ဆန်းသစ်ထားသော ကဗျာ
Vol. 24 Ch. 357
ရှောင်ယွီ မျက်မှောင်ကြုတ်မိသွားသည်။ တစ်စုံတစ်ယောက်က ကြုံသလို ရေးထားသော ကဗျာတစ်ပုဒ်ကို သုံး၍ သူမ၏ စိတ်ဝင်စားမှု ရရှိအောင် လုပ်နေသည့်ပုံပင်။ သို့သော် တစ်ခဏအတွင်းမှာပင် သူမကို တွဲ၍ တင်လာသော လူဦးရေက များပြားလာပြီး အားလုံးက ကဗျာတစ်ပုဒ်ကို ရည်ညွှန်းနေကြသည်။
*ဒီကဗျာက ဘာလဲ၊ ဘာလို့ အဲ့လောက်ထိ စိတ်ဝင်စားခံနေရတာလဲ*
သူမ သိချင်စိတ် တိုးပွားလာသဖြင့် ဖတ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
[ကဏန်းက ငါ့ရဲ့အခွံကို ဆွဲခွာနေတယ်၊
မှတ်စုစာအုပ်က ငါ့အပေါ်မှာ ရေးသားနေတယ်၊
ကောင်းကင်ယံကြီးက ကြည်လင်နေပြီးတော့ မြေပေါ်မှာ ရှိတဲ့ ငါ့ပေါ်ကို မေပယ်ရွက်တွေနဲ့ ဆီးနှင်းပွင့်တွေ ကျဆင်းနေတယ်၊
ဒါပေမဲ့လည်း မင်းက ငါ့အကြောင်း တွေးနေပြန်တာပဲ]
*ကဗျာက ရိုးရှင်းလိုက်တာ*
ယင်းက ရှောင်ယွီ၏ ပထမဆုံး ထင်မြင်ချက်ပင်။ ထို့အပြင် ရေးသားသော ပုံစံကလည်း အလွန် ထူးဆန်းလှသည်။ ၎င်းက ကလေးဆန်လှကာ စာသားများက ပြောင်းပြန်လှန်ထားသလိုပင်။ သာမန် အခြေအနေ၌ လုံးဝ ဖတ်၍ ကောင်းမည် မဟုတ်ပါ။
သို့သော် ထူးဆန်းစွာပင် သူမက ကဗျာတွင် ဖုံးကွယ်ထားသော အဓိပ္ပာယ်တစ်ခု ရှိသည်ဟု ခံစားမိနေသည်။
*ကဏန်း၊ မှတ်စုစာအုပ်၊ မေပယ်စာရွက်၊ နှင်း၊ ဒါတွေအားလုံးက ခံစားချက်တစ်ခုတည်းကို ဖော်ပြနေတာပဲ၊ အဲ့ဒါက … ဝမ်းနည်းခြင်း*
ထိုဝမ်းနည်းသော ခံစားချက်ကို စိတ်ထဲ ထည့်၍ သူမ ကဗျာကို ထပ်ဖတ်လိုက်သည်။ ယခုတစ်ခေါက် သူမ ဖတ်လိုက်သောအခါ ဝမ်းနည်းသော ခံစားချက်က ပိုနက်ရှိုင်းလာ၏။ ရုတ်တရက် သူမမျက်ဝန်းအိမ် ကျဉ်းမြောင်းလာပြီး မျက်ရည်များက နှလုံးသားထဲမှ ထွက်ကျလာသကဲ့သို့ မျက်လုံးမှ စီးကျလာသည်။
*ပြောင်းပြန်ပဲ*
*ဒါက ပြောင်းပြန် လုပ်ထားတာပဲ*
*ဒါက ဆန်းသစ်ထားတဲ့ ကဗျာပါလား*
သူမက မျက်လုံးထောင့်မှ မျက်ရည်များကို သုတ်လိုက်ပြီး သုံးကြိမ်မြောက်နှင့် လေးကြိမ်မြောက် ထပ်ဖတ်လိုက်သည်။ ခံစားချက်များက ပိုမို ကြီးထွားလာပြီး နောက်ဆုံးတွင် သူမ အသက်ပြင်းပြင်းရှူ၍ သူမ အမြင်ကို ဝေ့ပေါ်၌ စတင် ရေးသားလေတော့သည်။
[ဒီထဲမှာပါတဲ့စကားရဲ့ အလှက တကယ်ကို ထူးခြားတာပဲ၊ ကဗျာက အလှတရားကို အပြည့်အဝ ဖော်ထုတ်နိုင်တဲ့ အရာလို့ ငါ အခိုင်အမာ ယုံကြည်တယ်၊ စာပေက ခံစားချက်ရဲ့ နက်ရှိုင်းမှုကို အရိုးရှင်းဆုံး စကားလုံးတွေကို သုံးပြီး ဖော်ပြနိုင်တယ်၊ ဒီကဗျာက လုံးဝကို ကောင်းကောင်း ရေးသားထားတာ၊ အခြား ကဗျာအားလုံးနဲ့ မတူဘူး၊ ဒါကို ပြောင်းပြန် ရေးထားတာ၊ ငါ့ကို တော်တော်လေး ထိတ်လန့်သွားစေခဲ့တာ]
သူမက ထိုစကားကို ဝေ့ပေါ်၌ စတင်လိုက်သည်။ ၎င်းက တည်ငြိမ်နေသော ရေကန်ထဲသို့ ကျောက်ခဲတစ်ခဲ ပစ်ချလိုက်သကဲ့သို့ ချက်ချင်း အားလုံး၏ အာရုံကို ဆွဲဆောင်သွားနိုင်လေသည်။
[မဖြစ်နိုင်လိုက်တာ၊ ရှောင်ယွဲ့ကတောင် ဒီကဗျာကို ချီးကျူးနေတာလား]
[သောက်ကျိုးနည်း၊ ရှောင်ယွီ ကဗျာတစ်ပုဒ်ကို ဒီလောက် ချီးကျူးတာကို ငါ ပထမဆုံး မြင်ဖူးတာပဲ၊ ကဗျာရေးနည်း အသစ်တစ်ခုလား၊ ဒါက ဘာကို ပြောချင်တာလဲ]
[ငါ မင်းတို့နဲ့အတူ ရှင်းပြတာကို နားထောင်နေတယ်၊ ဒါကို အတူတူ စူးစမ်းရအောင်]
[ဒါ စီးပွားရေးအရ လိမ်လည်နေတာ မဟုတ်လား၊ ဘာပဲပြောပြော ဝိုင်အလှကုန်ပစ္စည်းက အွန်လိုင်းမှာ နာမည်ကြီးနေတဲ့ ဆိုင်ပဲလေ]
[ဒါက လုံးဝကို အတုအယောင်ပဲ၊ စကားလေး နည်းနည်းလောက်နဲ့ အဲ့လောက် ချီးမွမ်းခံရတယ်ပေါ့၊ ဘာက အဲ့လောက် ကောင်းနေလဲ ငါ မသိဘူး]
…
ရှောင်ယွီ၏ ပို့စ်အောက်၌ မှတ်ချက်များက လျင်မြန်စွာ များပြားလာ၏။ ပိုပိုများသော လူများက ပို့စ်ကို ဖတ်လာကြပြီး ဤကဗျာ၏ အဓိပ္ပာယ်ကို ဖော်ထုတ်ရန် ကြိုးပမ်းနေကြသည်။
ရှောင်ယွီက သူတို့ကို အရေးမစိုက်ဘဲ သူမအမြင်ကိုသာ ဆက်၍ ပြောလေသည်။
[ဒီကလူတိုင်း ကဗျာကို ဖတ်ပြီးပြီလို့ ကျွန်မ ယုံကြည်တယ်၊ တကယ်တော့ အစကနေ အဆုံးအထိ ဒီကဗျာကို ပြောင်းပြန် ရေးထားတာ၊ ပြောရရင် ကဗျာဆရာက လောကကို ပြောင်းပြန်လှန်ထားသလိုပဲ၊ မင်းတို့ ကဗျာကို ပြောင်းပြန် ဖတ်ကြည့်လို့ရတယ်]
*ပြောင်းပြန်ဖတ်ရမယ် ဟုတ်လား*
သူတို့ ကဗျာကို ထပ်မံ၍ အာရုံစိုက်သွားကြသည်။
[ကဏန်းက ငါ့ရဲ့အခွံကို ဆွဲခွာနေတယ်၊
မှတ်စုစာအုပ်က ငါ့အပေါ်မှာ ရေးသားနေတယ်၊
ကောင်းကင်ယံကြီးက ကြည်လင်နေပြီးတော့ မြေပေါ်မှာ ရှိတဲ့ ငါ့ပေါ်ကို မေပယ်ရွက်တွေနဲ့ ဆီးနှင်းပွင့်တွေ ကျဆင်းနေတယ်၊
ဒါပေမဲ့လည်း မင်းက ငါ့အကြောင်း တွေးနေပြန်တာပဲ]
နောက်ဆုံးစာကြောင်းကို သူတို့ ဖတ်ပြီးသည်နှင့် အတွေးထဲ ဝုန်းဒိုင်းကြဲလေတော့သည်။ လက်ရှိအချိန်၌ သူတို့ ကဗျာက ဘာပြောချင်သလဲ ဆိုသည်ကို သူတို့ နားလည်သွားကြသည်။
ယင်းသည် လွမ်းဆွတ်တမ်းတခြင်းကို ဆိုထားသည့် ကဗျာတစ်ပုဒ် ဖြစ်ပြီး “ငါ မင်းကို သတိရတယ်” ဟူသော သတင်းစကားကို ပါးရန် ကြိုးစားနေခြင်း ဖြစ်သည်။
[လူတိုင်း စမ်းကြည့်ပြီးပြီလို့ ကျွန်မ ထင်တယ်၊ ပြောင်းပြန် ဖတ်ကြည့်ပြီးတော့ စာသား အထားအသိုက အဓိပ္ပာယ် ရှိလာတယ် မဟုတ်လား၊ ကဗျာဆရာက သူ့တမ်းတမှုကို ဖော်ပြရုံတင် မကဘူး၊ လေးနက်တဲ့ အဓိပ္ပာယ် တစ်ခုကိုလည်း သယ်ဆောင်ထားတယ်၊ ကမ္ဘာကြီး ပြောင်းပြန် ဖြစ်သွားမှာပဲ မင်းက ငါ့အကြောင်း စဉ်းစားမှာတဲ့၊ ဒါက ဝမ်းနည်းစရာ ကောင်းတဲ့ တစ်ဖက်သတ် အချစ်တစ်ခုပဲ]
ရှောင်ယွီ၏ စကားက လူအများကို ထပ်မံ၍ အံ့ဩသွားစေသည်။ ထို့နောက်တွင် သူတို့အားလုံးသည် နွေးထွေးသလို ခံစားလိုက်ရပြီး နှလုံးသားထဲ၌ ကြည်နူးလာလေသည်။
[ကမ္ဘာကြီး ပြောင်းပြန်ဖြစ်သွားမှာပဲ မင်း ငါ့အကြောင်း စဉ်းစားလိမ့်မယ်တဲ့လား၊ ဟားဟားဟား၊ ဝမ်းနည်းစရာ ကောင်းတဲ့ ပုံပြင်လေးပဲ …]
[အားးး ဒီကဗျာကို ထပ်ဖတ်လိုက်တာ ငါ့ကို ငိုအောင် လုပ်လိုက်တာပဲ၊ ငါ ပထမဆုံး ဖတ်ကြည့်လိုက်တာနဲ့ နားမလည်ခဲ့တာက ရှက်ဖို့ ကောင်းလိုက်တာ]
[ဒီကဗျာက တကယ်ကို ထူးခြားတဲ့ နည်းလမ်းနဲ့ ရေးထားတာပဲ၊ ဒါပမေဲ့ ငါ အဲ့ထဲက ဖော်ပြထားတဲ့ ဝမ်းနည်းမှုကို စဉ်းစားလို့ မရဘူး၊ အဲ့လောက် လေကျယ်နိုင်ဖို့ မဖြစ်နိုင်ဘူးမလား]
[အပေါ်ကလူ မင်း အရင်က တစ်စုံတစ်ယောက်ကို မချစ်ခဲ့ဖူးဘူး မဟုတ်လား၊ မင်း တစ်ဖက်သတ် အချစ်ကို ခံစားဖူးတဲ့အခါကျရင် ဒီကဗျာကို လုံးဝ နားလည်လာလိမ့်မယ်]
[ဟုတ်တယ်၊ ကမ္ဘာကြီး ပြောင်းပြန်ဖြစ်မှပဲ မင်း ငါ့အကြောင်း စဉ်းစားလိမ့်မယ်၊ ဒါပေမဲ့ မင်းကို လွမ်းဆွတ်ရတာက ငါ့ဘဝရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်နေပြီ၊ ပုံမှန် မှတ်စုစာအုပ်တစ်အုပ်လိုပေါ့၊ ဟင့်ဟင့်ဟင့် …]
[ဉာဏ်ကြီးရှင်ပဲ၊ ဒီကဗျာက ဘယ်လောက် ခမ်းနားလိုက်လဲဆိုတာကို မင်း နားလည်မှပဲ သတိပြုမိလိမ့်မယ်]
ချက်ချင်းဆိုသလိုပင် ကဗျာကို ရှင်းပြထားသော ပို့စ်က အင်တာနက်ပေါ်၌ တောမီးသဖွယ် ပျံ့နှံ့သွားသည်။ ထိုသို့သောအချိန်၌ ကဗျာသည် စင်ဂယ်လ်များနေ့၏ အကျော်ကြားဆုံး ကဗျာ ဖြစ်လာလေသည်။
စင်ဂယ်လ်များနေ့အတွက် တစ်ဖက်သတ်အချစ်ထက် ဘယ်အရာကမှ ပိုမလိုက်ဖက်နိုင်တော့ပါ။
ထို့အပြင် ကဗျာ လူစိတ်ဝင်စားခံရခြင်းနှင့်အတူ ဝိုင်အလှကုန် ပစ္စည်းဆိုင်ကလည်း နာမည်ကြီးမှု ပိုမြင့်မားလာ၏။ ဝိုင်အလှကုန် ပစ္စည်းဆိုင်၏ လှပသော သူဌေးမလေးကို ပိုးပန်းရန် အလွန်ခက်ကြောင်း လူများစွာက ပြောဆိုကြသည်။
ထိုကဗျာသည် ဝိုင်အလှကုန် ပစ္စည်းဆိုင်၏ သင်္ကေတအဖြစ် ချက်ချင်း ပြောင်းလဲသွားပြီး မရေတွက်နိုင်သော ချီးကျူးမှုများ ရရှိလေသည်။
ရဲ့လင်းချန်က ငြိမ်၍သာ စောင့်ကြည့်နေ၏။ သူ၏ ရေပန်းစားမှုအမှတ်များ ငါးသိန်းမှ ၅၅၈,၉၇၈ သို့ တိုးသွားသည်ကို မြင်သောအခါ သူ အသာ ပြုံးလိုက်ပြီး သူ၏ အောင်မြင်မှုနှင့် ရမှတ်တို့ကို သိုဝှက် ထားလေသည်။
နောက်တစ်နေ့တွင် ရဲ့လင်းချန် အိပ်ယာမှ စောစောထလာသည်။ သူ၏ မနက်ခင်း လေ့ကျင့်ခန်းများ အပြီးတွင် သူသည် ရှုနန် လာကြိုသည်ကို တည်ငြိမ်စွာ စောင့်ဆိုင်းနေသည်။
မနက် အစောပိုင်းတွင် မီဒီယာ ပလက်ဖောင်းကြီးများတွင် မောင်းသူမဲ့ နည်းပညာ၏ သတင်းများ ဖုံးလွှမ်း နေသည်။ ထို့အပြင် အနုပညာ သတင်းချန်နယ်များအပြင် အချို့သော ဒေသခံ သတင်းထုတ်လွှင့်မှု ဌာနအချို့ကလည်း ယင်းခေါင်းစဉ်ကို ပြောပြနေကြသည်။ ယနေ့သည် ခေတ်သစ်တစ်ခေတ် ရောက်ရှိလာသော နေ့တစ်နေ့ ဖြစ်လေသည်။ ဤကိစ္စ၏ အခြေအနေကို နိုင်ငံခြား သတင်းမီဒီယာ များကလည်း တင်ပြနေ၏။
တစ်လောကလုံးက ယနေ့ကို အာရုံစိုက်နေပုံရပြီး တရုတ်လူမျိုး ဂုဏ်ယူရသည့် နေ့တစ်နေ့ပင်။
ကိုးနာရီတိတိတွင် တောင်ကျစမ်းရေ အိမ်ရာ၏ အပြင်ဘက်၌ ရှုနန်၏ ကား ဆိုက်ရောက်လာသည်။
“ဆရာ”
ရဲ့လင်းချန်ကို မြင်သောအခါ ရှုနန်က ချက်ချင်း အရှေ့သို့ လှမ်းလာပြီး ပြုံး၍ နှုတ်ဆက်သည်။
ရဲ့လင်းချန်က ခေါင်းညိတ်ပြ၍ ကားထဲ ဝင်လိုက်သည်။
ကားကို မောင်းနှင်လာပြီးနောက် ပြပွခန်းမသို့ အချိန်တိုအတွင်း ရောက်ရှိသွားသည်။
ဘေးဘီကို ကြည့်လိုက်သောအခါ ပတ်ဝန်းကျင်၌ ကားများဖြင့် ပြည့်နေ၏။ လူပေါင်းများစွာက စိတ်လှုပ်ရှား နေသော မျက်နှာများဖြင့် ဝင်လာနေကြလေသည်။
ရဲ့လင်းချန်သည် နိုင်ငံခြားသား တော်တော်များများကို တွေ့လိုက်ရသည်။ အသားအရေ ဖြူသူများ ရှိသလို မည်းသူများလည်း ပါပေသည်။ အားလုံး၏ မျက်နှာတွင် စိတ်လှုပ်ရှားနေသော အပြုံးများ ပေါ်လွင်နေသည်။
“ကျောင်းသား ရဲ့လင်းချန်၊ နင် ရောက်လာပြီပဲ”
ရဲ့လင်းချနန် အရှေ့သို့ ရှုဝမ်ချင်း ရောက်လာသည်။
“ဆရာမရှု”
“အရင်က အဖြစ်အပျက်အတွက် ငါ တောင်းပန်ပါတယ်၊ ငါတို့ နင့်ရဲ့ မှတ်စုစာရွက်ကို မထိန်းသိမ်းနိုင်ခဲ့ဘူး၊ ပြီးတော့ နင့်ကို ထပ်ပြီး ဒုက္ခပေးမိပြန်ပြီ”
ရှုဝမ်ချင်က တောင်းပန်လေသည်။
ရဲ့လင်းချန်က ဘာမှမပြောဘဲ ပြုံးသားနေ၏။
သူ စိတ်မတိုဟု ပြောလျင် လိမ်ရာကျပေမည်။ သူ တဖြည်းဖြည်း ရင့်ကျက်လာသည်နှင့်အမျှ ပါရမီရှင်တစ်ဦး၏ မာနသည်လည်း တဖြည်းဖြည်း ဖွံ့ဖြိုးလာသည်။ အစက သူ ဘာမှထပ်လုပ်ရန် စိတ်မကူးထားသော်လည်း ရှုနန်က သူ့တပည့် ဖြစ်နေပြီး ရှုဝမ်ချင်က သူ ရင်းနှီးသော ဆရာမတစ်ယောက် ဖြစ်နေခဲ့သည်။ ထို့အပြင် အလိုအလျောက် မောင်းနှင်ခြင်း နည်းပညာသည် အရေးကြီးသော အရာတစ်ခု ဖြစ်သည်။ ယင်းက တရုတ်နိုင်ငံ၏ နည်းပညာ ရပ်တည်မှုနှင့် တိုးတက်မှုအပေါ် တိုက်ရိုက် သက်ရောက်သည်ဟုပင် ဆိုနိုင်ပေသည်။ ထိုအကြောင်းပြချက်များကြောင့် ရဲ့လင်းချန်သည် အကောင်းဆုံး လုပ်ဆောင်ရန် ကြိုးစားနေသေးခြင်း ဖြစ်သည်။
“ဆရာ စိတ်မဆိုးပါနဲ့၊ ရှင် သူ့ကို ပြစ်ချက်တွေ ထုတ်ပြောပြီး ကောင်းကောင်းကြီး မျက်နှာ ဖြတ်ရိုက်ပစ်လိုက်စမ်းပါ၊ ဆရာမကြီး မြဲ့ကြွယ်ကို သူ့အမှားတွေ ဝန်ခံလာအောင် လုပ်ပစ်လိုက်၊ သူ စိတ်ရင်းအတိုင်း တောင်းပန်မယ်လို့ ကျွန်မ အာမခံတယ်”
ရှုနန်က ရဲ့လင်းချန်၏ လက်မောင်းကိုဖက်၍ ချွဲကာ ပြောလေသည်။