင့် ရောက်နေစေရမယ်....."

" နင့်မှာ အချိန်များများစားစားမရှိဘူး....စကားကိုလွယ်လွယ်မပြောစမ်းနဲ့.....ငါတောင် ပုံသဏ္ဍန်ဖွဲ့စည်းခြင်း စတုတ္ထအဆင့်ရောက်ဖို့ နှစ်လလောက်ကြာခဲ့တာ ...."

" ပုံသဏ္ဍန်ဖွဲ့စည်းခြင်း စတုတ္ထအဆင့်ရောက်ဖို့ နှစ်လလောက်ကြာခဲ့တယ်...."

သေချာစဉ်းစားကြည့်ပြီးနောက် လီလော့ အထွန့်မတက်ရဲတော့ပေ....ငါးနှစ်အတွင်း မြို့စားအဆင့်ရောက်ရန် ထိုမျှလောက်တော့ အရှိန်ယူရမည်။

" ကောင်းပြီ....."

ကျန်းချင်းအာ အခုလို သိသွားသည်မှာလည်းတစ်မျိုးတော့ကောင်းသည်ဟုပင်ဆိုရတော့မည်။ယခင်က လက်ကျန်သက်တမ်းအတွက် စိုးရိမ်ပူပန်ခဲ့သော်လည်း အခုလို တိကျသောအစီအစဉ်မျိုး မစဉ်းစားခဲ့မိပေ။

ယခုဆို ကျန်းချင်းအာ၏ တင်းကြပ်သောစည်းမျဉ်းများကြောင့် အေးရာအေးကြောင်း အချိန်ဆွဲနေ၍ မရတော့ပေ။

လီလော့ဘက်က ဘယ်လိုပဲ နာခံပြနေပါစေ ကျန်းချင်းအာ အခုထိစိတ်မအေးနိုင်ခဲ့ပါ......

လီလော့သာ သေဆုံးသွားမည်ဆို သူမဘယ်လိုနည်းနဲ့မျှ ခံစားနိုင်မည်မဟုတ်ပေ။

ဆရာသခင်နှစ်ယောက်က လီလော့ကို သူမ လက်ထဲအပ်ခဲ့သောကြောင့် လီလော့သာ တစ်ခုခုဖြစ်သွားမယ်ဆို ဆရာသခင်နှစ်ပါးကို မျက်နှာပြဝံ့တော့မည်မဟုတ်....

ထို့ကြောင့် လီလော့သာ အဆိုးဆုံခြေနှင့် ကြုံတွေ့ရမည်ဆို သူမပါ လီလော့နှင့်အတူ မရဏလောကအထိ လိုက်ပါသွားမည်။

ချိုင်ဝေရှိနေသော ဧည့်ခန်းမရောက်သည်အထိ နှစ်ယောက်သား အတွေးကိုယ်စီဖြင့် လျှောက်လာခဲ့ကြသည်။

" သခင်လေးတို့ရောက်လာတာနဲ့အတော်ပဲ....ဖန်ချန်းချီ ခေါ်ထားတဲ့ပညာရှင်တွေသောင်းကျန်းနေတာကြောင့် ရှီးယန်ရုံးချုပ်ကို သွားမှဖြစ်မယ်......ရှမြို့တော်မှာရှိတဲ့ ပညာရှင်အသိုင်းအဝိုင်းတွေကလည်း ဒီအခြေနေကို အကဲခတ်နေကြတယ်....ဒီပြသာနာကိုသာ မဖြေရှင်းနိုင်ရင် ဘယ်ပညာရှင်မှ ရှီးယန်နဲ့လက်တွဲတော့မှမဟုတ်ဘူး....."

ဖေဟောင်၏ သွေးထိုးလှုံ့ဆော်မှုကြောင့် ရှီးယန်ဌာနခွဲများတွင် ပြသာနာတက်ခဲ့သော်လည်း ၎င်းတို့သည် ရုံးချုပ်လက်အောက်တွင်ရှိသောကြောင့် ပြသာနာသိပ်မကြီးခဲ့ပေ။

သို့သော်...ယခုလက်ရှိဖြစ်ပွားနေသောပြသာနာသည် ရှီးယန်ရုံးချုပ်တွင် ဖြစ်နေသောကြောင့် တစ်စုံတစ်ခုသာ မှားယွင်းခဲ့လျှင် လော့လန်အိမ်တော်၏ ဂုဏ်သိက္ခာကိုပါထိခိုက်လာနိူင်သည်။

လီလော့သည် ကျန်းချင်းအာနှင့်် အကြည့်ချင်းဖလှယ်လိုက်ပြီး......

" ကဲ....ဒါဆိုလည်း ရုံးချုပ်ကို သွားကြတာပေါ့.....ပြသာနာဘယ်လောက်ကြီးကြီး ရအောင်​ဖြေရှင်မှဖြစ်မယ်......"

All Chapters