← Chapters

ဖျက်စီးပစ်မယ်.....

Vol. 15 Ch. 197

ဖျက်စီးပစ်မယ်.....

Vol. 15 Ch. 197

" ရှီလင်းကကောင်တွေ ဉမပါကျဘူးလား......လွယ်လွယ်နဲ့စည်းရုံးခံလိုက်ရပြီ.... "

ဒူဇီပိုင်ရွှမ်း မကျေမချမ်းထအော်သည်ကို ဒူဇီဟုန်လျန်က ခပ်ထေ့ထေ့ရယ်မောလိုက်ပြီး......

"ငါတို့ရဲ့ ကြိုးကိုင်နိုင်မှုကို ကျေးဇူးတင်ရတော့မယ်....ဒီလူတွေ လိုချင်တာမရသွားပေမယ့် ဒီလောက် လူအုပ်ကြီးနဲ့ဆိုလီလော့အတွက် ဘေးကြပ်နံကြပ်အခြေနေတွေ မလွဲမသွေဖြစ်လာလိမ့်မယ်....."

" ရည်ရွယ်ချက်ကြီးပြီး အရည်အချင်းရှိသားပဲ......"

"ဖေဟောင်က ရှီလင်းဌာနခွဲကို နှစ်အတော်ကြာ အုပ်ချုပ်ခဲ့တာဆိုတော့...အခုလို ဌာနချုပ်က အကုန်လုံးကို ပြန်ခေါ်လိုက်တဲ့အတွက် သက်သာရာရသွားကြလိမ့်မယ်....."

" ကျွန်တော်ကတော့ ဖေဟောင်လို အကြံကြီးသူတစ်ယောက်က အခုလို လီလော့ကောင်းစားဖို့ လွယ်လွယ်ကူကူ ထိုးကျွေးလိုက်မယ်လို့ မထင်ဘူး......"

" အင်း...ငါလည်း နင့်လိုပဲတွေးမိတယ်....သူတို့တွေ ဘယ်လိုစီစဉ် စီစဉ် ဒီအတိုင်းသာကြည့်နေလိုက်....လော့လန်အိမ်တော်ဘက်မှာ ပိုရှုပ်လာလေ ငါတို့ ဒူဇီအိမ်တော်အတွက် အကျိုရှိလေပဲ...."

" ရှီးယန်ရုံးချုပ်ရဲ့အခြေနေကို စောင့်ကြည့်ဖို့ လူလွှတ်ထားလိုက်ဉီး....တစ်ခုခု သတင်းထူးရင် ငါ့ကို လာပြောဖို့မမေ့နဲ့......"

.............................................................

ဖေဟောင်သည် လီလော့နှင့် ပညာရှင်တို့ ဆွေနွေးညှိနှိုင်းနေကြသည်ကို စားသော​က်ဆိုင်ထဲကနေ မြင်နေခဲ့ရပြီး လီလော့အော်ပြောလိုက်သည့်စကားများကိုလည်း ကြားလိုက်ရသည်။

" ဟွန့်...ပဲ့တင်ထပ်သံနှစ်ခုရှိတယ်ဆိုပြီး ဇောင်းကြွနေတယ်ပေါ့...."

လီတိုင်ရွှမ်နှင့်တန်တိုင်လန်တို့ရှိစဉ်တုန်းက သားဖြစ်သူ လီလော့ကို အင်မတန်မြတ်နိုးတန်ဖိုးထားခဲ့ကြသည်။ထို့ကြောင့်လည်း သခင်နှစ်ပါးဆီက မျက်နှာသာရရန် လီလော့အတွက် အဖိုးတန်လက်ဆောင်များ ခဏခဏ ပို့ပေးခဲ့သည်။

လီလော့သည် တစ်နှစ်သားအရွယ်ကတည်းက လော့လန်အိမ်တော်ဆက်ခံသူအဖြစ် သတ်မှတ်ခံခဲ့ရသူဖြစ်သည်။

ရွှေဇွန်းကိုက်ပြီး မွေးဖွားလာသူ လီလော့တစ်ယောက် အိမ်တော်ဆက်ဆံသူအဖြစ်တင်မြောက်ခံရချိန်တွင် သူကတော့ စေသည့်ကျွန်၊ ထွန်သည့်နွားကဲ့သို့ ခိုင်းစေသမျှကို ကြိုးစားလုပ်ကိုင်ပေးခဲ့ရသည်။

ထိုအချိန်က အမုန်းတရားများကို ပေါ်ပေါ်တင်တင် ထုတ်မပြနိုင်သေးသော်လည်း ရင်ထဲတွင် နေ့စဉ်နှင့်အမျှ လောင်ကျွမ်းနေခဲ့သည်။

လီလော့သည် လော့လန်အိမ်တော်ကို ဆက်ခံနိုင်ခဲ့ရုံသာမက ကလေးဘဝကတည်းက မိဘနှစ်ပါးက အရာရာသာလွန်ပြည့်စုံသော ကျန်းချင်းအာနှင့်ပါ စေ့စပ်ပေးလိုက်သေးသည်။

သို့သော်လည်း ကံတရား

က သိပ်ကို ဆန်းကြယ်လွန်းလှပါသည်။အိမ်တော်သခင်နှစ်ပါးစလုံး မြင့်မြတ်သောစစ်တလင်းဆီစေလွှတ်ခံခဲ့ရပြီး ဘာ ယသတင်းအစအနမျှ မကြားရ​တော့သည့်အပြင် လီလော့ကလည်း ဗလာနန်းတော်ရှိနေသည့်အတွက် လူတကာ နှိမ့်ချကဲ့ရဲ့မှုကို အလူးအလဲခံစားခဲ့ရသည်။

ထိုသတင်းကြားတုန်းကဆို တစ်ခါမျှအရက်မသောက်ဖူးသော ဖေဟောင်သည် အရက်သုံးအိုးကုန်အောင်သောက်ပြီး အောင်ပွဲခံပစ်ခဲ့သည်။

ထိုအချိန်ကတည်းက လီလော့၏ ဗလာနန်းတော်ကို အကြောင်းပြပြီး တခြားသူများကို သူ့ဘက်ပါအောင် တဖြည်းဖြည်းစည်းရုံးသိမ်းသွင်းခဲ့သည်။

ပျော့ညံ့အားနည်းသောသူတစ်ယောက်ကို ခစားချင်သူ မည်သူရှိမည်နည်း....

လော့လန်အိမ်တော်တစ်ခုလုံး သူ့လက်ထဲရောက်လာဖို့ လက်တကမ်းသာလိုတော့သည့်အချိန်တွင် ကျန်းချင်းအာ၏ စွက်ဖက်မှုများနှင့်ကြုံတွေ့ခဲ့ရပြန်သည်။

အိမ်တော်သခင်နှစ်ပါး၏ ချွေးမလောင်းဖြစ်သော ကျန်းချင်းအာသည် သာမာန်တပည့်ဖြစ်သော ဖေဟောင်ထက် အစစအရာရာသာလွန်နေသူဖြစ်သည်။

အဆင့်ကိုးအလင်းပဲ့တင်ထပ်သံပိုင်ဆိုင်ထားသူတစ်ယောက်သည် အမှောင်ခွင်း၍ အလင်းဆောင်လာပေးခဲ့သူတစ်ယောက်သဖွယ်ဖြစ်နေခဲ့လေ၏။

ထိုအကြောင့်လည်း တိုတောင်းလှသော အချိန်ကာလအတွင်းမှာ အိမ်တော်၏ပြသာနာအဝဝကို တည်ငြိမ်အောင်ဖြေရှင်းနိုင်ခဲ့ပြီး သူ့ကို အခက်တွေ့စေခဲ့သည်။

အကယ်၍ အတိုင်ပင်ခံအကြီးအကဲအချို့ကြောင့်သာမဟုတ်လျှင် ကျန်းချင်းအာသည် ဖေဟောင်ကို လော့လန်အိမ်တော်မှ အပြီးအပိုင်မောင်းထုတ်လိုက်မည်သာ......

ဒါတွေအပြင် သူမသည် ရှပြည်ထောင်စုတွင် အသက်အငယ်ဆုံး မြို့စားနှစ်ဉီးဖြစ်ခဲ့သည့် အိမ်တော်သခင်နှစ်ပါး၏စံချိန်ကို ချိုးနိုင်လောက်သည်အထိ ကျင့်ကြံရေးပိုင်းတွင်လည်း ထူးချွန်သူတစ်ဉီးဖြစ်နေသည်။

လွန်ခဲ့သည့်လအနည်းငယ်ကတည်းက ဖေဟောင်သည် ကျန်းချင်းအာနှင့်လီလော့ တို့ကို အတိအလင်းပုန်ကန်ကြောင်းပြသခဲ့သော်လည်း လီလော့၏ ဗလာနန်းတော်ကိစ္စပြေလည်သွားပြီဟူသော သတင်းဆိုးနှင့်သာ အဆုံးသတ်ခဲ့ရသည်။

ထိုမျှတင်မက လီလော့သည် ထျန်ရှုစီရင်စု၏ ချန်ပီယံအနေဖြင့် ကြယ်တာယာခရီးရှည်ကောလိပ်တွင် ဝင်ခွင့်ရခဲ့ပြီး ပဲ့တင်ထပ်သံနှစ်ခုရှိနေသည်ဟူသော သတင်းများကိုသာ ဆက်တိုက်ကြားနေခဲ့ရသည်။

ထိုသတင်းများ​​ကြောင့် ဖေဟောင် ရူးတော့မလိုဖြစ်နေပြီ.......

အကယ်၍ လီလော့တွင် ပဲ့တင်ထပ်သံနှစ်ခုရှိနေကြောင်း ကြိုသိခဲ့ပါက သူသည်လည်း ရည်ရွယ်ချက်များကို ဖုံးဖိထားပြီးရေလိုက်ငါးလိုက် နေနေဉီးမည်သာ....

အကွက်ကျကျလှည့်စားခံလိုက်ရလေပြီ....

အခုတော့....မထူးဇာတ်ခင်း၍ ရှေ့ဆက်တိုးရတော့မည်။

လီလော့ထံတွင် ပဲ့တင်ထပ်သံနှစ်ခု၊ ကျန်းချင်းအာတွင် အဆင့်ကိုးပဲ့တင်ထပ်သံရှိသကဲ့သို့ သူ့ထံတွင်လည်း သန်မာသော ကျောထောက်နောက်ခံရှိနေပါသေးသည်။

အားလုံးက အရာအားလုံးကို သူတစ်ယောက်တည်း စီမံနေသည်ဟုသာထင်နေကြသည်။

မည်သို့ပင်ဆိုစေ အခြေပျက်ယွင်းနေသောလော့လန်အိမ်တော်သည် ခပ်ပြင်းပြင်းလှိုင်းထန်ရုံလောက်နှင့်ပင် ပြိုလဲသွားပေလိမ့်မည်။

ပုန်ကန်ရန် ဆုံးဖြတ်ပြီးပြီဖြစ်သောကြောင့် နောက်ကြောင်းပြန်လှည့်ဖို့ မဖြစ်နိုင်တော့ပေ။

ထိုအချိန်တွင်  အလင်းတန်းတစ်ခုလင်းလက်လာပြီး အခန်းနံရံပေါ်၌ အက်ကွဲကြောင်းတစ်ခုဖြစ်ပေါ်လာသည်။

ဖေဟောင်သည် ထိုအက်ကွဲကြောင်းမှတဆင့် အောက်ဘက်သို့ တဖြည်းဖြည်း ဆင်းသွားသည့် ကျယ်ပြန့်သည့်အခန်းတစ်ခုထဲသို့ရောက်သွားခဲ့သည်။

ထိုအခန်းထဲတွင် အရင်ရောက်နှင့်နေသူတစ်ဉီးရှိနေသည်။

ဖေဟောင်  ထိုသူကို တရိုတသေဉီးညွှတ်လိုက်သည့်အခါ.....

" အခြေနေ........"

" ကျွန်တော် လီလော့ကို အဓိက စားပွဲမလာခင် အမြည်းကျွေးလိုက်ရုံပါ...."

" လီလော့က အရင်က လီလော့မဟုတ်တော့ဘူး...."

" ကျွန်တော့်အထင် ဗလာနန်းတော်ရှိနေတယ်ဆိုတာ လိမ်နေတာနဲ့တူတယ်.....ဘာပဲဖြစ်ဖြစ်

လော့လန်အိမ်တော်ကို ကယ်တင်ဖို့ကြိုးစားနေတယ်ဆိုကတည်းက သိပ်ကိုနုံချာလွန်းနေပြီ.....ပြီးတော့ အရှင်ရဲ့ ခွန်အားက နှိုင်းမရအောင်သန်မာနေတာပဲ....အရှင်သာ ဆန္ဒရှိမယ်ဆို လော့လန်အိမ်တော် အခုလောက်ထိ ရေရှည်တည်မြဲနေမှာမဟုတ်ဘူး...."

" ထားလိုက်စမ်းပါ...ငါတို့မှာလည်း ကိုယ်ပိုက်င်အကြောင်းအရင်းတွေရှိနေသေးတယ်....မင်းလည်း ရှမြို့တော်ကို ရောက်ပြီဆိုတော့ ပြင်ဆင်စရာရှိတာပြင်ဆင်ထားတော့......ငါတို့ရဲ့ရည်မှန်းချက်က လော့လန်အိမ်တော်ကို ဆုတ်ယုတ်အောင် လုပ်နိုင်ဖို့ပဲ....အောင်မြင်လို့ရတော့ မင်းလိုချင်တာမှန်သမျှ အရကုန်ရစေရမယ်.....သတင်းကောင်းပဲ ကြားချင်တယ်....ငါ့ကိုစိတ်မပျက်စေနဲ့......"

" အရှင်....စိတ်ချပါ ကျွန်တော် မပိုင်ဆိုင်ရမှတော့ လီလော့လည်းမပိုင်ဆိုင်စေရဘူး....အကုန်ဖျက်စီးပစ်မှာပါ....."

" နေစမ်းပါဉီး.....မင်း လီလော့ကို ဘာလို့မုန်းနေတာလဲ....လီတိုင်ရွှမ်နဲ့တန်တိုင်လန်တို့ မင်းကို ကောင်းကောင်းဆက်ဆံပေးခဲ့တယ်မဟုတ်လား....."

"အဲ့နှစ်ယောက်အပေါ် လေးစားတာကလွဲရငိ ကျွန်တော့်မှာ တခြားဘာခံစားချက်မှမရှိဘူး....."

" ဟားးဟားးး ဒါဆို မင်းက လီလော့ကို မုန်းနေတာလား မနာလိုဖြစ်နေတာလား....သူရထားတဲ့ ချစ်ခြင်းမေတ္တာတွေကို မင်းမရလို့ မနာလိုဖြစ်နေတာလား....."

" ဘာကိစ္စ မနာလိုဖြစ်ရမှာလဲ...."

" မိဘနှစ်ပါးရဲ့ ချစ်ခြင်းမေတ္တာတွေပုံအောပြီးရထားတဲ့အပြင် ကျန်းချင်းအာလို အဘက်ဘက်က ပြည့်စုံတဲ့သူနဲ့ပါစေ့စပ်ထားရလို့ပေါ့.....ဒီအချက်တွေက မနာလိုဖြစ်ချင်စရာကောင်းတဲ့အချက်တွေပဲလေ...."

" အဲ့တော့ ကိုယ်မပိုင်ရတဲ့အရာတွေကို ဖျက်စီးပစ်လိုက်ကြစို့......"

All Chapters