← Chapters

ဝမ်ရုံ အော်တိုမိုဘိုင်း လုပ်ငန်းစု၏ ဆုံးဖြတ်ချက်

Vol. 24 Ch. 354

ဝမ်ရုံ အော်တိုမိုဘိုင်း လုပ်ငန်းစု၏ ဆုံးဖြတ်ချက်

Vol. 24 Ch. 354

ဥက္ကဋ္ဌရှုသည် တက်ရောက်သူတိုင်းကို ကြည့်လိုက်ပြီး တစ်ခဏမျှ စဉ်းစားနေပြီးမှ မေးလိုက်သည်။

“မင်းတို့အားလုံး ဒီအကြံနဲ့ ပတ်သက်ပြီး ဘယ်လို သဘောရလဲ”

အားလုံး ငြိမ်သက်နေပြီး သူတို့၏ မျက်လုံးများက မဆုံးဖြတ်နိုင်သည့် အရိပ်အယောင်များ ပြသနေ၏။ သို့သော် တစ်ခဏမျှ ငြိမ်သက်နေပြီးနောက် တစ်ယောက်က ခေါင်းညိတ်၍ ထုတ်ပြောလာသည်။

“ကျုပ် သဘောတူတယ်”

“ကျုပ်လည်း သဘောတူတယ်၊ ဒါရိုက်တာ အိုးရန်က ဒါနဲ့ ပတ်သက်ပြီး ယုံကြည်မှု ရှိနေမှတော့ ကျုပ် သူ့ဆုံးဖြတ်ချက်ကို ယုံတယ်”

“ကျုပ်တို့ စမ်းကြည့်သင့်တယ်လို့ ကျုပ် ထင်တယ်”

အားပေးထောက်ခံသူ များလာသည်နှင့်အမျှ ဥက္ကဋ္ဌရှုကလည်း ခေါင်းတဆတ်ဆတ် ညိတ်လာသည်။ သူ စကားပြော တော့မည့်အချိန်၌ ဘေးဘက်မှနေ၍ ဆန့်ကျင်သော အသံတစ်သံ ထွက်ပေါ်လာလေသည်။

“အဖေ ကျွန်မ သဘောမတူဘူး”

ရှုနန်က ထရပ်၍ အလျင်စလို ပြောလိုက်သည်။

ဥက္ကဋ္ဌရှု မျက်မှောင်ကြုတ်သွားပြီး အမူအရာက မပျော်မရွှင် ဖြစ်လာသည်။

“ငါ မင်းကို ဒီကနေ လေ့လာသင်ယူဖို့ပဲ ခွင့်ပြုထားတာ၊ ဒီမှာ မင်း ဝင်ပြောရအောင် ဘာအရည်အချင်း ရှိလို့လဲ၊ ပြီးတော့ ကုမ္ပဏီမှာဆိုရင် မင်း ငါ့ကို ဥက္ကဋ္ဌရှုလို့ ခေါ်ရမှာ”

တစ်ခဏမျှ တုံ့ဆိုင်းနေပြီးနောက် သူက ရှုနန်ကို စိုက်ကြည့်၍ မေးလိုက်သည်။

“မင်း ဘာလို့ သဘောမတူတာလဲ”

“အိုးရန်ချင်းရဲ့ အလိုအလျောက် မောင်းနှင်ခြင်း နည်းပညာမှာ အမှား ရှိတယ်၊ အဲ့ဒါကို သတိမပြုမိကြဘူး၊ ကျွန်မတို့ ဒီအတိုင်း သုံးလိုက်မယ်ဆိုရင် ကိစ္စတွေက ဆိုးရွားသွားနိုင်တယ်”

ရှုနန်က ပြောပြသည်။

“မင်း ဘာအမှားကို သိထားတာလဲ၊ ငါတို့ သိအောင် ဝေမျှဦး”

ဥက္ကဋ္ဌရှုက ရှုနန်ကို စိုက်ကြည့်နေသည်။ ရှုနန်က နှုတ်ခမ်းလေး ဆူသွားသည်။

“ကျွန်မဆရာက ကျွန်မကို ပြောပြတာ၊ ဒါပေမဲ့ သူ ရေးထားတဲ့ အရာတွေကို ဆရာမကြီး မြဲ့ကြွယ်က မီးရှို့ပစ် လိုက်တယ်လေ”

“မင်းရဲ့ဆရာ ဟုတ်လား”

ဥက္ကဋ္ဌရှု ပို၍ မျက်မှောင်ကြုတ်သွားသည်။ သူ ရင်လေးလာပြီး မျက်နှာ အမူအရာက မည်းမှောင်လာသည်။

“ဥက္ကဋ္ဌရှု၊ အဲ့ဒါက ဒီလိုပါ …”

ချက်ချင်းဆိုသလိပင် အိုးရန်ချင်းက ထိုနေ့မှ အဖြစ်အပျက်ကို အစမှအဆုံးထိတိုင် ပြန်လည် ပြောပြလိုက်သည်။

“ဘုန်း”

ဥက္ကဋ္ဌရှု၏ အမူအရာက ဆိုးရွားသွားပြီး စားပွဲကို ရိုက်၍ ထရပ်လေသည်။ သူက ရှုနန်ကို ဒေါသတကြီး လက်ညှိုး ထိုးကာ ဆူပူကြိမ်းမောင်းသည်။

“မင်းက အပြင်လူကို ခေါ်တာရုံတင် မကဘဲ ငါတို့ရဲ့ အလိုအလျောက် မောင်းနှင်ခြင်း နည်းပညာကိုပါ သူ့ကို ကြည့်ခွင့်ပေးလိုက်တယ် ဟုတ်လား၊ ဘယ်သူက မင်းကို အဲ့လို လုပ်ပိုင်ခွင့် ပေးထားလို့လဲ”

အစည်းအဝေးခန်းတွင်း၌ ရှိနေသော လူများသည်လည်း အမူအရာ သုန်မှုန်နေပြီး ရှုနန်ကို ကြည့်ကာ ခေါင်းတခါခါ ဖြစ်နေကြသည်။

“အဖေ ကျွန်မ ရှုနန်နဲ့အတူ သူ့ကို ခေါ်လာခဲ့တာပါ၊ သူက ကျွန်မကျောင်းသားပါ၊ အခြားလုပ်ငန်းတွေက သူလျှို တစ်ယောက် မဟုတ်ပါဘူး၊ အဖေ အဲ့ဒါနဲ့ ပတ်သက်ပြီး စိုးရိမ်စရာ မလိုပါဘူး”

ရှုဝမ်ချင်းက ထရပ်၍ သူမကို ကာကွယ်ပြောဆိုပေးသည်။

“အဓိပ္ပာယ် မရှိလိုက်တာ၊ အရူးတွေ”

ဥက္ကဋ္ဌရှုက အော်ဟစ်လေသည်။

“မင်းတို့က ငါ့သမီးတွေ မဟုတ်ရင် ငါ မင်းတို့ကို အခုချက်ချင်း ဒီကုမ္ပဏီကနေ ပစ်ထုတ်လိုက်ပြီ၊ သူက ဘာမို့လို့လဲ၊ သူက ပြဿနာ ရှိတယ်လို့ ပြောတာနဲ့ မင်းတို့က သူ့ကို ယုံလိုက်တယ်ပေါ့ ဟုတ်လား၊ ငါတို့ အဖွဲ့က ဒါကို နှစ်ပေါင်းများစွာ သုတေသန လုပ်ခဲ့တာ၊ ဒါပေမဲ့ သူက တစ်ချက် ကြည့်ရုံနဲ့ ပြဿနာကို မြင်တယ်ပေါ့လေ၊ သူ မင်းတို့ကို လိမ်နေတာ အသိသာကြီး၊ အခုလောက်ဆို ငါတို့ နည်းပညာကို သူ ကောင်းကောင်းကြီး ခိုးသွားလောက်ပြီ”

“ဟူး … ဒါရိုက်တာအိုးရန်က ငါတို့ရဲ့ အလိုအလျောက် မောင်းနှင်ခြင်း နည်းပညာကို အလျင်စလို ထုတ်ပြချင် နေတာ အံ့ဩစရာ မဟုတ်တော့ဘူးပဲ၊ ဒါက အခြားသူတွေ ငါတို့ဆီကို ကျောသွားမှာကို တားဆီးဖို့ပဲ”

“မင်း ဘယ်လိုလုပ် ဒီလောက် အရေးကြီးတဲ့ လျှို့ဝှက်ချက်ကို ပေါက်ကြားအောင် လုပ်နိုင်ရတာလဲ”

“ဒါ အရမ်းကို မဆင်မခြင် လုပ်တာပဲ၊ ဒါက …”

အစည်းအဝေးခန်းအတွင်း၌ အားလုံးက ခေါင်းတခါခါ ဖြစ်နေကြသည်။

“အဖေ ကျွန်မ နောက်တစ်ခါ ထပ်ပြောပါရစေ၊ ကျွန်မဆရာက လူကောင်းတစ်ယောက်ပါ၊ သူ ကျွန်မကို လိမ်မှာ မဟုတ်ဘူး၊ ပြီးတော့ သူက ပြဿနာ ရှိတယ်လို့ ပြောလာရင် အဲ့ဒါ ပြဿနာ ရှိနေလို့ပဲ၊ အဖေ ကျွန်မကို မယုံဘူးဆိုရင် အဖေတို့အားလုံး ဒါကို နောင်တရလိမ့်မယ်”

ရှုနန်က ပြန်တုံ့ပြန်သည်။

“မင်း ပါးစပ်ပိတ်ထားစမ်း”

ဥက္ကဋ္ဌရှုက အော်ဟစ်လေသည်။ သူ့မျက်နှာက နီရဲနေ၏။

“ဘယ်လိုလုပ် ငါ့မှာ ဒီလောက် တုံးတဲ့ သမီးမျိုး ရှိနေရတာလဲ၊ ဒါတောင် မင်းက သူ့ကို ဆရာအဖြစ် တင်ထား တာလား၊ မင်း ငါ့မျက်နှာ ပျက်ရအောင် လုပ်ဖို့ ကြိုးစားနေတာလား၊ အခုချက်ချင်း မင်းအခန်းကို ပြန်တော့၊ မင်းတို့ နှစ်ယောက်လုံးပဲ၊ မင်းတို့တွေကို အခန်းထဲကနေ တစ်နေ့လုံး ထွက်လာခွင့် မပြုဘူး၊ မင်းတို့အမှားကို ပြန်သုံးသပ် ကြစမ်း”

“ဥက္ကဋ္ဌရှု၊ကျွန်မ လာမယ့် ပိတ်ရက်ကျရင် ကျွန်မတို့ရဲ့ အလိုအလျောက် မောင်းနှင်ခြင်း နည်းပညာကို ထုတ်ပြမယ်လို့ ဒီနေ့ပဲ ကြေညာဖို့ စီစဉ်ထားပါတယ်၊ အခုလောက်ဆို အဓိက မီဒီယာအားလုံး ရောက်နေ လောက်ပါပြီ”

အိုးရန်ချင်းက ပြောသည်။

“ကောင်းတယ်”

ဥက္ကဋ္ဌရှုက ခေါင်းညိတ်သည်။

“ဒီကိစ္စကို အချိန်ဆွဲလို့ မရဘူး၊ မင်းကိုယ်တိုင် ဒါကို ဖြေရှင်းလိုက်”

…

“ကလင် ကလင် ကလင်”

ရဲ့လင်းချန်သည် ဖုန်းခေါ်သူကို တစ်ချက် ကြည့်လိုက်ပြီးနောက် တစ်ခဏမျှ စဉ်းစားပြီးမှ ကိုင်လိုက်သည်။

“ဆရာ အခြေအနေက မကောင်းတော့ဘူး”

ရှုနန်၏ အသံတွင် မကျေနပ်ဟန်တို့ ပါဝင်နေ၏။

“ဘာဖြစ်လို့လဲ”

ရဲ့လင်းချန် အံ့ဩသွားသည်။

“အရင်တစ်ခေါက်က ရှင် ကျွန်မအတွက် ရေးပေးခဲ့တဲ့ မောင်းသူမဲ့ နည်းပညာရဲ့ ပြစ်ချက်တွေကို ရေးပေးခဲ့တယ်လေ၊ ဒါပေမဲ့ ဆရာမကြီး မြဲ့ကြွယ်က တစ်ချက်တောင် မကြည့်ဘဲ မီးရှို့ပစ်လိုက်တယ်၊ အခု ကျွန်မအဖေက ကျွန်မတို့ရဲ့ မောင်းသူမဲ့ နည်းပညာကို လူတွေဆီ ချပြဖို့ ဆုံးဖြတ်လိုက်ပြီ၊ တစ်ခုခု ဖြစ်လာခဲ့မယ် ဆိုရင် ဒုက္ခတော့ ‌ရောက်တော့မှာပဲ”

ရှုနန် စိုးရိမ်နေ၏။

“သူက ငါ ရေးခဲ့တာကို မီးရှို့လိုက်တာလား”

ရဲ့လင်းချန် မျက်မှောင်ကြုတ်သွားသည်။ သူ အနည်းငယ် စော်ကားခံလိုက်ရသလို ခံစားလိုက်ရသည်။ သူ စေတနာနှင့် ရေးပေးခဲ့သော်လည်း ဤသို့ ဆက်ဆံခံလိုက်ရသည်။

“ဆရာ ကျွန်မ တောင်းပန်ပါတယ်၊ ရှင် ကျွန်မကို ကူညီပေးနိုင်မလား”

ရှုနန်က အားပျော့စွာ တောင်းပန်လေသည်။

“မင်းအဖေက ငါ့စကားကို ယုံမှာ မဟုတ်ဘူး၊ ပြီးတော့ သူတို့က ဆုံးဖြတ်ချက် ချပြီးသွားပြီ၊ ငါ သူတို့ကို ပြောင်းလဲလို့ မရနိုင်ဘူး”

ရဲ့လင်းချန်က သူ ကူညီရန် မတတ်နိုင်တော့ကြောင်း ပြောပြလိုက်သည်။

“လူတွေကို ချပြမယ့်နေ့က ပိတ်ရက်ဖြစ်တဲ့ သန်ဘက်ခါမှပါ၊ ရှင် ဒီကို ခဏ လာလို့ ရနိုင်မလား၊ ကျွန်မ ရှင့်ကို မောင်းသူမဲ့ယာဉ် ပြသထားတဲ့ ခန်းမကို ခေါ်သွားပါ့မယ်၊ အဲ့လိုဆို ရှင် ပြစ်ချက်တွေကို ထောက်ပြလို့ ရပြီ၊ ရှင် ကျွန်မကို ကူညီပေးပါလား”

ရှုနန်က တောင်းပန်သည်။

“လင်းချန်၊ နင် လိုက်လာမယ်ဆိုရင် ငါတို့ ပိုပြီးတော့ အဆင်ပြေသလို ခံစားမှာ၊ ကျေးဇူးပြုပြီး လုပ်ပါနော်”

ဖုန်း၏ တစ်ဖက်မှ ရှုဝမ်ချင်း၏ အသံကိုပါ ကြားလိုက်ရသည်။

ရဲ့လင်းချန် ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီလေ၊ အဲ့နေ့ ငါ လာခဲ့ပါ့မယ်”

“ကျေးဇူးတင်ပါတယ် ဆရာ”

ရှုနန် စိတ်အေးကာ သက်ပြင်းချလိုက်မိသည်။

ဖုန်းချပြီး မကြာခင်မှာပင် ရဲ့လင်းချန်၏ ဖုန်းက ထပ်မံ၍ တုန်ခါလာသည်။ ယခုတစ်ခေါက်သည် သတင်း တက်လာခြင်း ဖြစ်သည်။ တစ်ချက်ကြည့်လိုက်ပြီးနောက် သူ မျက်ခုံးလှုပ်သွားလေသည်။

သတင်းက ဝမ်ရုံ အော်တိုမိုဘိုင်း လုပ်ငန်းစုမှ ဖြစ်နေလိမ့်မည်ဟု သူ ထင်မထားမိပါ။

[ယနေ့ သတင်းခေါင်းစဉ်: ဝမ်ရုံ အော်တိုမိုဘိုင်း လုပ်ငန်းစုက သူတို့ရဲ့ အလိုအလျောင် မောင်းနှင်ခြင်း/ မောင်းသူမဲ့ နည်းပညာကို အများပြည်သူဆီ ချပြမည်ဟု တရားဝင် ကြေညာ၊ အသိဉာဏ်စနစ်ဖြင့် ယာဉ်မောင်းနှင်မည့်ခေတ် ရောက်ရှိလာပြီ၊ အကယ်၍ အသိဉာဏ်စနစ်နှင့် မောင်းနှင်ခြင်းသာ တကယ် ရှိလာရင် မင်းတို့ ကားထဲမှာ ဘာလုပ်ကြမလဲ]

ရဲ့လင်းချန် သတင်းကို ဖွင့်ဖတ်လိုက်သည်။ ထိုအခိုက်တွင် ကြည့်ရှုသူနှုန်းနှင့် မှတ်ချက် အရေအတွက်များက လျင်မြန်စွာ တိုးတက်လာနေ၏။ မကြာခင် ရေပန်းစားသော ခေါင်းစဉ်ဖြစ်လာပြီး တစ်နိုင်ငံလုံး၏ အာရုံစိုက်ခြင်း ခံရမည်မှာ သေချာလှသည်။

နည်းပညာနှင့် ပတ်သက်သည့် ဤသို့သော သတင်းကြီးမျိုးက လူပေါင်းများစွာကို အာရုံစိုက်လာနိုင်စေ၏။

ရဲ့လင်းချန်၏ မျက်လုံးများ မသိမသာ ဝင်းလက်သွားသည်။ နည်းပညာသည် လူများစွာကို အာရုံစိုက် လာနိုင်စေသည့် အရာတစ်ခု ဖြစ်သည်။ အကယ်၍ သူ၏ ကိုယ်ပိုင် နည်းပညာကသာ ထိုသို့သော တိုးတက်မှုမျိုး ရရှိလာပါက ၎င်းက သူ့ကို ရေပန်းစားမှု အမှတ်များစွာ ရရှိလာစေနိုင်မည်လော။

သူ တွေးလေလေ ပို၍ စိတ်လှုပ်ရှားလေလေ ဖြစ်လာပြီး နောက်ဆုံးတွင် ရေပန်းစားမှုအမှတ်များ ရရှိနိုင်မည့် နည်လမ်းသစ်တစ်ခုကို ရှာတွေ့သွားသည်။ သို့သော် ထိုသို့သော အကြံအစည်က ဝိုင်နာမည်ကို ဆက်သုံးရန် သူ့အတွက် မသင့်လျော်ပေ။ အကောင်းဆုံး ချဉ်းကပ်နည်းက ကုမ္ပဏီတစ်ခု တည်ထောင်ရန် ဖြစ်သည်။ ၎င်းကလည်း နည်းပညာကို အခြေခံထားသည့် ကုမ္ပဏီတစ်ခု ဖြစ်ရပေမည်။

၎င်းကို ဘယ်လို တည်ထောင်မလဲ ဆိုသည်ကတော့ ပို၍ အစီအစဉ်ဆွဲမှ ရပေလိမ့်မည်။

နောက်တစ်‌နေ့တွင် ရဲ့လင်းချန် ကျောင်းပြန်တက်လေသည်။ ရှန်းနှင့် ရှောင်ကမ်းတို့က ဘူးတစ်ဘူးစီ ကိုင်၍ ရဲ့လင်းချန် အရှေ့၌ လာချလေသည်။ နှစ်ယောက်လုံးက ကူကယ်ရာမဲ့သော အမူအရာမျိုး ပြသနေ၏။

“ငါ့အတွက်လား”

ရဲ့လင်းချန် အံ့ဩသွားသည်။ ဤမြင်ကွင်းက သူ ရင်းနှီးနေသည်။ ဘူးထဲမှ ပစ္စည်းများက ရည်းစားစာများနှင့် လက်ဆောင်များ ဖြစ်လောက်သည်။

*ဘယ်လိုလုပ် ရုတ်တရက်ကြီး အဲ့လောက် များသွားတာလဲ*

“အဲ့ဒါ မင်းအတွက်လေ”

ရှောင်ကမ်းကို နှုတ်ခမ်းကို တင်းတင်းစေ့၍ ပြောသည်။

“ငါလည်း ကြည့်ကောင်းတဲ့ လူတစ်ယောက်ပါ၊ ရုပ်ရည်အရရော ထက်မြက်မှုအရမှာပါ ငါက မင်းထက် နည်းနည်းလေးပဲ နိမ့်တာပါ၊ ဘာလို့ ငါ့အတွက် ရည်းစားစာ တစ်စောင်မှ မရှိရတာလဲ၊ ဒါ ခွဲခြား ဆက်ဆံတာပဲ၊ ဒါ မတရားဘူး”

“ဘယ်လိုလုပ် ရုတ်တရက်ကြီး ဒီလောက် များလာတာလဲ”

ရဲ့လင်းချန်က တအံ့တဩ ပြောသည်။

“မင်း မသိဘူးလား၊ ဒီနေ့က နိုဝင်ဘာ ၁၁ ရက်နေ့၊ စင်ဂယ်လ်များနေ့လေ၊ တစ်နှစ်ပတ်လုံးမှာ ဒီနေ့က စင်ဂယ်လ် ဖြစ်ခြင်းကို နှုတ်ဆက်လို့ အကောင်းဆုံးနေ့ကွ”

ရှန်းက ရှင်းပြသည်။

“ဟူး … စင်ဂယ်လ်များနေ့ဆိုတာက စင်ဂယ်လ်တွေကို နှစ်သိမ့်ပေးတဲ့ နေ့တစ်‌နေ့ ဖြစ်သင့်တာ မဟုတ်ဘူးလား၊ ဘာလို့ အဲ့အတွဲတွေက ဒီလိုမျိုး လက်တွဲထားရတာလဲ၊ ဒီညတော့ ငါတို့ ငလျင်လှုပ်တာကို ထပ်ကြုံရဦးမယ်၊ ငါတို့လို တစ်ကိုယ်တည်းသမားတွေကို သနားပါဦးကွာ”

All Chapters