← Chapters

ခိုင်မာသည့်ဖွဲ့စည်းပုံ.....

Vol. 15 Ch. 200

ခိုင်မာသည့်ဖွဲ့စည်းပုံ.....

Vol. 15 Ch. 200

နောက်နှစ်ရက်ကြာသည်အထိ လီလော့တစ်ယောက် ​ခြေကုန်လက်ပန်းကျသည်အထိ အလုပ်များနေခဲ့ပါသည်။

ပထမဉီးစားပေးအနေဖြင့် အဆင့်သုံးပဲ့တင်ထပ်သံပြုပြင်သူဖြစ်အောင် ပဲ့တင်ထပ်သံပြုပြင်ခြင်းပညာရပ်များကို ကြိုးစားလေ့လာနေခဲ့ရသည်။

ထို့အပြင် ကျန်းချင်းအာကလည်း တစ်နေ့လျှင် တစ်နာရီနှုန်းဖြင့် လေ့ကျင့်ရေးခန်းမထဲသို့ အတင်းဆွဲခေါ်သွားပြီး စွမ်းအင်ကျင့်ကြံဖို့ အပူတပြင်းတိုက်တွန်းနေသည်။

" ပဲ့တင်ထပ်သံစွမ်းအားတွေ ထုတ်ဖော်လိုက်စမ်း....."

လေ့ကျင်ရေးခန်းမထဲက ပြန်ထွက်လာချိန်တိုင်း ငါးဖယ်တစ်ကောင်လို ထုထောင်းခံထားရစမြဲပင်......

ထိုသို့ ရိုက်နှက်နေခြင်းသည် မည်မျှထိရောက်မှုရှိသလဲ မသိနိုင်ပေမယ့် ကျန်းချင်းအာ၏ ရိုက်နှက်နိုင်စွမ်းကတော့ အချိန်နှင့်အမျှ တိုးတက်နေသလိုပင်......

ထိုသို့ပြင်းပြင်းထန်ထန် ရိုက်နှက်ခံရပြီးတိုင်း ရေပဲ့တင်ထပ်သံနှင့်သစ်သားပဲ့တင်ထပ်သံတို့ကိုသုံးကာ ကုသနေရသည်။

.............................................

အလုပ်ရုံထဲတွင်......

သွေးထွက်သံယို ဒဏ်ရာရထားသောသားရဲတစ်ကောင်ကို ကြိုးဖြင့်တုပ်နှောင်ထားပြီး လီလော့သည် ၎င်းသားရဲခန္ဓာကိုယ်ပေါ် လက်တင်ကာ ပဲ့တင်ထပ်သံစွမ်းအားများကို ဆင့်ခေါ်နေ၏။

လီလော့ဆင့်ခေါ်နေသောပဲ့တင်ထပ်သံစွမ်းအားများသည် ကုသရေးစွမ်းအင် ပါဝင်နေသော ရေပဲ့တင်ထပ်သံနှင့် သစ်သားပဲ့တင်ထပ်သံတို့ပင်ဖြစ်သည်။

တခဏအကြာတွင် လီလော့၏လက်ဖဝါးပြင်ပေါ်ကနေ အလင်းတန်းတချို့လင်းလက်လာပြီသ သားရဲ၏ဒဏ်ရာများလည်း တခဏအတွင်း အမာရွတ်မကျန်အောင်ပျောက်ကွယ်သွားလေ၏။

ရေနှင့်သစ်သားစွမ်းအာင်အပြင် အလင်းစွမ်းအင်ကိုပါထည့်ပေါင်းအသုံးပြုထားသောကြောင့်ထိုရလဒ်အပေါ် သိပ်တော့လည်း မအံ့သြမိခဲ့ပေ။

အလင်းပဲ့တင်ထပ်သံသည် ရေပဲ့တင်ထပ်သံကိုအားဖြည့်ပေးနေသော အကူပဲ့တင်ထပ်သံဖြစ်နေသောကြောင့် စွမ်းအားသိပ်မပြင်းလှသော်လည်း ရေ၊သစ်သား၊အလင်း သုံးခုပေါင်းစပ်လိုက်သည့်အခါ အသက်ကယ်စွမ်းရည်တစ်ခုသဖွယ် အံ့ဖွယ်ကောင်းနေလေ၏။

သူ့အတွက်လည်း ကာသရေးစွမ်းရည်အသုံးပြုခြင်းကို အတော်ရင်းနှီးနေပြီဖြစ်သောကြောင့် ဒဏ်ရာပျောက်ကင်းသွားသော သားရဲကို လွှတ်ပေးလိုက်သည်။

ကုသရေးစွမ်းရည်များကို အရင်ကတည်းက သိရှိထားသောလည်း အထူတလည်ဂရုမစိုက်မိခဲ့ပေ....ယခုမှသာ ထိုစွမ်းရည်များ မှော်ဆန်သော ဆန်းကြယ်မှုများကို နားလည်နိုင်တော့သည်။

........................................................................

တတိယမြောက်နေ့....လေ့ကျင့်ရေးခန်းမထဲတွင်....

ကျန်းချင်းအာသည် သစ်သားလှံရှည်တစ်လက်ကို ကိုင်ထားပြီး.....

" အသင့်ဖြစ်ပြီလား...."

" နင်ငါ့ကို  ဒေါသဖြေစရာ သဲအိတ်တစ်ခုလိုသဘောထားနေတာလား....သက်တမ်းကုန်ဆုံးတဲ့ကိစ္စကိုမပြောဘဲ ထိန်ချန်ထားမိတာကို အခုထိ စိတ်ဆိုးမပြေသေးဘူးလား....."

" အဲ့တာကြောင့်မဟုတ်ပါဘူး.... စွမ်းအားတွေကို အလွယ်တကူထိန်းချုပ်လို့ရအောင် လေ့ကျင့်ပေးနေတာပါ......."

လှပသောအမျိုးသမီးများသည် မုသားဆိုရာတွင် ကျွမ်းကျင်ကြသူများဖြစ်သည်။ကျန်းချင်းအာလို မိန်းလှလေးတစ်ယောက်၏ မုသားစကားကို မည်သူမဆို ပစ်ယုံမိကြလိမ့်မည်။

" ကောင်းပြီ....ဒါဆို ငါနင့်နဲ့ မတိုက်ခိုက်တော့ဘူး..... "

လီလော့က လက်ထဲက လက်နက်ကို အဝေးသို့လွှင့်ပစ်လိုက်ပြီး ကျန်းချင်းအာနှင့်ဆယ်မီတာအကွာအဝေးအတွင်းသို့ချဉ်းကပ်သွားခဲ့သည်။

" တိုက်ခိုက်ရေးပညာရပ်တွေသုံးပြီး လက်ဗလာနဲ့တိုက်ခိုက်ကြမယ်....."

လီလော့ လက်ဝါးနှစ်ဖက်ကိုပူးကပ်လိုက်သည့်အခါ အပြာရောင်နှင့်အစိမ်းရောင်ပဲ့တင်ထပ်သံစွမ်းအားများရောယှက်နေသည့်အလင်းတန်းများထွက်ပေါ်လာပြီ၏ ၎င်း၏ခန္ဓာကိုယ်ပေါ်သို့ ရစ်သိုင်းလာလေ၏။

ယခုချိန်တွင် ကုသနိုင်သော စွမ်းအားသုံးမျိုးစလုံးကို သူ့ခန္ဓာကိုယ်ပေါ်သို့ ဖြန့်ကျက်ထားပါသည်။

လီလော့၏ အရေပြားပေါ်တွင် အလင်းရောင်ဖျော့ဖျော့တောက်ပ လာပြီး မရေရာသော ပုံစံများ ဖြစ်ပေါ်လာသည်။

" ဒါ..ဒါ ကုသရေးစွမ်းအားတွေလား....လွန်ခဲ့တဲ့ နှစ်ရက်စလုံး နင် ဒီစွမ်းအားတွေနဲ့ နင့်ကိုယ်နင်ကုသခဲ့တာလား...."

ကျန်းချင်းအာက ထိုသို့ပြောနေရင်းကနေ အလင်းစွမ်းအားများကိုထုတ်ဖော်လိုက်သောကြောင့် ခန်းမထဲတွင် နေမင်းတစင်းထွန်းလင်းနေသကဲ့သို့ လင်းထိန်လာသည်။

သူမ လက်ညှိုးညွှန်လိုက်သည့်အခါ အလင်းအပ်လေးများသည် လီလော့ခန္ဓာကိုယ်ပေါ်သို့ မိုးသီးမိုးပေါက်များသဖွယ် ကျဆင်းလာလေ၏။

သွေးတစက်စက်ကျနေသောလည်း လီလော့ဆီမှ တသံမျှထွက်မလာခဲ့ပေ။

အကြိမ်ကြိမ် ဒဏ်ရာရနေသော်လည်း ကုသရေးစွမ်းအားများက အလျင်မှီအောင်ကုသပေးနေသောကြောင့်ပင်.....

ကုသရေးစွမ်းရည်သည် အသက်ဘေးနှင့်််ကြုံတွေသည့်အခါ အသက်ကယ်စွမ်းရည်တစ်ခုသဖွယ် အသုံးဝင်နိုင်သည်ဟု တွေးမိလိုက်သောကြောင့် ပြောမပြတတ်အောင် ဝမ်းသာနေမိတော့သည်။

အလင်းအပ်များပေါက်ကွယ်သွားချိန်တွင် လီလော့၏ ခန္ဓာကိုယ်ပေါ်တွင် သွေးများစိုရွှဲနေသော်လည်း ထိခိုက်ဒဏ်ရာတစ်ခုတလေမျှရှိမနေတော့ပေ.....

" ရေနဲ့သစ်သားစွမ်းအား....ကုသနိုင်စွမ်းကတော့...အံ့မခမ်းပဲ.....ကနဉီးအဆင့်ပဲရှိသေးတာတောင် အလျင်မှီအောင်ကုသနိုင်သားပဲ....."

သူမတကယ်ကို အံ့သြမိနေခြင်းဖြစ်သည်။

"ဒါကို ခိုင်မာတဲ့ဖွဲ့စည်းမှုလို့ ခေါ်တယ်.....ဒါကရုပ်ပိုင်းဆိုင်ရာဒဏ်ရာတွေကို အမြန်နှုန်းနဲ့ ကုသပေးနိုင်ပေမယ့် စွမ်းအင်ကုန်ဆုံးမှုသိပ်များလို့ အကြာကြီးသုံးလို့တော့မရဘူး....."

လီလော့၏ ဟန်ပါပါကြွားလုံးထုတ်နေမှုကို ကျန်းချင်းအာက ရယ်မောလိုက်ပြီး......

" ရေပဲ့တင်ထပ်သံနဲ့ သစ်သားပဲ့တင်ထပ်သံပိုင်ဆိုင်ထားသူတိုင်း ဒါမျိုးစွမ်းရည်တွေသုံးကြတာဆိုတော့ သိပ်တော့လည်း ထူးဆန်းမနေဘူး.....တချို့ဆို သူတို့ကို လုံးဝ သတ်ပစ်လို့မရတဲ့အထိတောင် စွမ်းကြတယ်..ဒါပေမယ့်....ပဲ့တင်ထပ်သံနှစ်ခုကြောင့်လားတော့မသိဘူး..နင့်ရဲ့ကုသရေးစွမ်းအားတွေက သူများနဲ့မတူဘဲ နည်းနည်းထူးဆန်းနေတယ်...."

လီလော့ ပြုံးရုံသာပြုံးနေခဲ့သည်။အလင်းပဲ့တင်ထပ်သံထည့်ပေါင်းထားသည်ကိုတော့ ထုတ်ပြောမနေတော့ပေ။

"ဒီနေ့တော့ ဒီလောက်ပဲ....အိုးးးမေ့တော့မလို့ ဒီနေ့က စစ်ဆေးမှု ပထမအလှည့်ကျင်းပမယ့်နေ့ပဲ....လွန်ခဲ့တဲ့ နှစ်ရက်စလုံး ဘာပြသာနာမှ မရှိဘဲ အဆင်ပြေနေတယ်လို့ အကြီးအကဲကျန်းသတင်းပို့ထားတယ်...."

ရန်သူဘက်က ဘာမျှ မလှုပ်မရှားသေးသည့်အတွက် ကျန်းချင်းအာ စိတ်မရှည်နိုင်တော့ပေ။

"စိတ်မပူစမ်းပါနဲ့ အစ်မကြီးချင်းရယ်.....လာမယ့်ဘေးပြေးတွေ့လိုက်ရုံပဲပေါ့....."

ပထမစစ်ဆေးမှုတွင် လေးစားမှုရရှိနိုင်အောင် လီလော့ဘက်ကလည်း ကြိုးကြိုးစားစား ပြင်ဆင်ထားပြီးဖြစ်သည်။

All Chapters