အမြီးအမောက် မတည့်သော ရည်းစာစာ ကဗျာများ
Vol. 24 Ch. 356
“အစ်မယွင်ရှီ အစ်မ ပန်းတွေ ထပ်ရပြန်ပြီပဲ”
ရှောင်ယွဲ့နှင့် ရှောင်ရှင်းတို့သည် ဝိုင်အလှကုန် ပစ္စည်းဆိုင်၏ ဝန်ထမ်းများ ဖြစ်ကြသည်။ ကျန်းယွင်ရှီ လှမ်းလာနေသည်ကို မြင်သောအခါ သူတို့၏ မျက်နှာများသည် အားကျစိတ်တို့ဖြင့် ဝင်းပလာ၏။
သူတို့သည် ကျန်းယွင်ရှီထက် အနည်းငယ်မျှ ပိုငယ်သည်။ သူတို့သည် အထက်တန်းကျောင်းပြီးနောက် တက္ကသိုလ်များကို မတက်နိုင်ခဲ့ဘဲ ဆရာအတတ်သင်ကျောင်းကိုသာ တက်ခဲ့ကြသည်။ သို့သော် သူတို့သည် အဆက်အသွယ်ကောင်းများ မရှိသဖြင့် ဆရာမတစ်ယောက် ဖြစ်မလာတော့ပေ။ နောက်ဆုံးတွင် သူတို့သည် ဝိုင်အလှကုန်ပစ္စည်းဆိုင်၌ အလုပ်ဝင်လုပ်၍ အခြေချလိုက်ကြသည်။
သူတို့ကို ရုပ်ရည်သွင်ပြင်၌ အလှဆုံးဟု မပြောနိုင်သော်လည်း သူတို့သည် တက်ကြွပြီး မျက်စိအေးစေပါသေးသည်။
“အစ်မယွင်ရှီက ပန်းစည်း ဆယ့်ခြောက်စည်းနဲ့ ရည်းစားစာ သုံးဆယ့်ရှစ်ခု ရထားပြီးပြီ၊ ပြီးတော့ အစ်မ မီယာကိုကလည်း ပန်းစည်း ဆယ့်တစ်စည်းနဲ့ ရည်းစားစာ နှစ်ဆယ့်သုံးခု ရထားတယ်၊ ကျွန်မတို့ နှစ်ယောက်လုံး ကတော့ ပန်းစည်း လေးစည်းပဲ ရထားသေးတာ၊ ခြားနားမှုက ကြီးလိုက်တာနော်”
ရှောင်ယွဲ့က စိတ်ညစ်စွာဖြင့် လက်များကို ကစားနေသည်။
“အစ်မယွင်ရှီ ကျွန်မတို့ ဒီပန်းတွေကို ရောင်းစားကြမလား၊ ဒါတွေက ဈေးကြီးမှာ သေချာတယ်”
ရှောင်ရှင်းက လောဘတက်သော မျက်နှာထားနှင် အကြံပြုလာသည်။
“ဒါတွေကို ရောင်းပြီးရင် ကျွန်မတို့ အသားကောင်းကောင်း စားလို့ရပြီ”
“ဒီပန်းတွေကို ပြန်တော့မယ့် ငါတို့ ဧည့်သည်တွေကို ပေးလိုက်ရအောင်၊ အလုပ်သွားလုပ်ကြတော့”
ကျန်းယွင်ရှီက ပြုံး၍ ပြန်ပြောလိုက်သည်။ ထို့နောက် သူမက ရဲ့လင်းချန်ကို ကူကယ်ရာမဲ့စွာ ကြည့်လေသည်။
“ဝိုင်အလှကုန်ပစ္စည်းဆိုင်က အင်တာနက်ပေါ်မှာ နာမည်ကြီးလာပြီးကတည်းက ငါတို့ နေ့တိုင်းလည်း ပန်းတွေ ရတယ်”
“သူဌေးရေ မင်းအတွက် ပစ္စည်းပါတယ်ဗျို့”
အပြင်ဘက်မှ ပစ္စည်းပို့သူတစ်ယောက်၏ အသံကို ထပ်ကြားလိုက်ရသည်။
“ဟင်းဟင်း နင်တို့ တရုတ်လူမျိုးတွေက တကယ် မစွံတာပဲ”
မီယာကိုက အထင်အမြင်သေးစွာ ရယ်မောလေသည်။ သူမရှေ့၌ စာရွက် အပိုင်းအစများ ပျံ့ကျဲနေ၏။ ၎င်းတို့မှာ သူမ ခုနက လက်ခံရရှိသော ရညး်စားစာများ ဖြစ်လေသည်။
ရဲ့လင်းချန် မျက်မှောင်ကြုတ်သွားသည်။ သူမ၏အချိန်ကို ပန်းစည်း လက်ခံခြင်း၌သာ သုံးနေရပါက ကျန်းယွင်ရှီ ဘာမှလုပ်နိုင်မည် မဟုတ်ပါ။
“ဒီလိုဆို မဖြစ်တော့ဘူး၊ ဒါ ငါ့အလှကုန်ပစ္စည်းဆိုင်ကို ပစ်မှတ်ထားနေတာပဲ”
သူ အလှကုန်ပစ္စည်းဆိုင်၏ အတွင်းခန်းထဲသို့ ခပ်သွက်သွက် လျှောက်သွားလိုက်သည်။ ၎င်းအား ကျန်းယွင်ရှီနှင့် အခြားသူများအတွက် နားနေခန်းအဖြစ် အသုံးပြုသော အခန်း ဖြစ်လေသည်။ သူက စာရွက်တစ်ရွက်နှင့် ဘောပင် တစ်ချောင်းကို ခပ်သွက်သွက် ထုတ်လိုက်သည်။
ကျန်းယွင်ရှီက သူ့ကို စိတ်ဝင်တစား ခိုးကြည့်လိုက်သောအခါ ရဲ့လင်းချန်၏ ဘောပင်က စာရွက်ပေါ်၌ ဖြည်းဖြည်းချင်း လှုပ်ရှားနေသည်ကို တွေ့လိုက်ရသည်။ ရေးသားချက်တိုင်းက လှပပြီး ပုံနှိပ်စက်မှ ထုတ်ထားသည်ဟုပင် ထင်မှတ်ရသည်။
“ကဏန်းက ငါ့ရဲ့အခွံကို ဆွဲခွာနေတယ်၊
မှတ်စုစာအုပ်က ငါ့အပေါ်မှာ ရေးသားနေတယ်၊
ကောင်းကင်ယံကြီးက ကြည်လင်နေပြီးတော့ မြေပေါ်မှာ ရှိတဲ့ ငါ့ပေါ်ကို မေပယ်ရွက်တွေနဲ့ ဆီးနှင်းပွင့်တွေ ကျဆင်းနေတယ်၊
ဒါပေမဲ့လည်း မင်းက ငါ့အကြောင်း တွေးနေပြန်တာပဲ”
ရိုးရှင်းသော စာသားလေး ဖြစ်သော်လည်း ကျန်းယွင်ရှီ မျက်မှောင်ကြုတ်သွားပြီး နားမလည်နိုင် ဖြစ်နေလေသည်။
သို့သော် သူမ ဒုတိယတစ်ခေါက် ဖတ်ကြည့်ပြီးနောက် သူမအမူအရာက နားလည်ဟန် ပေါ်သွားသည်။ သူမမျက်ဝန်းမှ မျက်ရည်များ စီးကျလာကာ မှင်သက်အံ့ဩနေ၏။
တစ်ခဏမျှ သတိလက်လွတ် ဖြစ်နေပြီးနောက် သူမက ရဲ့လင်းချန်ကို တအံ့တဩဖြင့် ကြည့်လေသည်။
“လင်းချန် နင် ဒီကဗျာကို ရေးထားတာလား”
“ဒါက ရိုးရှင်းတဲ့အရာလေး တစ်ခုသက်သက်ပါပဲ၊ အဲ့ခွေးကောင်တွေက အင်တာနက်ပေါ်က ကဗျာ နည်းနည်း လောက်ကို ခိုးကူးပြီး ငါ့အလှကုန်ပစ္စည်းဆိုင်ကို စိန်ခေါ်ရဲနေတာလေ၊ ငါ ဒါကို ဘယ်လိုလုပ် သည်းခံနိုင်မှာလဲ”
ရဲ့လင်းချန်က မကျေမနပ် ပြောလိုက်ပြီးနောက် ကဗျာကို ကျန်းယွင်ရှီထံ ကမ်းပေးလိုက်သည်။
“ဒါကို အပြင်မှာ ကပ်ထားလိုက်၊ ဒီကဗျာထက် သာအောင် မရေးနိုင်ရင် ထပ်ပြီး စိတ်အနှောင့်အယှက်ဖြစ်အောင် ပို့မနေနဲ့တော့လို့ ပြောလိုက်”
“ခစ်ခစ်”
ကျန်းယွင်ရှီ မနေနိုင်တော့ဘဲ ထရယ်လေသည်။ သူမက မျက်လုံးထောင့်မှ မျက်ရည်ကို သုတ်ပြီး ရဲ့လင်းချန်အား ရွှင်မြူးမြူးဟန်ဖြင့် ကြည့်လိုက်သည်။
“လင်းချန် နင်က တအား ချစ်ဖို့ကောင်းတာပဲ၊ နင် သဝန်တိုနေတာ မဟုတ်ဘူးဆိုတာ သေချာလား”
“ငါ့ဝန်ထမ်းတွေ လှည့်စားမခံရအောင်လို့ ငါ ဒါကို သေချာ လုပ်နေတာပါ၊ ငါ့ဆိုင်ကို ပုံမှန်အတိုင်း လည်ပတ်နိုင်ဖို့ သေချာအောင် လုပ်တာ”
ရဲ့လင်းချန်က မျက်နှာတည်တည်ဖြင့် မသိလျင် တရားမျှတခြင်းဘက်မှ နေသလိုလိုဟန်နှင့် ပြောလေသည်။
ကျန်းယွင်ရှီက ကဗျာကို ယူလိုက်ပြီး အလှကုန်ပစ္စည်းဆိုင်၏ တံခါး၌ ကပ်ထားလိုက်သည်။ ချက်ချင်းဆိုသလိုပင် ဆိုင်၌ တန်းစီနေသူများက သိချင်စိတ်ဖြင့် အပြေးအလွှား သွားကြည့်ကြသည်။
“ဒါက ကဗျာလား၊ လွယ်လွန်းလိုက်တာ”
“ဒါက အချစ်ကဗျာနဲ့ နည်းနည်း တူနေသလိုပဲ၊ ဒါပေမဲ့ တစ်ခုခုတော့ မဟုတ်သလိုပဲ”
“ပြိုင်ရမယ် ဟုတ်လား၊ ဒီကဗျာက လုံးဝကို ထူးခြားနေသလို မခံစားရပါဘူး၊ ဒီကဗျာထက်သာအောင် လုပ်ဖို့ အဲ့လောက် ခက်လို့လား”
လူအုပ်ကြီးသည် သူတို့ဘာသာသူတို့ အငြင်းပွားနေကြသည်။ တော်တော်များများက သူတို့ဖုန်းများကို အလျင်စလို ထုတ်၍ ဤကဗျာကို TikTok ပေါ်၌ တင်ကြသည်။ တစ်ချိန်တည်းမှာပင် ကျန်းယွင်ရှီသည်လည်း ဝိုင်အလှကုန် ပစ္စည်းဆိုင်၏ တရားဝင် ဝေ့ပေါ်အကောင့်မှ ဤကဗျာကို တင်လိုက်သည်။
ဝိုင်အလှကုန်ပစ္စည်းဆိုင်သည် ဖော်လိုဝါပေါင်း သုံးသန်းကျော် ရှိလေသည်။ ၎င်းကို တင်လိုက်သည်နှင့် ချက်ချင်း လူပေါင်းများစွာကို အာရုံဖမ်းစားနိုင်သွားသည်။
[ဟားဟားဟား၊ ဆိုင်ရှင် သူဌေးမ ချောချောလေးက နောက်ဆုံးတော့ စိတ်မရှည်တော့ဘူးနဲ့တူတယ်၊ မင်းဆီကို မရေတွက်နိုင်တဲ့လူတွေက ပန်းတွေနဲ့ ရည်းစားစာတွေ ပို့တာကို ခံရတာက စိတ်ပျက်စရာ ကောင်းတယ်မလား]
[အားးးး ဒီအတွက် ငါ အားကျတယ်လို့ပဲ ပြောရတော့မယ်၊ ဒါနဲ့ ဆိုင်ရှင် သူဌေးမ ချောချောလေးက ဘယ်တော့ ကံစမ်းမဲ ပေါက်တဲ့သူကို ဆက်သွယ်မှာလဲ]
[ဒီလူတွေက တကယ်ကို တော်တော် စိတ်ပျက်ဖို့ကောင်းတာ၊ ဘယ်တော့မှ မပြီးနိုင်အောင် ပစ္စည်းတွေ ပို့တယ်၊ ဒါက ငါတို့ ဆိုင်ရှင် သူဌေးမချောချောလေးရဲ့ မိတ်ကပ် ပြင်ပေးတဲ့ လုပ်ငန်းစဉ်ရဲ့ အကျိုးသက်ရောက်မှုကို နိမ့်ကျစေတာပဲ၊ ကျေးဇူးပြုပြီး ရပ်လိုက်ပါတော့]
[ဒီကဗျာကို ဘယ်သူ ရေးတာလဲ၊ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒါက တော်တော်လေး အဓိပ္ပာယ် မရှိဘူး ဟုတ်တယ် မလား]
[ဒီထဲမှာ ဖုံးကွယ်ထားတဲ့ အဓိပ္ပာယ်တစ်ခုခု ရှိနေတာလား၊ အဲ့လိုဟုတ်ပုံလည်း မပေါ်ပါဘူး၊ ဒီကဗျာကို ဘယ်လိုလုပ် စံနမူနာတစ်ခုအဖြစ် သုံးလို့ရမှာလဲ]
[ဒီမနက် အစောပိုင်းတုန်းက ဝိုင်အလှကုန်ပစ္စည်းဆိုင်က ပန်းတွေ ရောင်းနေတယ်လို့ တစ်ယောက်ယောက်က ဝေ့ပေါ်မှာ ပြောထားတာကို ငါ တွေ့လိုက်တယ်၊ ဟားဟားဟား မိန်းမလှလေးတွေက တော်တော် နာမည်ကြီးတာပဲ]
…
ယနေ့သည် စင်ဂယ်လ်များနေ့ ဖြစ်သည်။ မရေတွက်နိုင်သော အနုပညာရှင်များသည် သူတို့၏ ကျော်ကြားမှု တိုးပွားလာရန် ဤအခွင့်အရေးကို အမိအရ ဖမ်းကြသည်။ သို့သော် ရဲ့လင်းချန်၏ ကဗျာက ထင်ပေါ်လာသောအခါ ၎င်းက စိတ်ဝင်စားမှုကို ခိုးယူသွားပြီး ထိန်းချုပ်မရ ဖြစ်သွားစေသည်။
ကဗျာက ကောင်းနေ၍ မဟုတ်ဘဲ အဓိပ္ပာယ်မရှိခြင်းကြောင့် ဖြစ်လေသည်။
အခြားသူများသည် သူတို့၏ ကဗျာများကို ကြည်နူးစရာကောင်းအောင် သို့မဟုတ် ခမ်းနားအောင် ကြိုးစားလေ့ ရှိသည်။ သို့သော် ဝိုင်အလှကုန် ပစ္စည်းဆိုင်ကတော့ မတူပေ။ ဤကဗျာက နေရာအနှံ့သို့ ပျံ့နေပြီး လူအများအား ပြောစရာစကား မဲ့အောင် ပြုလုပ်နေ၏။
ဤသို့ အမှိုက်ဆန်သော ကဗျာက တစ်နည်းနည်းဖြင့် လူတိုင်း၏ စိတ်ဝင်စားမှုကို ဖမ်းစားသွားနိုင်သည်။ မရေတွက်နိုင်သော လူများက စတင်၍ လေ့လာကြပြီး ဝေဖန်ကြလေသည်။
*ဒီလို အဓိပ္ပာယ်မရှိတဲ့ ကဗျာမျိုး ရေးနိုင်ဖို့ လူတစ်ယောက်က ဘယ်လောက်တောင် ပညာမဲ့လောက်မှာလဲ*
[ထားလိုက်၊ ဒါ ဝိုင်အလှကုန် ပစ္စည်းဆိုင်က အာရုံစိုက်မှုရအောင် ကြိုးစားနေတာမှန်း အသိသာကြီးပဲ၊ အဓိပ္ပာယ် မရှိဘူး]
[ဒီကဗျာကို ကြည့်လိုက်ရတာနဲ့ ရုတ်တရက် ပညာတတ် ဖြစ်နေလို့ ငါ့ကိုယ်ငါ ဂုဏ်ယူမိသွားတယ်၊ ဝါးဟားဟားဟား ...]
[ဒါကို မူလတန်းအရွယ် ကလေးတစ်ယောက်က ရေးထားတာ ဖြစ်မယ်၊ အဓိပ္ပာယ်ကို မရှိဘူး]
ရှောင်ယွဲ့နှင့် ရှောင်ရှင်းတို့သည်လည်း ကဗျာကို ထပ်ခါတလဲလဲ ဖတ်နေကြသည်။ သူတို့၏ မျက်နှာတွင် တွေဝေမှုတို့နှင့် ပြည့်နှက်နေ၏။ သူတို့ ဘယ်လောက် ဖတ်ပါစေ ကောင်းကောင်း နားမလည်ပေ။
“အစ်မယွင်ရှီ ဒီကဗျာကို ဘယ်သူရေးတာလဲ၊ ဒါက အရမ်း ... ညံ့တာပဲ”
ရှောင်ယွဲ့က မနေနိုင်ဘဲ မေးလာသည်။
သူတို့အနားမှ လူများသည်လည်း ကျန်းယွင်ရှီကို အာရုံစိုက်လာကြပြီး သူမ ပြန်အဖြေကို စောင့်နေကြသည်။ သို့သော် ကျန်းယွင်ရှီက အသာအယာ ပြုံးရုံသာ ပြုံးနေ၏။
“ဒီကဗျာက တအား ရိုးရှင်းတာ၊ နည်းနည်းလောက် ထပ်ဖတ်ကြည့်တာနဲ့ နင်တို့ တဖြည်းဖြည်း နားလည်သွားလိမ့်မယ်၊ ဒါက ငါ တစ်သက်လုံး ဖတ်ခဲ့ဖူးသမျှထဲမှ အလှဆုံးကဗျာပဲ”
အားလုံး အံ့ဩသွားပြီး အဘယ်ကြောင့် ကျန်းယွင်ရှီက ၎င်းကို အထင်ကြီးနေလဲ စဉ်းစားမရ ဖြစ်နေကြသည်။
ကျန်းယွင်ရှီ၏ မှတ်ချက်ကို အင်တာနက်ပေါ် တင်လိုက်သောအခါ ပို၍ လူစိတ်ဝင်စားသွားကြသည်။ သို့သော် သူတို့ အခါခါ ဖတ်ပါသော်လည်း နားမလည်သေးပေ။
ရှောင်ယွီသည် ကဗျာ ဝါသနာအိုးတစ်ယောက် ဖြစ်သည်။ ရှေးကဗျာထဲ၌ တွေ့ရသော ထည်ဝါမှုမျိုးသည် သူမ အနှစ်သက်ဆုံး ဖြစ်ပြီး ၎င်း၌ လှပမှုနှင့် ဝမ်းနည်းဖွယ်တို့ ပြည့်နှက်နေသည်။ ထို့နောက် သူမ၏ ကဗျာ၌ တစ်မူထူးခြားသော အခြေခံကြောင့် တရုတ်နိုင်ငံ၏ ကဗျာ အစီအစဉ်တွင် ပါဝင်ရန် ဖိတ်ကြားခြင်း ခံရလေသည်။ သူမကဲ့သို့ မိန်းကလေး တစ်ယောက်သည် စာပေ အနုပညာနှင့် ရှေးခေတ် ဗဟုသုတတို့ ပိုင်ဆိုင်ထားသောကြောင့် အွန်လိုင်းပေါ်၌ များပြားသော ဖော်လိုဝါများ ရှိသည်။
ယနေ့သည် စင်ဂယ်လ်များနေ့ ဖြစ်သောကြောင့် သူမသည်နှင့် အချစ်နှင့် ပတ်သက်သော ကဗျာတစ်ချို့ကို လူအများအား မျှဝေနေ၏။ ထို့အပြင် သူမက ကဗျာထဲမှ အဓိပ္ပာယ်များကို ရှင်းပြပြီး ၎င်းအတွင်းမှာ ချစ်ခြင်းမေတ္တာနှင့် ဝမ်းနည်းမှုတို့ကို သဘောကျကြောင်း မျှဝေ ပြောဆိုသည်။ အချစ်ကဗျာများသည် မိန်းကလေးတစ်ယောက် သဘောကျလောက်သည့် တစ်စုံတစ်ခု ဖြစ်လေသည်။
သို့သော် ထိုသို့သောအချိန်၌ တစ်စုံတစ်ယောက်က သူမကို တွဲ၍ ကဗျာတစ်ပုဒ်ကို အဆင့် သတ်မှတ်ပေးရန် တင်လာသည်။
*ကဗျာသစ် တစ်ပုဒ်လား၊ အချစ်ကဗျာလား*