← Chapters

နတ်တေးသံ

Vol. 24 Ch. 352

နတ်တေးသံ

Vol. 24 Ch. 352

ရဲ့လင်းချန်က သူ့ထံ လျင်မြန်စွာ ပြေးလာနေသော ငါးမန်းရှစ်ကောင်အား တည်ငြိမ်စွာ ကြည့်နေသည်။ သူ၏ တည်ငြိမ်မှုကို ထိန်းထားသဖြင့် သူ၏ မပြောင်းလဲသော ကိုယ်နေဟန်ထားက အခြားသူများအား လေးစားစိတ် ဖြစ်ပေါ်လာစေသည်။

အားလုံးက သူ့ကို ကြည့်နေချိန်တွင် ရဲ့လင်းချန်က သူ့အိတ်ကပ်ထဲမှ သစ်ရွက်တစ်ရွက်ကို ထုတ်လာသည်။

သစ်ရွက်က မထူးခြားသော်လည်း ပုံသဏ္ဌာန်က အလွန် ညီညာပြီး အကြောများကို ရှင်းလင်းစွာ မြင်နေရသည်။

*အဲ့ဒါက ဘာအတွက်လဲ*

လူတိုင်း နားဝေတိမ်တောင် ဖြစ်နေကြသည်။ ထိုသို့သောအချိန်၌ ငါးမန်း ရှစ်ကောင်က ရဲ့လင်းချန်ကို ဝိုင်းထားပြီး ဖြစ်ကာ တစ်ခဏအတွင်း တိုက်ခိုက်ရန် အသင့်ဖြစ်နေပုံ ရသည်။

ချန်ရှောင်ယန်က ရဲ့လင်းချန်ကို ကြည့်နေသည်။ သူ အစောပိုင်းက လှေလှော်ထွက်သွားခြင်းသည် ဤသစ်ရွက် ရှာရန်အတွက်သာ ဖြစ်လေသည်။

“မစ္စတာဝိုင်က …”

အာနယ်လ်သည် နှုတ်ခမ်းကိုက်ထားပြီး ရဲ့လင်းချန်ကို ငေးကြည့်ကာ တွေဝေနေသည်။

ရဲ့လင်းချန်က လက်ကိုမြှောက်၍ ထိုသစ်ရွက်အား နှုတ်ခမ်းကြားထဲသို့ ညှပ်လိုက်သည်။ ထို့နောက်တွင်မူ …

ရှည်လျားသော သံစဉ်တစ်ပုဒ်ကို ကြားလိုက်ရသည်။ သံစဉ်က အလွန် နူးညံ့ပြီး အားလုံး၏ နားစည်ထဲသို့ တိုးဝင်လာသည်။ ၎င်းက တီးတိုးပြောသံနှင့် ဆင်တူပြီး သူတို့၏ ရင်ထဲ၌ လှိုင်းထသွားစေသည်။

ထိုသံစဉ်က အခြားသော တူရိယာများ၏ အသံနှင့် မတူပေ။ ၎င်းက ရဲ့လင်းချန် သစ်ရွက်တစ်ရွက်တည်းဖြင့် တီးမှုတ်ခြင်း ဖြစ်ပြီး အခြေခံအကျဆုံး သဘာဝ အသံ ဖြစ်ကာ စိတ်ဝိညာဉ်ကို တိုက်ရိုက် သက်ရောက်မှု ဖြစ်စေပြီး သံစဉ်ဖြင့် နားဆင်သူများကို ညင်သာစွာ လှုပ်သိပ်နေသလိုပင်။

ထိုသံစဉ်သည် အလျင်လိုခြင်း မရှိဘဲ ဖြေးညင်း၍ ဆွဲဆောင်ထားလေသည်။ ထိုသို့သောအချိန်၌ လူတိုင်း၏ မျက်လုံးများက ရွှန်းလဲ့ တောက်ပနေ၏။ သူတို့ စိတ်အေးချမ်းသလို ခံစားရနေပြီး အတွေးထဲ ရှင်းလင်းနေသည်။ သံစဉ်မှလွဲ၍ သူတို့ အခြား အဘယ်အရာကိုမှ မကြားနိုင်ပေ။ သူတို့သည် နက်ရှိုင်းစွာ အိမ်မွေ့ချခံရသူကဲ့သို့ မိန်းမောနေကာ ဘာဆူညံသံမှ မကြားတော့ဘဲ အလုပ်မှ သူတို့၏ စိတ်ဖိစီးမှု အားလုံးကို မေ့လျော့သွားကြသည်။

အောင်မြင်မှုများ၊ ကျော်ကြားမှု၊ အမြတ်နှင့် လုပ်အားတို့အားလုံး အနောက်၌ ကျန်ရစ်ခဲ့ပြီး မွေးကင်းစ ကလေး တစ်ယောက် ကဲ့သို့ လောကကို တစ်ဖန် ရင်ဆိုင်တွေ့ကြုံနေမိသည်။

တိုက်ရိုက် ထုတ်လွှင့်မှုအတွင်းမှ မှတ်ချက်များ ရပ်ကုန်သည်။ အစောပိုင်းက ဆောက်တည်ရာမရ ဖြစ်နေသော အာနယ်လ်နှင့် ရိုက်ကူးရေးအဖွဲ့တို့သည် စိတ်တည်ငြိမ်လာပြီး ရင်ထဲ၌ အေးချမ်းမှုတစ်ခု ရရှိလိုက်လေသည်။

ကယပ်လှေကို ဝိုင်းထားသည့် ငါးမန်းရှစ်ကောင် အရှိန် လျော့သွားသည်။ နောက်ဆုံးတွင် သူတို့သည် ကယပ်လှေဘေး၌ ဖြေးညင်းစွာ ကူးခပ်နေပြီး အမြီးများကို ညင်သာစွာ တဖျပ်ဖျပ် လှုပ်ကာ ယခင်ကဲ့သို့ ရန်လိုသည့် လက္ခဏာ တစ်ခုမှ မပြတော့ချေ။

ရဲ့လင်းချန်က အလယ်၌ ရှိနေပြီး သံစဉ်က ဘေးပတ်လည်သို့ ပျံ့လွင့်နေသည်။ မကျယ်လောင်သော်လည်း အသံက အလွန် ကောင်းမွန်စွာ ပျံ့လွင့်လျက် ရှိသည်။

ပင်လယ်အောက်တွင် ကူးခပ်နေသော ငါးအုပ်ကြီးသည် တဖြည်းဖြည်း ရေမျက်နှာပြင်ပေါ် တက်လာပြီး တပွက်ပွက် ပွက်လာကြသည်။ ကောင်းကင်ယံမှ ငှက်များသည်လည်း အောက်သို့ ဆင်းလာပြီး သစ်ကိုင်းများ၌ နားကာ နားထောင်နေကြသည်။ လေတိုက်ခတ်သံပင် ငြိမ်သက်နေ၏။

ရဲ့လင်းချန် သစ်ရွက်ကို ကိုင်၍ လက်ပြန်ချပြီးသည်အထိ လူအများသည် ငေးငိုင်နေရာမှ အသိ မဝင်လာသေးပေ။ သူတို့ နားထဲတွင် သံစဉ်က မရပ်သွားဘဲ ဆက်လက်၍ ညင်သာစွာ ဖြစ်ပေါ်နေသည်။

သံစဉ်ကို ရက်ပေါင်းများစွာ စွဲငြိနေသလိုပင်။

အချိန်အတော်ကြာပြီးမှ သူတို့သည် အိပ်မက်မက်နေသကဲ့သို့ ငေးငိုင်နေရာမှ သတိဝင်လာသည်။ သူတို့၏ မျက်လုံးများတွင် ယခုအထိ လမ်းပျောက်နေသော အရိပ်အယောင် ပေါ်နေဆဲ ဖြစ်သည်။ အများစုသည် အဖြစ်အပျက်ကို ငြိမ်၍ ပြန်စဉ်းစားနေသည်။

လက်ရှိတွင် သူတို့၏ စိတ်နှလုံးသည် တည်ငြိမ်နေပြီး အသိအမြင်တစ်ခု ပေးစွမ်းနေ၏။

“ဒါရိုက်တာ ကြည့်ပါဦး၊ ငါးမန်းတွေ မရှိတော့ဘူး”

ရိုက်ကူးရေးအဖွဲ့ထဲမှ တစ်ယောက်က အော်ပြောလာသည်။ သူ့အသံတွင် စိတ်လှုပ်ရှားမှုနှင့် အံ့ဩမှုတို့ ပြည့်နှက် နေသည်။

“သူတို့ တကယ် မရှိတော့ဘူး၊ ပြီးတော့ သူတို့က အေးအေးချမ်းချမ်း ထွက်သွားတာ”

“ဝိုင်ရဲ့ ပတ်ဝန်းကျင်ကို ကြည့်ဦး၊ သူ့ကို ငါးအုပ်ကြီးက ဝိုင်းထားတာ”

တစ်ယောက်က ပြောပြီး ရဲ့လင်းချန်ဘက်သို့ လက်ညှိုးထိုးပြသည်။

အားလုံး လှမ်းကြည့်လိုက်သောအခါ အံ့ဩသော အာမေဋိတ်သံများ ထွက်ပေါ်လာ၏။

ရဲ့လင်းချန်၏ ဘေးပတ်လည်တွင် ငါးများက ရေပေါ် ခေါင်းထွက်၍ ပူစီဖောင်းများ ပွက်နေကြကာ မသိလျင် ဝတ်ပြုနေသည်ဟု ထင်မှတ်ရသည်။ တစ်ခါတစ်ရံတွင် အချို့ငါးများက ရေထဲမှ ခုန်ထွက်လာသဖြင့် ပတ်ဝန်းကျင်အား ရေများ ဖြာထွက်လာစေသည်။

ရဲ့လင်းချန်၏ အပေါ်ဘက်၌ ငှက်အုပ်တစ်အုပ်က စက်ဝိုင်းသဖွယ် ပတ်နေပြီး တကျီကျီဖြင့် ရဲ့လင်းချန်ကို ပြန်ပြောနေသလိုပင်။

[လခွမ်း လခွမ်း လခွမ်းပါလား]

[ဒါက အရမ်း အံ့ဩဖို့ကောင်းလွန်းတယ်၊ ကောင်းကင်ဘုံကို ဆန့်ကျင်တာပဲ၊ ကြောက်ဖို့ကောင်းတယ်၊ မိုက်တယ်ကွာ]

[ဘာတွေဖြစ်သွားတာလဲ၊ ငါ တွေးခေါ်နိုင်စွမ်း မရှိတော့ဘူး၊ ချီးပဲ ဘယ်လိုလုပ် ဒီကမ္ဘာမှာ ဒီလောက် လှပတဲ့ သံစဉ်တစ်ခု ရှိနေတာလဲ]

[အားးး ငါ ရူးတော့မယ်၊ ဒါက ကောင်းလွန်းတယ်၊ သံစဉ်က လှလွန်းတယ်၊ ငါ့စိတ်ဝိညာဉ် ပြန်လန်းဆန်းလာသလို ခံစားရတယ်]

[ခုနကဟာက ဘာသံစဉ်လဲ၊ အဲ့ဒါကို သစ်ရွက်တစ်ရွက်တည်းနဲ့ တီးမှုတ်ခဲ့တာပဲ၊ အံ့ဩဖို့ ကောင်းလွနန်းတယ်ကွာ]

[ငါးမန်းတွေတောင် အဲ့ဂီတရဲ့ သက်ရောက်တာကို ခံရပြီးတော့ တိုက်ခိုက်တာကို ရပ်လိုက်တာ၊ ဒါက တော်တော်ကြီးကို ကြောက်ဖို့ကောင်းတယ်]

[အသံလှိုင်းစွမ်းရည်၊ အကြာကြီး ပျော်နေခဲ့တဲ့ အသံလှိုင်းစွမ်းရည်ကို နေ့ခင်းကြောင်တောင်ကြီး ပြန်တွေ့လိုက်ရ လိမ့်မယ်လို့ ငါ တစ်ခါမှ ထင်မထားမိဘူး]

[မင်း သောက်ရေးမပါတာတွေ ပြောနေတာကို ရပ်လိုက်တော့၊ ငါ ဦးနှောက်ဆေး ခံရလုနီးပါး ဖြစ်သွားတာ၊ ဒီနေ့ကစပြီး ငါက ဝိုင်ရဲ့ အမာခံ ပရိသတ် ဖြစ်သွားပြီလို့ ငါ ဒီကနေ တရားဝင် ကြေညာတယ်]

…

လူတိုင်း သတိပြန်ဝင်လာချိန်မှာပင် ထုတ်လွှင့်မှုတွင်း၌ ဆူညံ ပွက်လောရိုက်နေ၏။ ကြည့်ရှုသူ အရေအတွက်က ဒလဟော တိုးမြင့်နေပြီး မှတ်ချက်များ များလွန်းသဖြင့် ဆာဗာပင် ပြုတ်ကျလုနီးပါး ဖြစ်သွားရသည်။

“မစ္စတာဝိုင်၊ ရှင်က အံ့ဩဖို့ ကောင်းလိုက်တာ၊ အဲ့ဒါ ဘာသံစဉ်လဲဆိုတာ ရှင် ကျွန်မကို ပြောပြလို့ ရမလား”

အာနယ်လ်က မေးရင်း ရဲ့လင်းချန်ကို တမင် စိုက်ကြည့်၍ အနားသို့ ပိုတိုးလာသည်။

“ဒါက ကြုံရာသံစဉ်တစ်ခုသက်သက်ပါပဲ၊ တည်ငြိမ်ခြင်းလို့ … ခေါ်လိုက်တာပေါ့”

ရဲ့လင်းချန် အေးအေးလူလူ ပြောလိုက်သည်။

နတ်တေးသံ၏ အစွမ်းက ရဲ့လင်းချန် ထင်ထားသည်ထက် ပို၍ သာလွန်နေ၏။ လောကကို ပြောင်းလဲခြင်း မဟုတ်သော်လည်း သက်ရောက်မှုက ကြီးလှသည်။ ယင်းက ကြားလိုက်သည့် လူတစ်ယောက်၏ စိတ်အခြေအနေကို သက်ရောက်နိုင်လေသည်။

အစောပိုင်းက သူသည် ငါးမန်းများအား စိတ်တည်ငြိမ်သွားပြီး သူတို့၏ ရန်မူလိုသော စိတ်ကို ဖျောက်ရန် ရည်ရွယ်ခဲ့သည်။ ၎င်းက အောင်မြင်သွားလိမ့်မည်ဟု သူ လုံးဝ ထင်မထားမိပေ။

“လိုက်ဖက်လိုက်တဲ့ နာမည်”

အာနယ်လ်က မှတ်ချက်ပြုသည်။

“ဒီသံစဉ်ကို နားထောင်ပြီးတော့ ကျွန်မရဲ့ ကြောက်စိတ်ကိုတောင် မေ့သွားတယ်၊ ကျေးဇူးတင်ပါတယ်”

ငါးမန်းများ၏ ရန်လိုမှု ခံရခြင်းသည် များသောအားဖြင့် ဘဝတစ်လျှောက်လုံး အိပ်မက်ဆိုးများ မှတ်စေနိုင်သည့် စိတ်ဒဏ်ရာကို ရစေလောက်သည်။ သို့သော် ရဲ့လင်းချန်၏ သံစဉ်မှ အကျိုးသက်ရောက်မှုကြောင့် အာနယ်လ်သည် သူမ ကြောက်စိတ်ကို လွှတ်ချလိုက်နိုင်၏။

“ညီလေးဝိုင်၊ ငါ တလေက မင်းကို အသက်တစ်ချောင်း ကျေးဇူးကြွေး တင်သွားပြီ၊ ငါ လိုရင်းကိုပဲ တန်းပြောမယ်၊ နောက်ဆို မင်း ငါ့ကို တစ်ခုခု တောင်းဆိုချင်တာ ရှိရင် ပြောသာ ပြောလိုက်ပါ”

“ငါလည်း အတူတူပဲ”

အစ်ကိုယန်ကလည်း ဝင်ပြောသည်။

“ညီလေးဝိုင်၊ မင်းက တကယ့် သူရဲကောင်းတစ်ယောက်ပဲ၊ ကြီးမြတ်တဲ့ လူတစ်ယောက်ပါ”

“ဝိုင် ကျေးဇူးအများကြီး တင်ပါတယ်”

ရိုက်ကူးရေးအဖွဲ့ကလည်း စိတ်ရင်းအတိုင်း ကျေးဇူးတင်စကား ဝင်ပြောကြသည်။

ဆောက်တည်ရာမရ ဖြစ်ခြင်းကို မကြုံဘူးဘဲ လူတစ်ယောက်သည် အသက်ရှင်နိုင်သည့် အခွင့်အရေးကို တန်ဖိုးထားရမှန်း သိလာမည် မဟုတ်ပါ။

ရဲ့လင်းချန် သူတို့ကို ခေါင်းညိတ်ပြလိုက်သည်။

“ဒါ အသေးအမွှား ကိစ္စလေးပါ၊ ပြောနေစရာ မလိုပါဘူး”

ဤအဖြစ်အပျက်ကြောင့် ရိုက်ကူးရေးအဖွဲ့သည် ရိုက်ကူးရေးကို ဆက်မလုပ်ရဲတော့ပေ။ အဖွဲ့သည်လည်း အစီအစဉ်၌ ဆက်ပါချင်သည့်စိတ် ကုန်ဆုံးသွား၏။ ဤလူသူမဲ့ကျွန်း၌ ရှင်သန်နေထိုင်ခြင်း အစီအစဉ်သည် ဤနေရာမှာပင် အဆုံးသတ်သွားလေသည်။ သို့သော် ဤရိုက်ကူးမှုက ယခင်ကထက် သာသည်။ ထို့အပြင် အခြားသော ရသစုံရှိုးပွဲများထက်လည်း ပိုသာနေ၏။

ဝိုင်သည် အလွန် အရေးကြီးသော လူတစ်ယောက် ဖြစ်သည်။ အစမှအဆုံးတိုင် သူ့တွင် စင်းလုံးချော ဖြစ်ခဲ့ပြီး ကြည့်ရှုသူများ၏ စိတ်နှလုံးကို အောင်မြင်စွာ ဖမ်းယူနိုင်ခဲ့သည်။

လူတိုင်းက သင်္ဘောမှ ဆင်းသည်နှင့် နှုတ်ဆက်ကြလေသည်။

ရဲ့လင်းချန်က ချန်ရှောင်ယန်နှင့်အတူ ထွက်သွားတော့မည့်အချိန်၌ အာနယ်လ်က ပင့်သက်ရှိုက်၍ ရဲ့လင်းချန်နားသို့ လျှောက်လာသည်။ သူမ၏ အပြာရင့်ရင့် မျက်ဝန်းများက သူ့အပေါ် အာရုံစိုက်နေပြီး တောက်ပနေသည်။

“ဝိုင် ရှင်က တကယ်ကို မင်းသားတစ်ပါးပါပဲ၊ ကျွန်မနိုင်ငံကို ကျွန်မ ပြန်တော့မယ်၊ ရှင် ကျွန်မကို တရားဝင် နှုတ်ဆက် ပေးနိုင်မလား”

သူမက ထိုသို့ပြောပြီး သူမ၏ ဘယ်ဘက်လက်ကို မြှောက်ပေးသည်။

ရဲ့လင်းချန် သတိလက်လွက် ဖြစ်သွားကာ အာနယ်လ်က ဤသို့ အိမ်ပြန်သွားလိမ့်မည်ဟု ထင်မထားမိပေ။

တစ်ခဏမျှ စဉ်းစားပြီးနောက် သူက အာနယ်လ်၏ လက်ကို လှမ်းကိုင်၍ ခေါင်းငုံ့၍ သူမ လက်ဖမိုးကို နမ်းလိုက်သည်။

“မစ္စ အာနယ်လ်၊ မင်းရဲ့ အိမ်ပြန်ခရီးက ဘေးကင်းပါစေလို့ ငါ ဆုတောင်းပေးပါတယ်”

“မစ္စတာဝိုင်၊ ရှင်က ကျွန်မကို တရုတ်ပြည်ရဲ့ အံ့ဩစရာတွေကို သိမြင်လာအောင် လုပ်ပေးခဲ့တာပါ၊ ဒါက တကယ်ကို အံ့ဩစရာ ကောင်းတဲ့ နိုင်ငံပဲ၊ ရှင်ကလည်း အံ့ဩစရာကောင်းတဲ့ လူတစ်ယောက်ပါ၊ ကျွန်မ ရှင့်ရဲ့အိမ်၊ အစားအသောက်၊ ဂီတနဲ့ … သူရဲကောင်းဆန်မှုကို အမှတ်ရနေမှာပါ၊ ကျွန်မတို့ ထပ်တွေ့နိုင်မယ်လို့ ကျွန်မ မျှော်လင့်ပါတယ်”

…

All Chapters