ဖိတ်ကြားလွှာ......
Vol. 15 Ch. 199
ထိုစစ်ဆေးမှုကို နောက်နှစ်ရက်အကြာတွင် ကျင်းပမည်ဖြစ်ပြီး တစ်လှည့်ကိုသုံးရက်ကြာ ကျင်းပမည်ဖြစ်သောကြောင့် အားလုံးပေါင်းကိုးရက်ကြာမြင့်ပေလိမ့်မည်။ ထို့ကြောင့် အားလပ်ရက်မကုန်ဆုံးမှီ အပြီးသတ်နိုင်လိမ့်မည်။
မည်သို့ပင်ဆိုစေ ပြသနာများကိုဖြေရှင်းပြီးမှသာ နောက်ဆံမတင်းဘဲ ကျောင်းပြန်တက်နိုင်မည်ဖြစ်သောကြောင့် ထိုပြသာနာများကို အားရပ်လပ်အတွင်း အပြီးသတ်ဖြေရှင်းထားရမည်။
ဌာနခွဲမှ ပညာရှင်များကလည်း ထိုအစီအစဉ်ကို သဘောကျနေကြသည်။အဘယ့်ကြောင့်ဆိုသော် ထိုအစီအစဉ်သည် သူတို့အတွက် အသာစီးရနေသော အစီအစဉ်ဖြစ်နေသောကြောင့်ပင်......
လီလော့သည် အဆင့်သုံးပညာရှင်ဖြစ်ရန် ကြိုးစားနေသူဖြစ်သောကြောင့် အဆင့်တစ်နှင့်အဆင့်နှစ် ဝိဉာဉ်ရည်သန့်စင်ရာတွင် အထုးကျွမ်းကျင်နေနိုင်သော်လည်း အဆင့်သုံးဝိဉာဉ်ရည်သန့်စင်ရာတွင်ရော.........
မည်သို့ပင်ဆိုစေ လီလော့၏စစ်ဆေးမှုသည် ရှီလင်းဌာနခွဲအတွက် အင်မတန်အလေးသာနေသော စစ်ဆေးမှုဖြစ်နေခဲ့သည်။ထို့အပြင်သူတို့ဘက်တွင် အဆင့်လေးပညာရှင်နှစ်ဉီးဖြစ်သော တန်ယွမ်နှင့် လုရှောင်ဖန်းတို့လည်း ရှိနေသေးသည်။
လီလော့တို့သည် ရှီလင်းဌာနခွဲပြသာနာကို အောင်မြင်စွာ ဖြေရှင်းနိုင်ခဲ့ပြီဖြစ်သောကြောင့် ရှီးယန်ရုံးချုပ်ကနေ ပြန်လာခဲ့လိုက်ကြသည်။
............................................
ရထားလုံးပေါ်တွင်......
"ပညာရှင်တွေကတော့ နင့်ကို ငတုံးလေးလို့ထင်နေကြပြီ....."
ချိုင်ဝေက တခစ်ခစ်ရယ်မောပြီး ဟာသနှောနေလေ၏။
" ဟားးဟားးးပျော်ကြပါစေ....."
" နေပါဉီး....အဆင့်သုံးဝိဉာဉ်ရည်သန့်စင်ဖို့ကိစ္စဘယ်လိုလုပ်မှာလဲ...."
ကျန်းချင်းအာက လီလော့ကိုမေးလိုက်သည်။
လီလော့သန့်စင်ထားသော အဆင့်တစ်နှင့် အဆင့်နှစ်ဝိဉာဉ်ရည်များသည် ယန်လင်းချီထက်ပင်ပိုကောင်းကြောင်း သိနေသော်လည်း လီလော့သည် ယခုမှ အဆင့်နှစ်ပဲ့တင်ထပ်သံပြုပြင်သူအဆင့်တွင်သာရှိသေးသည်။
" စိတ်မပူပါနဲ့....သိပ်မကြာခင်ရက်ပိုင်းအတွင် အဆင့်သုံးပဲ့တင်ထပ်သံပြုပြင်သူဖြစ်လာတော့မှာပါ....."
" ဝိုးးး သခင်လေးကို အကောင်းဆုံးသရုပ်ဆောင်ဆု ပေးသင့်နေပြီ....."
ချိုင်ဝေ၏ ဟာသနှောမှုကြောင့် ကျန်းချင်းအာ ရယ်မောနေသော်လည်း တခဏအတွင်းမှာ အပြုံးများပျောက်ကွယ်သွားပြီး.....
" ဝိဉာဉ်ရည်သန့်စင်တာတွေနဲ့ပဲ အချိန်ကုန်ခံမနေနဲ့.....ကျင်ကြံရေးပိုင်းကိုလည်း အာရုံစိုက်ထားဉီး....."
အဆင့်ကိုးအလင်းပဲ့တင်ထပ်သံပိုင်ဆိုင်ထားသူဖြစ်သော သူမသာ ဝိဉာဉ်ရည်သန့်စင်ရေးပိုင်းကိုသူ ဝါသနာထုံခဲ့ပါလျှင် အခုလောက်ဆို ရှပြည်ထောင်စုတခွင်တွင် လျှမ်းလျှမ်းတောက်ကျော်ကြားနေပေလိမ့်မည်။
ထို့ကြောင့်လည်း ကောလိပ်ရှိ ပဲ့တင်ထပ်သံပြုပြင်သူခန်းမက သူမကို ခေါ်ယူဖို့ အမြဲတစေကြိုးပမ်းနေကြဆဲပင်.....
သူမသည် ရှပြည်ထောင်စု၏ အသက်အငယ်ဆုံး မြို့စားအဆင့် စံချိန်ချိုးနိုင်ရန် ရည်မှန်းထားသောကြောင့် ကျန်သည့်အရာများကို အာရုံမစိုက်နိုင်သေးပေ။
လီလော့ သူမကို နားလည်သည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။
သူ၏ ပဲ့တင်ထပ်သံများကို အဆင့်မြှင့်တင်နိုင်ရန် ဝိဉာဉ်သန့်စင်ရေးပညာရပ်များကို မဖြစ်မနေ လေ့လာရပေဉီးမည်။
ထို့အပြင် ရှီးယန်ရုံးချုပ်၏ ဉက္ကဌတစ်ယောက်အနေဖြင့် ထိုပညာရပ်များကိုညအများထက်ပို၍ ကျွမ်းကျင်ထားမှသာ တော်ကာကျပေလိမ့်မည်။
" ဖေဟောင်လို ကောက်ကျစ်ပြီး အဆိပ်ပြင်းတဲ့လူက အခုလို ရက်ရက်ရောရောလက်ဆောင်ပေးမှာမဟုတ်ဘူး.....ဒါတွေရဲ့နောက်ကွယ်မှာ ညစ်ပတ်တဲ့လှည့်ကွက်တွေရှိနေမှာ သေချာတယ်......"
ကျန်းချင်းအာကို လီလော့ ခေါင်းညိတ်ပြ
လိုက်သည်။ ထိုအချက်ကို သူလျစ်လျူမရှုနိုင်ပေ။ ဖေဟောင်၏အကြံအစည်သည် သူလတ်တလောအတွက် အသုံးဝင်ခဲ့သော်လည်း ကျန်းချင်းအာပြောသလို နောက်ကွယ်ကလှည့်ကွက်များကိုလည်း သတိမပြတ်စောင့်ကြည့်နေရမည်။
ရှီးယန်ရုံးချုပ်အတွက် ပညာရှင်များ လိုအပ်နေခြင်းမဟုတ်ခဲ့ပါလျှင် တန်ယွမ်တို့တတွေကို လက်ခံထားလိမ့်မည်မဟုတ်ပေ။
" တန်ယွမ်တို့ကို စောင့်ကြည့်ဖို့ အကြီးအကဲကျန်းကို ပြောထားလိုက်မယ်.....စိတ်မပူပါနဲ့...တစ်ခုခုသတင်းထူးတာနဲ့ ငါတို့ဆီအရင်ဆုံးသတင်းရောက်လာမှာပါ....."
"လီလော့....ဖေဟောင်က အခုထိ အမှောင်ထဲမှာ ပုန်းနေတုန်းပဲပြီးတော့ သူ့အကြံအစည်တွေကို သေချာမသိသေးတဲ့အတွက် သတိထားတာအကောင်းဆုံးပဲ.....သူ့ကိုခြေရာခံဖို့ လူလွှတ်ထားတယ်....အခွင့်သာလို့ကတော့ ဒင်းကို အပြီးသတ်ကိစ္စတုံးပစ်နိုင်ပြီ......"
ကျန်းချင်းအာ၏ လေသံထဲတွင် သေဖြတ်လိုစိတ်များ လှိုင်လှိုင်ထနေပါသည်။
" အော်...မေ့တော့မလို့.....နင့်ရဲ့ကုသရေးစွမ်းရည်တွေကို တချက်ပြန်လေ့ကျင့်ထားလိုက်ဉီး....ရက်အနည်းငယ်ကြာရင် သွားတွေ့ရမယ့်သူရှိတယ်......"
ဤသည်မှာ ကျန်းချင်းအာကို မင်းသမီးကြီးအကူအညီတောင်းထားသော ကိစ္စဖြစ်သည်။
ကျန်းချင်းအာ၏ ကောက်ကာငင်ကာ တောင်းဆိုချက်ကြောင့် လီလော့ ဇဝေဇဝါဖြစ်နေလေ၏။
" ဘာအတွက်လဲ....."
"ရေှံနဂါးဘဏ်တိုက်မှာ နင်နဲ့တွေ့ခဲ့တဲ့
ဧကရာဇ်ကို မှတ်မိသေးတယ်မလား.....သူ့မှာ မွေးရာပါ ရောဂါရှိနေတာကြေင့် မင်းသမီးကြီးက နင့်ကို ကုသပေးဖို့တောင်းဆိုထားတယ်......"
" အာ.......မြို့စားအဆင့်တွေတောင် မကုပေးနိုင်တာ....ငါကအခုမှ ဆရာသခင်အဆင့်ပဲရှိသေးတာ.....ဖြစ်ပါ့မလား......"
ရေပဲ့တင်ထပ်သံနှင့် သစ်သားပဲ့တင်ထပ်သံတို့သည် ကုသရေးအတွက် အသုံးဝင်သော်လည်း သူသည် မြို့စားအဆင့်နှင့် အလှမ်းကွာလွန်းနေသေးသည်။ ဤသည်ကို အသိဉာဏ်ကြွယ်ဝသော မင်းသမီးကြီးလည်း နားလည်လောက်မည်။
ဒါမှမဟုတ်....အခြားအကြံအစည်တစ်ခုခုများ ရှိနေသလော.......
" ဟုတ်တယ်....နင်ထင်နေသလိုပဲ.....မင်းသမီးကြီးက ငါတို့နဲ့ မိတ်ဆွေဖွဲ့ချင်နေတာ....အဲ့တာကြောင့် ငါလည်း ငြင်းမနေဘဲလက်ခံလိုက်တယ်......လက်ရှိမှာ ကိုယ်စားအုပ်ချုပ်သူသာ အာဏာအရှိဆုံးဖြစ်နေပေမယ့် မင်းသမီးကြီးမှာလည်း မှန်းဆမရတဲ့ ကိုယ်ပိုင်အခွင့်အညဏာတွေရှိနေသေးတယ်....သူနဲ့မိတ်ဖွဲ့နိုင်ရင် လော့လန်အိမ်တော်အတွက် အများကြီး အကျိုးရှိလာနိုင်တယ်......"
ကျန်းချင်းအာ၏ တွေးတောတွက်ဆနိုင်စွမ်းကို မချီးကျူးဘဲမနေနိုင်တော့ပေ။ကုသမှု အောင်မြင်သည်ဖြစ်စေ၊မအောင်မြင်သည်ဖြစ်စေ မင်းသမီးကြီးနှင့် ကောင်းမွန်သောဆက်ဆံရေးတခုကို တည်ဆောက်နိုင်လိမ့်မည်။
မင်းသမီးကြီးသည် နက်နဲပြီး အမြော်အမြင်ရှိသူတစ်ဉီးဖြစ်သာကြောင့် ဧကရာဇ်ငယ် နန်းတက်သည့်အခါ အာဏာတည်မြဲစေရန်အခုကတည်းက ကြိုတင်ပြင်ဆင်နေခြင်းလည်းဖြစ်ကောင်းဖြစ်နိုင်လိမ့်မည်။
..................................................
လီလော့တို့ အိမ်တော်သို့ပြန်ရောက်သောအခါ သတင်းပို့သူတစ်ဉီးနှင့်တွေ့ခဲ့ကြသည်။
" သခင်လေးလီလော့နဲ့ သခင်မလေးကျန်းချင်းအာတို့များလား....."
ထိုသူသည် ရွှေမဂါးဘဏ်တိုက်တံဆိပ်ပါသော ဝတ်ရုံကိုဝတ်ဆင်ထားသည်။
လီလော့ဘက်က ခေါင်းညိတ်ပြလိုက်သည်နှင့် ရွှေရောင်ဖိတ်စာကတ်တစ်ခုကို တရိုတသေကမ်းပေးလာပြီး......
"နောက် ငါးရက်အကြာမှာကျင်းပမယ့် သခင်မလေးလုချင်းအာရဲ့မွေးနေ့ကိုတက်ရောက်ပေးဖို့ သခင်မကြီးယုက ဖိတ်ကြားလွှာပို့ခိုင်းလိုက်ပါတယ်....."
"အော်....ချင်းအာရဲ့မွေးနေလား..... ဆက်ဆက်တက်ရောက်မယ့်အကြောင်း သခင်မကြီးယုကိုပြောပေးပါ....."
လုချင်းအာသည် သူ၏မိတ်ဆွေဖြစ်သည့်အပြင် ရွှေနဂါးဘဏ်တိုက်ကလည်း ရှပြည်ထောင်စုရှိ အင်အားကြီးမားသောဖွဲ့အစည်းတခုဖြစ်နေသောကြောင့် ထိုပွဲကို မဖြစ်မနေတက်ရောက်ရမည်။
သတင်းပို့သူသည် လီလော့တို့ကို တရိုတသေနှူတ်ဆက်ပြီး လှည့်ပြန်သွားလေ၏။
" ဉက္ကဌယုက နင့်ကိုဖိတ်တယ်တဲ့လား....."
ကျန်းချင်းအာက ခပ်ထေ့ထေ့ ပြုံးပြီးမေနေလေပြီ။
" ဘာမှားနေလို့လဲ..... "
" သခင်မကြီးနဲ့ ဉက္ကဌယုကြားမှာ မကျေလည်မှုတွေ အများကြီးရှိခဲ့တာ နင်ဘယ်သိပါ့မလဲ.....အဲ့တုန်းကတည်းက ဉက္ကဌယုက ငါတို့လော့လန်အိမ်တော်နဲ့ အဆက်အသွယ်မရှိတော့တာ......"
"အာ.....ငါ့အဖေကြောင့်လား....."
" ဘယ်သူဖြစ်နိုင်ဉီးမှာလဲ..... "
" ယုဟုန်ရှီက သိပ်ကြောက်ဖို့ကောင်းတယ်....မုဆိုးမဘဝနဲ့ ရွှေနဂါးဘဏ်တိုက်ကို နှစ်ပေါင်းများစွာ ငြိမ်ဝိပ်ပိပြားအောင် အုပ်ချုပ်နိုင်တယ်ဆိုကတည်းက တော်ရုံတော့မဟုတ်ဘူး......"
" နင်ပြောမှပဲ ပိုတွေ့ချင်လာပြီ.."
" အေးပါ....တွေ့ကိုတွေ့ရမှာပါ....."