← Chapters

ရှီးယန် ရုံးချုပ် ဝင်ပေါက် တံခါးများ......

Vol. 14 Ch. 195

ရှီးယန် ရုံးချုပ် ဝင်ပေါက် တံခါးများ......

Vol. 14 Ch. 195

ဖန်ချန်းချီသည် ရုံးချုပ်အရှေ့တွင် စုရုံးနေကြသည့် ပညာရှင်များကို ကျေနပ်မှုအပြည့်နှင့် ကြည့်နေလေ၏။

လော့လန်အိမ်တော်၏ အရေးကိစ္စတိုင်းကို လူတိုင်းက နားစွင့်နေကြသောကြောင့် လက်ရှိအခြေနေကို တစေ့တစောင်း အကဲခတ်နေကြသူများလည်း မနည်းလှပေ။

" တန်ယွမ်...လုရှောင်ဖန်း....မင်းတို့ကို သခင်ကြီးကိုယ်တိုင် ယုံကြည်လွန်းလို့ ဌာနခွဲတွေဖွင့်ဖို့စေလွှတ်ခဲ့တာကွ.....ဒါနဲ့များ ဖေဟောင်နဲ့ပူးပေါင်းလိုက်တယ်ပေါ့...မင်းတို့တွေ ဘယ်မျက်နှာနဲ့ ဒီကိုဘာရဲကြတာလဲ!!!"

အကြီးအကဲကျန်း အကြီးအကျယ်ဒေါသထွက်နေပုံရသည်။

နာမည်တပ် အပြောခံရသူနှစ်ဉီး မျက်စိမျက်နှာပျက်နေချိန်တွင် လှောင်ရိပ်စွန်းထင်းနေသောစကားသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

" ဟေးးး လောင်ကျန်း...မင်း စကားကြီးက နားဝင်ဆိုးလိုက်တာကွာ....ဖေဟောင်ကလည်း သခင်ကြီးရဲ့ တပည့်ဆိုတော့ သူလည်း လော့လန်အိမ်တော်နဲ့သက်ဆိုင်နေတာပဲလေ....အဲ့တော့ သူနဲ့ပူးပေါင်းလိုက်တာ ဘာများမှားနေလို့လဲ......"

"ဖန်ချန်းချီ....မင်းကို သခင်လေးကိုတောင် အငြိမ်းစားပေးလိုက်ပြီမဟုတ်လား....အခု ဒီကိုဘာလာလုပ်တာလဲ....."

ဖန်ချန်းချီသည် ရှီးယန်ရုံးချုပ် ဉက္ကဌရွေးပွဲတွင် လီလော့ကို ရှုံးနိမ့်ခဲ့ပြီး ပညာသားပါပါ ပထုတ်ခံထားရသူဖြစ်သည်။

ဖန်ချန်းချီ လှောင်ပြုံးသာ ပြုံးနေလေ၏။ သူသည် ရှီးယန်ရုံးချုပ်တွင် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့သူဖြစ်သောကြောင့် မဟာမိတ်အင်အား မနည်းလှသောကြောင့် ယခုလို ပေါ်ပေါ်တင်တင်စိန်ခေါ်ရဲခြင်းဖြစ်သည်။

သူမရှိသည့်အတွက် ရှီးယန်ရုံးချုပ် ပျက်ဆီးယိုယွင်းလာမည်ဖြစ်ပြီး လီလော့ကလည်း သူ့ကို ပြန်လာဖို့ တောင်းပန်တိုးလျှိုးနေမည်ဟုကြိုတင်တွက်ချက်ထားခဲ့သော်လည်း ရှီးယန်က သူထင်ထားသလို မပျက်စီးသည့်အပြင် အမြတ်အစွန်းများစွာ ရရှိနေသည်ဟု ကြားသိခဲ့သည်။

ထို့ကြောင် ရှီးယန်၏ လက်ရှိအခြေနေကို တီးခေါက်ကြည့်ရန် ရုံးချုပ်တွင်ကျန်ခဲ့သည့် လုပ်ဖော်ကိုင်ဖက်များကို ဆက်သွယ်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးပြ၍ ငြင်းခဲ့ကြသည်။

ရှီးယန်သည် လီလော့ လက်အောက်တွင် အရှိန်အဟုန်ဖြင့် တိုးတက်လာသည်ကိုတော့ မည်သူမျှမငြင်းဆန်နိုင်ပေ။

ထိုသို့တိုးတက်လာရခြင်းမှာလည်း လီလော့၏ လျှို့ဝှက်ရေအရင်းမြစ်ကြောင့်အပြင် ပညာရှင်များကို အကျိုးအမြတ်ခွဲဝေပေးခြင်းတို့ကြောင့်သာပင်.....

ထို့ကြောင် ဖန်ချန်းချီသည် တန်ယွမ်တို့ကို ရှပြည်ထောင်စုဆီပြန်ခေါ်ပြီး နောက်တစ်ကြိမ် တိုက်ပွဲဝင်ရန်အသင့်ပြင်ခဲ့သည်။

" လောင်ကျန်း....ကျုပ်က ယာယီ အနားပေးခံထားရပေမယ့် အပြစ်သားတစ်ယောက်မှမဟုတ်တာ.....ဘာလဲ ခင်ဗျားတို့က ကျုပ်ကို နေအိမ်အကျယ်ချုပ်ချထားချင်နေကြတာလား....."

ပြီးတာနဲ့ တန်ယွမ်တို့ကို လက်ဟန်​ခြေဟန်ပြလိုက်ပြီး.....

" ကျုပ်အခု ဒီကိုရောက်နေတာက ညီအစ်ငကိုတွေအစား တရားမျှတမှုရှာပေးချင်လို့ပါ.....ကျုပ်တို့က တသက်လုံး ရှီးယန်အတွက် ကြိုးစားပေးခဲ့ပေမယ့် သခင်လေး ကောင်းစားချိန်ရောက်တော့ ကျူပ်တို့ကိုဘေးဖယ်ထားတယ်.....သခင်လေးမှာ လျှို့ဝှက်ရေအရင်းအမြစ်အသစ်တစ်ခုရှိနေပေမယ့် ကျုပ်တို့ကို မျှဝေမပေးချင်ဘူးတဲ့.....ဒါတွေကို စိတ်မကောင်းဖြစ်မိလွန်းလို့ အခုလို ရှေ့ထွက်လာရတာပါ....."

အကြီးကဲကျန်းကတော့ ဒေါသထွက်လွန်းလို့ အငွေ့ပျံတော့မလိုတောင်ဖြစ်နေပြီ.....

// ဒီကောင် နှစ်သီးစားဖို့ကြံစည်နေတာပဲ...ဖေဟောင်နဲ့ ပူးပေါင်းထားတဲ့အပြင် သခင်လေးဆီကလည်း လျှို့ဝှက်ရေအရင်းမြစ်ကို လိုချင်နေသေးတယ်...တော်တော် အကြံပက်စက်ပါလား.....//

မည်သို့ပင်ဆိုစေ အချို့သော ပညာရှင်များသည် ပူးပေါင်းထားသူများမဟုတ်ကြပေ...ထို့အပြင် လူသူလေးပါးရှေ့ ကိုယ့်အထုပ်ကိုယ်ဖြည်နေသိလို ဖြစ်နေမှာစိုးတယကြောင့် ဒေါသကို အနိုင်နိုင်မျိုသိပ်ပြီး စိတ်ထဲကနေသာ ကျိန်ဆဲနေခဲ့ရသည်။

"ဒါဆိုလည်း အထဲမှာ ဆွေးနွေးလို့ရနေရက်သားနဲ့ ဘာလို့ ဝင်ပေါက်မှာ ပိတ်နေကြတာလဲ......"

တစ်ချိန်လုံး ငြိမ်သက်နေသည့် တန်ယွမ်ဆိုသူက.....

" သခင်လေးသာ ကျုပ်တို့ ရှီးလင်းဌာနခွဲအတွက် လျှို့ဝှက်ရေအရင်းမြစ် ခွဲဝေပေးမယ် ကျူပ်တို့ ပြန်မှာပါ....."

ထိုအရာသည် လီလော့ကိုယ်တိုင် ဆုံးဖြတ်ရမည့်အရာဖြစ်သောကြောင့် ကျန်းဖန် ဘာတစ်ခွန်းမှ ဆက်မပြောတော့ပေ။......

တန်ယွမ်၏ လူသိရှင်ကြား တောင်းဆိုချက်ကြောင့် ပွဲကြည့်ပရိသတ်များလည်း တဖြည်းဖြည်း ပိုများလာခဲ့ပြီ.......

.....................................................

ရှီးယန်ရုံးချုပ်အနီးရှိ စားသောက်ဆိုင်တစ်ခုတွင်......

ရုံးချုပ်ဝင်ပေါက်မှ မြင်ကွင်းကိုကြည့်ပြီး ဒူဇီပိုင်ရွှမ်းက ကျေနပ်သည့်အပြုံးမျိုး ပြုံးနေသည်။

"ဒီသတင်းတွေ မပြန့် ပြန့်အောင် အားစိုက်ပေးထားရတာဆိုတော့ လီလော့ ဒီတစ်ခေါက်ဘယ်လို ​ဖြေရှင်းမလဲ သိချင်နေပြီ....."

သူ့ဘေးနားတွင် ဒူဇီဟုန်လျန်လည်း ရှိနေသည်။

"လီလော့က ဉာဏ်ထက်တယ်....ဟန်ဇီ မရှိတော့ရင် ပွဲသိမ်းပြီလို့ ထင်ခဲ့ပေမယ့် သူ့အတွက်အရှုပ်ထုပ်တွေ ရှင်းပေးသလိုတောင်ဖြစ်သွားတယ်လေ....."

"ကျွန်တော် ကြားတာတော့ ဒီကောင် ထုတ်ပေးတဲ့ လျှို့ဝှက်ရေအရင်းမြစ်က  အဆင့်မြင့်အဆင့်ခုနှစ်ထိတောင် သန့်စင်တယ်ဆိုပဲ....ဟုတ်နိုင်ပါ့မလား......"

"အဆင့်မြင့်အဆင့်ခုနှစ်..."

ဒူဇီဟုန်လျန် မျက်မှောင်ကြုံ့လိုက်သည်။သူမတို့၏ စိမ့်ရေအိုင်စံအိမ်ပင်လျှင် နှစ်ပေါင်းများစွာ  ငွေကုန်ကြေးကျခံ စမ်းငပ်ပြီးမှသာ လျှို့ဝှက်ရေအရင်းမြစ်တစ်ခုပိုင်ဆိုင်နိုင်ခဲ့ပါသည်။

ထို့သို့သော ရေအရင်းမြစ်ရှိနေသောကြောင့် ရှီးယန် အခုထိ မပျက်စီးသေးသည်ကို အံ့သြနေစရာမလိုတော့ပေ။

သို့သော်လည်း ရှီးယန်သည် အခြေခံအုတ်မြစ် နည်းပါးသည့်အပြင် ဖော်မြူလာပိုင်းတွင်လည်း စိမ့်ရေအိုင်စံအိမ်ထက်များစွာ နောက်ကောက်ကျနေသောကြောင့် စိုးရိမ်နေစရာသိပ်မလိုတော့ပေ။

" ရှီးယန်မှာ သက်တမ်းနုတဲ့ ပညာရှင်တွေပဲကျန်ခဲ့တာ...တစ်ခေါက်ကိစ္စပြီးရင် ဘယ်နှယောက်များကျန်ခဲ့မလဲ ကြည့်ကြသေးတာပေါ့....."

ဒူဇီပိုင်ရွှမ်းက အစ်မဖြစ်သူကို ခေါင်းညိတ်ပြလိုက်သည်။

လပတ်စာမေးပွဲတုန်းက ရခဲ့တဲ့စိတ်ဖိစီးမှုတွေ

ကို ဖွင့်ထုတ်ဖို့ အချိန်တန်ပြီ.......

..............................................

ဒူဇီမောင်နှတို့နှင့် မနီးမဝေးရှိ သီးသန့်ခန်းတစ်ခုထဲတွင်......

ဖေဟောင်တစ်ယောက် အေးရာအေးကြောင်း လက်ဖက်ရည် သောက်နေပြီး လီလော့၏တိုးတက်မှုများအကြောင်း တွေးတောနေသည်။

" လီလော့....မင်းနဲ့ငါ စီးချင်းထိုးရတော့မယ်ထင်တယ်......"

" အခုလောလောဆယ် ငါပို့လိုက်တဲ့ စား​မြိန်စာလေးကို အရင်မြည်းလိုက်ပါဉီး....."

All Chapters