← Chapters

ယွမ်ယင်ဝိညာဉ်ကို ချုပ်နှောင်သော ဘိုးဘေး၏ စာလိပ် ( ၁ )

Vol. 20 Ch. 302

ယွမ်ယင်ဝိညာဉ်ကို ချုပ်နှောင်သော ဘိုးဘေး၏ စာလိပ် ( ၁ )

Vol. 20 Ch. 302

တဝုန်းဝုန်းမြည်ဟည်းသံများ အဆက်မပြတ် လွင့်ပျံနေသည်။ အမှတ်ခြောက်သခင်ကြီးနှင့် ပိုင်လီတို့တိုက်ပွဲက ကောင်းကင်ကြီးကို အရောင်ပြောင်းလဲသွားစေပြီး မိုးမြေတုန်ဟီးသွားစေခဲ့သည်။

သူတို့၏တိုက်ကွက်တိုင်းက တောင်များကို နင်းချေကာ မြစ်များကို ခမ်းခြောက်သွားစေနိုင်သည်။ သူတို့နတ်တိုက်ကွက်များ ထိပ်တိုက်တွေ့ဆုံသွားသောအခါတွင် ဘေးပတ်လည်ရှိ ဟင်းလင်းပြင် တွန့်လိမ်ရှုံ့တွသွားသည်။

သူတို့နှစ်ယောက်ပတ်လည်ရှိ ဟင်းလင်းပြင်ထဲမှာ အက်ကြောင်းများ အဆက်မပြတ် ပေါ်လာသည်။ အချိန်နှင့်အမျှ ဟင်းလင်းပြင်ကြီး ပျက်စီးလာပြီး အရာအားလုံးကို ဝါးမျိုပစ်နိုင်ဟန်တူသော ဧရာမကျဉ်းနက်ကြီးတစ်ကျဉ်း ပေါ်လာနေသည်။

ကောင်းကင်ကပ်ဘေးပမာ မိုးကြိုးများလည်း ဘေးပတ်လည်တွင် အဆက်မပြတ် ပစ်ခတ်နေသည်။ ထိုမိုးကြိုးများသည် ဦးချိုများအသွင်ပြောင်းလဲ၍ အော်ဟစ်မြည်ကျွေးကာ အချင်းချင်း တိုက်ခိုက်ကြသည်။

ထိုမျှသာမက သူတို့နှစ်ယောက်သည် လေထဲတွင် အဆက်မပြတ် တိုက်ခိုက်နေကြသည်။ တစ်ကြိမ်တွင် အနီးကပ်တိုက်ခိုက်နေကြခြင်းဖြစ်ပြီး နောက်တစ်ကြိမ်တွင် အဝေးမှနေ၍ တိုက်ခိုက်နေတတ်သည်။

မုန်တိုင်းများလည်း တိုက်ခတ်လာပြီး ထိုမုန်တိုင်းများမှာ သူတို့ကိုယ်ပိုင်နတ်အစွမ်းများအဖြစ် ပြောင်းလဲသွားသည်။ ပိုင်လီ၏ ကိုယ်ထဲမှ အဖြူရောင်အမျှင်တန်းသဖွယ် ပိုးကောင်များ အဆက်မပြတ် ထွက်လာသည်။ ထိုပိုးကောင်တစ်ကောင်ချင်းစီက တွန့်လိမ်ရှုံ့တွကာ ကမ္ပည်းစာများ ဖြစ်သွားကြပြီး မဟာယင်လျှပ်စီးတန်းအသွင်ဖြင့် အမှတ်ခြောက်သခင်ကြီးထံ ပြေးဝင်သွားကြသည်။

အနီးကပ်ကြည့်ပါက အနက်ရောင်လျှပ်စီးများသည် မရေမတွက်နိုင်သော ပိုးကောင်များမှ ဖြစ်ပေါ်လာသည်ကို မြင်ရပေမည်။ ထိုပိုးကောင်များသည် အမှတ်ခြောက်သခင်ကြီးအနီးသို့ ရောက်သည်နှင့် ပေါက်ကွဲသွားတတ်သည်။ အမှန်စင်စစ် လေဟာနယ်အက်ကြောင်းတချို့ပင် ပေါ်လာသည်။

အဝေးမှကြည့်ပါက လေဟာနယ်အက်ကြောင်းများသည် အဖြူရောင်ကင်းခြေများနှင့်ပင် ဆင်တူသည်။

အမှတ်ခြောက်သခင်ကြီးသည်လည်း ခေသူမဟုတ်ပေ။ လက်ကိုဝှေ့ယမ်းလိုက်ရာ ပတ်ဝန်းကျင်တစ်ခုလုံး လူသတ်ငွေ့များ ထုတ်လွှတ်နေသည့် ဓမ္မအသုံးအဆောင်ပင်လယ်ကြီးဖြင့် ပြည့်နှက်သွားသည်။

ထိုဓမ္မအသုံးအဆောင်ပင်လယ်ကြီးမှ ထုတ်လွှတ်နေသော အရှိန်အဝါအရ လောကကြီးကို ဖျက်ဆီးပစ်နိုင်သောအစွမ်းရှိသည်။

ပိုင်လီသည်လည်း ထူးခြားသောကျင့်ကြံသူတစ်ဦးဖြစ်သည်။ သူ့ကျင့်ကြံခြင်းအဆင့်က အမှတ်ခြောက်သခင်ကြီးနှင့် အဆင့်တူပြီး အမှတ်ခြောက်သခင်ကြီးမှာ သေရည်အိုး ရှိနေသည့်တိုင်အောင် ထိုပိုင်လီကို အသာစီးမရယူနိုင်သေးပေ။

အမှတ်ခြောက်သခင်ကြီးက တိုက်ခိုက်ခြင်းထက် ဓမ္မအသုံးအဆောင်များ ပြုလုပ်ခြင်း၌သာ ထူးချွန်သည် မဟုတ်ပါလား။

တဝုန်းဝုန်းမြည်ဟည်းသံများကြားတွင် အမှတ်ခြောက်သခင်ကြီးရှေ့သို့ ပိုင်လီ ရိပ်ခနဲ ရောက်သွားသည်။ သူက လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်များဖော်၍ ညွှန်လိုက်သည်။ ရုတ်တရက် လေထဲမှာ ဓားမော့အလင်းတန်းတစ်တန်း ပေါ်လာသည်။ ထိုဓားမော့အလင်းတန်းသည် လေဟာနယ်ကို ဖြတ်၍ အမှတ်ခြောက်သခင်ကြီးထံ တိုးဝင်သွားသည်။ အမှတ်ခြောက်သခင်ကြီး မျက်နှာပျက်သွားပြီး နောက်ဆုတ်လိုက်သည်။

ထိုသည်ကိုမြင်၍ ပိုင်လီက ကောက်ကာငင်ကာ ရယ်မောလိုက်သည်။

“ တကယ့်ကို နေရာလေးက ယွမ်ယင်ကျင့်ကြံသူတစ်ယောက်ပဲကိုး။ ဒီလိုဓမ္မအသုံးအဆောင်ရှိနေတာတောင် ငါ့ကို မသတ်နိုင်သေးဘူး ”

“ ဒီလိုဆိုမှတော့ ဒီနေ့ ထွက်မပြေးတော့ဘူး။ မင်းကို သတ်ပြီး မင်းရဲ့ ထိပ်တန်းဓမ္မအသုံးအဆောင်ကို လုယူမယ် ”

သူသည် ပြောရင်းဆိုရင်း နဖူးကို ပိတ်ရိုက်လိုက်ရာ တစ်ကိုယ်လုံး တုန်ခါသွားသည်။ သူ့နောက်ကျော ဖောင်းကားလာပြီး မရေမတွက်နိုင်သော သွေးကြောများနှင့် ပိုးကောင်များဖြင့် ပြည့်နှက်နေသော ဘုကြီးတစ်ဘု ပေါ်လာသည်။ ထိုအသားဘုကြီး ရုတ်တရက် ပေါက်ကွဲသွားသည်။

ထို့နောက် ထိုဘုကြီးထဲမှ အပင်တစ်ပင် ပေါက်လာ၏။

ထိုအပင်က စုစုပေါင်းပေသုံးဆယ်ရှည်လျားပြီး ပိုင်လီ၏ခေါင်းအထက်တွင် ဆန့်ထွက်လာသည်။ ထိုအပင်တစ်ပင်လုံး သွေးရောင်လွှမ်းနေပြီး အရွက်ခြောက်ရွ့်ရှိသည်။ ထို့ပြင် မရေမတွက်နိုင်သော ဝတ်ဆံများနှင့် တြွိဂံပုံစံပန်းပွင့်တစ်ပွင့်ရှိသည်။

မရေမတွက်နိုင်အောင် ပြွတ်သိပ်နေသော ကမ္ပည်းစာများက သွေးများပမာ ထိုထူးဆန်းသော သစ်ပင်တစ်လျှောက် စီးဆင်းနေသည်။ ထိသစ်ပင်ပေါ်လာသည့်အခိုက် ထူးဆန်းသော နတ်အစွမ်းတစ်မျိုး ဖြာထွက်လာသည်။

ထိုအရှိန်အဝါက ပြင်းထန်လွန်း၍ ရွှီချင်း၏မျက်လုံးများ စပ်ဖျင်းဖျင်းဖြစ်သွားရသည်။ ခေါင်းဆောင်သည်လည်း မျက်လုံးများ နာကျင်သွားရသည်။ သို့သော် သူ့မျက်လုံးများထဲမှာ ရူးသွပ်ခြင်းများ ကြီးထွားလာ၏။

“ နတ်အစွမ်း ”

ထိုအပင်ထုတ်လွှတ်နေသည်မှာ နတ်အစွမ်းဖြစ်သည်။

ထိုအပင်က ပေါ်လာသည်နှင့် ခေါင်းမော့၍ ကောင်းကင်ရှိ သေရည်အိုးကို ချိန်ရွယ်၍ ခန္ဓာကိုယ်ကို ခါလိုက်သည်။

လေပြင်းများ တိုက်ခတ်သွားပြီး တြွိဂံပုံစံပန်းပွင့်ထဲမှ ဝန်ဆံများ လွင့်သွားကာ ရက်စက်ကြမ်းကြုတ်သော သရဲမျက်နှာကြီးပေါ်လာသည်။

ထိုသရဲမျက်နှာကြီး၏ မျက်လုံးများက နီမြန်းနေပြီး သွေးဆာနေသောအသွင်ရှိသည်။ ထိုအချိန်၌ ၎င်းက သွားဖြဲ၍ တဟဲဟဲ ရယ်နေသည်။

“ မင်းရဲ့ဓမ္မအသုံးအဆောင်ကပဲ ပိုအစွမ်းထက်လား၊ ဒါမှမဟုတ် ငါ့အလင်းတမန်နတ်သစ်စေ့ကပဲ အစွမ်းထက်လား ကြည့်ကြတာပေါ့ ”

ပိုင်လီက ကျယ်ကျယ်လောင်လောင် ရယ်မောလိုက်ပြီး ညာလက်ကိုဝှေ့ယမ်းလိုက်သည်။ ရုတ်တရက် သူ့အင်္ကျီလက်ထဲမှ ဆေးလုံးများ ပျံထွက်လာပြီး ပန်းပွင့်ထဲရှိ မျက်နှာကြီးထံ တန်းတန်းမတ်မတ် ဝင်ရောက်သွားသည်။

ထိုဆေးလုံးများသည် ပြီးခါနီးဆဲဆဲဆေးများဖြစ်သည်။ ထို့အပြင် ထိုဆေးလုံးများထဲတွင် မည်သည့်ဆေးပင်မျှမပါဘဲ အသွေးအသားများသာ ပါသည်။

ဆေးလုံးတစ်လုံးချင်းစီတိုင်းတွင် ဝိညာဉ်အရိပ်များရှိနေသည်ကို မြင်နိုင်သည်။ ဝိညာဉ်တိုင်းက အလွန် ငယ်ရွယ်ကြသည်။ ထိုဝိညာဉ်များသည် နှစ်ပေါင်းများစွာ ပျောက်ဆုံးသွားခဲ့သော ကောင်းကင်လက်ရွေးစင်များ ဖြစ်ပေသည်။

ထိုကောင်းကင်လက်ရွေးစင်များကို ပိုင်လီက ညှဉ်းပန်းနှိပ်စက်ကာ သူတို့အသွေးအသားများဖြင့် ဆေးဖော်ခဲ့သည်။ ထို့နောက် သူတို့ဝိညာဉ်များကိုပါ ပေါင်းစပ်၍ ဆေးလုံးအဖြစ် ပြောင်းလဲခဲ့သည်။

ထိုဆေးလုံးများကို သူကိုယ်တိုင် စားသုံးရန် ဖော်စပ်ခဲ့ခြင်းမဟုတ်ဘဲ သူ ပြောခဲ့သည့် နတ်သစ်စေ့ဖြစ်သော မိစ္ဆာသစ်ပင်ကို ကျွေးရန် ဖြစ်သည်။ သို့သော်လည်း ထိုအပင်က ဆေးလုံးအမြောက်အမြား လိုအပ်သည်ဖြစ်၍ တားမြစ်ပင်လယ်ဘက်သို့ သူ ထွက်လာခဲ့ခြင်း ဖြစ်သည်။

ဝမ်ကူးဒေသကြီး၌ ထိုကိစ္စ လုပ်ရန်မှာ အလွန် အန္တရာယ်များသည်။ သို့သော်လည်း ဤနေရာ၌ အန္တရာယ်များကို အေးအေးဆေးဆေး ကိုင်တွယ်နိုင်မည်ဟု သူ ထင်ခဲ့သည်။

အပင်သည် ဆေးလုံးများကို စားသုံးပြီးနောက် အမှတ်ခြောက်သခင်ကြီး၏ ဒေါသတကြီး ကြိမ်းမောင်းသံကြားတွင် ကောင်းကင်ရှိ သေရည်အိုးကို ရည်ရွယ်၍ ရုတ်တရက် အသံပြုလိုက်သည်။

“ ဟုန် ”

ထိုအသံသည် ပုံမှန်လေသံနှင့် မတူညီပေ။ ဂါထာတစ်ပုဒ်ရွတ်ဖတ်လိုက်သည်နှင့် ဆင်တူပြီး စကားတစ်လုံးသာဖြစ်သော်လည်း အသံပေါင်းမရေမတွက်နိုင်အောင် ရောယှက်ထားသည့်ဟန်တူသည်။

ထိုအသံ ပေါ်လာသည်နှင့် ကောင်းကင်မှ အက်ကွဲသံများ ပေါ်လာသည်။ သေရည်အိုးပေါ်မှာ အနီရောင်လျှပ်စီးတန်းများ ပေါ်လာသည်။ မျက်တောင်တစ်ချက်ခတ်အတွင်း ထိုလျှပ်စီးတန်းများ မရေမတွက်နိုင်လောက်အောင် တိုးလာသည်။

ဖြစ်စဉ်တစ်ခုလုံး အသက်ရှူကြိမ်အနည်းငယ်သာ ကြာမြင့်လိုက်သည်။ အနိမ့်ဆုံး အနီရောင်လျှပ်စီးတန်းတစ်သောင်းခန့် ဝေဟင်၌ ပေါ်လာပြီး သေရည်အိုးကို လွှမ်းခြုံသွားကာ ဧရာမကမ္ပည်းအမှတ်အသားကြီး ဖြစ်လာသည်။

အလွန်ရှုပ်ထွေးသော ထိုကမ္ပည်းအမှတ်အသားကြီးက အချုပ်အနှောင်တစ်ခုအသွင် ပြောင်းလဲသွားပြီး သေရည်အိုး၏ အစွမ်းကို အားနည်းအောင် လုပ်လေသည်။

All Chapters