← Chapters

စမ်းသပ်ချက်.....

Vol. 15 Ch. 198

စမ်းသပ်ချက်.....

Vol. 15 Ch. 198

ရှီးယန်ရုံးချုပ်တွင်.......

ခန်းမထဲတွင် ပညာရှင်အများအပြားရှိနေသော်လည်း အုပ်စုနှစ်ဖွဲ့ကွဲနေသည်။

တစ်ဖက်က ရုံးချုပ်မှပညာရှင်များ၊ တဖက်က တန်ယွမ် ဉီးဆောင်လာသော ရှီလင်းမှပညာရှင်များ........

ရုံးချုပ်တံခါးဝတွင် ဖြစ်ပျက်ခဲ့သမျှကို သိနေသောကြောင့် ရုံးချုပ်မှပညာရှင်များသည် တန်ယွမ်တို့အဖွဲ့ကို ဒေါသတကြီးစိုက်ကြည့်နေကြသည်။

// ဖေဟောင်ရဲ့လူတွေမှန်း သိသာနေတာကို မျက်နှာပြောင်တိုက်ပြီး လျှို့ဝှက်ရေအရင်းမြစ်လာတောင်းရဲသေးတယ်....နေ့ခင်းကြောင်တောင် ဓားပြတိုက်နေသလိုပဲ.....//

ဖေဟောင်သည် မည်သူနည်း.....

သူတို့သည်လည်း အဆိပ်ပြင်းလှသော ထိုသူ၏လက်ထဲမှ သခင်လေးလီလော့ကြောင့်သာ လွတ်မြောက်ခွင့်ရခဲ့ကြသည်။

ထို့ကြောင့် ယခုချိန်တွင် သူတို့ ရင်ထဲတွင် သခင်လေးလီလော့နှင့် လျှို့ဝှက်ရေအရင်းမြစ်သာ ရှိနေပါတော့သည်။

မလုံသည့်အိုး တုတ်မိုးရုံနှင့်ကွဲဆိုသလို တန်ယွမ်တို့သည်လည်း ရုံးချုပ်မှပညာရှင်များ၏အကြည့်ကြောင့် အတော်နေရခက်နေကြသည်။

ယခုအချိန်တွင် လီလော့က စင်ပေါ်တွင် မတ်တပ်ရပ်နေပြီး သူ့နောက်တွင် ကျန်းချင်းအာနှင့် ချိူင်ဝေတို့လည်း ရှိနေကြသည်။

" ကျေးဇူးပြုပြီး ခွဲခြားဆက်ဆံတာမျိုးတွေမလုပ်ဖို့ မေတ္တာရပ်ခံချင်ပါတယ်......ရှီလင်းရုံးချုပ်ကပညာရှင်တွေကလည်း ကျွန်တော်တို့အတွက် နှစ်ပေါင်းများစွာ ကြိုးစားပေးခဲ့ကြသူတွေပါပဲ....."

ထိုစကားကြောင့် တန်ယွမ်နှင့်လုရှောင်ဖန်းတို့တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မိလိုက်သည်။

လီလော့သည် ရှီလင်းဌာနခွဲတစ်ခုလုံး ဖေဟောင်လက်အောက်ရောက်နေမှန်းသိသည့်တိုင် သဘောထားကြီးစွာဖြင့် အားလုံးကို လက်ခံပေးထားဆဲပင်.....

ထို့ကြောင့်လည်း မျက်နှာပူလာမိသည်။

"ဟမ့်....သခင်လေးဘက်က ဒီလောက်သဘောထားကြီးပေးနေတာကို ကျေးဇူးတင်ရကောင်းမှန်း သိတတ်ကြရင်ကောင်းမယ်...."

အကြီးအကဲကျန်းက တန်ယွမ်တို့ကို ထိုသို့ဆူပူလိုက်သည့်အခါ တန်ယွမ်တို့ခင်မျာ မချိမပြုံးသာ ပြုံးနေရှာသည်။

လီလော့ကို ကျေးဇူးတင်နေပေမယ့်လည်း သူတို့သည် ယခုချိန်ထိ ဖေဟောင့်ဘက်တော်သားများဖြစ်နေကြဆဲပင်....

" ဒီလအတွက် ရုံးချုပ်ကနေ အမြတ်တော်တော်ရထားတယ်.....ဟန်ဇီတို့တွေ မရှိတော့တဲ့အတွက် ဆုံးရှုံးမှုများခဲ့ပေမယ့်လည်း သမုဒ္ဒရာထဲမှာ ငါးမရှားပါဘူး.....ရှီးယန်ရုံးချုပ်နောက်တဖန် ထွန်းတောက်လာမှာ သေချာပါတယ်..... "

" ရှီးယန်ရုံးချုပ်ကို ရှပြည်ထောင်စုရဲ့ထိပ်တန်းစံအိမ်ဆယ်ခုစာရင်းဝင်နိုင်ဖို့  ကျွန်တော် ရည်မှန်းထားတယ်.....ရေမြင့်ရင် ကြာတင့်တယ်ဆိုတဲ့စကားအတိုင်း ခင်ဗျားတို့လည်း ထင်ရှားကျော်ကြားလာကြမှာပါ....."

ပြောင်းလဲမှုကို ကိုယ်တိုင်ကြုံတွေ့ဖူးထားသည့်အတွက် လီလော့၏ ကြေငြာချက်ကို ရုံချုပ်မှ ပညာရှင်များက သောင်းသောင်းဖြဖြ လက်ခံနေကြသည်။

ရှီးယန်စံအိမ်သည် ထိုပန်းတိုင်သို့ရောက်ရန် အလှမ်းဝေးနေသေးသော်လည်း သခင်လေး၏ ဦးဆောင်မှုအောက်တွင် ထိုသို့ဖြစ်လာမည်မှာ သိပ်ကြာမည်မဟုတ်လောက်ပေ။မညိသို့ပင်ဆို​စေ လီလော့သည် သူတို့၏မျက်စိရှေ့တွင် အံ့ဖွယ်ရာများကို လုပ်ဆောင်ခဲ့ပြီးဖြစ်သည်။

ထို့အပြင် ရှီးယန်စံအိမ်ကျော်ကြားလာသည်နှင့်အမျှ သူတို့သည်လည်း ကျော်ကြားလာပေတော့မည်။

လီလော့ပြောလိုက်သောစကားများသည် အမှန်လား မျှော်လင့်ချက်လား ကွဲပြားစွာ မသိနိုင်သေးသော်လည်း တန်ယွမ်တို့သည် ရုံးချုပ်မှပညာရှင်များကို မနာလိုဖြစ်နေမိကြသည်။

ဖေဟောင်သည် ရှီလင်းဌာနခွဲ တစ်ခုလုံးကို အဆီစား အသားမျိုဖို့သာ တွေးနေပြီး တိုးတက်ရာတိုးတက်ကြောင်း ဘာတခုမျှ မလုပ်ပေးခဲ့ပေ။

" သခင်လေးက လူတွေ့ရဲ့စိတ်နှလုံးသားကို ဖမ်းစားတဲ့နေရာမှာ အတော်ဆရာကျနေပြီပဲ...."

ချိုင်ဝေက ကျန်းချင်းအာကို လက်တို့ပြီး ချီးကျူးစကားဆိုလိုက်သည်။

" ဟုတ်တယ်....ဉက္ကဌရာထူးနဲ့ ထိုက်တန်ကြောင်းသက်သေပြဖို့ကြိုးစားနေပြီ....."

လီလော့နှင့် ရုံးချုပ်ကပညာရှင်များ အပေးယူမျှနေကြသည့်အတွက် တန်ယွမ်တို့ ပို၍ပက်နေရခက်နေကြသည်။

" သ..သခင်လေး..ကျွန်တော်တို့ဘယ်တော့လောက် အလုပ်စဆင်းရမလဲ....."

" မစိုးရိမ်ပါနဲ့......ခင်ဗျားတို့ကို ရုံးချုပ်ကလူတွေနဲ့ တန်းတူထားပေးမှာပါ.......နေရာထိုင်ခင်းအတွက် အကြီးအကဲကျန်း စီစဉ်ပေးပါလိမ့်မယ်......"

" ဒါဆို လျှို့ဝှက်ရေအရင်းမြစ်တွေလည်း လုံလုံလောက်လောက်ရမှာပေါ့နော်......"

လုရှောင်ဖန်းက မဝံ့မရဲလေသံဖြင့် မေးလာပြန်သည်။

" ပေးမှာပါ.....အကုန်တန်းတူ ထောက်ပံ့ပေးမှာပါ.....ဘယ်သူ့ကိုမှခွဲခြားဆက်ဆံမှာမဟုတ်ဘူး....."

ထိုအခါမှသာ ရှီလင်းဌာနခွဲမှ ပညာရှင်များ သက်ပြင်းချနိုင်ရှာတော့သည်။

" တစ်ခုလောက်မေးချင်လို့ပါ....သခင်လေးပြောခဲ့တဲ့ စမ်းသပ်စစ်ဆေးပွဲဆိုတာ ဘယ်လိုမျိုးကိုပြောတာလဲ......"

ထောင်ချောက်မှန်းမသိ တိုးဝင်မိလိုက်မည်စိုးသောကြောင့် တန်ယွမ်က ချက်ကျလက်ချ မေးခွန်းထုတ်လာခဲ့သည်။

တခြားသူများသာမက ချိူင်ဝေနှင့် ကျန်းချင်းအာတို့ပင်လျှင် လီလော့၏အတွေးများကို လိုက်မမှီကြတော့ပေ။

စမ်းသပ်မှုကို အောင်မြင်မှသာ ရှီလင်းဌာနခွဲအတွက် လျှို့ဝှက်ရေအရင်းမြစ် ထောက်ပံပေးမည်ဟု လီလော့ ပြောထားခဲ့သည်မဟုတ်လော.....

အကယ်၍ လီလော့ဘက်ကသာ မဖြစ်နိုင်သောအရာများကို လုပ်ခိုင်းမည်ဆိုလျှင် အကုန်ဒုက္ခများကုန်လိမ့်မည်။

" ဟုတ်သားပဲ....အကုန်လုံး သိအောင် ရှင်းရှင်းလင်းလင်း ကြေငြာပေးပါ့မယ်...."

" စစ်ဆေးမှုက ရိုးရှင်းပါတယ်....ကျွန်တော်ကိုယ်တိုင်ကလဲ အဆင့်သုံးပဲ့တင်ထပ်သံပြုပြင်သူဖြစ်ဖို့ ကြိုးစားနေတာဆိုတော့.......ဒီတလအတွင်း ကျွန်တော်နဲ့ယှဉ်ပြိုင်ဖို့ ရှီးယန်ရုံးချုပ်ဘက်ကရော ရှီလင်းဌာနခွဲဘက်ကရော  အဆင့်သုံးနဲ့ အဆင့်သုံးအောက် ပဲ့တင်ထပ်သံပညာရှင်တွေစေလွှတ်လိုက်ပါ.....ပထမအခေါက်မှာ အဆင့်တစ်၊ ဒုတိယခေါက်မှာ အဆင့်နှစ်၊ တတိယအအခေါက်မှာ အဆင့်သုံး..... ဝိဉာဉ်ရည်သန့်စင်တာတွေပြိုင်ရမယ်......ဖော်ဖြူလာတူရမယ်၊ပါဝင်ပစ္စည်းတွေတူရမယ်......လျှို့ဝှက်ရေအရင်းမြစ်တွေမသုံးရဘူး....."

"ခင်ဗျားတို့ဘက်က တစ်ခါနိူင်လိုက်တာနဲ့ စစ်ဆေးမှုအောင်မြင်သွားပြီ.....ဘယ်လိုလဲ....."

" ငါတို့တွေလည်း ဝင်ပါရမှာလား....."

တန်ယွမ်နှင့် လုရှောင်ဖန်းတို့သည် တယောက်မျက်နှာတယောက်ကြည့်ပြီး မေးခွန်းထုတ်လိုက်ကြသည်။

သူတို့နှစ်ဉီးစလုံးသည် အဆင့်လေးပညာရှင်များဖြစ်ကြသော်လည်း ကန့်သတ်ထားသည့် အဆင့်သုံးအောက် ပဲ့တင်ထပ်သံပညာရှင်များကို ကူညီသင်ပြပေးမည်ဆို မလွဲမသွေအနိုင်ရရှိပေလိမ့်မည်။

ထို့အပြင် စစ်ဆေးမှုအောင်မြင်ရန် သုံးပွဲစလုံးအနိုင်ရဖို့မလိုပေ။

လီလော့သည် အဆင့်သုံးပညာရှင်ဖြစ်ရန် ကြိုးစားနေသူဖြစ်သောကြောင့် အလွန်ဆုံးမှ အဆင့်သုံးဝိဉာဉ်လောက်ကိုသာ သန့်စင်နိုင်လိမ့်မည်။

လီလော့ဘက်က တကယ်ကြီး ချနင်းဖို့လမ်းခင်းပေးခးထားခြင်းပေလော......

// သခင်လေးအပေါ်အထင်မှားခဲ့မိပြီ.....တကယ်တော့ သခင်လေးကတကယ့်ကို ငတုံးတစ်ယောက်ပဲ......//

All Chapters